Premier League

ဘတ်ပီအတွက် အိပ်မက် ဆက်မက်လို့ရသွားတဲ့ ကလော့ပ်နဲ့ ကာလတိုအစားထိုးခေါ်ယူဖွယ်ရှိတဲ့ ခံစစ်ကစားသမား ၆ ဦး


လီဗာပူးလ်အသင်းနဲ့ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ဘတ်ပီတို့ရဲ့ အပြောင်းအရွှေ့ကိစ္စဟာ ပရိသတ်တွေအများစုအတွက် အိပ်မက်ဖြစ်နေပြီး အပြောင်းအရွှေ့အမှန်တကယ် ဖြစ်ပေါ်လာဖို့ ဘယ်လိုမျိုးလုပ်ရမလဲဆိုတဲ့ မေးခွန်းကတော့ ရှိနေပါတယ်။


ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဘတ်ပီရဲ့ စာချုပ်သက်တမ်းက တဖြည်းဖြည်းကုန်ဆုံးလာမှာဖြစ်တာနဲ့အတူ အဲဒီမေးခွန်းအတွက် အဖြေကလည်း နည်းနည်းပိုရှင်းလင်းလာဖို့အကြောင်း ရှိနေပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဘတ်ပီကို ကနဦးအငှားစာချုပ်နဲ့ခေါ်ယူပြီးနောက် ၂၀၁၇ ခုနှစ်မှာ ပေါင် ၁၆၂ သန်းနဲ့ အပြီးသတ် ခေါ်ယူခဲ့တဲ့ နည်းပြသောမတ်စ် တူဟယ်နေရာမှာ စပါးနည်းပြဟောင်း ပိုချက်တီနိုနဲ့ အစားထိုးခန့်အပ်ခဲ့ပါတယ်။

ယင်းအချိန်တုန်းက ဘတ်ပီဟာ အသက် ၁၈ နှစ်အရွယ်သာ ရှိသေးပြီး ယခုနှစ်ကုန်ရင်တောင်မှ အသက် ၂၃ နှစ်ပြည့်ဦးမှာမဟုတ်သေးပါဘူး။ လီဗာပူးလ်ဟာ အမြဲတမ်း မက်ဆီနဲ့ ရော်နယ်ဒိုတို့ အရိုက်အရာကို ဆက်ခံနိုင်မယ့် တိုက်စစ်မှူးကို ခေါ်ယူချင်ခဲ့တာဖြစ်ပြီး ဘတ်ပီကလည်း ပြီးခဲ့တဲ့နှစ်မှာ ယာဂင်ကလော့ပ်နဲ့ လီဗာပူးလ်အသင်းကို ဘယ်လောက်အထိ လေးစားမြတ်နိုးမှုရှိလဲဆိုတာကို ဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။


ယခုအပတ်စပိန်က သတင်းတွေရဲ့ဖော်ပြချက်အရ လီဗာပူးလ်ဟာ ပြင်သစ်တိုက်စစ်မှူးကို အန်းဖီး ရောက်ရှိလာအောင် ဆွဲဆောင်နိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဆက်သွယ်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ လီဗာပူးလ်အသင်းအနေနဲ့ ဘတ်ပီရဲ့ စျေးကွက်ပေါက်စျေးနဲ့ ပြင်သစ်ကြယ်ပွင့် တောင်းဆိုလာနိုင်တဲ့ ထပ်ဆောင်းပေးချေမှုတွေကို ပေးချေနိုင်လောက်တဲ့ ငွေကြေးအင်အား မရှိဘဲ အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါဆိုက်နေချိန်မှာ ပိုလို့တောင်မဖြစ်နိုင်သေးတာဖြစ်ပါတယ်။

တကယ်လို့ ဘတ်ပီ ရောက်လာခဲ့ရင်တောင်မှ ကြီးမားတဲ့လစာပမာဏကြောင့် အန်းဖီးမှာရှိတဲ့ တခြားထိပ်တန်းကစားသမားတွေကို ပေးချေနေရတဲ့ လစာပမာဏကို ပြန်ချိန်ညှိရမှာဖြစ်ပြီး ဘတ်ပီနဲ့ပတ်သက်ပြီး လီဗာပူးလ်အသင်းရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်က ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့်အချိန်ကို စောင့်ဆိုင်းနေဖို့ပဲ ဖြစ်ပါတယ်။


လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ် ခံစစ်မှာ ဗန်ဒိုက်၊ ဂျိုး ဂိုးမက်ဇ်၊ မာတစ်တို့ ဒဏ်ရာရရှိနေတာကြောင့် ယခုလ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ နောက်ခံကစားသမား ခေါ်ယူဖို့အတွက် တောင်းဆိုမှုတွေ ခံနေရသူဖြစ်ပါတယ်။ လက်ရှိ လီဗာပူးလ်အသင်းရဲ့ ခံစစ်မှာ ဖာဘင်ညိုက အဓိက ကျားကန်ပေးထားရပြီး လူငယ်နောက်ခံကစားသမားတွေဖြစ်တဲ့ နတ် ဖိလစ်၊ ဝီလီယံတို့နဲ့ တွဲဖက်ကစားနေရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့က ဆောက်သမ်တန်အသင်းနဲ့ ပွဲစဉ်အတွင်း ခံစစ်မှာ ဟန်ဒါဆင်အနေနဲ့ ကောင်းမွန်တဲ့ခြေစွမ်း ပြသခဲ့တာတောင်မှ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ လီဗာပူးဂန္တဝင် ဂျွန် ဘန်းစ်က ယခုအပတ်မှာ စိတ်ဝင်စားစရာအဓိကအချက်တစ်ခုကို ထောက်ပြခဲ့ပြီး လီဗာပူးလ်အနေနဲ့ ဗန်ဒိုက်နဲ့ ဂိုးမက်ဇ်တို့ ပြန်မကောင်းခင်အထိ ရေတိုဖြေရှင်းမှုဖြစ်မယ့် နောက်ခံကစားသမားကို ခေါ်ယူသင့်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

လီဗာပူးဂန္တဝင်ရဲ့ပြောကြားချက်အရ လီဗာပူးလ်အသင်း ရေတိုဖြေရှင်းနည်းအနေနဲ့ ခေါ်ယူမယ်ဆိုရင် ခေါ်ယူနိုင်တဲ့ နောက်ခံကစာသးမား ၆ ဦးအထိ ရှိနေပြီး အဲဒီကစားသမားတွေက ဘယ်သူတွေများဖြစ်နိုင်မလဲ။

အိုင်အီဆာ မန်ဒီ (ရီးရဲလ်ဘက်တစ်)


မန်ဒီဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဇင်းနစ်အသင်းကို ပြောင်းရွှေ့သွားတဲ့ လိုဗ်ရန်ရဲ့နေရာမှာ အစားထိုးခေါ်ယူမှုအဖြစ် အန်းဖီးကို ပြောင်းရွှေ့ဖို့ သတင်းတွေ အခိုင်အမာထွက်ပေါ်ခဲ့ဖူးသူဖြစ်ပြီး ပြီးခဲ့တဲ့ လအနည်းငယ်က လီဗာပူးလ်က ၎င်းရဲ့တန်ဖိုးကို ပေါင် ၉ သန်းသတ်မှတ်ခဲ့ပေမယ့် လက်ရှိမှာ ရီးရဲလ်ဘက်တစ်နဲ့ စာချုပ်သက်တမ်း ၆ လသာကျန်ရှိတော့တာကြောင့် အဲဒီပမာဏထက်တောင် လျော့ကျနေလောက်ပြီဖြစ်ပါတယ်။

မက်တီအို မူဆက်ချီယို (အေစီမီလန်)


မူဆက်ချီယိုဟာ ပါရမီရှိတဲ့ နောက်ခံကစားသမားဖြစ်ခဲ့သူဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ အေစီမီလန်ကို ဗီလာရီးရဲလ်အသင်းကနေ ပေါင် ၁၆ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပေမယ့် ဗီလာရီးရဲလ်မှာတုန်းကလောက် သိပ်အလုပ်မဖြစ်ခဲ့တာဖြစ်ပါတယ်။ အသက် ၃၀ အရွယ်ကစားသမားဟာ ရိုမက်ဂ်နိုလီနဲ့ ဆီမွန်ကယတို့က အထင်ကြီးဖွယ်ခြေစွမ်းပြသနေတာကြောင့် ယခုရာသီမှာ ဘယ်ပြိုင်ပွဲမှာမှ ပါဝင်ကစားပေးရခြင်းမရှိသေးသူဖြစ်ပြီး ဘောလုံးပိုင်ဆိုင်မှုကစားရမှာ သက်တောင့်သက်သာရှိခြင်း၊ အမြင့်ဘောနိုင်နင်းခြင်း၊ ဖျက်ထုတ်မှုအားကောင်းခြင်းနဲ့ အတွေ့အကြုံရင့်ကျက်မှုက လီဗာပူးလ်နည်းပြကလော့ပ်အတွက် စျေးပေါပေါနဲ့ရမယ့် ကောင်းမွန်တဲ့ရွေးချယ်စရာဖြစ်နေပါတယ်။

နီကိုလာ မက်စီမိုဗစ် (နာပိုလီ)


မက်စီမိုဗစ်ဟာ ၂၀၁၆ ခုနှစ်မှာ တိုရီနိုကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ပထမအသင်းပွဲထွက်လူစာရင်းမှာ ပုံမှန်ပါဝင်ခွင့်ရဖို့အတွက် ရုန်းကန်နေခဲ့ရသူဖြစ်ပါတယ်။ နာပိုလီရဲ့ ခံစစ်မှာ ကူလီဘလီ၊ မာနိုလတ်စ်တို့လို ကမ္ဘာ့အကောင်းဆုံးနောက်ခံကစားသမားတွေထဲက ၂ ဦးရှိနေတာကြောင့် ပွဲထွက်ခွင့်မရတာကို နားလည်လို့ရပြီး အရပ် ၆ ပေ ၃ လက်မမြင့်တဲ့ အသက် ၂၉ နှစ်အရွယ် နောက်ခံကစားသမားကို နာပိုလီအသင်းက ပေါင် ၆ သန်းလောက်ရရင် ထွက်ခွာခွင့်ပြုသွားမှာဖြစ်ပါတယ်။

အလက်ဆန်းဒါး ဒရာဂိုဗစ် (လေဗာကူဆင်)


ဒရာဂိုဗစ်ဟာ ၂၀၁၆ ခုနှစ်မှာ ဘေဆယ်လ်နဲ့ရော ဒိုင်နမိုကိဗ်နဲ့ပါ အထင်ကြီးဖွယ် ကာလတွေကို ဖြတ်သန်းခဲ့ပြီးနောက် လေဗာကူဆင်ကို ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် လေဗာကူဆင်နဲ့ ရှိခဲ့တဲ့ ၄ ရာသီမှာ စုစုပေါင်း ၉၄ ပွဲသာ ပါဝင်ကစားခွင့်ရရှိထားပြီး ၂၀၁၇-၂၀၁၈ ရာသီတုန်းက လက်စတာစီးတီးကိုတောင် အငှားချခြင်း ခံခဲ့ရသူဖြစ်ပါတယ်။ နည်းပြကလောက် ပူရယ်လက်အောက်မှာ ဟယ်ရီမက်ဂွိုင်းယားနဲ့ ဝက်စ် မော်ဂန်တို့အတွဲက ပိုမိုအသုံးများတာကြောင့် အရန်ခုံမှာ ပုံမှန်ထိုင်ခဲ့ရတာဖြစ်ပြီး အသက် ၂၉ နှစ်အရွယ်ကစားသမားဟာ ယခုနွေရာသီမှာ လေဗာကူဆင်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် ပရီးမီးယားလိဂ်အတွေ့အကြုံရှိမှုက ကလော့ပ်ကို ဆွဲဆောင်နိုင်ဖွယ်ရှိနေပါတယ်။

ဖေဘီယံ ရှား( နယူးကာဆယ်)


ကလော့ပ်အနေနဲ့ ၎င်းရဲ့ အာရုံကို လက်ရှိ ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ ကစားသမားတွေထဲက တစ်စုံတယောက်အပေါ် ပြောင်းလဲနိုင်ဖွယ်ရှိပြီး ဖေဘီယံ ရှားဟာ ၂၀၁၈ ခုနှစ်မှာ ဒီပို့တီဗိုကနေ ပြောင်းရွှေ့လာပြီးကတည်းက နယူးကာဆယ်ရဲ့ခံစစ်မှာ အဓိကအစိတ်အပိုင်းဖြစ်ခဲ့သူဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် ဆွစ်ဇာလန်လက်ရွေးစင်နောက်ခံကစားသမားဟာ ကစားပုံတည်ငြိမ်ပြီး လျင်မြန်တဲ့ဘောလုံးပေးပို့မှုတွေ ပြုလုပ်ရာမှာ သာမန်သာဖြစ်ပေမယ့် ပရီးမီးယားလိဂ်အတွေ့အကြုံကြွယ်ဝမှုက အပြောင်းအရွှေ့ဖြစ်နိုင်ခြေကို ပိုမိုမြှင့်တင်ပေးနေတာဖြစ်ပါတယ်။

မာဆယ်လို (လိုင်ယွန်)


အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာဆယ်လိုဟာ ကစားသမားဘဝ အနားယူဖို့ တဖြည်းဖြည်းနီးကပ်နေသူဖြစ်ပေမယ့် နောက်ဆုံးတစ်ကြိမ် ကြီးမားတဲ့အပြောင်းအရွှေ့ပြုလုပ်မှာမဟုတ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ မာဆယ်လိုဟာ ၂၀၀၇ ခုနှစ်မှာ ဆန်းတို့စ်အသင်းနဲ့ ပရော်ဖက်ရှင်နယ်ပွဲဦးထွက်ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ဝစ်စ်လာ ခရာကော၊ ပီအက်စ်ဗွီ၊ ဟန်နိုဗာ၊ ဘက်ရှီးတက်စတဲ့အသင်းတွေနဲ့အတူ စုစုပေါင်း ပရော်ဖက်ရှင်နယ်ပွဲပေါင်း ၅၀၀ ကျော် ကစားထားတဲ့ကစားသမားဖြစ်ပါတယ်။ မာဆယ်လိုဟာ ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်မှာ မန်စီးတီးကို ကွာတားကနေ ဖြုတ်ပစ်ခဲ့တဲ့ပွဲစဉ်တုန်းက လိုင်ယွန်ရဲ့ခံစစ်မှာ ဂျေဆင် ဒီနာရာနဲ့ ကြောက်မက်ဖွယ်တွဲဖက်အဖြစ် ပုံဖော်နိုင်ခဲ့သူဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


လီဗာပူးလ္အသင္းနဲ႔ ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး ဘတ္ပီတို႔ရဲ့ အေျပာင္းအေရႊ႕ကိစၥဟာ ပရိသတ္ေတြအမ်ားစုအတြက္ အိပ္မက္ျဖစ္ေနၿပီး အေျပာင္းအေရႊ႕အမွန္တကယ္ ျဖစ္ေပၚလာဖို႔ ဘယ္လိုမ်ိဳးလုပ္ရမလဲဆိုတဲ့ ေမးခြန္းကေတာ့ ရွိေနပါတယ္။


ျပင္သစ္လက္ေရြးစင္တိုက္စစ္မႉး ဘတ္ပီရဲ့ စာခ်ဳပ္သက္တမ္းက တျဖည္းျဖည္းကုန္ဆုံးလာမွာျဖစ္တာနဲ႔အတူ အဲဒီေမးခြန္းအတြက္ အေျဖကလည္း နည္းနည္းပိုရွင္းလင္းလာဖို႔အေၾကာင္း ရွိေနပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ ဘတ္ပီကို ကနဦးအငွားစာခ်ဳပ္နဲ႔ေခၚယူၿပီးေနာက္ ၂၀၁၇ ခုႏွစ္မွာ ေပါင္ ၁၆၂ သန္းနဲ႔ အၿပီးသတ္ ေခၚယူခဲ့တဲ့ နည္းျပေသာမတ္စ္ တူဟယ္ေနရာမွာ စပါးနည္းျပေဟာင္း ပိုခ်က္တီနိုနဲ႔ အစားထိုးခန႔္အပ္ခဲ့ပါတယ္။

ယင္းအခ်ိန္တုန္းက ဘတ္ပီဟာ အသက္ ၁၈ ႏွစ္အရြယ္သာ ရွိေသးၿပီး ယခုႏွစ္ကုန္ရင္ေတာင္မွ အသက္ ၂၃ ႏွစ္ျပည့္ဦးမွာမဟုတ္ေသးပါဘူး။ လီဗာပူးလ္ဟာ အျမဲတမ္း မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔ အရိုက္အရာကို ဆက္ခံနိုင္မယ့္ တိုက္စစ္မႉးကို ေခၚယူခ်င္ခဲ့တာျဖစ္ၿပီး ဘတ္ပီကလည္း ၿပီးခဲ့တဲ့ႏွစ္မွာ ယာဂင္ကေလာ့ပ္နဲ႔ လီဗာပူးလ္အသင္းကို ဘယ္ေလာက္အထိ ေလးစားျမတ္နိုးမႈရွိလဲဆိုတာကို ဝန္ခံေျပာၾကားခဲ့တာျဖစ္ပါတယ္။


ယခုအပတ္စပိန္က သတင္းေတြရဲ့ေဖာ္ျပခ်က္အရ လီဗာပူးလ္ဟာ ျပင္သစ္တိုက္စစ္မႉးကို အန္းဖီး ေရာက္ရွိလာေအာင္ ဆြဲေဆာင္နိုင္လိမ့္မယ္ဆိုတဲ့ ေမၽွာ္လင့္ခ်က္နဲ႔ ဆက္သြယ္မႈ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။ လီဗာပူးလ္အသင္းအေနနဲ႔ ဘတ္ပီရဲ့ ေစ်းကြက္ေပါက္ေစ်းနဲ႔ ျပင္သစ္ၾကယ္ပြင့္ ေတာင္းဆိုလာနိုင္တဲ့ ထပ္ေဆာင္းေပးေခ်မႈေတြကို ေပးေခ်နိုင္ေလာက္တဲ့ ေငြေၾကးအင္အား မရွိဘဲ အထူးသျဖင့္ ကိုရိုနာဗိုင္းရပ္စ္ကမၻာ့ကပ္ေရာဂါဆိုက္ေနခ်ိန္မွာ ပိုလို႔ေတာင္မျဖစ္နိုင္ေသးတာျဖစ္ပါတယ္။

တကယ္လို႔ ဘတ္ပီ ေရာက္လာခဲ့ရင္ေတာင္မွ ႀကီးမားတဲ့လစာပမာဏေၾကာင့္ အန္းဖီးမွာရွိတဲ့ တျခားထိပ္တန္းကစားသမားေတြကို ေပးေခ်ေနရတဲ့ လစာပမာဏကို ျပန္ခ်ိန္ညႇိရမွာျဖစ္ၿပီး ဘတ္ပီနဲ႔ပတ္သက္ၿပီး လီဗာပူးလ္အသင္းရဲ့ တစ္ခုတည္းေသာ ေမၽွာ္လင့္ခ်က္က ပီအက္စ္ဂ်ီနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္အခ်ိန္ကို ေစာင့္ဆိုင္းေနဖို႔ပဲ ျဖစ္ပါတယ္။


လီဗာပူးလ္နည္းၿပ ယာဂင္ကေလာ့ပ္ ခံစစ္မွာ ဗန္ဒိုက္၊ ဂ်ိဳး ဂိုးမက္ဇ္၊ မာတစ္တို႔ ဒဏ္ရာရရွိေနတာေၾကာင့္ ယခုလ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ ေနာက္ခံကစားသမား ေခၚယူဖို႔အတြက္ ေတာင္းဆိုမႈေတြ ခံေနရသူျဖစ္ပါတယ္။ လက္ရွိ လီဗာပူးလ္အသင္းရဲ့ ခံစစ္မွာ ဖာဘင္ညိဳက အဓိက က်ားကန္ေပးထားရၿပီး လူငယ္ေနာက္ခံကစားသမားေတြျဖစ္တဲ့ နတ္ ဖိလစ္၊ ဝီလီယံတို႔နဲ႔ တြဲဖက္ကစားေနရတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့တနလၤာေန႔က ေဆာက္သမ္တန္အသင္းနဲ႔ ပြဲစဥ္အတြင္း ခံစစ္မွာ ဟန္ဒါဆင္အေနနဲ႔ ေကာင္းမြန္တဲ့ေျခစြမ္း ျပသခဲ့တာေတာင္မွ ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့ရတာျဖစ္ပါတယ္။ လီဗာပူးဂႏၲဝင္ ဂၽြန္ ဘန္းစ္က ယခုအပတ္မွာ စိတ္ဝင္စားစရာအဓိကအခ်က္တစ္ခုကို ေထာက္ျပခဲ့ၿပီး လီဗာပူးလ္အေနနဲ႔ ဗန္ဒိုက္နဲ႔ ဂိုးမက္ဇ္တို႔ ျပန္မေကာင္းခင္အထိ ေရတိုေျဖရွင္းမႈျဖစ္မယ့္ ေနာက္ခံကစားသမားကို ေခၚယူသင့္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

လီဗာပူးဂႏၲဝင္ရဲ့ေျပာၾကားခ်က္အရ လီဗာပူးလ္အသင္း ေရတိုေျဖရွင္းနည္းအေနနဲ႔ ေခၚယူမယ္ဆိုရင္ ေခၚယူနိုင္တဲ့ ေနာက္ခံကစာသးမား ၆ ဦးအထိ ရွိေနၿပီး အဲဒီကစားသမားေတြက ဘယ္သူေတြမ်ားျဖစ္နိုင္မလဲ။

အိုင္အီဆာ မန္ဒီ (ရီးရဲလ္ဘက္တစ္)


မန္ဒီဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ဇင္းနစ္အသင္းကို ေျပာင္းေရႊ႕သြားတဲ့ လိုဗ္ရန္ရဲ့ေနရာမွာ အစားထိုးေခၚယူမႈအျဖစ္ အန္းဖီးကို ေျပာင္းေရႊ႕ဖို႔ သတင္းေတြ အခိုင္အမာထြက္ေပၚခဲ့ဖူးသူျဖစ္ၿပီး ၿပီးခဲ့တဲ့ လအနည္းငယ္က လီဗာပူးလ္က ၎ရဲ့တန္ဖိုးကို ေပါင္ ၉ သန္းသတ္မွတ္ခဲ့ေပမယ့္ လက္ရွိမွာ ရီးရဲလ္ဘက္တစ္နဲ႔ စာခ်ဳပ္သက္တမ္း ၆ လသာက်န္ရွိေတာ့တာေၾကာင့္ အဲဒီပမာဏထက္ေတာင္ ေလ်ာ့က်ေနေလာက္ၿပီျဖစ္ပါတယ္။

မက္တီအို မူဆက္ခ်ီယို (ေအစီမီလန္)


မူဆက္ခ်ီယိုဟာ ပါရမီရွိတဲ့ ေနာက္ခံကစားသမားျဖစ္ခဲ့သူျဖစ္ၿပီး ၂၀၁၇ ခုႏွစ္မွာ ေအစီမီလန္ကို ဗီလာရီးရဲလ္အသင္းကေန ေပါင္ ၁၆ သန္းနဲ႔ ေျပာင္းေရႊ႕ခဲ့ေပမယ့္ ဗီလာရီးရဲလ္မွာတုန္းကေလာက္ သိပ္အလုပ္မျဖစ္ခဲ့တာျဖစ္ပါတယ္။ အသက္ ၃၀ အရြယ္ကစားသမားဟာ ရိုမက္ဂ္နိုလီနဲ႔ ဆီမြန္ကယတို႔က အထင္ႀကီးဖြယ္ေျခစြမ္းျပသေနတာေၾကာင့္ ယခုရာသီမွာ ဘယ္ၿပိဳင္ပြဲမွာမွ ပါဝင္ကစားေပးရျခင္းမရွိေသးသူျဖစ္ၿပီး ေဘာလုံးပိုင္ဆိုင္မႈကစားရမွာ သက္ေတာင့္သက္သာရွိျခင္း၊ အျမင့္ေဘာနိုင္နင္းျခင္း၊ ဖ်က္ထုတ္မႈအားေကာင္းျခင္းနဲ႔ အေတြ႕အၾကဳံရင့္က်က္မႈက လီဗာပူးလ္နည္းျပကေလာ့ပ္အတြက္ ေစ်းေပါေပါနဲ႔ရမယ့္ ေကာင္းမြန္တဲ့ေရြးခ်ယ္စရာျဖစ္ေနပါတယ္။

နီကိုလာ မက္စီမိုဗစ္ (နာပိုလီ)


မက္စီမိုဗစ္ဟာ ၂၀၁၆ ခုႏွစ္မွာ တိုရီနိုကေန ေျပာင္းေရႊ႕လာခဲ့သူျဖစ္ၿပီး ပထမအသင္းပြဲထြက္လူစာရင္းမွာ ပုံမွန္ပါဝင္ခြင့္ရဖို႔အတြက္ ႐ုန္းကန္ေနခဲ့ရသူျဖစ္ပါတယ္။ နာပိုလီရဲ့ ခံစစ္မွာ ကူလီဘလီ၊ မာနိုလတ္စ္တို႔လို ကမၻာ့အေကာင္းဆုံးေနာက္ခံကစားသမားေတြထဲက ၂ ဦးရွိေနတာေၾကာင့္ ပြဲထြက္ခြင့္မရတာကို နားလည္လို႔ရၿပီး အရပ္ ၆ ေပ ၃ လက္မျမင့္တဲ့ အသက္ ၂၉ ႏွစ္အရြယ္ ေနာက္ခံကစားသမားကို နာပိုလီအသင္းက ေပါင္ ၆ သန္းေလာက္ရရင္ ထြက္ခြာခြင့္ျပဳသြားမွာျဖစ္ပါတယ္။

အလက္ဆန္းဒါး ဒရာဂိုဗစ္ (ေလဗာကူဆင္)


ဒရာဂိုဗစ္ဟာ ၂၀၁၆ ခုႏွစ္မွာ ေဘဆယ္လ္နဲ႔ေရာ ဒိုင္နမိုကိဗ္နဲ႔ပါ အထင္ႀကီးဖြယ္ ကာလေတြကို ျဖတ္သန္းခဲ့ၿပီးေနာက္ ေလဗာကူဆင္ကို ေျပာင္းေရႊ႕ခဲ့သူျဖစ္ပါတယ္။ ဒါေပမယ့္ ေလဗာကူဆင္နဲ႔ ရွိခဲ့တဲ့ ၄ ရာသီမွာ စုစုေပါင္း ၉၄ ပြဲသာ ပါဝင္ကစားခြင့္ရရွိထားၿပီး ၂၀၁၇-၂၀၁၈ ရာသီတုန္းက လက္စတာစီးတီးကိုေတာင္ အငွားခ်ျခင္း ခံခဲ့ရသူျဖစ္ပါတယ္။ နည္းျပကေလာက္ ပူရယ္လက္ေအာက္မွာ ဟယ္ရီမက္ဂြိဳင္းယားနဲ႔ ဝက္စ္ ေမာ္ဂန္တို႔အတြဲက ပိုမိုအသုံးမ်ားတာေၾကာင့္ အရန္ခုံမွာ ပုံမွန္ထိုင္ခဲ့ရတာျဖစ္ၿပီး အသက္ ၂၉ ႏွစ္အရြယ္ကစားသမားဟာ ယခုေႏြရာသီမွာ ေလဗာကူဆင္နဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္တာေၾကာင့္ ပရီးမီးယားလိဂ္အေတြ႕အၾကဳံရွိမႈက ကေလာ့ပ္ကို ဆြဲေဆာင္နိုင္ဖြယ္ရွိေနပါတယ္။

ေဖဘီယံ ရွား( နယူးကာဆယ္)


ကေလာ့ပ္အေနနဲ႔ ၎ရဲ့ အာ႐ုံကို လက္ရွိ ပရီးမီးယားလိဂ္မွာ ကစားေနတဲ့ ကစားသမားေတြထဲက တစ္စုံတေယာက္အေပၚ ေျပာင္းလဲနိုင္ဖြယ္ရွိၿပီး ေဖဘီယံ ရွားဟာ ၂၀၁၈ ခုႏွစ္မွာ ဒီပို႔တီဗိုကေန ေျပာင္းေရႊ႕လာၿပီးကတည္းက နယူးကာဆယ္ရဲ့ခံစစ္မွာ အဓိကအစိတ္အပိုင္းျဖစ္ခဲ့သူျဖစ္ပါတယ္။ အသက္ ၂၉ ႏွစ္အရြယ္ ဆြစ္ဇာလန္လက္ေရြးစင္ေနာက္ခံကစားသမားဟာ ကစားပုံတည္ၿငိမ္ၿပီး လ်င္ျမန္တဲ့ေဘာလုံးေပးပို႔မႈေတြ ျပဳလုပ္ရာမွာ သာမန္သာျဖစ္ေပမယ့္ ပရီးမီးယားလိဂ္အေတြ႕အၾကဳံႂကြယ္ဝမႈက အေျပာင္းအေရႊ႕ျဖစ္နိုင္ေျခကို ပိုမိုျမႇင့္တင္ေပးေနတာျဖစ္ပါတယ္။

မာဆယ္လို (လိုင္ယြန္)


အသက္ ၃၃ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ မာဆယ္လိုဟာ ကစားသမားဘဝ အနားယူဖို႔ တျဖည္းျဖည္းနီးကပ္ေနသူျဖစ္ေပမယ့္ ေနာက္ဆုံးတစ္ႀကိမ္ ႀကီးမားတဲ့အေျပာင္းအေရႊ႕ျပဳလုပ္မွာမဟုတ္ဘူးလို႔ ေျပာလို႔မရနိုင္ပါဘူး။ မာဆယ္လိုဟာ ၂၀၀၇ ခုႏွစ္မွာ ဆန္းတို႔စ္အသင္းနဲ႔ ပေရာ္ဖက္ရွင္နယ္ပြဲဦးထြက္ပါဝင္ကစားခြင့္ရရွိခဲ့ၿပီး ဝစ္စ္လာ ခရာေကာ၊ ပီအက္စ္ဗြီ၊ ဟန္နိုဗာ၊ ဘက္ရွီးတက္စတဲ့အသင္းေတြနဲ႔အတူ စုစုေပါင္း ပေရာ္ဖက္ရွင္နယ္ပြဲေပါင္း ၅၀၀ ေက်ာ္ ကစားထားတဲ့ကစားသမားျဖစ္ပါတယ္။ မာဆယ္လိုဟာ ၿပီးခဲ့တဲ့ႏွစ္ ခ်န္ပီယံလိဂ္မွာ မန္စီးတီးကို ကြာတားကေန ျဖဳတ္ပစ္ခဲ့တဲ့ပြဲစဥ္တုန္းက လိုင္ယြန္ရဲ့ခံစစ္မွာ ေဂ်ဆင္ ဒီနာရာနဲ႔ ေၾကာက္မက္ဖြယ္တြဲဖက္အျဖစ္ ပုံေဖာ္နိုင္ခဲ့သူျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.