Premier League

ကမ္ဘာမြေဆွဲအားကို နောက်ထပ်တစ်ကြိမ် ဆန့်ကျင်ပြီး ပရိသတ်တွေကို မင်သက်စေခဲ့တဲ့ ရော်နယ်ဒို


ဂျူဗင်တပ်ကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဆက်အူအိုလိုနဲ့ ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်အတွင်း လက်တစ်ဆုံး ဆန့်ထုတ်ထားတဲ့ ဂိုးသမားထက် ကျော်လွန်အောင် ခေါင်းခုန်တိုက်ပြခဲ့ပြီး နောက်ထပ်တစ်ကြိမ် မယုံနိုင်စရာ ကမ္ဘာမြေဆွဲအားကို ဆန့်ကျင်ပြခဲ့ပါတယ်။


ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူးဟာ တနင်္ဂနွေနေ့ညက ဆက်ဆူအိုလို ဂိုးသမား အန်ဒရီရာ ကွန်ဆီဂလီရဲ့အထက်ကို မယုံနိုင်ဖွယ် ခုန်ပျံပြခဲ့ပြီး ကမ္ဘာမြေဆွဲအားက ၎င်းအပေါ် အကျိုးသက်ရောက်မှု နည်းပါးကြောင်း ထပ်မံ ပြသလိုက်တာဖြစ်ပါတယ်။ ဆက်အူအိုလို ဂိုးသမား ကွန်ဆီဂလီဟာ ဘောလုံးကို လက်နဲ့ ပုတ်ထုတ်ကာကွယ်ဖို့အတွက် လက်တစ်ဆုံးဆန့်ပြီး ခုန်ပုတ်ထုတ်ခဲ့တာတောင်မှ လေပေါ်မှာ ရော်နယ်ဒိုကို အနိုင်မယူနိုင်ခဲ့ဘဲ ဂျူဗင်တပ်ကြယ်ပွင့်က အံ့အားသင့်ဖွယ် အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။


ဒါပေမယ့်လည်း ကံဆိုးစွာနဲ့ပဲ ရော်နယ်ဒိုရဲ့ ခေါင်းတိုက်ချက်ဟာ ဂိုးဘားတန်းအပေါ်ကို ကျော်သွားခဲ့တာကြောင့် ဂျူဗင်တပ်အသင်းအဖွင့်ဂိုး ရရှိမယ့်အခွင့်အရေးနဲ့ လွဲချော်ခဲ့ပါတယ်။ ဂျူဗင်တပ်အသင်းအတွက် အဖွင့်ဂိုးကို ဒါနီလိုက ပင်နယ်တီဧရိယာအပြင်ဘက်ကနေ အဝေးကန်ချက်နဲ့ လှလှပပသွင်းယူပေးခဲ့ပြီး ဒုတိယသွင်းဂိုးကိုတော့ ရမ်ဆေးက သွင်းယူသွားခဲ့တာဖြစ်ပါတယ်။


ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို နာကျင်အချိန်ပို ၉၂ မိနစ်မှာ ဒါနီလိုရဲ့ နောက်တန်းက ကန်တင်ပေးလိုက်တဲ့ဘောလုံးကို အသာအယာထိန်းသိမ်းပြီး တကိုယ်တော်အစွမ်းနဲ့ ဆွဲပြေး ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုရဲ့ ဆက်ဆူအိုလိုနဲ့ပွဲက အံ့မခန်း ခုန်ပျံနိုင်စွမ်းက လူမှုကွန်ရက်ပေါ်က ပရိသတ်တွေကို အံ့အားစေခဲ့ပြီး ယခုရာသီစီးရီးအေ ၁၃ ပွဲမှာ ၁၅ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်တာကြောင့် ချီးကျူးသံတွေ ညံနေခဲ့ပြီပါတယ်။


ဒ့ါအပြင် ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လူမှုကွန်ရက်မှာ ကမ္ဘာပေါ်က ဘယ်ကစားသမားတွေထက်မဆို ပရိသတ်များစွာ ပိုမိုရရှိထားပြီး လာလီဂါမှာ ဆယ်စုနှစ်တစ်ခုကြာ ပြိုင်ဆိုင်ခဲ့တဲ့ လီယွန်နယ်မက်ဆီထက်တောင် သန်း ၂၀၀ ပိုမိုများပြားနေတာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဖေ့စ်ဘွတ်ခ်၊ တွစ်တာ၊ အင်စတာဂရမ် စတဲ့ လူမှုကွန်ရက်တွေမှာ စုစုပေါင်း ပရိသတ် ၄၆၅ သန်းအထိ ပိုင်ဆိုင်ထားပြီး ဓာတ်ပုံတစ်ပုံတင်လိုက်တိုင်း ဖေ့စ်ဘွတ်ခ်က လူပေါင်း ၁၂၄ သန်း၊ တွစ်တာက လူပေါင်းသန်း ၉၀၊ အင်စတာရမ်က လူပေါင်း ၂၅၁ သန်းက မြင်တွေ့နေရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


ဂ်ဴဗင္တပ္ၾကယ္ပြင့္တိုက္စစ္မႉး ခရစၥတီယာနို ေရာ္နယ္ဒိုဟာ ဆက္အူအိုလိုနဲ႔ ကစားခဲ့တဲ့ စီးရီးေအပြဲစဥ္အတြင္း လက္တစ္ဆုံး ဆန႔္ထုတ္ထားတဲ့ ဂိုးသမားထက္ ေက်ာ္လြန္ေအာင္ ေခါင္းခုန္တိုက္ျပခဲ့ၿပီး ေနာက္ထပ္တစ္ႀကိမ္ မယုံနိုင္စရာ ကမၻာေျမဆြဲအားကို ဆန႔္က်င္ျပခဲ့ပါတယ္။


ေပၚတူဂီလက္ေရြးစင္တိုက္စစ္မႉးဟာ တနဂၤေႏြေန႔ညက ဆက္ဆူအိုလို ဂိုးသမား အန္ဒရီရာ ကြန္ဆီဂလီရဲ့အထက္ကို မယုံနိုင္ဖြယ္ ခုန္ပ်ံျပခဲ့ၿပီး ကမၻာေျမဆြဲအားက ၎အေပၚ အက်ိဳးသက္ေရာက္မႈ နည္းပါးေၾကာင္း ထပ္မံ ျပသလိုက္တာျဖစ္ပါတယ္။ ဆက္အူအိုလို ဂိုးသမား ကြန္ဆီဂလီဟာ ေဘာလုံးကို လက္နဲ႔ ပုတ္ထုတ္ကာကြယ္ဖို႔အတြက္ လက္တစ္ဆုံးဆန႔္ၿပီး ခုန္ပုတ္ထုတ္ခဲ့တာေတာင္မွ ေလေပၚမွာ ေရာ္နယ္ဒိုကို အနိုင္မယူနိုင္ခဲ့ဘဲ ဂ်ဴဗင္တပ္ၾကယ္ပြင့္က အံ့အားသင့္ဖြယ္ အနိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။


ဒါေပမယ့္လည္း ကံဆိုးစြာနဲ႔ပဲ ေရာ္နယ္ဒိုရဲ့ ေခါင္းတိုက္ခ်က္ဟာ ဂိုးဘားတန္းအေပၚကို ေက်ာ္သြားခဲ့တာေၾကာင့္ ဂ်ဴဗင္တပ္အသင္းအဖြင့္ဂိုး ရရွိမယ့္အခြင့္အေရးနဲ႔ လြဲေခ်ာ္ခဲ့ပါတယ္။ ဂ်ဴဗင္တပ္အသင္းအတြက္ အဖြင့္ဂိုးကို ဒါနီလိုက ပင္နယ္တီဧရိယာအျပင္ဘက္ကေန အေဝးကန္ခ်က္နဲ႔ လွလွပပသြင္းယူေပးခဲ့ၿပီး ဒုတိယသြင္းဂိုးကိုေတာ့ ရမ္ေဆးက သြင္းယူသြားခဲ့တာျဖစ္ပါတယ္။


ခရစၥတီယာနိုေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္အသင္းအတြက္ တတိယေျမာက္ဦးေဆာင္ဂိုးကို နာက်င္အခ်ိန္ပို ၉၂ မိနစ္မွာ ဒါနီလိုရဲ့ ေနာက္တန္းက ကန္တင္ေပးလိုက္တဲ့ေဘာလုံးကို အသာအယာထိန္းသိမ္းၿပီး တကိုယ္ေတာ္အစြမ္းနဲ႔ ဆြဲေျပး ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ အသက္ ၃၅ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ေရာ္နယ္ဒိုရဲ့ ဆက္ဆူအိုလိုနဲ႔ပြဲက အံ့မခန္း ခုန္ပ်ံနိုင္စြမ္းက လူမႈကြန္ရက္ေပၚက ပရိသတ္ေတြကို အံ့အားေစခဲ့ၿပီး ယခုရာသီစီးရီးေအ ၁၃ ပြဲမွာ ၁၅ ဂိုးအထိ သြင္းယူထားနိုင္ခဲ့ၿပီျဖစ္တာေၾကာင့္ ခ်ီးက်ဴးသံေတြ ညံေနခဲ့ၿပီပါတယ္။


ဒ့ါအျပင္ ေပၚတူဂီလက္ေရြးစင္အသင္းေခါင္းေဆာင္ဟာ လူမႈကြန္ရက္မွာ ကမၻာေပၚက ဘယ္ကစားသမားေတြထက္မဆို ပရိသတ္မ်ားစြာ ပိုမိုရရွိထားၿပီး လာလီဂါမွာ ဆယ္စုႏွစ္တစ္ခုၾကာ ၿပိဳင္ဆိုင္ခဲ့တဲ့ လီယြန္နယ္မက္ဆီထက္ေတာင္ သန္း ၂၀၀ ပိုမိုမ်ားျပားေနတာျဖစ္ပါတယ္။ ေရာ္နယ္ဒိုဟာ ေဖ့စ္ဘြတ္ခ္၊ တြစ္တာ၊ အင္စတာဂရမ္ စတဲ့ လူမႈကြန္ရက္ေတြမွာ စုစုေပါင္း ပရိသတ္ ၄၆၅ သန္းအထိ ပိုင္ဆိုင္ထားၿပီး ဓာတ္ပုံတစ္ပုံတင္လိုက္တိုင္း ေဖ့စ္ဘြတ္ခ္က လူေပါင္း ၁၂၄ သန္း၊ တြစ္တာက လူေပါင္းသန္း ၉၀၊ အင္စတာရမ္က လူေပါင္း ၂၅၁ သန္းက ျမင္ေတြ႕ေနရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.