Premier League

ဘယ်သူမှမရဖူးတဲ့ ထူးထူးခြားခြားစံချိန်ကို ပိုင်ဆိုင်ထားတဲ့ ယူနိုက်တက်ဂိုးသမားဟောင်း


မန်ချက်စတာယူနိုက်တက်ဂိုးသမားဟောင်း နစ်ခ် ကော်ကင်ဟာ ပရီးမီးယားလိဂ်သမိုင်းကြောင်းတလျှောက်မှာ အတိုတောင်းဆုံးပွဲဦးထွက်ပွဲကစားချိန်ကို ရရှိထားတဲ့ ကစားသမားအဖြစ် ရပ်တည်နေပါတယ်။


ကစားသမားဘဝကနေ အနားယူခဲ့ပြီးဖြစ်တဲ့ ယူနိုက်တက်ဂိုးသမားဟာ ၁၉၉၉-၂၀၀၀ ရာသီအတွင်း မန်ချက်စတာယူနိုက်တက်အသင်းအတွက် ၎င်းရဲ့ ပထမဆုံးနဲ့ နောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ပါဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပြီး အာဆင်နယ်နဲ့ပွဲစဉ် နာကျင်အချိန်ပိုမှာ လူစားဝင်ကစားခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ အာဆင်နယ်ကို အသင်းခေါင်းဆောင်ရွိုင်ကိန်းရဲ့ သွင်းဂိုး ၂ ဂိုးကြောင့် ၂-၁ နဲ့ အနိုင်ရရှိနေတာဖြစ်ပြီး ဂိုးသမား ဗန်ဒါဂေါလ်ရဲ့ မျက်နှာကို မာတင်ကီယွန်က ကန်မိခဲ့တာကြောင့် ဒဏ်ရာရရှိသွားလို့ နောက်ကျလူစားလဲလှယ်မှု ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်ဂန္တဝင်ဂိုးသမားကြီး ပီတာရှမိုက်ကယ်ဟာ ယင်းအချိန်မှာ အိုးထရက်ဖို့ဒ်ကို စွန့်ခွာခဲ့တာ လပေါင်းများစွာ ကြာခဲ့ပြီဖြစ်သလို ဒုတိယဂိုးသမား ဘော့စ်နစ်ချ်ကလည်း ဒဏ်ရာရရှိနေတာကြောင့် နည်းပြ ဖာဂူဆန်က နစ်ခ်ကော်ကင်ကို ကွင်းထဲ ဝင်ရောက်ကစားဖို့ ညွှန်ကြားခဲ့တာဖြစ်ပါတယ်။ ကော်ကင်ဟာ ၁၉၉၇ ခုနှစ်မှာ ယော့ခ်စီးတီးအသင်းကနေ ပေါင် ၁ သိန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဗန်ဒါဂေါလ် ကွင်းအတွင်းကနေ ထွက်သွားချိန် ပွဲပြီးဆုံးဖို့ စက္ကန့်အနည်းငယ်အလိုမှာ ဂိုးလွန်ဘောကို ကန်တင်ဖို့အတွက် ဂိုးပေါက်ကို ပြေးလွှားခဲ့ရပါတယ်။


ပွဲကြေညာသူက “သူ လူစားဝင်လာပါပြီ။ အဲဒီအတွက် ကျွန်တော် တွေးမိတာက သူက သမိုင်းမှာ ပွဲဦးထွက်ကစားချိန်အတိုတောင်းဆုံးဖြစ်လိမ့်မယ်ဆိုတာပါပဲ”လို့ ပြောကြားခဲ့ပါတယ်။ ပြီးတဲ့နောက်မှာ ကော်ကင်က ဂိုးလွန်ဘောကို ကန်တင်ခဲ့ပြီးနောက် ကွင်းလယ်ဒိုင် ဂရေဟမ်ပိုးလ်က ချက်ချင်းပဲ ပွဲပြီးဝီစီကို မှုတ်ခဲ့တာဖြစ်ပြီး အံ့အားသင့်စရာကောင်းတာက အဲဒီပွဲစဉ်ဟာ ၁၉၉၇ ခုနှစ်ကနေ ၂၀၀၂ ခုနှစ်အထိ အိုးထရက်ဖို့ဒ်မှာ အချိန်ကုန်ဆုံးခဲ့တဲ့ ကော်ကင်အတွက် ယူနိုက်တက်အသင်းရဲ့ပွဲစဉ်မှာ ပါဝင်ကစားခွင့်ရခဲ့တဲ့ တစ်ပွဲတည်းသော ပွဲစဉ်ဖြစ်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


မန္ခ်က္စတာယူနိုက္တက္ဂိုးသမားေဟာင္း နစ္ခ္ ေကာ္ကင္ဟာ ပရီးမီးယားလိဂ္သမိုင္းေၾကာင္းတေလၽွာက္မွာ အတိုေတာင္းဆုံးပြဲဦးထြက္ပြဲကစားခ်ိန္ကို ရရွိထားတဲ့ ကစားသမားအျဖစ္ ရပ္တည္ေနပါတယ္။


ကစားသမားဘဝကေန အနားယူခဲ့ၿပီးျဖစ္တဲ့ ယူနိုက္တက္ဂိုးသမားဟာ ၁၉၉၉-၂၀၀၀ ရာသီအတြင္း မန္ခ်က္စတာယူနိုက္တက္အသင္းအတြက္ ၎ရဲ့ ပထမဆုံးနဲ႔ ေနာက္ဆုံးပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ ပါဝင္ကစားခြင့္ရရွိခဲ့တာျဖစ္ၿပီး အာဆင္နယ္နဲ႔ပြဲစဥ္ နာက်င္အခ်ိန္ပိုမွာ လူစားဝင္ကစားခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ အာဆင္နယ္ကို အသင္းေခါင္းေဆာင္ရြိဳင္ကိန္းရဲ့ သြင္းဂိုး ၂ ဂိုးေၾကာင့္ ၂-၁ နဲ႔ အနိုင္ရရွိေနတာျဖစ္ၿပီး ဂိုးသမား ဗန္ဒါေဂါလ္ရဲ့ မ်က္ႏွာကို မာတင္ကီယြန္က ကန္မိခဲ့တာေၾကာင့္ ဒဏ္ရာရရွိသြားလို႔ ေနာက္က်လူစားလဲလွယ္မႈ ျပဳလုပ္ခဲ့ရတာျဖစ္ပါတယ္။


မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္ဂိုးသမားႀကီး ပီတာရွမိုက္ကယ္ဟာ ယင္းအခ်ိန္မွာ အိုးထရက္ဖို႔ဒ္ကို စြန႔္ခြာခဲ့တာ လေပါင္းမ်ားစြာ ၾကာခဲ့ၿပီျဖစ္သလို ဒုတိယဂိုးသမား ေဘာ့စ္နစ္ခ်္ကလည္း ဒဏ္ရာရရွိေနတာေၾကာင့္ နည္းၿပ ဖာဂူဆန္က နစ္ခ္ေကာ္ကင္ကို ကြင္းထဲ ဝင္ေရာက္ကစားဖို႔ ညႊန္ၾကားခဲ့တာျဖစ္ပါတယ္။ ေကာ္ကင္ဟာ ၁၉၉၇ ခုႏွစ္မွာ ေယာ့ခ္စီးတီးအသင္းကေန ေပါင္ ၁ သိန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့သူျဖစ္ၿပီး ဗန္ဒါေဂါလ္ ကြင္းအတြင္းကေန ထြက္သြားခ်ိန္ ပြဲၿပီးဆုံးဖို႔ စကၠန႔္အနည္းငယ္အလိုမွာ ဂိုးလြန္ေဘာကို ကန္တင္ဖို႔အတြက္ ဂိုးေပါက္ကို ေျပးလႊားခဲ့ရပါတယ္။


ပြဲေၾကညာသူက “သူ လူစားဝင္လာပါၿပီ။ အဲဒီအတြက္ ကၽြန္ေတာ္ ေတြးမိတာက သူက သမိုင္းမွာ ပြဲဦးထြက္ကစားခ်ိန္အတိုေတာင္းဆုံးျဖစ္လိမ့္မယ္ဆိုတာပါပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။ ၿပီးတဲ့ေနာက္မွာ ေကာ္ကင္က ဂိုးလြန္ေဘာကို ကန္တင္ခဲ့ၿပီးေနာက္ ကြင္းလယ္ဒိုင္ ဂေရဟမ္ပိုးလ္က ခ်က္ခ်င္းပဲ ပြဲၿပီးဝီစီကို မႈတ္ခဲ့တာျဖစ္ၿပီး အံ့အားသင့္စရာေကာင္းတာက အဲဒီပြဲစဥ္ဟာ ၁၉၉၇ ခုႏွစ္ကေန ၂၀၀၂ ခုႏွစ္အထိ အိုးထရက္ဖို႔ဒ္မွာ အခ်ိန္ကုန္ဆုံးခဲ့တဲ့ ေကာ္ကင္အတြက္ ယူနိုက္တက္အသင္းရဲ့ပြဲစဥ္မွာ ပါဝင္ကစားခြင့္ရခဲ့တဲ့ တစ္ပြဲတည္းေသာ ပြဲစဥ္ျဖစ္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.