Premier League

Jan 11 နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများစုစည်းမှု


-မန်ချက်စတာယူနိုက်တက်အသင်ဟာ ပီအက်စ်ဂျီအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဘရက်စ်ကွင်းလယ်ကစားသမား ရိုမန် ဖာ့ဗ်ကို အပြိုင်ခေါ်ယူဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့ Le10 Sport က ဖော်ပြခဲ့ပြီး နည်းပြဆိုးလ်ရှားက ဝက်စ်ဟမ်းကြယ်ပွင့် ဒီကလန်ရိုက်စ်က မန်ချက်စတာကို ပြောင်းရွှေ့လိုစိတ်မရှိဘူးလို့ ၎င်းရဲ့သူငယ်ချင်းဖြစ်သူကို ပြောကြားခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် နောက်ထပ်ကွင်းလယ်ကစားသမားသစ်ကို ရှာဖွေနေတာဖြစ်။


-မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားက ဘန်လေအသင်းနဲ့ပွဲစဉ်မှာ ပေါ့ဂ်ဘာ၊ လင်ဒီလော့ဖ်၊ လုခ်ရှောတို့အားလုံး ပါဝင်ကစားပေးနိုင်ဖို့ မရေမရာဖြစ်နေတယ်လို့ အတည်ပြု ပြောကြားခဲ့ပေမယ့်လည်း လာမယ့်အပတ် လီဗာပူးလ်အသင်းနဲ့ ကစားရမယ့်ပွဲစဉ်မှာတော့ ကျိန်းသေ ကြံ့ခိုင်မှုပြည့်ဝနေကြလိမ့်မယ်လို့ ယုံကြည်နေ။


-မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမား ရီယိုဖာဒီနန်က အိုးထရက်ဖို့ဒ်မှာ ဗန်ဒီဘိခ် ပွဲကစားချိန် မရတာကို အံ့အားသင့်မိခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပြီး ပွဲကစားချိန်မရခဲ့ဘူးဆိုရင်တော့ ယူရို ၂၀၂၁ ပြိုင်ပွဲမှာ ပါဝင်ခွင့်အတွက် စိတ်ပူရမှာဖြစ်တာကြောင့် ပွဲကစားချိန် ပိုမိုမျှော်လင့်နေလိမ့်မယ်လို့ ပြောကြားခဲ့။


-ဒေါ့မွန်ကြယ်ပွင့်တောင်ပံကစားသမား ဂျေဒန် ဆန်ချိုဟာ နွေရာသီအပြောင်းအရွှေ့ကာလမှာ ကောလာဟလသတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း လက်ရှိ ဘွန်ဒက်စ်လီဂါရာသီအပေါ်မှာပဲ အပြည့်အဝအာရုံစိုက်နေတယ်လို့ အခိုင်အမာပြောကြားခဲ့ပြီး ယခုရာသီဟာ အလွန်ခက်ခဲတဲ့ရာသီဖြစ်ပေမယ့် သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ ပြုလုပ်နိုင်တာကို ပျော်ရွှင်နေကြောင်း ပြောကြားခဲ့။


-အိုလေဂန်နာ ဆိုးလ်ရှားက ဘန်လေအသင်းနဲ့ပွဲစဉ်မှာ အနိုင်ကစားပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အမှတ်ပေးဇယားထိပ်ဆုံး တက်ရောက်နိုင်မှုကို အရေးမကြီးဟန်နဲ့ ပြောကြားသွားခဲ့ပြီး နိုင်ပွဲက လာမယ့်အပတ် လီဗာပူးလ်နဲ့ ရင်ဆိုင်ရမယ့်ပွဲအတွက် နောက်ထပ်စိတ်ဓာတ်ခွန်အားဖြစ်လာပေမယ့် ရာသီဝက်ကိုတောင် မရောက်သေးတဲ့အတွက် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့က အမှတ်ပေးဇယား ဘယ်လိုဖြစ်နေလဲဆိုတာ ဘယ်သူမှ မှတ်မိမှာမဟုတ်ဘူးလို့ ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်ကွင်းလယ်ဗိုလ်ချုပ်ဟောင်း ရွိုင်ကိန်းဟာ နည်းပြလောကကို ပြန်လည်ဝင်ရောက်တော့မယ်လို့ တစ်ကြိုပေးခြင်းခံနေရပြီး အိုင်ယာလန်လက်ရွေးစင်ကစားသမားဟောင်းဟာ ဆဲလ်တစ်နည်းပြအလုပ်နဲ့ ကာလရှည်သတင်းတွေထွက်ပေါ်နေခဲ့သူဖြစ်ပြီး ၂၀၁၄ ခုနှစ်တုန်းက ကမ်းလှမ်းမှုခံခဲ့ရတယ်လို့ ယုံကြည်ရသူဖြစ်။


-ဘန်လေအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်အတွက် အစိုးရရဲ့ ကိုဗစ်-၁၉ လုပ်ထုံးလုပ်နည်းတွေကြောင့် ကစားသမား ၄ ဦးအထိ လက်လွှတ်ရမယ်လို့ သိရပြီး MK Dons ကို အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်အပြီးမှာတောင် ကစားသမား ၄ ဦးရဲ့ နာမည်တွေကို မသိရှိရသေး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-မန္ခ်က္စတာယူနိုက္တက္အသင္ဟာ ပီအက္စ္ဂ်ီအသင္းက ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ ဘရက္စ္ကြင္းလယ္ကစားသမား ႐ိုမန္ ဖာ့ဗ္ကို အၿပိဳင္ေခၚယူဖို႔အတြက္ အဆင္သင့္ျဖစ္ေနၿပီလို႔ Le10 Sport က ေဖာ္ျပခဲ့ၿပီး နည္းျပဆိုးလ္ရွားက ဝက္စ္ဟမ္းၾကယ္ပြင့္ ဒီကလန္ရိုက္စ္က မန္ခ်က္စတာကို ေျပာင္းေရႊ႕လိုစိတ္မရွိဘူးလို႔ ၎ရဲ့သူငယ္ခ်င္းျဖစ္သူကို ေျပာၾကားခဲ့တယ္လို႔ သတင္းေတြထြက္ေပၚခဲ့ၿပီးေနာက္ ေနာက္ထပ္ကြင္းလယ္ကစားသမားသစ္ကို ရွာေဖြေနတာျဖစ္။


-မန္ခ်က္စတာယူနိုက္တက္နည္းျပဆိုးလ္ရွားက ဘန္ေလအသင္းနဲ႔ပြဲစဥ္မွာ ေပါ့ဂ္ဘာ၊ လင္ဒီေလာ့ဖ္၊ လုခ္ေရွာတို႔အားလုံး ပါဝင္ကစားေပးနိုင္ဖို႔ မေရမရာျဖစ္ေနတယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့ေပမယ့္လည္း လာမယ့္အပတ္ လီဗာပူးလ္အသင္းနဲ႔ ကစားရမယ့္ပြဲစဥ္မွာေတာ့ က်ိန္းေသ ႀကံ့ခိုင္မႈျပည့္ဝေနၾကလိမ့္မယ္လို႔ ယုံၾကည္ေန။


-မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္ေနာက္ခံကစားသမား ရီယိုဖာဒီနန္က အိုးထရက္ဖို႔ဒ္မွာ ဗန္ဒီဘိခ္ ပြဲကစားခ်ိန္ မရတာကို အံ့အားသင့္မိခဲ့တယ္လို႔ ဝန္ခံေျပာၾကားခဲ့ၿပီး ပြဲကစားခ်ိန္မရခဲ့ဘူးဆိုရင္ေတာ့ ယူရို ၂၀၂၁ ၿပဳိင္ပြဲမွာ ပါဝင္ခြင့္အတြက္ စိတ္ပူရမွာျဖစ္တာေၾကာင့္ ပြဲကစားခ်ိန္ ပိုမိုေမၽွာ္လင့္ေနလိမ့္မယ္လို႔ ေျပာၾကားခဲ့။


-ေဒါ့မြန္ၾကယ္ပြင့္ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ိဳဟာ ေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ ေကာလာဟလသတင္းေတြ ထြက္ေပၚခဲ့ၿပီးေနာက္ပိုင္း လက္ရွိ ဘြန္ဒက္စ္လီဂါရာသီအေပၚမွာပဲ အျပည့္အဝအာ႐ုံစိုက္ေနတယ္လို႔ အခိုင္အမာေျပာၾကားခဲ့ၿပီး ယခုရာသီဟာ အလြန္ခက္ခဲတဲ့ရာသီျဖစ္ေပမယ့္ သြင္းဂိုးေတြ၊ ဂိုးဖန္တီးမႈေတြ ျပဳလုပ္နိုင္တာကို ေပ်ာ္ရႊင္ေနေၾကာင္း ေျပာၾကားခဲ့။


-အိုေလဂန္နာ ဆိုးလ္ရွားက ဘန္ေလအသင္းနဲ႔ပြဲစဥ္မွာ အနိုင္ကစားၿပီး မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ အမွတ္ေပးဇယားထိပ္ဆုံး တက္ေရာက္နိုင္မႈကို အေရးမႀကီးဟန္နဲ႔ ေျပာၾကားသြားခဲ့ၿပီး နိုင္ပြဲက လာမယ့္အပတ္ လီဗာပူးလ္နဲ႔ ရင္ဆိုင္ရမယ့္ပြဲအတြက္ ေနာက္ထပ္စိတ္ဓာတ္ခြန္အားျဖစ္လာေပမယ့္ ရာသီဝက္ကိုေတာင္ မေရာက္ေသးတဲ့အတြက္ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီလ ၁၂ ရက္ေန႔က အမွတ္ေပးဇယား ဘယ္လိုျဖစ္ေနလဲဆိုတာ ဘယ္သူမွ မွတ္မိမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့။


-မန္ခ်က္စတာယူနိုက္တက္ကြင္းလယ္ဗိုလ္ခ်ဳပ္ေဟာင္း ရြိဳင္ကိန္းဟာ နည္းျပေလာကကို ျပန္လည္ဝင္ေရာက္ေတာ့မယ္လို႔ တစ္ႀကိဳေပးျခင္းခံေနရၿပီး အိုင္ယာလန္လက္ေရြးစင္ကစားသမားေဟာင္းဟာ ဆဲလ္တစ္နည္းျပအလုပ္နဲ႔ ကာလရွည္သတင္းေတြထြက္ေပၚေနခဲ့သူျဖစ္ၿပီး ၂၀၁၄ ခုႏွစ္တုန္းက ကမ္းလွမ္းမႈခံခဲ့ရတယ္လို႔ ယုံၾကည္ရသူျဖစ္။


-ဘန္ေလအသင္းဟာ မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ပြဲစဥ္အတြက္ အစိုးရရဲ့ ကိုဗစ္-၁၉ လုပ္ထုံးလုပ္နည္းေတြေၾကာင့္ ကစားသမား ၄ ဦးအထိ လက္လႊတ္ရမယ္လို႔ သိရၿပီး MK Dons ကို အနိုင္ရရွိခဲ့တဲ့ အက္ဖ္ေအဖလားပြဲစဥ္အၿပီးမွာေတာင္ ကစားသမား ၄ ဦးရဲ့ နာမည္ေတြကို မသိရွိရေသး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.