Premier League Transfer News

10 Jan ညပိုင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– အပြောင်းအရွှေ့ကျွမ်းကျင်သူ ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ဖို့အတွက် ကစားသမားတွေအနေနဲ့ တုံ့ဆိုင်းနေကြပြီး သူတို့ရဲ့ ကစားသမားများပြားမှုက ရှာကျီရီလို ကစားသမားမျိုးကိုတောင် အရန်ခုံထိုင်ခိုင်းနေရချိန်မှာ ကစားခွင့် လိုချင်သူတွေအနေနဲ့ မပြောင်းရွှေ့လိုတော့ကြောင်း သုံးသပ်။

– လိုက်ပ်ဇစ်ရဲ့ အူပါမီကာနိုကို ပေါင် ၃၉ သန်း၊ ရှော်လ်ကာရဲ့ အိုဇန် ကာဘက်ကို ၂၂.၅ သန်း၊ ဂျူဗင်တပ်စ်ရဲ့ ဒီမီရာလ်ကို ၄၅ သန်းနဲ့ အသီးသီး ဈေးနှုန်းသတ်မှတ်ထားချိန်မှာ လီဗာပူးလ်တာဝန်ရှိသူတွေအတွက်တော့ စွန့်စားမှုပြုလုပ်ဖို့ ချီတုံချတုံဖြစ်နေသလို ရာသီဝက် ကာလမှာ ဆုံးဖြတ်ရခက်ခဲဖွယ်ရှိနေ။

– အသင်းရဲ့ အဓိက ခံစစ်မှူးတွေ ဒဏ်ရာရနေပေမယ့် လူငယ်နောက်ခံလူ ဆက်ပ် ဗန်ဒင်ဘာ့ဂ်ကိုတော့ ဇန်နဝါရီမှာ အငှားချသွားဖို့ စီစဉ်နေပြီး ဘယ်လ်ဂျီယမ်၊ ဆွစ်ဇာလန်နဲ့ ဂျာမန် ဘွန်ဒက်စ်လီဂါတူးကလပ်တွေက ကမ်းလှမ်းမှုတွေကို ရရှိထား။

– ဒေးဗစ် အလာဘာရဲ့ တစ်နှစ်လုပ်ခ ယူရို ၁၂ သန်းကို လီဗာပူးလ်ဘက်က ပေးချေဖို့ ခက်ခဲနေပြီး တကယ်လို့သာ သဘောတူညီခဲ့ရင် မိုဟာမက် ဆာလားနောက် အများဆုံးကစားသမားဖြစ်လာနိုင်တဲ့ သြစတြီးယားလက်ရွေးစင်အတွက် ပြိုင်ပွဲထဲကနေ ထွက်ရဖွယ်ရှိနေပြီး လက်ရှိအနေအထားမှာ ထိပ်တန်းအသင်းတွေနဲ့ ပြိုင်ဆိုင်သွားနိုင်ခြေ နည်းပါးနေ။

– လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဂိုးသမား အယ်လစ်ဆန် ဘက်ကာအနေနဲ့ ရိုးမားအသင်းကနေ အန်းဖီးလ်ကို ရောက်ရှိမလာခင်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့လည်း ချိတ်ဆက်ခဲ့ပြီး ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပြီးမှ ပြောင်းလဲရွေးချယ်ခဲ့တာဖြစ်ကြောင်း အေးဂျင့်ထုတ်ဖော်သွား။

– နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေတဲ့ ကွင်းလယ်လူ ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်က ပရီးမီးယားလိဂ်မှာ အပြိုင်အဆိုင်များနေတဲ့ လီဗာပူးလ်အသင်းရဲ့ ဒီနှစ်ပစ်မှတ်ထဲမှာ အက်ဖ်အေဖလား ပါဝင်လိမ့်မယ်လို့ ခန့်မှန်းလိုက်ပြီး ရယူနိုင်ဖို့ ကြိုးစားသွားမယ်လို့ ကြုံးဝါးသွားခဲ့။

– အသင်းအတွက် ကစားချိန်နည်းနေပေမယ့် ကွင်းထဲမှာ ဝင်ခွင့်ရသမျှ အချိန်အတွင်းမှာ အကျိုးပြု ကူညီနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ အက်စတန်ဗီလာနဲ့ပွဲမှာ လူစားဝင်ပြီး ၃ မိနစ်အတွင်း ၂ ဂိုး ဖန်တီးပေးနိုင်ခဲ့တဲ့ ဆွစ်ဇာလန်ကွင်းလယ်လူ ချာဒန် ရှာကျီရီ ပြောကြား။

– အဲဗာတန်နဲ့ပွဲမှာ ဗာဂျီးလ် ဗန်ဒိုက်ကို ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင် ဖျက်ထုတ်ခဲ့တဲ့ ဂိုးသမား ဂျော်ဒန် ပစ်ခ်ဖို့ဒ်ကို လူကျွံဘော ဖြစ်နေပေမယ့်လည်း ထုတ်ပယ်ခဲ့သင့်တယ်လို့ ဒိုင်လူကြီး မိုက်ကယ် အိုလီဗာက ဝန်ခံလိုက်တဲ့အပေါ် ခုချိန်ကျမှ ဘာလုပ်ရမှာလဲလို့ လီဗာပူးလ် ပရိသတ်တွေ ပေါက်ကွဲနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အေျပာင္းအေ႐ႊ႕ကြၽမ္းက်င္သူ ဂ်ာနယ္လစ္ ဖာဘရီဇီယို ႐ိုမာႏိုက လီဗာပူးလ္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔အတြက္ ကစားသမားေတြအေနနဲ႔ တုံ႔ဆိုင္းေနၾကၿပီး သူတို႔ရဲ႕ ကစားသမားမ်ားျပားမႈက ရွာက်ီရီလို ကစားသမားမ်ိဳးကိုေတာင္ အရန္ခုံထိုင္ခိုင္းေနရခ်ိန္မွာ ကစားခြင့္ လိုခ်င္သူေတြအေနနဲ႔ မေျပာင္းေ႐ႊ႕လိုေတာ့ေၾကာင္း သုံးသပ္။

– လိုက္ပ္ဇစ္ရဲ႕ အူပါမီကာႏိုကို ေပါင္ ၃၉ သန္း၊ ေရွာ္လ္ကာရဲ႕ အိုဇန္ ကာဘက္ကို ၂၂.၅ သန္း၊ ဂ်ဴဗင္တပ္စ္ရဲ႕ ဒီမီရာလ္ကို ၄၅ သန္းနဲ႔ အသီးသီး ေဈးႏႈန္းသတ္မွတ္ထားခ်ိန္မွာ လီဗာပူးလ္တာဝန္ရွိသူေတြအတြက္ေတာ့ စြန႔္စားမႈျပဳလုပ္ဖို႔ ခ်ီတုံခ်တုံျဖစ္ေနသလို ရာသီဝက္ ကာလမွာ ဆုံးျဖတ္ရခက္ခဲဖြယ္ရွိေန။

– အသင္းရဲ႕ အဓိက ခံစစ္မႉးေတြ ဒဏ္ရာရေနေပမယ့္ လူငယ္ေနာက္ခံလူ ဆက္ပ္ ဗန္ဒင္ဘာ့ဂ္ကိုေတာ့ ဇန္နဝါရီမွာ အငွားခ်သြားဖို႔ စီစဥ္ေနၿပီး ဘယ္လ္ဂ်ီယမ္၊ ဆြစ္ဇာလန္နဲ႔ ဂ်ာမန္ ဘြန္ဒက္စ္လီဂါတူးကလပ္ေတြက ကမ္းလွမ္းမႈေတြကို ရရွိထား။

– ေဒးဗစ္ အလာဘာရဲ႕ တစ္ႏွစ္လုပ္ခ ယူ႐ို ၁၂ သန္းကို လီဗာပူးလ္ဘက္က ေပးေခ်ဖို႔ ခက္ခဲေနၿပီး တကယ္လို႔သာ သေဘာတူညီခဲ့ရင္ မိုဟာမက္ ဆာလားေနာက္ အမ်ားဆုံးကစားသမားျဖစ္လာႏိုင္တဲ့ ၾသစႀတီးယားလက္ေ႐ြးစင္အတြက္ ၿပိဳင္ပြဲထဲကေန ထြက္ရဖြယ္ရွိေနၿပီး လက္ရွိအေနအထားမွာ ထိပ္တန္းအသင္းေတြနဲ႔ ၿပိဳင္ဆိုင္သြားႏိုင္ေျခ နည္းပါးေန။

– လီဗာပူးလ္အသင္းနဲ႔ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးဂိုးသမား အယ္လစ္ဆန္ ဘက္ကာအေနနဲ႔ ႐ိုးမားအသင္းကေန အန္းဖီးလ္ကို ေရာက္ရွိမလာခင္မွာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔လည္း ခ်ိတ္ဆက္ခဲ့ၿပီး ေျပာင္းေ႐ႊ႕ဖို႔ နီးစပ္ခဲ့ၿပီးမွ ေျပာင္းလဲေ႐ြးခ်ယ္ခဲ့တာျဖစ္ေၾကာင္း ေအးဂ်င့္ထုတ္ေဖာ္သြား။

– ေႏြရာသီမွာ အသင္းကေန ထြက္ခြာဖို႔ နီးစပ္ေနတဲ့ ကြင္းလယ္လူ ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္က ပရီးမီးယားလိဂ္မွာ အၿပိဳင္အဆိုင္မ်ားေနတဲ့ လီဗာပူးလ္အသင္းရဲ႕ ဒီႏွစ္ပစ္မွတ္ထဲမွာ အက္ဖ္ေအဖလား ပါဝင္လိမ့္မယ္လို႔ ခန႔္မွန္းလိုက္ၿပီး ရယူႏိုင္ဖို႔ ႀကိဳးစားသြားမယ္လို႔ ႀကဳံးဝါးသြားခဲ့။

– အသင္းအတြက္ ကစားခ်ိန္နည္းေနေပမယ့္ ကြင္းထဲမွာ ဝင္ခြင့္ရသမွ် အခ်ိန္အတြင္းမွာ အက်ိဳးျပဳ ကူညီႏိုင္ဖို႔ ႀကိဳးစားသြားမွာျဖစ္ေၾကာင္း ၿပီးခဲ့တဲ့ အက္စတန္ဗီလာနဲ႔ပြဲမွာ လူစားဝင္ၿပီး ၃ မိနစ္အတြင္း ၂ ဂိုး ဖန္တီးေပးႏိုင္ခဲ့တဲ့ ဆြစ္ဇာလန္ကြင္းလယ္လူ ခ်ာဒန္ ရွာက်ီရီ ေျပာၾကား။

– အဲဗာတန္နဲ႔ပြဲမွာ ဗာဂ်ီးလ္ ဗန္ဒိုက္ကို ဒဏ္ရာျပင္းျပင္းထန္ထန္ရေအာင္ ဖ်က္ထုတ္ခဲ့တဲ့ ဂိုးသမား ေဂ်ာ္ဒန္ ပစ္ခ္ဖို႔ဒ္ကို လူကြၽံေဘာ ျဖစ္ေနေပမယ့္လည္း ထုတ္ပယ္ခဲ့သင့္တယ္လို႔ ဒိုင္လူႀကီး မိုက္ကယ္ အိုလီဗာက ဝန္ခံလိုက္တဲ့အေပၚ ခုခ်ိန္က်မွ ဘာလုပ္ရမွာလဲလို႔ လီဗာပူးလ္ ပရိသတ္ေတြ ေပါက္ကြဲေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.