Premier League

ဗန်ဒီဘိခ်ရဲ့ ဖနောင့်နဲ့ နောက်ပြန် ဂိုးဖန်တီးမှုကို ကြွေသွားခဲ့တဲ့ ယူနိုက်တက်ပရိသတ်များ


မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမား ဗန်ဒီဘိခ်ဟာ ဝက်ဖို့ဒ်အသင်းကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်အတွင်း ယခုရာသီရဲ့ အကောင်းဆုံးဂိုးဖန်တီးမှုဖြစ်လုနီးပါး ပြကွက်တစ်ခုကို ပြသခဲ့ပါတယ်။


ဗန်ဒီဘိခ်ဟာ နည်းပြဆိုးလ်ရှားရဲ့ ပွဲထွက်လူစာရင်းမှာ ကြုံတောင့်ကြုံခဲ ပွဲထွက်ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး ဒတ်ချ်ကွင်းလယ်ကြယ်ပွင့်ဟာ တောက်ပပြရမယ့် အခွင့်အရေးကို အရယူခဲ့တာဖြစ်ပါတယ်။ ဝက်ဖို့ဒ်အသင်းကို မက်တွန်မီနေးရဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့ ဦးဆောင်ထားချိန်မှာ ဗန်ဒီဘိခ်က မာတာကို အံ့အားသင့်ဖွယ် ပေးပို့မှုနဲ့ ဂိုးဖန်တီးမှု ပြုလုပ်ခဲ့တာဖြစ်ပြီး ယူနိုက်တက်အတွက် ပုံမှန်ပွဲထွက်ပါဝင်ခွင့်ရသင့်တဲ့အရည်အချင်းအပြည့်ရှိကြောင်း ပြသခဲ့တာလည်းဖြစ်ပါတယ်။


မေဆင်ဂရင်းဝုဒ်က ဘောလုံးကို ဗန်ဒီဘိခ်ဆီ လှမ်းပေးခဲ့တဲ့အချိန်မှာ ဝက်ဖို့ဒ်နောက်ခံကစားသမားတွေ ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ကြားကနေ ညာဖနောင့်နဲ့ မာတာရဲ့ ပြေးလမ်းကြောင်းထဲကို လှလှပပ ခင်းပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မာတာက ဘန် ဖော်စတာနဲ့ တစ်ဦးချင်း ကန်သွင်းယူရာမှာ ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာကြောင့် ဗန်ဒီဘိခ်ဟာ လှပသေသပ်တဲ့ ဂိုးဖန်တီးမှုတစ်ခုကို ပြုလုပ်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။


ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်း ပရိသတ်တွေက အသက် ၂၃ နှစ်အရွယ် ကွင်းလယ်ကစားသမားရဲ့ မှော်ဆန်တဲ့ အခိုက်အတံ့ကို နှစ်သက်ခဲ့ကြပြီး တွစ်တာလူမှုကွန်ရက်မှာ ချီးကျူးစကားတွေ ဝိုင်းဝန်းပြောကြားခဲ့ကြပါတယ်။ ပရိသတ်တစ်ဦးက “ဒီကစားသမားက ပွဲကစားချိန် ပိုရဖို့အတွက် ထိုက်တန်ပါတယ်”လို့ ရေးသားခဲ့ပြီး “အရမ်းလှတဲ့ သွင်းဂိုးတစ်ဂိုး ဖြစ်ခဲ့ရမှာ”လို့ အခြားပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


မန္ခ်က္စတာယူနိုက္တက္ကြင္းလယ္ကစားသမား ဗန္ဒီဘိခ္ဟာ ဝက္ဖို႔ဒ္အသင္းကို ၁-၀ နဲ႔ အနိုင္ရရွိခဲ့တဲ့ မန္ခ်က္စတာယူနိုက္တက္ရဲ့ အက္ဖ္ေအဖလား တတိယအဆင့္ပြဲစဥ္အတြင္း ယခုရာသီရဲ့ အေကာင္းဆုံးဂိုးဖန္တီးမႈျဖစ္လုနီးပါး ျပကြက္တစ္ခုကို ျပသခဲ့ပါတယ္။


ဗန္ဒီဘိခ္ဟာ နည္းျပဆိုးလ္ရွားရဲ့ ပြဲထြက္လူစာရင္းမွာ ၾကဳံေတာင့္ၾကဳံခဲ ပြဲထြက္ပါဝင္ကစားေပးခဲ့တာျဖစ္ၿပီး ဒတ္ခ်္ကြင္းလယ္ၾကယ္ပြင့္ဟာ ေတာက္ပျပရမယ့္ အခြင့္အေရးကို အရယူခဲ့တာျဖစ္ပါတယ္။ ဝက္ဖို႔ဒ္အသင္းကို မက္တြန္မီေနးရဲ့ ေခါင္းတိုက္သြင္းဂိုးနဲ႔ ဦးေဆာင္ထားခ်ိန္မွာ ဗန္ဒီဘိခ္က မာတာကို အံ့အားသင့္ဖြယ္ ေပးပို႔မႈနဲ႔ ဂိုးဖန္တီးမႈ ျပဳလုပ္ခဲ့တာျဖစ္ၿပီး ယူနိုက္တက္အတြက္ ပုံမွန္ပြဲထြက္ပါဝင္ခြင့္ရသင့္တဲ့အရည္အခ်င္းအျပည့္ရွိေၾကာင္း ျပသခဲ့တာလည္းျဖစ္ပါတယ္။


ေမဆင္ဂရင္းဝုဒ္က ေဘာလုံးကို ဗန္ဒီဘိခ္ဆီ လွမ္းေပးခဲ့တဲ့အခ်ိန္မွာ ဝက္ဖို႔ဒ္ေနာက္ခံကစားသမားေတြ ဝိုင္းဝန္းပိတ္ဆို႔ထားတဲ့ၾကားကေန ညာဖေနာင့္နဲ႔ မာတာရဲ့ ေျပးလမ္းေၾကာင္းထဲကို လွလွပပ ခင္းေပးခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း မာတာက ဘန္ ေဖာ္စတာနဲ႔ တစ္ဦးခ်င္း ကန္သြင္းယူရာမွာ ဂိုးအျဖစ္ မေျပာင္းလဲနိုင္ခဲ့တာေၾကာင့္ ဗန္ဒီဘိခ္ဟာ လွပေသသပ္တဲ့ ဂိုးဖန္တီးမႈတစ္ခုကို ျပဳလုပ္နိုင္မယ့္ အခြင့္အေရးကို လက္လႊတ္ဆုံးရႈံးခဲ့ရတာျဖစ္ပါတယ္။


ဒါေပမယ့္လည္း မန္ခ်က္စတာယူနိုက္တက္အသင္း ပရိသတ္ေတြက အသက္ ၂၃ ႏွစ္အရြယ္ ကြင္းလယ္ကစားသမားရဲ့ ေမွာ္ဆန္တဲ့ အခိုက္အတံ့ကို ႏွစ္သက္ခဲ့ၾကၿပီး တြစ္တာလူမႈကြန္ရက္မွာ ခ်ီးက်ဴးစကားေတြ ဝိုင္းဝန္းေျပာၾကားခဲ့ၾကပါတယ္။ ပရိသတ္တစ္ဦးက “ဒီကစားသမားက ပြဲကစားခ်ိန္ ပိုရဖို႔အတြက္ ထိုက္တန္ပါတယ္”လို႔ ေရးသားခဲ့ၿပီး “အရမ္းလွတဲ့ သြင္းဂိုးတစ္ဂိုး ျဖစ္ခဲ့ရမွာ”လို႔ အျခားပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.