Premier League
ဗန်ဒိုက်နဲ့ပစ်ဖို့ဒ်ကိစ္စမှာ ဆုံးဖြတ်ချက်မှားခဲ့တယ်လို့ မိုက်ကယ်အိုလီဗာ ဝန်ခံခဲ့ပြီး ဖက်ဘရီဇီယိုရိုမာနိုကြောင့် အလာဘာကို လက်လျှော့ရဖွယ်ရှိနေတဲ့ လီဗာပူး
ဒိုင်လူကြီး မိုက်ကယ်အိုလီဗာဟာ လူတစ်ယောက်ရဲ့အသက်မွေးဝမ်းကျောင်းအလုပ် အစီအစဉ်မှာ ရှားရှားပါးပါးအင်တာဗျူး ဖြေပေးခဲ့ပြီး မာဆေးဆိုဒ်ဒါဘီမှာ ပစ်ဖို့ဒ်ကို အနီကတ်ပြ ထုတ်ပယ်ခဲ့သင့်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
လီဗာပူးအသင်းရဲ့ ရာသီကို အထိနာစေခဲ့တဲ့ ဖျက်ထုတ်မှုဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့အောက်တိုဘာလက ဖြစ်ပျက်ခဲ့တဲ့ ပစ်ဖို့ဒ်ရဲ့ ဗန်ဒိုက်အပေါ် ဖျက်ထုတ်မှုဟာ ထိရောက်တဲ့့ပြစ်ဒဏ်ချမှတ်ဖို့ ယူဆခြင်းမခံခဲ့ရတာဖြစ်ပါတယ်။ ဗန်ဒိုက်ဟာ ပစ်ဖို့ဒ်ရဲ့ ဆိုးရွားလွန်းတဲ့ ဖျက်ထုတ်မှုကြောင့် ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိသွားခဲ့ပြီး ခွဲစိတ်ကုသမှုကို ခံယူခဲ့ရတာကြောင့် လက်ရှိအချိန်အထိ ပြန်လည်ကြံ့ခိုင်လာဖို့ ကြိုးပမ်းနေရဆဲဖြစ်ပါတယ်။
ဗန်ဒိုက်ဟာ ယခုရာသီမှာ လီဗာပူးအသင်းအတွက် ပြန်ကစားပေးနိုင်ဖွယ်မရှိဘဲ ပစ်ဖို့ဒ်ကတော့ နောက်ကြောင်းပြန်အရေးယူမှုကနေတောင် လွတ်မြောက်ခဲ့ပေမယ့် အိုလီဗာက လက်ရှိအချိန်မှာတော့ ၎င်းနဲ့ ၎င်းရဲ့ဒိုင်လူကြီးအဖွဲ့ဟာ မှားယွင်းတဲ့ဆုံးဖြတ်ချက် ချမှတ်ခဲ့မိကြောင်း ဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။ The Mail နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပရီးမီးယားလိဂ်ဒိုင်လူကြီးဟာ ၎င်းနဲ့ ဒေးဗစ်ကုထ်တို့ဟာ လူကျွံဘောကိစ္စနဲ့ အာရုံများနေတာကြောင့် ပစ်ဖို့ဒ်ရဲ့ဖျက်ထုတ်မှုကို သိပ်မစဉ်းစားခဲ့မိတာဟာ အမှားပြုလုပ်မိခဲ့တာဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
အပြောင်းအရွှေ့ကျွမ်းကျင်သူ ဂျာနယ်လစ် ဖက်ဘရီဇီယို ရိုမာနိုက သြစတြီးယားလက်ရွေးစင်နောက်ခံကစားသမားဟာ ကြီးမားတဲ့လစာပမာဏတောင်းဆိုနေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် လီဗာပူးအသင်းဟာ အလာဘာကို ခေါ်ယူဖို့ကိစ္စ လက်လျှော့ရမလိုဖြစ်လာခဲ့ပြီလို့ သိရပါတယ်။
လီဗာပူးလ်အသင်းဟာ ဘိုင်ယန်မြူးနစ်ကြယ်ပွင့်ကို ခေါ်ယူဖို့အတွက် လက်ရှိအချိန်အထိ သတင်းတွေထွက်ပေါ်နေတာဖြစ်ပြီး အလာဘာဟာ ဘွန်ဒက်စ်လီဂါထိပ်သီးအသင်းကြီးနဲ့ စာချုပ်သက်တမ်းဟာ ၆ လလောက်သာ ကျန်ရှိတော့တာဖြစ်ပါတယ်။ ရိုမာနိုရဲ့ ပြောကြားချက်အရ အလာဘာဟာ မိုဟာမက်ဆာလားပြီးနောက် ဒုတိယလစာအများဆုံးကစားသမားဖြစ်လာစေမယ့် တစ်နှစ်လုပ်ခလစာ ယူရို ၁၂ သန်းပေးချေဖို့ တောင်းဆိုနေတယ်လို့ သိရပြီး ဘော့စ်မန်အပြောင်းအရွှေ့မှာ ၎င်းကို ခေါ်ယူတာဖြစ်တာကြောင့် အသင်းသစ်ဖြစ်လာမယ့် အသင်းဟာ ကော်မရှင်ခလည်း ပေးရလိမ့်မယ်လို့ Givemesport ကို ပြောကြားပါတယ်။
ယခုလအစောပိုင်းမှာ Goal ရဲ့ဂျာနယ်လစ် ရိုမီယို အက်ဂရက်စ်တီက လီဗာပူးနဲ့ ရီးရဲမက်ဒရစ်တို့ ၂ သင်းစလုံးဟာ အလာဘာကို ပေါင် ၉.၁ သန်းနဲ့ ကမ်းလှမ်းခဲ့ကြတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး လက်ရှိအချိန်မှာတော့ အဲဒီပမာဏထက် နှစ်စဉ် ပေါင် ၂ သန်းလောက် ပိုပေးရမယ့်ပုံပေါ်နေတာဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်ဟာ အလာဘာအတွက် ရွေးချယ်ချင်စရာအကောင်းဆုံးအသင်းဖြစ် ရှုမြင်ခြင်းခံထားရပေမယ့် ယာဂင်ကလော့ပ်နဲ့ သီယာဂိုအယ်ကန်တာရာတို့ဟာ ဘာနေဗျူးထက် အန်းဖီးကို ရွေးချယ်ဖို့ သြစတြီးယားကြယ်ပွင့်ကို စည်းရုံးဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
REF: INTERNET SOURCES
SPORTS A2Z.