Match Report Premier League

အိမ်ကွင်းမှာ ပုစွန်ထုပ် ပြုတ်စားပြီး ပရိသတ်တွေကို နှစ်သိမ့်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ဒုတိယတန်းက မိုးကမ့်ဘ်နဲ့ ကစားခဲ့ရပေမယ့် လူစုံထုတ်ကစားခဲ့ပြီး ပြီးခဲ့တဲ့ နိုင်ပွဲ ပျောက်ဆုံးမှုတွေကနေ အကောင်းဆုံးပြန်လာပြီး အရှိန်အဟုန်ကို တည်ဆောက်နိုင်ဖို့ ရည်ရွယ်ခဲ့သလို တီမို ဗာနာနဲ့ ခိုင်ဟာဗတ်ဇ်တို့ ခြေစွမ်းပြနိုင်ခဲ့တာတော့ ပရိသတ်တွေ စိတ်သက်သာစရာဖြစ်ခဲ့ပါတယ်။

ဟတ်ဒ်ဆန်-အိုဒွိုင်းနဲ့ ဇီးယက်ရှ်တို့ တောင်ပံတွေကတော့ နောက်ပွဲတွေမှာ နည်းပြ လမ်းပတ်အတွက် အမာခံဖြစ်လာနိုင်ခဲ့ ခြေစွမ်းကို ပြသခဲ့ပြီး ပွဲချိန် ၁၈ မိနစ်မှာတော့ ဟတ်ဒ်ဆန်-အိုဒွိုင်းရဲ့ ဘယ်တောင်ပံက အတွင်းပြန်ပို့ပေးတာကို မေဆန်မောင့်က သူ့ရဲ့ မွေးနေ့အမှတ်တရအဖြစ် အနိမ့်ဘော အဝေးကန်ချက်နဲ့ ဂိုးစတင်သွင်းယူနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာလည်း ခြေစွမ်းပြနေတဲ့ ချဲလ်ဆီးရဲ့ ဇီးယက်ရှ်၊ လူငယ်ကွင်းလယ်လူ ဂီးလ်မိုးနဲ့ ဒုတိယဦးစားပေး ဘယ်ညာနောက်ခံလူတွေဖြစ်ကြတဲ့ အက်ဇ်ပီလီကွေတာနဲ့ အီမာဆန်တို့က မိုးကမ့်ဘ်ကို အကောင်းဆုံး ဖိအားပေးထားခဲ့ပြီး ပရီးမီးယားလိဂ်အသင်းတစ်သင်းရဲ့ အရှိန်အဝါကို စတမ်းဖို့ဒ် ဘရစ်ချ်မှာ ဆက်လက်ပြသနိုင်ခဲ့တာပါ။

ပထမပိုင်းပြီးဖို့ နီးကပ်လာတဲ့ ပွဲချိန် ၄၄ မိနစ်မှာတော့ တိုက်စစ်မှူး တီမို ဗာနာက သူ့ရဲ့ ဂိုးမိုးခေါင်မှုကို ရပ်တန့်နိုင်ခဲ့သလို ဇီးယက်ရှ်ရဲ့ ဖြတ်တင်ဘောကနေ ဟာဗတ်ဇ် ခေါင်းတိုက်ချပေးတာကို ပြေးဝင် ပိတ်သွင်းသွားခဲ့လို့ ခရာမှုတ်ချိန်မှာ ချဲလ်ဆီးတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရနေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်အစ ၄၉ မိနစ်မှာတော့ ဘယ်တောင်ပံကနေ ခြေစွမ်းပြနေခဲ့တဲ့ ဟတ်ဒ်ဆန်-အိုဒွိုင်းရဲ့ အလှည့်ကျခဲ့ပြီး မိုးကမ့်ဘ် နောက်တန်းကို လှလှပပ ကျော်တင်ပေးခဲ့တဲ့ ဇီးယက်ရှ်ရဲ့ ပေးပို့မှုကို ပြေးထွက်ရယူခဲ့တဲ့ အင်္ဂလန်တောင်ပံသမားက တစ်ချက်ထိန်းကန်ပြီး ဂိုးသမားကို အနိုင်ယူခဲ့တာလည်းဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ချဲလ်ဆီးတို့ဘက်က ဂျီရူး၊ ပူလီရှစ်ချ်၊ အေဘရာဟမ်၊ တိုမိုရီ၊ အန်ဂျိုရင်တို့ကို လဲကစားခဲ့ပြီး ပွဲချိန် ၈၅ မိနစ်မှာတော့ စောစောပိုင်း သွင်းဂိုးတွေထဲမှာ ကျန်ရစ်ဖြစ်နေတဲ့ ဟာဗတ်ဇ်က သူ့ရဲ့ မြင့်မားတဲ့ အရပ်အမောင်း အားသာချက်နဲ့ ညာခြမ်းက အသင်းခေါင်းဆောင် အက်ဇ်ပီလီကွေတာရဲ့ ဖြတ်တင်ဘောကို ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ချဲလ်ဆီးတို့ သွင်းဂိုး ၄ ဂိုး၊ ပေးဂိုးမရှိနဲ့ အိမ်ကွင်းမှာ ပုစွန်ထုပ်လိုဂိုနဲ့ အသင်းအပေါ် အောင်ပွဲခံနိုင်ခဲ့ပြီး ပရိသတ်တွေ သံသယဝင်နေခဲ့ကြတဲ့ ကစားသမားတွေဖြစ်ကြတဲ့ ဂျာမန်သားနှစ်ယောက် ဂိုးပေါက်တွေ့မှုတွေနဲ့အတူ ပျော်ရွှင်နိုင်ခဲ့ပြီး အက်ဖ်အေဖလားရဲ့ စတုတ္ထအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: TWITTER
PHOTOS AND VIDEOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ ဒုတိယတန္းက မိုးကမ့္ဘ္နဲ႔ ကစားခဲ့ရေပမယ့္ လူစုံထုတ္ကစားခဲ့ၿပီး ၿပီးခဲ့တဲ့ ႏိုင္ပြဲ ေပ်ာက္ဆုံးမႈေတြကေန အေကာင္းဆုံးျပန္လာၿပီး အရွိန္အဟုန္ကို တည္ေဆာက္ႏိုင္ဖို႔ ရည္႐ြယ္ခဲ့သလို တီမို ဗာနာနဲ႔ ခိုင္ဟာဗတ္ဇ္တို႔ ေျခစြမ္းျပႏိုင္ခဲ့တာေတာ့ ပရိသတ္ေတြ စိတ္သက္သာစရာျဖစ္ခဲ့ပါတယ္။

ဟတ္ဒ္ဆန္-အိုဒြိဳင္းနဲ႔ ဇီးယက္ရွ္တို႔ ေတာင္ပံေတြကေတာ့ ေနာက္ပြဲေတြမွာ နည္းျပ လမ္းပတ္အတြက္ အမာခံျဖစ္လာႏိုင္ခဲ့ ေျခစြမ္းကို ျပသခဲ့ၿပီး ပြဲခ်ိန္ ၁၈ မိနစ္မွာေတာ့ ဟတ္ဒ္ဆန္-အိုဒြိဳင္းရဲ႕ ဘယ္ေတာင္ပံက အတြင္းျပန္ပို႔ေပးတာကို ေမဆန္ေမာင့္က သူ႔ရဲ႕ ေမြးေန႔အမွတ္တရအျဖစ္ အနိမ့္ေဘာ အေဝးကန္ခ်က္နဲ႔ ဂိုးစတင္သြင္းယူႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာလည္း ေျခစြမ္းျပေနတဲ့ ခ်ဲလ္ဆီးရဲ႕ ဇီးယက္ရွ္၊ လူငယ္ကြင္းလယ္လူ ဂီးလ္မိုးနဲ႔ ဒုတိယဦးစားေပး ဘယ္ညာေနာက္ခံလူေတြျဖစ္ၾကတဲ့ အက္ဇ္ပီလီေကြတာနဲ႔ အီမာဆန္တို႔က မိုးကမ့္ဘ္ကို အေကာင္းဆုံး ဖိအားေပးထားခဲ့ၿပီး ပရီးမီးယားလိဂ္အသင္းတစ္သင္းရဲ႕ အရွိန္အဝါကို စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ဆက္လက္ျပသႏိုင္ခဲ့တာပါ။

ပထမပိုင္းၿပီးဖို႔ နီးကပ္လာတဲ့ ပြဲခ်ိန္ ၄၄ မိနစ္မွာေတာ့ တိုက္စစ္မႉး တီမို ဗာနာက သူ႔ရဲ႕ ဂိုးမိုးေခါင္မႈကို ရပ္တန႔္ႏိုင္ခဲ့သလို ဇီးယက္ရွ္ရဲ႕ ျဖတ္တင္ေဘာကေန ဟာဗတ္ဇ္ ေခါင္းတိုက္ခ်ေပးတာကို ေျပးဝင္ ပိတ္သြင္းသြားခဲ့လို႔ ခရာမႈတ္ခ်ိန္မွာ ခ်ဲလ္ဆီးတို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရေနခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္အစ ၄၉ မိနစ္မွာေတာ့ ဘယ္ေတာင္ပံကေန ေျခစြမ္းျပေနခဲ့တဲ့ ဟတ္ဒ္ဆန္-အိုဒြိဳင္းရဲ႕ အလွည့္က်ခဲ့ၿပီး မိုးကမ့္ဘ္ ေနာက္တန္းကို လွလွပပ ေက်ာ္တင္ေပးခဲ့တဲ့ ဇီးယက္ရွ္ရဲ႕ ေပးပို႔မႈကို ေျပးထြက္ရယူခဲ့တဲ့ အဂၤလန္ေတာင္ပံသမားက တစ္ခ်က္ထိန္းကန္ၿပီး ဂိုးသမားကို အႏိုင္ယူခဲ့တာလည္းျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ခ်ဲလ္ဆီးတို႔ဘက္က ဂ်ီ႐ူး၊ ပူလီရွစ္ခ်္၊ ေအဘရာဟမ္၊ တိုမိုရီ၊ အန္ဂ်ိဳရင္တို႔ကို လဲကစားခဲ့ၿပီး ပြဲခ်ိန္ ၈၅ မိနစ္မွာေတာ့ ေစာေစာပိုင္း သြင္းဂိုးေတြထဲမွာ က်န္ရစ္ျဖစ္ေနတဲ့ ဟာဗတ္ဇ္က သူ႔ရဲ႕ ျမင့္မားတဲ့ အရပ္အေမာင္း အားသာခ်က္နဲ႔ ညာျခမ္းက အသင္းေခါင္းေဆာင္ အက္ဇ္ပီလီေကြတာရဲ႕ ျဖတ္တင္ေဘာကို ေခါင္းတိုက္သြင္းယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ခ်ဲလ္ဆီးတုိ႔ သြင္းဂိုး ၄ ဂိုး၊ ေပးဂိုးမရွိနဲ႔ အိမ္ကြင္းမွာ ပုစြန္ထုပ္လိုဂိုနဲ႔ အသင္းအေပၚ ေအာင္ပြဲခံႏုိင္ခဲ့ၿပီး ပရိသတ္ေတြ သံသယဝင္ေနခဲ့ၾကတဲ့ ကစားသမားေတြျဖစ္ၾကတဲ့ ဂ်ာမန္သားႏွစ္ေယာက္ ဂိုးေပါက္ေတြ႕မွဳေတြနဲ႔အတူ ေပ်ာ္ရႊင္ႏုိင္ခဲ့ၿပီး အက္ဖ္ေအဖလားရဲ႕ စတုတၳအဆင့္ကို တက္ေရာက္သြားႏုိင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: TWITTER
PHOTOS AND VIDEOS CREDIT TO OWNERS
SPORTS A2Z.