Premier League

10 Jan နံနက်ခင်း နောက်ဆုံးရချဲလ်ဆီးသတင်းများ


-ဝက်စ်ဟမ်းကွင်းလယ်ကြယ်ပွင့် ဒီကလန်ရိုက်စ်ဟာ မန်ချက်စတာယူနိုက်တက်ကို မပြောင်းရွှေ့လိုဘဲ လန်ဒန်မှာသာ ဆက်နေချင်တယ်လို့ ၎င်းရဲ့အရင်းနှီးဆုံးသူငယ်ချင်းကို ပြောကြားခဲ့တယ်လို့ The Mirror က ဖော်ပြခဲ့ပြီး ဆိုးလ်ရှားရဲ့အသင်းကို ပြောင်းရွှေ့မယ့်အစား စတန်းဖို့ဒ်ဘရစ်ဂျ်ကိုပဲ ပြန်ပြောင်းရွှေ့ဖို့ ပိုစိတ်ဝင်စားနေတယ်လို့ သိရ။


-ပေါလ် မာဆန်က ချဲလ်ဆီးအသင်းမှာ ဖြစ်ပျက်နေတဲ့ရလဒ်ဆိုးတွေကို ပြောင်းလဲပစ်နိုင်ဖို့ နည်းပြ ဖရန့်လမ်းပတ်အနေနဲ့ အချိန်ဘယ်လောက်အထိ များများရနိုင်မလဲဆိုတာ မသေချာဘူးလို့ ဝန်ခံပြောကြားခဲ့ပြီး ၎င်းရဲ့ အကောင်းဆုံးအသင်းကို မသိသေးတာ ကြီးမားတဲ့ပြဿနာဖြစ်တယ်လို့ ယုံကြည်နေသလို တိုက်စစ်မှာလည်း နောက်ထပ်အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ လိုဦးမယ်လို့ ပြောကြားခဲ့။


-ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်ဟာ တကယ်လို့ ရလဒ်တွေ တိုးတက်အောင် မလုပ်နိုင်ခဲ့ဘူးဆိုရင် တစ်ခါတုန်းက ကစားသမားဘဝအဖြစ်နဲ့ အထုတ်ခံခဲ့ရသလို နည်းပြအဖြစ်နဲ့လည်း နောက်ထပ်တစ်ကြိမ် ထုတ်ပယ်နိုင်တယ်ဆိုတာကို သိရှိနေပြီး အသင်းပိုင်ရှင်အေဘရာမိုဗစ်ချ်အနေနဲ့ မဖြစ်မနေ လိုအပ်လာရင် အပြောင်းအလဲလုပ်ဖို့ အခွင့်အာဏာရှိတယ်လို့ သိရှိနေ။


-ချဲလ်ဆီးအသင်းဟာ လိုက်ပ်ဇစ်အသင်းရဲ့ နောက်ခံကစားသမား အူပါမီကာနိုကို ခေါ်ယူဖို့အတွက် ပြိုင်ပွဲထဲ ဝင်ရောက်ဖို့ အဆင်သင့်ရှိနေတယ်လို့ Mail က ဖော်ပြခဲ့ပြီး အသက် ၂၂ နှစ်အရွယ်ကစားသမားရဲ့ စာချုပ်လျော်ကြေးဟာ ပေါင်သန်း ၄၀ ဝန်းကျင်သာရှိတာကြောင့် ဥရောပအကောင်းဆုံးလူငယ်ခံစစ်ကစားသမားတွေထဲကတစ်ယောက်အနေနဲ့တော့ စျေးချိုနေတာဖြစ်။


-ချဲလ်ဆီးအသင်း နည်းပြဖရန့်လမ်းပတ်က ပရီးမီးယားလိဂ်တလွှားမှာ ကူးစက်မှုနှုန်းမြင့်တက်လာပြီးနောက်ပိုင်း ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တဲ့ကစားသမားတွေကို အသင်းတွေအနေနဲ့ အပြစ်ပေးသင့်တယ်လို့ ယုံကြည်နေပြီး နယူးရီးယားညမှာ ဖူလ်ဟမ်တိုက်စစ်မှူး မီထရိုဗစ်နဲ့အတူ ပါတီဆင်နွှဲခဲ့တဲ့ မီလီဗိုဂျီဗစ်ကို ပဲလေ့စ်နည်းပြ ရွိုင်းဟော့ဒ်ဆန်က ၎င်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွက် အသင်းခေါင်းဆောင်ခန့်အပ်ခဲ့တာဖြစ်။


-ချဲလ်ဆီးအသင်းဟာ အီကွေဒေါလူငယ်ကြယ်ပွင့် မွိုက်စ် ကိုင်ဆဲဒိုးကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ အသင်း ၅ သင်းထဲက တစ်သင်းဖြစ်ပြီး စတန်းဖို့ဒ်ဘရစ်ဂျ်ကို ခေါ်ယူဖို့ဆိုရင် မြန်မြန်ဆန်ဆန် လုပ်ဆောင်သွားမှ ဖြစ်နိုင်လိမ့်မယ်လို့ Daily Star က ဖော်ပြခဲ့ပြီး ကိုင်ဆဲဒိုးဟာ မန်ချက်စတာယူနိုက်တက်ဟာ ၎င်းရဲ့အနှစ်သက်ဆုံးအသင်းဖြစ်တယ်လို့ ပြောကြားခဲ့ပေမယ့် အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့နဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေက တိုးတက်မှု မရှိခဲ့တာဖြစ်။


-အက်စ်တွန်ဗီလာအသင်းနဲ့ပွဲစဉ်က ခရစ္စတင်ဆန်ရဲ့ အဖြစ်အပျက်ကို ယနေ့ခေတ်တုံ့ပြန်မှုနဲ့ပတ်သက်ပြီး နည်းပြလမ်းပတ်က ဒေါသထွက်ခဲ့ပြီး ယင်းပွဲစဉ်က ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် အခုအချိန်အထိ ကစားနိုင်ခြင်းမရှိသေးပေမယ့် ဒဏ်ရာကအရမ်းမဆိုးတာကြောင့် စနေနေ့မှာ အသင်းနဲ့ ပြန်လည်လေ့ကျင့်ရေးဆင်းနိုင်လိမ့်မယ်လို့ ပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


-ဝက်စ်ဟမ်းကွင်းလယ်ကြယ်ပွင့် ဒီကလန်ရိုက်စ်ဟာ မန်ချက်စတာယူနိုက်တက်ကို မပြောင်းရွှေ့လိုဘဲ လန်ဒန်မှာသာ ဆက်နေချင်တယ်လို့ ၎င်းရဲ့အရင်းနှီးဆုံးသူငယ်ချင်းကို ပြောကြားခဲ့တယ်လို့ The Mirror က ဖော်ပြခဲ့ပြီး ဆိုးလ်ရှားရဲ့အသင်းကို ပြောင်းရွှေ့မယ့်အစား စတန်းဖို့ဒ်ဘရစ်ဂ်ျကိုပဲ ပြန်ပြောင်းရွှေ့ဖို့ ပိုစိတ်ဝင်စားနေတယ်လို့ သိရ။




-ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်ဟာ တကယ်လို့ ရလဒ်တွေ တိုးတက်အောင် မလုပ်နိုင်ခဲ့ဘူးဆိုရင် တစ်ခါတုန်းက ကစားသမားဘဝအဖြစ်နဲ့ အထုတ်ခံခဲ့ရသလို နည်းပြအဖြစ်နဲ့လည်း နောက်ထပ်တစ်ကြိမ် ထုတ်ပယ်နိုင်တယ်ဆိုတာကို သိရှိနေပြီး အသင်းပိုင်ရှင်အေဘရာမိုဗစ်ခ်ျအနေနဲ့ မဖြစ်မနေ လိုအပ်လာရင် အပြောင်းအလဲလုပ်ဖို့ အခွင့်အာဏာရှိတယ်လို့ သိရှိနေ။


-ချဲလ်ဆီးအသင်းဟာ လိုက်ပ်ဇစ်အသင်းရဲ့ နောက်ခံကစားသမား အူပါမီကာနိုကို ခေါ်ယူဖို့အတွက် ပြိုင်ပွဲထဲ ဝင်ရောက်ဖို့ အဆင်သင့်ရှိနေတယ်လို့ Mail က ဖော်ပြခဲ့ပြီး အသက် ၂၂ နှစ်အရွယ်ကစားသမားရဲ့ စာချုပ်လျော်ကြေးဟာ ပေါင်သန်း ၄၀ ဝန်းကျင်သာရှိတာကြောင့် ဥရောပအကောင်းဆုံးလူငယ်ခံစစ်ကစားသမားတွေထဲကတစ်ယောက်အနေနဲ့တော့ ဈေးချိုနေတာဖြစ်။




-ချဲလ်ဆီးအသင်းဟာ အီကွေဒေါလူငယ်ကြယ်ပွင့် မွိုက်စ် ကိုင်ဆဲဒိုးကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ အသင်း ၅ သင်းထဲက တစ်သင်းဖြစ်ပြီး စတန်းဖို့ဒ်ဘရစ်ဂ်ျကို ခေါ်ယူဖို့ဆိုရင် မြန်မြန်ဆန်ဆန် လုပ်ဆောင်သွားမှ ဖြစ်နိုင်လိမ့်မယ်လို့ Daily Star က ဖော်ပြခဲ့ပြီး ကိုင်ဆဲဒိုးဟာ မန်ချက်စတာယူနိုက်တက်ဟာ ၎င်းရဲ့အနှစ်သက်ဆုံးအသင်းဖြစ်တယ်လို့ ပြောကြားခဲ့ပေမယ့် အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့နဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေက တိုးတက်မှု မရှိခဲ့တာဖြစ်။



REF: INTERNET SOURCES
SPORTS A2Z.