Premier League

Jan 11 နံနက်ခင်း နောက်ဆုံးရချဲလ်ဆီးသတင်းများ


-ချဲလ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်က ဟားဗတ်ဇ်ဟာ ပိုပြီး တောင့်တင်းကြံ့ခိုင်လာပြီလို့ ပြောကြားခဲ့ပေမယ့် ဂျာမန်ကြယ်ပွင့်နဲ့ပတ်သက်ပြီး စိတ်ရှည်သည်းခံဖို့ လိုအပ်နေဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ကြီးမားတဲ့ပါရမီတွေနဲ့ ရောက်ရှိလာသူဖြစ်တာကြောင့် နောက်ထပ် ထပ်တက်စရာအဆင့်တွေရှိနေသေးပြီး လိဂ်နဲ့ အသားကျဖို့ လုပ်ရဦးမယ်လို့ ပြောကြားခဲ့။


-ချဲလ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်ရဲ့ အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်အဖြစ် ဒုတိယတန်းအသင်းဖြစ်တဲ့ မိုကမ့်ဘ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်အတွက် လူစာရင်းရွေးချယ်မှုနဲ့ပတ်သက်ပြီး အသင်းပရိသတ်တွေက လူငယ်ကစားသမားအတွေ အများအပြားကို ပွဲထုတ်လာမယ်လို့ မျှော်မှန်းခဲ့ကြပေမယ့်လည်း ခိုင် ဟားဗတ်ဇ်၊ တီမိုဗာနာ၊ ဟာကင်း ဇီယက်ရှ်တို့အားလုံး ပွဲထွက်ပါဝင်လာတာကြောင့် ပရိသတ်တွေအားလုံး အံ့အားသင့်ခဲ့ကြ။


-ချဲလ်ဆီးအသင်းဟာ လိုက်ပ်ဇစ်နောက်ခံကစားသမား အူပါမီကာနိုကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြသခဲ့တဲ့ နောက်ဆုံးအသင်းဖြစ်တယ်လို့ Daily Mail ရဲ့ သတင်းအရ သိရပြီး အန်တိုနီယို ရူဒီဂါ၊ တိုမိုရီနဲ့ ခရစ္စတင်ဆန်တို့ရဲ့ အနာဂတ် မရေမရာဖြစ်နေတဲ့အတွက် အသက် ၂၂ နှစ်အရွယ် နောက်ခံကစားသမားကို ခေါ်ယူဖို့ အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်က မီးစိမ်းပြသလိုက်တာဖြစ်။


-ချဲလ်ဆီးနည်းပြဟောင်း အေဗရန် ဂရန့်က အသင်းရဲ့ ဆိုးရွားနေတဲ့ရလဒ်တွေကို ပြောင်းလဲပစ်နိုင်ဖို့ နည်းပြလမ်းပတ်ကို အသင်းတာဝန်ရှိသူတွေအနေနဲ့ အချိန်ပေးသင့်တယ်လို့ ပြောကြားခဲ့ပြီး ချဲလ်ဆီးကို ၎င်းနည်းပြခဲ့တဲ့အချိန်ကာလအတွင်းမှာ ရှိခဲ့တဲ့ အလားအလာတွေနဲ့ အရည်အသွေးတွေ ရှိနေတာကြောင့် အရာအားလုံးက အဆင်ပြေသွားလိမ့်မယ်လို့ ယုံကြည်နေ။


-ချဲလ်ဆီးအသင်းဟာ အက်စ်တွန်ဗီလာအသင်းကို အငှားချထားတဲ့ ရော့စ် ဘာကလေကို ကြီးမားတဲ့ ငွေကြေးပမာဏနဲ့မှ အပြီးသတ် ရောင်းထုတ်သွားမှာဖြစ်တယ်လို့ BirminghamLive ရဲ့သတင်းအရ သိရပြီး ၎င်းရဲ့ လစာပမာဏနဲ့ စာချုပ်အခြေအနေကြောင့် အက်စ်တွန်ဗီလာအသင်းအနေနဲ့ ဘာကလေကို စျေးပေါပေါနဲ့ ခေါ်ယူဖို့ကို မျှော်လင့်လို့ ရနိုင်မှာမဟုတ်။


-ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်ဟာ မိုကမ့်ဘ်နဲ့ပွဲစဉ်မှာ အံ့အားသင့်ဖွယ် အဝေးကန်ချက်နဲ့ ဂိုးသွင်းယူနိုင်ခဲ့တဲ့ မေဆင် မောင့်ကို နောက်ထပ်သွင်းဂိုးတွေ ပိုမိုသွင်းယူဖို့အတွက် စိန်ခေါ်ခဲ့ပြီး အသက် ၂၂ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ ၁၉ ပွဲအထိ ဂိုးပေါက်ပျောက်ခဲ့ပေမယ့် အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်မှာတော့ အလွန်ကောင်းမွန်တဲ့ကန်သွင်းချက်နဲ့ အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်။


-ချဲလ်ဆီးနောက်ခံကစားသမား အီမာဆင်ဟာ မိုကမ့်ဘ်ကို ၄-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ တနင်္ဂနွေနေ့ညပွဲစဉ်အတွင်း ဘယ်တောင်ပံမှာ အိုဒွိုင်းနဲ့ ကောင်းမွန်တဲ့ အချိတ်အဆက်ရှိခဲ့တယ်လို့ ပြောကြားခဲ့ပြီး ပုံမှန်အားဖြင့် ၎င်းတို့ ၂ ဦးဟာ ယခုရာသီမှာ အတူတူတွဲကစားဖို့ အခွင့်အရေးများများစားစားမရရှိခဲ့ပေမယ့် အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်မှာတော့ အမှန်တကယ်အန္တရာယ်ရှိတဲ့ပုံပေါ်ခဲ့သလို အီမာဆင်ကလည်း ကောင်းမွန်တဲ့ဂိုးကန်သွင်းမှုအချို့ ပြုလုပ်နိုင်ခဲ့တာဖြစ်။


-အပြောင်းအရွှေ့ကျွမ်းကျင်သူ ဂျာနယ်လစ် ဖက်ဘရီဇီယို ရိုမာနိုက ချဲလ်ဆီးအသင်းနဲ့ ဒွန်နာရမ်းမားတို့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် ယခုနွေရာသီမှာ အေစီမီလန်ဂိုးသမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ ရနိုင်မှာမဟုတ်ဘူးလို့ အေစီမီလန်အားကစားဒါရိုက်တာက ပြောကြားခဲ့တာကို မျှဝေပေးခဲ့ပြီး အေစီမီလန်အားကစားဒါရိုက်တာ ဖရက်ဒရစ်မက်ဆာရာက တိုရီနိုကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမတိုင်မီ လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်း ဒွန်နာရမ်းမားနဲ့ စာချုပ်သစ်သဘောတူညီမှုရရှိလိမ့်မယ်လို့ ယုံကြည်ချက်ရှိနေကြောင်း DAZN ကို ပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


-ခ်ဲလ္ဆီးအသင္းနည္းၿပ ဖရန႔္လမ္းပတ္က ဟားဗတ္ဇ္ဟာ ပိုၿပီး ေတာင့္တင္းႀကံ့ခိုင္လာၿပီလို႔ ေျပာၾကားခဲ့ေပမယ့္ ဂ်ာမန္ၾကယ္ပြင့္နဲ႔ပတ္သက္ၿပီး စိတ္ရွည္သည္းခံဖို႔ လိုအပ္ေနဆဲျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး ႀကီးမားတဲ့ပါရမီေတြနဲ႔ ေရာက္ရွိလာသူျဖစ္တာေၾကာင့္ ေနာက္ထပ္ ထပ္တက္စရာအဆင့္ေတြရွိေနေသးၿပီး လိဂ္နဲ႔ အသားက်ဖို႔ လုပ္ရဦးမယ္လို႔ ေျပာၾကားခဲ့။


-ခ်ဲလ္ဆီးအသင္းနည္းၿပ ဖရန႔္လမ္းပတ္ရဲ့ အက္ဖ္ေအဖလားတတိယအဆင့္ပြဲစဥ္အျဖစ္ ဒုတိယတန္းအသင္းျဖစ္တဲ့ မိုကမ့္ဘ္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္အတြက္ လူစာရင္းေရြးခ်ယ္မႈနဲ႔ပတ္သက္ၿပီး အသင္းပရိသတ္ေတြက လူငယ္ကစားသမားအေတြ အမ်ားအျပားကို ပြဲထုတ္လာမယ္လို႔ ေမၽွာ္မွန္းခဲ့ၾကေပမယ့္လည္း ခိုင္ ဟားဗတ္ဇ္၊ တီမိုဗာနာ၊ ဟာကင္း ဇီယက္ရွ္တို႔အားလုံး ပြဲထြက္ပါဝင္လာတာေၾကာင့္ ပရိသတ္ေတြအားလုံး အံ့အားသင့္ခဲ့ၾက။


-ခ်ဲလ္ဆီးအသင္းဟာ လိုက္ပ္ဇစ္ေနာက္ခံကစားသမား အူပါမီကာနိုကို ေခၚယူဖို႔ စိတ္ဝင္စားေၾကာင္း ထုတ္ေဖာ္ျပသခဲ့တဲ့ ေနာက္ဆုံးအသင္းျဖစ္တယ္လို႔ Daily Mail ရဲ့ သတင္းအရ သိရၿပီး အန္တိုနီယို ႐ူဒီဂါ၊ တိုမိုရီနဲ႔ ခရစၥတင္ဆန္တို႔ရဲ့ အနာဂတ္ မေရမရာျဖစ္ေနတဲ့အတြက္ အသက္ ၂၂ ႏွစ္အရြယ္ ေနာက္ခံကစားသမားကို ေခၚယူဖို႔ အသင္းပိုင္ရွင္ ေအဘရာမိုဗစ္ခ်္က မီးစိမ္းျပသလိုက္တာျဖစ္။


-ခ်ဲလ္ဆီးနည္းျပေဟာင္း ေအဗရန္ ဂရန႔္က အသင္းရဲ့ ဆိုးရြားေနတဲ့ရလဒ္ေတြကို ေျပာင္းလဲပစ္နိုင္ဖို႔ နည္းျပလမ္းပတ္ကို အသင္းတာဝန္ရွိသူေတြအေနနဲ႔ အခ်ိန္ေပးသင့္တယ္လို႔ ေျပာၾကားခဲ့ၿပီး ခ်ဲလ္ဆီးကို ၎နည္းျပခဲ့တဲ့အခ်ိန္ကာလအတြင္းမွာ ရွိခဲ့တဲ့ အလားအလာေတြနဲ႔ အရည္အေသြးေတြ ရွိေနတာေၾကာင့္ အရာအားလုံးက အဆင္ေျပသြားလိမ့္မယ္လို႔ ယုံၾကည္ေန။


-ခ်ဲလ္ဆီးအသင္းဟာ အက္စ္တြန္ဗီလာအသင္းကို အငွားခ်ထားတဲ့ ေရာ့စ္ ဘာကေလကို ႀကီးမားတဲ့ ေငြေၾကးပမာဏနဲ႔မွ အၿပီးသတ္ ေရာင္းထုတ္သြားမွာျဖစ္တယ္လို႔ BirminghamLive ရဲ့သတင္းအရ သိရၿပီး ၎ရဲ့ လစာပမာဏနဲ႔ စာခ်ဳပ္အေျခအေနေၾကာင့္ အက္စ္တြန္ဗီလာအသင္းအေနနဲ႔ ဘာကေလကို ေစ်းေပါေပါနဲ႔ ေခၚယူဖို႔ကို ေမၽွာ္လင့္လို႔ ရနိုင္မွာမဟုတ္။


-ခ်ဲလ္ဆီးနည္းၿပ ဖရန႔္လမ္းပတ္ဟာ မိုကမ့္ဘ္နဲ႔ပြဲစဥ္မွာ အံ့အားသင့္ဖြယ္ အေဝးကန္ခ်က္နဲ႔ ဂိုးသြင္းယူနိုင္ခဲ့တဲ့ ေမဆင္ ေမာင့္ကို ေနာက္ထပ္သြင္းဂိုးေတြ ပိုမိုသြင္းယူဖို႔အတြက္ စိန္ေခၚခဲ့ၿပီး အသက္ ၂၂ ႏွစ္အရြယ္ ကြင္းလယ္ကစားသမားဟာ ၿပီးခဲ့တဲ့ ၁၉ ပြဲအထိ ဂိုးေပါက္ေပ်ာက္ခဲ့ေပမယ့္ အက္ဖ္ေအဖလားတတိယအဆင့္ပြဲစဥ္မွာေတာ့ အလြန္ေကာင္းမြန္တဲ့ကန္သြင္းခ်က္နဲ႔ အဖြင့္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္။


-ခ်ဲလ္ဆီးေနာက္ခံကစားသမား အီမာဆင္ဟာ မိုကမ့္ဘ္ကို ၄-၀ နဲ႔ အနိုင္ရရွိခဲ့တဲ့ တနဂၤေႏြေန႔ညပြဲစဥ္အတြင္း ဘယ္ေတာင္ပံမွာ အိုဒြိဳင္းနဲ႔ ေကာင္းမြန္တဲ့ အခ်ိတ္အဆက္ရွိခဲ့တယ္လို႔ ေျပာၾကားခဲ့ၿပီး ပုံမွန္အားျဖင့္ ၎တို႔ ၂ ဦးဟာ ယခုရာသီမွာ အတူတူတြဲကစားဖို႔ အခြင့္အေရးမ်ားမ်ားစားစားမရရွိခဲ့ေပမယ့္ အက္ဖ္ေအဖလားတတိယအဆင့္ပြဲစဥ္မွာေတာ့ အမွန္တကယ္အႏၲရာယ္ရွိတဲ့ပုံေပၚခဲ့သလို အီမာဆင္ကလည္း ေကာင္းမြန္တဲ့ဂိုးကန္သြင္းမႈအခ်ိဳ႕ ျပဳလုပ္နိုင္ခဲ့တာျဖစ္။


-အေျပာင္းအေရႊ႕ကၽြမ္းက်င္သူ ဂ်ာနယ္လစ္ ဖက္ဘရီဇီယို ရိုမာနိုက ခ်ဲလ္ဆီးအသင္းနဲ႔ ဒြန္နာရမ္းမားတို႔ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ေနေပမယ့္ ယခုေႏြရာသီမွာ ေအစီမီလန္ဂိုးသမားကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူလို႔ ရနိုင္မွာမဟုတ္ဘူးလို႔ ေအစီမီလန္အားကစားဒါရိုက္တာက ေျပာၾကားခဲ့တာကို မၽွေဝေပးခဲ့ၿပီး ေအစီမီလန္အားကစားဒါရိုက္တာ ဖရက္ဒရစ္မက္ဆာရာက တိုရီနိုကို ၂-၀ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲမတိုင္မီ လာမယ့္ရက္သတၱပတ္အနည္းငယ္အတြင္း ဒြန္နာရမ္းမားနဲ႔ စာခ်ဳပ္သစ္သေဘာတူညီမႈရရွိလိမ့္မယ္လို႔ ယုံၾကည္ခ်က္ရွိေနေၾကာင္း DAZN ကို ေျပာၾကားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.