Premier League

၁၅ မိနစ် အာဆင်နယ်နဲ့ သူရဲကောင်းအပိုင်းအစများ ဆက်စပ်မိချိန်

အာဆင်နယ်အသင်းအနေနဲ့ နယူးကာဆယ်လ်ယူနိုက်တက်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ အချိန်ပိုအထိ ရုန်းကန်ခဲ့ရပြီး ပရိသတ်တွေကြားမှာ ကလော်တုတ်ချင်စရာ ကစားသမားတချို့ကိုလည်း မြင်ခဲ့ရပေမယ့် နောက်ဆုံး ၁၅ မိနစ်ကတော့ ပျော်ရွှင်ဖွယ်ရာ အခိုက်အတန့်ဖြစ်ခဲ့သလို သူရဲကောင်း ၄ ယောက်ရဲ့ ပေါင်းစည်းမှုကတော့ တော်တော်လေး အရေးပါခဲ့ပါတယ်။

ပထမပိုင်း ၄၅ မိနစ်၊ ဖေ့စ်ဘွတ် ဂရုတွေထဲကို လိုက်ကြည့်ရင်း ဆဲစာတွေနဲ့ စိတ်ပျက်။ ဒုတိယပိုင်း ၄၅ မိနစ်၊ မဆိုးပါဘူး၊ ဘာလိုနေတယ်လို့ ဆရာကြီးတွေက ထောက်ပြ၊ အချိန်ပိုမှာတော့ ပရိသတ်တွေပဲ မောလို့ သိပ်မရေးနိုင်တာလားလို့ ကြည့်နေတုန်း နောက်ဆုံး ၁၅ မိနစ်မှာတော့ တဝုန်းဝုန်းနဲ့ အောင်ပွဲခံကြတော့ပါပဲ။

အာဆင်နယ်ရဲ့ စထွက်တဲ့ လူစာရင်းကတော့ ရှင်နည်းရာ မာတီနယ်လီ လူထွက်သွားတော့ ဘယ်သူမှ မကြိုက်ကြတာပါ။ တဖြည်းဖြည်းနဲ့ ဒုတိယပိုင်းမှာတော့ လော့ဒ်တွေထဲက နယ်လ်ဆန် စလျော့ပြီး စမစ်ရိုးဝင်၊ ဝီလီယန်ထွက်ပြီး ဆာကာဝင်၊ ဝီလော့ခ်ထွက်ပြီး ချာကာဝင်လာခဲ့ပြီး အသင်းရဲ့ အရှိန်အဟုန်ကို ပြည့်ဝအောင် လူလဲခဲ့တဲ့ နောက်ဆုံး လော့ဒ်ကတော့ ပေပေဖြစ်သလို လာကာဇက်က အရုပ်ဆက် Jigsaw ကစားနည်းရဲ့ နောက်ဆုံးအပိုင်းအစ ဖြစ်ခဲ့တာပါ။

ဒီလိုနဲ့ ၁၀၉ မိနစ်နဲ့ ၁၁၇ မိနစ်တွေမှာ အနိုင်ဂိုးသွင်းယူနိုင်ခဲ့ဖို့ ပထမဆုံး Jigsaw တီယာနီကို ဒုတိယပိုင်းမှာ စမစ်ရိုးနဲ့ ဆာကာ၊ အချိန်ပိုမှာ လာကာတို့က ချိတ်ဆက်ခဲ့ကြပြီး အားလုံးပြည့်စုံသွားခဲ့တဲ့ ကစားကွက်မှာတော့ အာဆင်နယ်တို့ရဲ့ တွဲလုံးတွေက တစ်ချိန်လုံး ပိတ်ကစားနေတဲ့ နယူးကာဆယ်လ်တို့ ထိန်းမရဘဲဖြစ်သွားခဲ့ပါတယ်။


သူရဲကောင်း အပိုင်းအစ (၁) = တီယာနီ
ကီရန် တီယာနီကို ပွဲပြီး စွမ်းဆောင်ရည် သတ်မှတ်တဲ့ ဝက်ဘ်ဆိုက်တွေက Rating 9 အထိ ပေးခဲ့ကြပြီး ဘယ်တိုက်စစ်သမားမှ အားကိုးလို့ မရချိန်မှာ တစ်ဖက်ကွင်းခြမ်းဆီ ဘောလုံးရတိုင်း သူကပဲ ထိုးဖောက်ဖန်တီးနေခဲ့တာပါ။ တိုက်စစ်ခံစစ် တာဝန်ကျေခဲ့သလို ကစားရင်းနဲ့ အနိမ့်ဘောတွေ Cut Back တွေက လှပခဲ့ပြီး ၁၁၇ မိနစ်မှာ အူဘာသွင်းဖို့အတွက်တော့ မမောမပန်းတမ်း ပြေးထွက်ပြီး ချိုးပေးခဲ့တာကတော့ ကောင်းလွန်းနေခဲ့တာဖြစ်သလို နယူးကာဆယ်ခံစစ်တွေကြား Tesco အိတ်ကလေးနဲ့ ဈေးဝယ်ထွက်နေခဲ့သလိုပါပဲ။


သူရဲကောင်း အပိုင်းအစ (၂) = စမစ်ရိုး
အီမီးလ် စမစ်ရိုးအတွက်တော့ ဒီနေ့မှာလည်း သူရဲကောင်းဖြစ်ဖို့ကတော့ VAR က ကယ်တင်ခဲ့တာပါ။ မှားယွင်းတဲ့ ဆုံးဖြတ်ချက် အနီကတ်ကို VAR မှာ ရည်ရွယ်ချက်မရှိသလို သေချာမထိခဲ့ကြောင်း ပေါ်လွင်ခဲ့တာမို့ ကွင်းထဲ ဆက်ရှိခွင့်ရခဲ့ပြီး အချိန်ပို ဒုတိယပိုင်းမှာတော့ လာကာဇက်နဲ့ ချိတ်ဆက်မှုကနေ လှပတဲ့ သွင်းဂိုးကို ရယူခဲ့တာဖြစ်ပါတယ်။ ကွင်းလယ်အတွက် ဖန်တီးချိတ်ဆက်မှုကောင်းသလို ဂိုးသွင်းစွမ်းရည်ပါရှိတဲ့ ESR က အာတီတာအတွက်တော့ ကိုယ်ပိုင် ဆန်ချိုနဲ့ ဖိုဒန်ပါပဲ။


သူရဲကောင်း အပိုင်းအစ (၃) = ဆာကာ
ဘူကာယို ဆာကာအနေနဲ့ ဒီနေ့ပွဲမှာ ဂိုးနဲ့ ဖန်တီးမှုမျိုး မရခဲ့ပေမယ့် သူပါဝင်လာအပြီးမှာ ထိန်းသိမ်းဖို့ မလွယ်တော့အောင် ငှက်ကျားတွေရဲ့ နောက်တန်းငါးယောက်ကို ချဲထုတ်ခဲ့တာပါ။ စမစ်ရိုး ဂိုးသွင်းနိုင်ဖို့အတွက် ဘောလုံးကို လာကာဇက်ဆီ လှလှပပ ကွက်တိတင်ပေးခဲ့တာကတော့ ဖန်တီးမှုလို့ ဆိုနိုင်အောင် ထိုက်တန်တယ်လို့ ထင်မိပြီး တန်ဖိုးရှိကြောင်း ပြသနိုင်ခဲ့တဲ့ အခိုက်အတန့်လည်း ဖြစ်ခဲ့ပါတယ်။


သူရဲကောင်း အပိုင်းအစ (၄) = လာကာဇက်
နောက်ပိုင်းပွဲတွေမှာ တောက်လျှောက်ခြေစွမ်းပြနေခဲ့တဲ့ လာကာဇက်တစ်ယောက် နောက်ဆုံး ၁၅ မိနစ်မှာ ဝင်ကစားပြီး ဂိုးမရခဲ့ပေမယ့် အဖွင့်ဂိုးသွင်းယူဖို့ ခံစစ်ကစားသမားတွေကြားထဲက နေရာလွတ် ရှာဖွေပေးခဲ့သလို သူ့ရဲ့ ခေါင်းတိုက်ချပေးတဲ့ ဘောလုံးက စမစ်ရိုးအတွက် ဂိုးတစ်ဂိုးဖြစ်စေခဲ့တာပါ။ အာတီတာရဲ့ တိုက်စစ်မှာ လာကာ-ဆာကာ-စမစ်ရိုးကတော့ အကောင်းဆုံးဖြစ်ကြောင်းလည်း ဒီနေ့မှာ သက်သေပြနိုင်ဖို့ ချိတ်ဆက်ခဲ့တဲ့ နောက်ဆုံးအပိုင်းအစလည်းဖြစ်ခဲ့ပါတယ်။


ဒီအပိုင်းအစ ၄ ပိုင်း ဆက်စပ်ရင်းနဲ့ ဈေးဝယ်ထွက်နေတဲ့ တီယာနီ၊ မွှေစက်ကလေး စမစ်ရိုး၊ တစ်လုံးဆို ဆိုသလောက် ဆာကာနဲ့ နေရာယူတတ်လွန်းသူကြီး လာကာတို့ အားလုံး စုံလင်သွားချိန်မှာတော့ နယူးကာဆယ်လ်တို့ ပြိုလဲခဲ့သလို ဂိုးပေါက်ပျောက်နေတဲ့ အူဘာမီယန်းကပါ လမ်းကြုံဝင်အားပေးသွားနိုင်ခဲ့တာဖြစ်လို့ တစ်ပိုင်းချင်း အရှိန်တက်လာတာ နောက်ဆုံးအပိုင်းမှာ ရေချိန်မှန်သွားခဲ့တာလို့လည်း ဟာသဆန်ဆန် တွေးရမလိုဖြစ်ခဲ့ပြီး မှတ်မှတ်ထင်ထင် မြင်ခဲ့ရတဲ့ အချက်အလက်တွေနဲ့ သူရဲကောင်းတွေအဖြစ် စုစည်းဖော်ပြပေးလိုက်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အာဆင္နယ္အသင္းအေနနဲ႔ နယူးကာဆယ္လ္ယူႏိုက္တက္အသင္းကို အႏိုင္ရရွိခဲ့တဲ့ပြဲမွာ အခ်ိန္ပိုအထိ ႐ုန္းကန္ခဲ့ရၿပီး ပရိသတ္ေတြၾကားမွာ ကေလာ္တုတ္ခ်င္စရာ ကစားသမားတခ်ိဳ႕ကိုလည္း ျမင္ခဲ့ရေပမယ့္ ေနာက္ဆုံး ၁၅ မိနစ္ကေတာ့ ေပ်ာ္႐ႊင္ဖြယ္ရာ အခိုက္အတန႔္ျဖစ္ခဲ့သလို သူရဲေကာင္း ၄ ေယာက္ရဲ႕ ေပါင္းစည္းမႈကေတာ့ ေတာ္ေတာ္ေလး အေရးပါခဲ့ပါတယ္။

ပထမပိုင္း ၄၅ မိနစ္၊ ေဖ့စ္ဘြတ္ ဂ႐ုေတြထဲကို လိုက္ၾကည့္ရင္း ဆဲစာေတြနဲ႔ စိတ္ပ်က္။ ဒုတိယပိုင္း ၄၅ မိနစ္၊ မဆိုးပါဘူး၊ ဘာလိုေနတယ္လို႔ ဆရာႀကီးေတြက ေထာက္ျပ၊ အခ်ိန္ပိုမွာေတာ့ ပရိသတ္ေတြပဲ ေမာလို႔ သိပ္မေရးႏိုင္တာလားလို႔ ၾကည့္ေနတုန္း ေနာက္ဆုံး ၁၅ မိနစ္မွာေတာ့ တဝုန္းဝုန္းနဲ႔ ေအာင္ပြဲခံၾကေတာ့ပါပဲ။

အာဆင္နယ္ရဲ႕ စထြက္တဲ့ လူစာရင္းကေတာ့ ရွင္နည္းရာ မာတီနယ္လီ လူထြက္သြားေတာ့ ဘယ္သူမွ မႀကိဳက္ၾကတာပါ။ တျဖည္းျဖည္းနဲ႔ ဒုတိယပိုင္းမွာေတာ့ ေလာ့ဒ္ေတြထဲက နယ္လ္ဆန္ စေလ်ာ့ၿပီး စမစ္႐ိုးဝင္၊ ဝီလီယန္ထြက္ၿပီး ဆာကာဝင္၊ ဝီေလာ့ခ္ထြက္ၿပီး ခ်ာကာဝင္လာခဲ့ၿပီး အသင္းရဲ႕ အရွိန္အဟုန္ကို ျပည့္ဝေအာင္ လူလဲခဲ့တဲ့ ေနာက္ဆုံး ေလာ့ဒ္ကေတာ့ ေပေပျဖစ္သလို လာကာဇက္က အ႐ုပ္ဆက္ Jigsaw ကစားနည္းရဲ႕ ေနာက္ဆုံးအပိုင္းအစ ျဖစ္ခဲ့တာပါ။

ဒီလိုနဲ႔ ၁၀၉ မိနစ္နဲ႔ ၁၁၇ မိနစ္ေတြမွာ အႏိုင္ဂိုးသြင္းယူႏိုင္ခဲ့ဖို႔ ပထမဆုံး Jigsaw တီယာနီကို ဒုတိယပိုင္းမွာ စမစ္႐ိုးနဲ႔ ဆာကာ၊ အခ်ိန္ပိုမွာ လာကာတို႔က ခ်ိတ္ဆက္ခဲ့ၾကၿပီး အားလုံးျပည့္စုံသြားခဲ့တဲ့ ကစားကြက္မွာေတာ့ အာဆင္နယ္တို႔ရဲ႕ တြဲလုံးေတြက တစ္ခ်ိန္လုံး ပိတ္ကစားေနတဲ့ နယူးကာဆယ္လ္တို႔ ထိန္းမရဘဲျဖစ္သြားခဲ့ပါတယ္။


သူရဲေကာင္း အပိုင္းအစ (၁) = တီယာနီ
ကီရန္ တီယာနီကို ပြဲၿပီး စြမ္းေဆာင္ရည္ သတ္မွတ္တဲ့ ဝက္ဘ္ဆိုက္ေတြက Rating 9 အထိ ေပးခဲ့ၾကၿပီး ဘယ္တိုက္စစ္သမားမွ အားကိုးလို႔ မရခ်ိန္မွာ တစ္ဖက္ကြင္းျခမ္းဆီ ေဘာလုံးရတိုင္း သူကပဲ ထိုးေဖာက္ဖန္တီးေနခဲ့တာပါ။ တိုက္စစ္ခံစစ္ တာဝန္ေက်ခဲ့သလို ကစားရင္းနဲ႔ အနိမ့္ေဘာေတြ Cut Back ေတြက လွပခဲ့ၿပီး ၁၁၇ မိနစ္မွာ အူဘာသြင္းဖို႔အတြက္ေတာ့ မေမာမပန္းတမ္း ေျပးထြက္ၿပီး ခ်ိဳးေပးခဲ့တာကေတာ့ ေကာင္းလြန္းေနခဲ့တာျဖစ္သလို နယူးကာဆယ္ခံစစ္ေတြၾကား Tesco အိတ္ကေလးနဲ႔ ေဈးဝယ္ထြက္ေနခဲ့သလိုပါပဲ။


သူရဲေကာင္း အပိုင္းအစ (၂) = စမစ္႐ိုး
အီမီးလ္ စမစ္႐ိုးအတြက္ေတာ့ ဒီေန႔မွာလည္း သူရဲေကာင္းျဖစ္ဖို႔ကေတာ့ VAR က ကယ္တင္ခဲ့တာပါ။ မွားယြင္းတဲ့ ဆုံးျဖတ္ခ်က္ အနီကတ္ကို VAR မွာ ရည္႐ြယ္ခ်က္မရွိသလို ေသခ်ာမထိခဲ့ေၾကာင္း ေပၚလြင္ခဲ့တာမို႔ ကြင္းထဲ ဆက္ရွိခြင့္ရခဲ့ၿပီး အခ်ိန္ပို ဒုတိယပိုင္းမွာေတာ့ လာကာဇက္နဲ႔ ခ်ိတ္ဆက္မႈကေန လွပတဲ့ သြင္းဂိုးကို ရယူခဲ့တာျဖစ္ပါတယ္။ ကြင္းလယ္အတြက္ ဖန္တီးခ်ိတ္ဆက္မႈေကာင္းသလို ဂိုးသြင္းစြမ္းရည္ပါရွိတဲ့ ESR က အာတီတာအတြက္ေတာ့ ကိုယ္ပိုင္ ဆန္ခ်ိဳနဲ႔ ဖိုဒန္ပါပဲ။


သူရဲေကာင္း အပိုင္းအစ (၃) = ဆာကာ
ဘူကာယို ဆာကာအေနနဲ႔ ဒီေန႔ပြဲမွာ ဂိုးနဲ႔ ဖန္တီးမႈမ်ိဳး မရခဲ့ေပမယ့္ သူပါဝင္လာအၿပီးမွာ ထိန္းသိမ္းဖို႔ မလြယ္ေတာ့ေအာင္ ငွက္က်ားေတြရဲ႕ ေနာက္တန္းငါးေယာက္ကို ခ်ဲထုတ္ခဲ့တာပါ။ စမစ္႐ိုး ဂိုးသြင္းႏိုင္ဖို႔အတြက္ ေဘာလုံးကို လာကာဇက္ဆီ လွလွပပ ကြက္တိတင္ေပးခဲ့တာကေတာ့ ဖန္တီးမႈလို႔ ဆိုႏိုင္ေအာင္ ထိုက္တန္တယ္လို႔ ထင္မိၿပီး တန္ဖိုးရွိေၾကာင္း ျပသႏိုင္ခဲ့တဲ့ အခိုက္အတန႔္လည္း ျဖစ္ခဲ့ပါတယ္။


သူရဲေကာင္း အပိုင္းအစ (၄) = လာကာဇက္
ေနာက္ပိုင္းပြဲေတြမွာ ေတာက္ေလွ်ာက္ေျခစြမ္းျပေနခဲ့တဲ့ လာကာဇက္တစ္ေယာက္ ေနာက္ဆုံး ၁၅ မိနစ္မွာ ဝင္ကစားၿပီး ဂိုးမရခဲ့ေပမယ့္ အဖြင့္ဂိုးသြင္းယူဖို႔ ခံစစ္ကစားသမားေတြၾကားထဲက ေနရာလြတ္ ရွာေဖြေပးခဲ့သလို သူ႔ရဲ႕ ေခါင္းတိုက္ခ်ေပးတဲ့ ေဘာလုံးက စမစ္႐ိုးအတြက္ ဂိုးတစ္ဂိုးျဖစ္ေစခဲ့တာပါ။ အာတီတာရဲ႕ တိုက္စစ္မွာ လာကာ-ဆာကာ-စမစ္႐ိုးကေတာ့ အေကာင္းဆုံးျဖစ္ေၾကာင္းလည္း ဒီေန႔မွာ သက္ေသျပႏိုင္ဖို႔ ခ်ိတ္ဆက္ခဲ့တဲ့ ေနာက္ဆုံးအပိုင္းအစလည္းျဖစ္ခဲ့ပါတယ္။


ဒီအပိုင္းအစ ၄ ပိုင္း ဆက္စပ္ရင္းနဲ႔ ေဈးဝယ္ထြက္ေနတဲ့ တီယာနီ၊ ေမႊစက္ကေလး စမစ္႐ိုး၊ တစ္လုံးဆို ဆိုသေလာက္ ဆာကာနဲ႔ ေနရာယူတတ္လြန္းသူႀကီး လာကာတို႔ အားလုံး စုံလင္သြားခ်ိန္မွာေတာ့ နယူးကာဆယ္လ္တို႔ ၿပိဳလဲခဲ့သလို ဂိုးေပါက္ေပ်ာက္ေနတဲ့ အူဘာမီယန္းကပါ လမ္းႀကဳံဝင္အားေပးသြားႏိုင္ခဲ့တာျဖစ္လို႔ တစ္ပိုင္းခ်င္း အရွိန္တက္လာတာ ေနာက္ဆုံးအပိုင္းမွာ ေရခ်ိန္မွန္သြားခဲ့တာလို႔လည္း ဟာသဆန္ဆန္ ေတြးရမလိုျဖစ္ခဲ့ၿပီး မွတ္မွတ္ထင္ထင္ ျမင္ခဲ့ရတဲ့ အခ်က္အလက္ေတြနဲ႔ သူရဲေကာင္းေတြအျဖစ္ စုစည္းေဖာ္ျပေပးလိုက္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.