Match Report Premier League

ပထမပိုင်းသွင်းဂိုးတွေနဲ့ အေးအေးဆေးဆေး နောက်တစ်ဆင့်တက်တဲ့ မန်ချက်စတာစီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာ ဒဏ်ရာနဲ့ ကိုဗစ်ကြောင့် အနားယူနေခဲ့ရတဲ့ ကစားသမားတချို့ကို ပြန်လည်နေရာပေးခဲ့ပြီး ဦးစားပေး+အရန် မျှမျှတတ လူစာရင်းနဲ့ ပွဲထွက်လာခဲ့သလို ဂိုးသမားနေရာမှာ စတက်ဖန်ကို ဆက်လက်သုံးစွဲခဲ့ပြီး အဂွေရို ပါဝင်ခြင်း မရှိတဲ့ တိုက်စစ်မှာတော့ ဂျေဆူးစ် ပါဝင်လာခဲ့ပါတယ်။

ပွဲချိန် ၈ မိနစ်မှာ စီးတီးတို့ ဂိုးစရခဲ့ပြီး ကွင်းလယ်က ပေးပို့လိုက်တဲ့ အဝေးဘောကို ဘာမင်ဂမ်နောက်ခံလူတွေ ရှင်းထုတ်လို့ ပြန်ကျလာတာမှာ နောက်က ပြေးတက်လာခဲ့တဲ့ ဘာနာဒို ဆေးလ်ဗားက ဘယ်ခြေနဲ့ Volley အပိုင်ကန်သွင်းခဲ့ရာမှာ ဂိုးသမား ဘာမှ မတတ်နိုင်ခဲ့ဘဲ ခွင့်ပြုခဲ့ရတာပါ။

ပရီးမီးယားလိဂ်အသင်းဟောင်းကို ကိုင်တွယ်နေခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နောက်ခံလူဟောင်း အီတာ ကာရန်ကာရဲ့ အသင်းကတော့ အစ်တီဟတ်မှာ အိမ်ရှင်တို့ရဲ့ တစ်ဖက်သတ်ဖိအားကိုပဲ ကြံ့ကြံ့ခံနေခဲ့ရပြီး ဖိုဒန်၊ ဒီဘရိုင်းနားတို့ရဲ့ ကွင်းလယ်ကတော့ တရစပ် တိုက်စစ်ဆင်နေခဲ့တာလည်း ဖြစ်ပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာတော့ အိမ်ရှင်တွေ ဂိုးထပ်ရခဲ့ပြီး မာရက်ဇ်နဲ့ ဒီဘရိုင်းနား အပြန်အလှန်ပေးပြီး ဖန်တီးပေးတာကို နောက်ကနေ ဂိုးဧရိယာထဲကို ပြေးဝင်လာခဲ့တဲ့ ပေါ်တူဂီကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားကပဲ အသာအယာ ပိတ်သွင်းပြီး ဒုတိယဂိုး ရယူသွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၃၃ မိနစ်မှာတော့ မန်ချက်စတာစီးတီးတို့ တတိယဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ ခြေစွမ်းပြနေခဲ့တဲ့ ကွင်းလယ်လူ ဖိုဒန်က မာရက်ဇ်ပေးတဲ့ ဘောလုံးကို တစ်ချက်ထိန်းပြီး ဂိုးဧရိယာထိပ်ကနေ နောက်တန်း ၅ ယောက်ကြားက အနိမ့်ဘော အပြင်းကန်သွင်းသွားခဲ့တာဖြစ်သလို ပထမပိုင်းကို သုံးဂိုး-ဂိုးမရှိနဲ့ ပြီးဆုံးစေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ ကန်ဆယ်လို၊ ဒီဘရိုင်းနား၊ ဒီယက်စ်တို့အစား ဟားဝုဒ်-ဘဲလစ္စ၊ နမီချာ၊ ဂျွန်စတုန်းစ်တို့ကို ထည့်သွင်းကစားခဲ့ပြီး ကစားသမားတွေကို မျှမျှတတ အနားပေးသွားခဲ့သလို ဘာနာဒို ဆေးလ်ဗားက အသင်းရဲ့ မင်းသားဖြစ်ခဲ့ပေမယ့် အခွင့်အရေးတွေကိုတော့ လွဲချော်နေခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ရိုဒရီအစား ဖာနန်ဒင်ညို၊ ဂျေဆူးစ်အစား ဒီလက်ပ်တို့ကို ထည့်သွင်းပြီး စီးတီးတို့ ကစားအားလျှော့ချသွားခဲ့သလို မာရက်ဇ်ရဲ့ဂိုး VAR နဲ့ ပယ်ဖျက်ခံခဲ့ရတဲ့အတွက် ဂိုးထပ်မရတော့ဘဲ ပထမပိုင်းက ရလဒ်အတိုင်းပဲ သုံးဂိုး-ဂိုးမရှိနဲ့ ပြီးဆုံးခဲ့ပြီး စတုတ္ထအဆင့် မဲခွဲရေးဆွဲမှု အတွက် မဲနံပါတ် ၂၅ နဲ့ စောင့်ကြိုနိုင်ခဲ့ပြီဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။

REF: TWITTER
PHOTOS AND VIDEOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ဒဏ္ရာနဲ႔ ကိုဗစ္ေၾကာင့္ အနားယူေနခဲ့ရတဲ့ ကစားသမားတခ်ိဳ႕ကို ျပန္လည္ေနရာေပးခဲ့ၿပီး ဦးစားေပး+အရန္ မွ်မွ်တတ လူစာရင္းနဲ႔ ပြဲထြက္လာခဲ့သလို ဂိုးသမားေနရာမွာ စတက္ဖန္ကို ဆက္လက္သုံးစြဲခဲ့ၿပီး အေဂြ႐ို ပါဝင္ျခင္း မရွိတဲ့ တိုက္စစ္မွာေတာ့ ေဂ်ဆူးစ္ ပါဝင္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၈ မိနစ္မွာ စီးတီးတို႔ ဂိုးစရခဲ့ၿပီး ကြင္းလယ္က ေပးပို႔လိုက္တဲ့ အေဝးေဘာကို ဘာမင္ဂမ္ေနာက္ခံလူေတြ ရွင္းထုတ္လို႔ ျပန္က်လာတာမွာ ေနာက္က ေျပးတက္လာခဲ့တဲ့ ဘာနာဒို ေဆးလ္ဗားက ဘယ္ေျခနဲ႔ Volley အပိုင္ကန္သြင္းခဲ့ရာမွာ ဂိုးသမား ဘာမွ မတတ္ႏိုင္ခဲ့ဘဲ ခြင့္ျပဳခဲ့ရတာပါ။

ပရီးမီးယားလိဂ္အသင္းေဟာင္းကို ကိုင္တြယ္ေနခဲ့တဲ့ ရီးရဲလ္မက္ဒရစ္ေနာက္ခံလူေဟာင္း အီတာ ကာရန္ကာရဲ႕ အသင္းကေတာ့ အစ္တီဟတ္မွာ အိမ္ရွင္တို႔ရဲ႕ တစ္ဖက္သတ္ဖိအားကိုပဲ ႀကံ့ႀကံ့ခံေနခဲ့ရၿပီး ဖိုဒန္၊ ဒီဘ႐ိုင္းနားတို႔ရဲ႕ ကြင္းလယ္ကေတာ့ တရစပ္ တိုက္စစ္ဆင္ေနခဲ့တာလည္း ျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၅ မိနစ္မွာေတာ့ အိမ္ရွင္ေတြ ဂိုးထပ္ရခဲ့ၿပီး မာရက္ဇ္နဲ႔ ဒီဘ႐ိုင္းနား အျပန္အလွန္ေပးၿပီး ဖန္တီးေပးတာကို ေနာက္ကေန ဂိုးဧရိယာထဲကို ေျပးဝင္လာခဲ့တဲ့ ေပၚတူဂီကြင္းလယ္လူ ဘာနာဒို ေဆးလ္ဗားကပဲ အသာအယာ ပိတ္သြင္းၿပီး ဒုတိယဂိုး ရယူသြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၃၃ မိနစ္မွာေတာ့ မန္ခ်က္စတာစီးတီးတို႔ တတိယဦးေဆာင္ဂိုးကို ထပ္မံသြင္းယူႏိုင္ခဲ့ၿပီး ဒီတစ္ႀကိမ္မွာေတာ့ ေျခစြမ္းျပေနခဲ့တဲ့ ကြင္းလယ္လူ ဖိုဒန္က မာရက္ဇ္ေပးတဲ့ ေဘာလုံးကို တစ္ခ်က္ထိန္းၿပီး ဂိုးဧရိယာထိပ္ကေန ေနာက္တန္း ၅ ေယာက္ၾကားက အနိမ့္ေဘာ အျပင္းကန္သြင္းသြားခဲ့တာျဖစ္သလို ပထမပိုင္းကို သုံးဂိုး-ဂိုးမရွိနဲ႔ ၿပီးဆုံးေစခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာေတာ့ ကန္ဆယ္လို၊ ဒီဘ႐ိုင္းနား၊ ဒီယက္စ္တို႔အစား ဟားဝုဒ္-ဘဲလစၥ၊ နမီခ်ာ၊ ဂြၽန္စတုန္းစ္တို႔ကို ထည့္သြင္းကစားခဲ့ၿပီး ကစားသမားေတြကို မွ်မွ်တတ အနားေပးသြားခဲ့သလို ဘာနာဒို ေဆးလ္ဗားက အသင္းရဲ႕ မင္းသားျဖစ္ခဲ့ေပမယ့္ အခြင့္အေရးေတြကိုေတာ့ လြဲေခ်ာ္ေနခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ႐ိုဒရီအစား ဖာနန္ဒင္ညိဳ၊ ေဂ်ဆူးစ္အစား ဒီလက္ပ္တို႔ကို ထည့္သြင္းၿပီး စီးတီးတို႔ ကစားအားေလွ်ာ့ခ်သြားခဲ့သလို မာရက္ဇ္ရဲ႕ဂိုး VAR နဲ႔ ပယ္ဖ်က္ခံခဲ့ရတဲ့အတြက္ ဂိုးထပ္မရေတာ့ဘဲ ပထမပိုင္းက ရလဒ္အတိုင္းပဲ သုံးဂိုး-ဂိုးမရွိနဲ႔ ၿပီးဆုံးခဲ့ၿပီး စတုတၳအဆင့္ မဲခြဲေရးဆြဲမႈ အတြက္ မဲနံပါတ္ ၂၅ နဲ႔ ေစာင့္ႀကိဳႏိုင္ခဲ့ၿပီျဖစ္ပါေၾကာင္း ေရးသားလိုက္ရပါတယ္။

REF: TWITTER
PHOTOS AND VIDEOS CREDIT TO OWNERS
SPORTS A2Z.