Premier League Transfer News

11 Jan နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– နော့ဝစ်ချ်စီးတီးအသင်းရဲ့ ကွင်းလယ်လူ အီမီလီယာနို ဘွင်ဒီယာဘက်က အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့လို့တဲ့ ဆန္ဒကို ထုတ်ဖော် ပြသခဲ့ပြီးတဲ့နောက် အမြန်ဆုံးခေါ်ယူဖို့လည်း ဝိုင်းဝန်းတိုက်တွန်းနေကြပေမယ့် ချန်ပီယံရှစ်ကလပ်ဘက်က ပေါင်သန်း ၄၀ တောင်းဆိုမှုကိုပဲ ဆွေးနွေးနိုင်ဖို့ ကျန်ရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ မက်တီယို ဂန်ဒူဇီကို ပြန်လည်ခေါ်ယူဖို့ ရှိနေပြီး ဇန်နဝါရီမှာ မဟုတ်ရင်တောင် နွေရာသီမှာတော့ အပြီးသတ် ရောင်းချခြင်းမရှိဘဲ အမ်းမရိတ်ကို ပြန်ရောက်လာမှာဖြစ်သလို သူ့ရဲ့ သတ်မှတ်ဈေး ပေါင် ၂၉ သန်းကို ဟာသာဘာလင်ဘက်က မပေးနိုင်ဘူးလို့ သိရ။

– အက်ဒီ နကီးတီးယားအတွက် ဝက်စ်ဟမ်းရဲ့ ကမ်းလှမ်းမှုကို အာဆင်နယ်အသင်းက ငြင်းဆန်ထားခဲ့တယ်ဆိုတာ ရာသီဝက်ကြီးမှာ အသင်းရဲ့ တည်ငြိမ်မှုကို မပျက်ပြားစေချင်လို့သာဖြစ်ပြီး နွေရာသီမှာတော့ ပြန်လည်စဉ်းစားနိုင်တယ်လို့ ဖာဘရီဇီယို ရိုမာနိုပြော။

– အာဆင်နယ်အသင်းကို ဆိုးလ် ကမ်းဘဲလ် ပြောင်းရွှေ့လာစဉ်တုန်းက မြောက်လန်ဒန်ဒါဘီမှာ ဝှိုက်ဟတ်လိန်းကို သွားရောက်ကစားဖို့ အဆင်သင့်ဖြစ်နေအောင် သူနဲ့ အသင်းဖော်တွေအနေနဲ့ ထရိန်နင်မှာ ဘူးလို့ ဝိုင်းဝန်းအော်ဟစ်လှောင်ပြောင်ပြီး လေ့ကျင့်ပေးခဲ့ရကြောင်း အာဆင်ဝင်းဂါး ထုတ်ဖော်သွားခဲ့။

– အာဆင်နယ်အသင်းရဲ့ လူငယ်တွေကြားထဲမှာ အသင်းနဲ့ စာချုပ်အဆင်မပြေဖြစ်လာပြန်ပြီး အချိန်ကောင်းတွေမှာ ကစားသမားတွေရဲ့ စာချုပ်ကို ကြိုတင်တွက်ဆမထားတာ ပြဿနာတစ်ခုလိုဖြစ်နေခဲ့သလို နောက်ထပ်တစ်ဦးအဖြစ် နွေရာသီမှာ ကုန်မယ့် စာချုပ်ကို ဂိုးသမားလေး အိုကွန်ကဝိုက အသစ်ချုပ်ဆိုလိုခြင်း မရှိသေးကြောင်းသိရ။

– ဂရိနောက်ခံလူ ဆိုကရာတစ်အနေနဲ့ စပိန်နဲ့ တူရကီမြေမှာ တစ်ခြမ်းစီခွဲပြီး သွားရောက်ကစားရမလိုဖြစ်နေပြီး တူရကီသတင်းတွေက ဖီနာဘာချီနဲ့ သုံးနှစ်စာချုပ် ချုပ်ဆိုတော့မယ်လို့ ဖော်ပြနေချိန်မှာ စပိန်သတင်းတွေက ရီးရဲလ်ဘက်တစ်နဲ့ ဒီနေ့ ဆွေးနွေးသွားမယ်လို့ ထုတ်ပြန်ခဲ့ကြ။

– နိစ်အသင်းအတွက် ဒုတိယပွဲမှာ Man of the Match ရခဲ့တဲ့ လူငယ်နောက်ခံလူ ဝီလီယမ် ဆာလီဘာကို အာဆင်နယ်အသင်းကနေ ခေါ်ယူဖို့ မတတ်နိုင်ပေမယ့် တစ်ဖက်က အလိုမရှိခဲ့ရင်တော့ မိမိတို့အနေနဲ့ တံခါးအမြဲဖွင့်ထားတယ်လို့ ဥက္ကဌ ယွန်း-ပျယ် ရီးဗဲ ပြောကြား။

– အသင်းမှာ ခြေစွမ်းပြနေခဲ့တဲ့ ဘယ်နောက်ခံလူ ကီရန် တီယာနီကို နာပိုလီအသင်းက အလိုရှိနေတယ်လို့ သတင်းတွေ ထွက်လာခဲ့ပြီးမှာ အာဆင်နယ်ပရိသတ်တွေက ဝိုင်းဝန်းလှောင်ပြောင်ခဲ့ကြပြီး နာပိုလီအသင်းရဲ့ ရပ်တည်မှု၊ အစဉ်အလာနဲ့ အဆင့်အတန်းကို မေးခွန်းထုတ်ခဲ့ကြ။

– နယူးကာဆယ်လ်နဲ့ပွဲက ခြေစွမ်းဆိုးရွားခဲ့ကြသူတွေထဲမှာ အသင်းအတွက် တစ်ဂိုးမှ သွင်းမပေးနိုင်ခဲ့တဲ့ ဝီလီယန်က ထိပ်ဆုံးက ပါဝင်နေပြီး မှတ်တမ်းတွေအရ ဘောလုံးဆွဲပြေးမှုနဲ့ ဂိုးပေါက်တည့်မှုတွေကို တစ်ကြိမ်မှ မလုပ်ဆောင်နိုင်ခဲ့သလို ဘောလုံးယှဉ်လုရာမှာ ၈ ကြိမ်မှာ ၂ကြိမ်သာ ရရှိခဲ့တဲ့အတွက် Goal ဂျာနယ်လစ် ချားလ်စ် ဝပ်ထ်ကတော့ သူ့ကို ရှင်းထုတ်ဖို့ အာတီတာကို တိုက်တွန်းသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ေနာ့ဝစ္ခ်္စီးတီးအသင္းရဲ႕ ကြင္းလယ္လူ အီမီလီယာႏို ဘြင္ဒီယာဘက္က အာဆင္နယ္အသင္းဆီ ေျပာင္းေ႐ႊ႕လို႔တဲ့ ဆႏၵကို ထုတ္ေဖာ္ ျပသခဲ့ၿပီးတဲ့ေနာက္ အျမန္ဆုံးေခၚယူဖို႔လည္း ဝိုင္းဝန္းတိုက္တြန္းေနၾကေပမယ့္ ခ်န္ပီယံရွစ္ကလပ္ဘက္က ေပါင္သန္း ၄၀ ေတာင္းဆိုမႈကိုပဲ ေဆြးေႏြးႏိုင္ဖို႔ က်န္ရွိေန။

– အာဆင္နယ္အသင္းအေနနဲ႔ မက္တီယို ဂန္ဒူဇီကို ျပန္လည္ေခၚယူဖို႔ ရွိေနၿပီး ဇန္နဝါရီမွာ မဟုတ္ရင္ေတာင္ ေႏြရာသီမွာေတာ့ အၿပီးသတ္ ေရာင္းခ်ျခင္းမရွိဘဲ အမ္းမရိတ္ကို ျပန္ေရာက္လာမွာျဖစ္သလို သူ႔ရဲ႕ သတ္မွတ္ေဈး ေပါင္ ၂၉ သန္းကို ဟာသာဘာလင္ဘက္က မေပးႏိုင္ဘူးလို႔ သိရ။

– အက္ဒီ နကီးတီးယားအတြက္ ဝက္စ္ဟမ္းရဲ႕ ကမ္းလွမ္းမႈကို အာဆင္နယ္အသင္းက ျငင္းဆန္ထားခဲ့တယ္ဆိုတာ ရာသီဝက္ႀကီးမွာ အသင္းရဲ႕ တည္ၿငိမ္မႈကို မပ်က္ျပားေစခ်င္လို႔သာျဖစ္ၿပီး ေႏြရာသီမွာေတာ့ ျပန္လည္စဥ္းစားႏိုင္တယ္လို႔ ဖာဘရီဇီယို ႐ိုမာႏိုေျပာ။

– အာဆင္နယ္အသင္းကို ဆိုးလ္ ကမ္းဘဲလ္ ေျပာင္းေ႐ႊ႕လာစဥ္တုန္းက ေျမာက္လန္ဒန္ဒါဘီမွာ ဝႈိက္ဟတ္လိန္းကို သြားေရာက္ကစားဖို႔ အဆင္သင့္ျဖစ္ေနေအာင္ သူနဲ႔ အသင္းေဖာ္ေတြအေနနဲ႔ ထရိန္နင္မွာ ဘူးလို႔ ဝိုင္းဝန္းေအာ္ဟစ္ေလွာင္ေျပာင္ၿပီး ေလ့က်င့္ေပးခဲ့ရေၾကာင္း အာဆင္ဝင္းဂါး ထုတ္ေဖာ္သြားခဲ့။

– အာဆင္နယ္အသင္းရဲ႕ လူငယ္ေတြၾကားထဲမွာ အသင္းနဲ႔ စာခ်ဳပ္အဆင္မေျပျဖစ္လာျပန္ၿပီး အခ်ိန္ေကာင္းေတြမွာ ကစားသမားေတြရဲ႕ စာခ်ဳပ္ကို ႀကိဳတင္တြက္ဆမထားတာ ျပႆနာတစ္ခုလိုျဖစ္ေနခဲ့သလို ေနာက္ထပ္တစ္ဦးအျဖစ္ ေႏြရာသီမွာ ကုန္မယ့္ စာခ်ဳပ္ကို ဂိုးသမားေလး အိုကြန္ကဝိုက အသစ္ခ်ဳပ္ဆိုလိုျခင္း မရွိေသးေၾကာင္းသိရ။

– ဂရိေနာက္ခံလူ ဆိုကရာတစ္အေနနဲ႔ စပိန္နဲ႔ တူရကီေျမမွာ တစ္ျခမ္းစီခြဲၿပီး သြားေရာက္ကစားရမလိုျဖစ္ေနၿပီး တူရကီသတင္းေတြက ဖီနာဘာခ်ီနဲ႔ သုံးႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုေတာ့မယ္လို႔ ေဖာ္ျပေနခ်ိန္မွာ စပိန္သတင္းေတြက ရီးရဲလ္ဘက္တစ္နဲ႔ ဒီေန႔ ေဆြးေႏြးသြားမယ္လို႔ ထုတ္ျပန္ခဲ့ၾက။

– နိစ္အသင္းအတြက္ ဒုတိယပြဲမွာ Man of the Match ရခဲ့တဲ့ လူငယ္ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာကို အာဆင္နယ္အသင္းကေန ေခၚယူဖို႔ မတတ္ႏိုင္ေပမယ့္ တစ္ဖက္က အလိုမရွိခဲ့ရင္ေတာ့ မိမိတို႔အေနနဲ႔ တံခါးအၿမဲဖြင့္ထားတယ္လို႔ ဥကၠဌ ယြန္း-ပ်ယ္ ရီးဗဲ ေျပာၾကား။

– အသင္းမွာ ေျခစြမ္းျပေနခဲ့တဲ့ ဘယ္ေနာက္ခံလူ ကီရန္ တီယာနီကို နာပိုလီအသင္းက အလိုရွိေနတယ္လို႔ သတင္းေတြ ထြက္လာခဲ့ၿပီးမွာ အာဆင္နယ္ပရိသတ္ေတြက ဝိုင္းဝန္းေလွာင္ေျပာင္ခဲ့ၾကၿပီး နာပိုလီအသင္းရဲ႕ ရပ္တည္မႈ၊ အစဥ္အလာနဲ႔ အဆင့္အတန္းကို ေမးခြန္းထုတ္ခဲ့ၾက။

– နယူးကာဆယ္လ္နဲ႔ပြဲက ေျခစြမ္းဆိုး႐ြားခဲ့ၾကသူေတြထဲမွာ အသင္းအတြက္ တစ္ဂိုးမွ သြင္းမေပးႏိုင္ခဲ့တဲ့ ဝီလီယန္က ထိပ္ဆုံးက ပါဝင္ေနၿပီး မွတ္တမ္းေတြအရ ေဘာလုံးဆြဲေျပးမႈနဲ႔ ဂိုးေပါက္တည့္မႈေတြကို တစ္ႀကိမ္မွ မလုပ္ေဆာင္ႏိုင္ခဲ့သလို ေဘာလုံးယွဥ္လုရာမွာ ၈ ႀကိမ္မွာ ၂ႀကိမ္သာ ရရွိခဲ့တဲ့အတြက္ Goal ဂ်ာနယ္လစ္ ခ်ားလ္စ္ ဝပ္ထ္ကေတာ့ သူ႔ကို ရွင္းထုတ္ဖို႔ အာတီတာကို တိုက္တြန္းသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.