Premier League

မူစတာဖီရဲ့ လုပ်ရပ်ကြောင့် အာဆင်နယ်ပရိသတ်အချို့ ဒေါသထွက်ခဲ့ပြီး ညီဖြစ်သူရဲ့အနာဂတ်ကို အရိပ်အမြွက်ပြခဲ့တဲ့ အိုဇေးလ်ရဲ့အစ်ကို


အာဆင်နယ်နောက်ခံကစားသမား မူစတာဖီဟာ အမ်းမရိတ်စ်ကို စွန့်ခွာနိုင်မယ့် အခွင့်အရေးကို ငြင်းပယ်ခဲ့တယ်လို့ သိရပြီး ပရိသတ်အချို့ဟာ မူစတာဖီရဲ့ လုပ်ရပ်ကို ဒေါသထွက်နေကြပါတယ်။


ဂျာမနီလက်ရွေးစင်နောက်ခံကစားသမားဟာ နည်းပြအာတီတာလက်အောက်မှာ အသင်းအတွက် လူပိုဖြစ်နေတဲ့ ကစားသမားတွေထဲမှာ တစ်ဥိးအပါအဝင်ဖြစ်ပြီး ယခုလမှာ အသင်းက လမ်းခွဲဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ တစ်ပတ်လုပ်ခ ပေါင် ၉ သောင်းပေးချေနေရတဲ့ မူစတာဖီကိုသာ ရောင်းထုတ်နိုင်ခဲ့မယ်ဆိုရင် အာဆင်နယ်အသင်းဟာ လစာပေးချေနေရတဲ့ ပမာဏတစ်ခု လျှော့သွားမှာဖြစ်ပြီး ကစားသမားသစ်ရှာဖွေဖို့ အခွင့်အရေး ရရှိလာဖွယ်ရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဗလင်စီယာဗဟိုခံစစ်ကစားသမားဟောင်းဟာ အီတလီစီးရီအေကလပ်အသင်းဖြစ်တဲ့ ဂျီနိုအာအသင်းကို ပြောင်းရွှေ့ဖို့ ငြင်းပယ်ခဲ့တယ်လို့ Calciomercato ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ မူစတာဖီဟာ ဆမ်ဒိုးရီးယားအသင်းမှာ ၂ နှစ်ကြာ ကစားခဲ့တဲ့ဖူးတာကြောင့် စီးရီအေအဓိကပြိုင်ဘက်ဖြစ်တဲ့ ဂျီနိုအာကို ငြင်းပယ်ခဲ့တာဖြစ်တယ်လို့ သိရပြီး အာဆင်နယ်ပရိသတ်တွေဟာ အသင်းကနေ ထွက်ခွာဖို့ ငြင်းပယ်ခဲ့တဲ့ မူစတာဖီကို တွစ်တာလူမှုကွန်ရက်မှာ ထွက်သွားဖို့ တောင်းဆိုနေကြပြီဖြစ်ပါတယ်။


အာဆင်နယ်အပယ်ခံ အိုဇေးလ်ရဲ့အစ်ကိုဟာ ဂျာမန်လက်ရွေးစင်ကစားသမားဟောင်းရဲ့ အာဆင်နယ်အသင်းက အချိန်တွေက ကုန်ဆုံးတော့မယ်ဆိုတဲ့ သတင်းတွေကို မီးမွှေးပေးခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၂ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ တစ်ပတ်လုပ်ခပေါင် ၃၅၀၀၀၀ နဲ့ အသင်းရဲ့လစာအများဆုံးကစားသမားဖြစ်ပြီး နည်းပြအာတီတာက ပြီးခဲ့တဲ့မတ်လကတည်းက ပါဝင်ကစားခွင့်ပေးခြင်းမခံရတော့သူဖြစ်ပါတယ်။ အိုဇေးလ်ရဲ့ အာဆင်နယ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ လာမယ့်နွေရာသီမှာ ကုန်ဆုံးတော့မှာဖြစ်ပြီး အလွတ်နဲ့ ထွက်ခွာလို့ရအောင် စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ အသင်းမှာ ဆက်နေသွားလိမ့်မယ်လို့ မျှော်မှန်းခြင်းခံခဲ့ရပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ အပြောင်းအရွှေ့ပြုလုပ်တော့မယ့်အလားအလာတွေ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။


ပြီးခဲ့တဲ့အပတ်က ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ မေဂျာလိဂ်အသင်းဖြစ်တဲ့ ဒီစီယူနိုက်တက်ဟာ အိုဇေးလ်ကို မက်မောလောက်ဖွယ် ကမ်းလှမ်းမှု ပြလုပ်ခဲ့ပြီး ၎င်းရဲ့ M10 အမှတ်တံဆိပ်ကို တိုးချဲ့ဖို့တောင် ကတိပေးခဲ့ပေမယ့် လက်ရှိမှာတော့ ဖီနာဘာချီအသင်းက အိုဇေးလ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ပြိုင်ပွဲမှာ အနိုင်ရသွားခဲ့ပြီဖြစ်ပုံ ပေါ်ပါတယ်။

Sky Germany က အိုဇေးလ်ဟာ အစ္စတန်ဘူလ်အခြေစိုက် တူရကီကလပ်အသင်းကို ၃ နှစ်ခွဲစာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရတော့မယ်လို့ ဖော်ပြခဲ့ပြီး ဖီနာဘာချီအသင်းဟာ ယခုလမှာ ကမ္ဘာ့ဖလားချန်ပီယံဟောင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အာဆင်နယ်နဲ့ ပြောဆိုဆွေးနွေးနေတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ အိုဇေးလ်ရဲ့အစ်ကို မူတလူက ဂျာမန်ကွင်းလယ်ဖန်တီးရှင်ဟာ တူရကီကို သွားတော့မှာဖြစ်ကြောင်းကို အရိပ်အမြွက်ပြသတဲ့ ပို့စ်ကို အင်စတာဂရမ်မှာ တင်ထားခဲ့တာဖြစ်ပါတယ်။


စနေနေ့ညနေက မူတလူရဲ့အင်စတာဂရမ်စတိုရီမှာ တင်ခဲ့တဲ့ ဖီနာဘာချီအသင်းတံဆိပ်ပုံမှာ မျက်စိတစ်ဖက်မှိတ်ပြနေတဲ့ ရုပ်ပြောင်ပုံကို ထည့်သွင်းထားခဲ့တာကြောင့် အမြင်စူးရှတဲ့ အာဆင်နယ်ပရိသတ်တွေဟာ အိုဇေးလ်ရဲ့ ထွက်ခွာမှုက အလွန်နီးကပ်နေပြီလို့ ယုံကြည်နေကြပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


အာဆင္နယ္ေနာက္ခံကစားသမား မူစတာဖီဟာ အမ္းမရိတ္စ္ကို စြန႔္ခြာနိုင္မယ့္ အခြင့္အေရးကို ျငင္းပယ္ခဲ့တယ္လို႔ သိရၿပီး ပရိသတ္အခ်ိဳ႕ဟာ မူစတာဖီရဲ့ လုပ္ရပ္ကို ေဒါသထြက္ေနၾကပါတယ္။


ဂ်ာမနီလက္ေရြးစင္ေနာက္ခံကစားသမားဟာ နည္းျပအာတီတာလက္ေအာက္မွာ အသင္းအတြက္ လူပိုျဖစ္ေနတဲ့ ကစားသမားေတြထဲမွာ တစ္ဥိးအပါအဝင္ျဖစ္ၿပီး ယခုလမွာ အသင္းက လမ္းခြဲဖို႔ ႀကိဳးပမ္းခဲ့တာျဖစ္ပါတယ္။ တစ္ပတ္လုပ္ခ ေပါင္ ၉ ေသာင္းေပးေခ်ေနရတဲ့ မူစတာဖီကိုသာ ေရာင္းထုတ္နိုင္ခဲ့မယ္ဆိုရင္ အာဆင္နယ္အသင္းဟာ လစာေပးေခ်ေနရတဲ့ ပမာဏတစ္ခု ေလၽွာ့သြားမွာျဖစ္ၿပီး ကစားသမားသစ္ရွာေဖြဖို႔ အခြင့္အေရး ရရွိလာဖြယ္ရွိေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဗလင္စီယာဗဟိုခံစစ္ကစားသမားေဟာင္းဟာ အီတလီစီးရီေအကလပ္အသင္းျဖစ္တဲ့ ဂ်ီနိုအာအသင္းကို ေျပာင္းေရႊ႕ဖို႔ ျငင္းပယ္ခဲ့တယ္လို႔ Calciomercato ရဲ့ ေဖာ္ျပခ်က္အရ သိရပါတယ္။ မူစတာဖီဟာ ဆမ္ဒိုးရီးယားအသင္းမွာ ၂ ႏွစ္ၾကာ ကစားခဲ့တဲ့ဖူးတာေၾကာင့္ စီးရီေအအဓိကၿပိဳင္ဘက္ျဖစ္တဲ့ ဂ်ီနိုအာကို ျငင္းပယ္ခဲ့တာျဖစ္တယ္လို႔ သိရၿပီး အာဆင္နယ္ပရိသတ္ေတြဟာ အသင္းကေန ထြက္ခြာဖို႔ ျငင္းပယ္ခဲ့တဲ့ မူစတာဖီကို တြစ္တာလူမႈကြန္ရက္မွာ ထြက္သြားဖို႔ ေတာင္းဆိုေနၾကၿပီျဖစ္ပါတယ္။


အာဆင္နယ္အပယ္ခံ အိုေဇးလ္ရဲ့အစ္ကိုဟာ ဂ်ာမန္လက္ေရြးစင္ကစားသမားေဟာင္းရဲ့ အာဆင္နယ္အသင္းက အခ်ိန္ေတြက ကုန္ဆုံးေတာ့မယ္ဆိုတဲ့ သတင္းေတြကို မီးေမႊးေပးခဲ့တယ္လို႔ သိရပါတယ္။

အသက္ ၃၂ ႏွစ္အရြယ္ ကြင္းလယ္ကစားသမားဟာ တစ္ပတ္လုပ္ခေပါင္ ၃၅၀၀၀၀ နဲ႔ အသင္းရဲ့လစာအမ်ားဆုံးကစားသမားျဖစ္ၿပီး နည္းျပအာတီတာက ၿပီးခဲ့တဲ့မတ္လကတည္းက ပါဝင္ကစားခြင့္ေပးျခင္းမခံရေတာ့သူျဖစ္ပါတယ္။ အိုေဇးလ္ရဲ့ အာဆင္နယ္နဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္းဟာ လာမယ့္ေႏြရာသီမွာ ကုန္ဆုံးေတာ့မွာျဖစ္ၿပီး အလြတ္နဲ႔ ထြက္ခြာလို႔ရေအာင္ စာခ်ဳပ္သက္တမ္းကုန္ဆုံးတဲ့အထိ အသင္းမွာ ဆက္ေနသြားလိမ့္မယ္လို႔ ေမၽွာ္မွန္းျခင္းခံခဲ့ရေပမယ့္ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းမွာ အေျပာင္းအေရႊ႕ျပဳလုပ္ေတာ့မယ့္အလားအလာေတြ ျမင့္တက္လာခဲ့တာျဖစ္ပါတယ္။


ၿပီးခဲ့တဲ့အပတ္က ထြက္ေပၚခဲ့တဲ့ သတင္းေတြအရ ေမဂ်ာလိဂ္အသင္းျဖစ္တဲ့ ဒီစီယူနိုက္တက္ဟာ အိုေဇးလ္ကို မက္ေမာေလာက္ဖြယ္ ကမ္းလွမ္းမႈ ျပလုပ္ခဲ့ၿပီး ၎ရဲ့ M10 အမွတ္တံဆိပ္ကို တိုးခ်ဲ႕ဖို႔ေတာင္ ကတိေပးခဲ့ေပမယ့္ လက္ရွိမွာေတာ့ ဖီနာဘာခ်ီအသင္းက အိုေဇးလ္ကို ေခၚယူဖို႔ ႀကိဳးပမ္းေနတဲ့ၿပိဳင္ပြဲမွာ အနိုင္ရသြားခဲ့ၿပီျဖစ္ပုံ ေပၚပါတယ္။

Sky Germany က အိုေဇးလ္ဟာ အစၥတန္ဘူလ္အေျခစိုက္ တူရကီကလပ္အသင္းကို ၃ ႏွစ္ခြဲစာခ်ဳပ္နဲ႔ ေျပာင္းေရႊ႕ဖို႔ သေဘာတူညီမႈရေတာ့မယ္လို႔ ေဖာ္ျပခဲ့ၿပီး ဖီနာဘာခ်ီအသင္းဟာ ယခုလမွာ ကမၻာ့ဖလားခ်န္ပီယံေဟာင္းကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူဖို႔ အာဆင္နယ္နဲ႔ ေျပာဆိုေဆြးေႏြးေနတယ္လို႔ သိရပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ အိုေဇးလ္ရဲ့အစ္ကို မူတလူက ဂ်ာမန္ကြင္းလယ္ဖန္တီးရွင္ဟာ တူရကီကို သြားေတာ့မွာျဖစ္ေၾကာင္းကို အရိပ္အႁမြက္ျပသတဲ့ ပို႔စ္ကို အင္စတာဂရမ္မွာ တင္ထားခဲ့တာျဖစ္ပါတယ္။


စေနေန႔ညေနက မူတလူရဲ့အင္စတာဂရမ္စတိုရီမွာ တင္ခဲ့တဲ့ ဖီနာဘာခ်ီအသင္းတံဆိပ္ပုံမွာ မ်က္စိတစ္ဖက္မွိတ္ျပေနတဲ့ ႐ုပ္ေျပာင္ပုံကို ထည့္သြင္းထားခဲ့တာေၾကာင့္ အျမင္စူးရွတဲ့ အာဆင္နယ္ပရိသတ္ေတြဟာ အိုေဇးလ္ရဲ့ ထြက္ခြာမႈက အလြန္နီးကပ္ေနၿပီလို႔ ယုံၾကည္ေနၾကၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.