Premier League

10 Jan နံနက်ခင်း နောက်ဆုံးရမန်ချက်စတာယူနိုက်တက်သတင်းများစုစည်းမှု


-မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားက ဝက်ဖို့ဒ်အသင်းကို အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်ကို ပေါ့ဂ်ဘာ၊ လုခ်ရှော၊ လင်ဒီလော့ဖ်တို့ဟာ ဒဏ်ရာကြောင့် လွဲချော်ခဲ့တာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး ဝက်ဖို့ဒ်နဲ့ပွဲစဉ်အတွင်း ဦးခေါင်းဒဏ်ရာရရှိခဲ့တဲ့ အဲရစ်ဘိုင်လီရဲ့အခြေအနေကိုလည်း စစ်ဆေးသွားမယ်လို့ ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် မက်တော်မီနေးက စနေနေ့ညက ဝက်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်မှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူကစားရမယ်လို့ ပြောကြားခြင်းခံခဲ့ရတဲ့အချိန်မှာ ထူးခြားတဲ့အခိုက်အတံ့ဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပြီး ၅ နှစ်သားကတည်းက အသင်းမှာရှိနေခဲ့တာဖြစ်တာကြောင့် ၎င်းအတွက် ကြီးမားတဲ့ဂုဏ်ယူစရာကိစ္စဖြစ်တယ်လို့ ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက် နည်းပြအိုလေဂန်နာဆိုးလ်ရှားက အက်ဖ်အေဖလားစတုတ္ထအဆင့်ကို တက်ရောက်နိုင်ခဲ့လို့ ပျော်ရွှင်ခဲ့ရပေမယ့် အပြောင်းအလဲများစွာ ပြုလုပ်ထားတဲ့ ၎င်းရဲ့အသင်းစွမ်းဆောင်ရည်ကြောင့် စိတ်ပျက်ခဲ့ရပြီး အစပိုင်းမှာ ကောင်းမွန်ခဲ့သလောက် ပုံစံပျက်ပြီး ဘောလုံးတွေလည်း အများကြီး ဆုံးရှုံးခဲ့ရတယ်လို့ ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမား အဲရစ်ဘိုင်လီဟာ ဝက်ဖို့ဒ်အသင်းကို အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ် ပထမပိုင်းမှာ ဒင်းဟန်ဒါဆင်နဲ့ ထိခိုက်မိပြီး ဟယ်ရီမက်ဂွိုင်းယားနဲ့ လူစားလဲလှယ်ခြင်း ခံခဲ့ရပြီးနောက် စိတ်ပူနေကြတဲ့ ပရိသတ်တွေကို ဘာမှမဖြစ်ဘဲ အဆင်ပြေကြောင်း တွစ်တာလူမှုကွန်ရက်နေတဆင့် သတင်းစကားပါးခဲ့။


-မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရီယိုဖာဒီနန်က ယခုရာသီ မန်ချက်စတာယူနိုက်တက်အသင်း ပရီးမီးယားလိဂ်ဖလားကို ရနိုင်မလားဆိုတာကို ပြောကြားဖို့ ငြင်းဆန်သွားခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၉ ချန်ပီယံလိဂ်မှာတုန်းက ပီအက်စ်ဂျီကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ ဆိုးလ်ရှားအနေနဲ့ သူ့ကိုယ်ပိုင်စာချုပ်ကို လက်မှတ်ရေးထိုးသင့်တယ်လို့ ပြောကြားပြီးနောက်ပိုင်း ယူနိုက်တက်ရဲ့ဆိုးရွားတဲ့ရလဒ်တွေကြောင့် ဝေဖန်မှုများစွာခံခဲ့ရတာကြောင့် နောက်ထပ် Memes အဖြစ်မခံနိုင်တော့ဘူးလို့ ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက် အပယ်ခံ ဂျက်ဆီလင်ဂတ်ကို အင်တာမီလန်အသင်းက အငှားနဲ့ ခေါ်ယူဖို့အတွက် ပစ်မှတ်ထားနေတယ်လို့ The Mirror က ဖော်ပြခဲ့ပြီး အင်တာမီလန်နည်းပြ ကွန်တီဟာ နေရာစုံကစားနိုင်တဲ့ အင်္ဂလန်ကွင်းလယ်ကစားသမားကို အလွန်နှစ်သက်သူဖြစ်တာကြောင့် ဆန်စီရိုကို ခေါ်ယူချင်နေတာဖြစ်တယ်လို့ သိရ။


-ချဲလ်ဆီးအသင်းက ပစ်မှတ်ထားနေတဲ့ ဝက်စ်ဟမ်းကွင်းလယ်ကြယ်ပွင့် ဒီကလန်ရိုက်စ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့အတွက် စိတ်ဝင်စားခြင်းမရှိဘူးလို့ The Mirror ရဲ့သတင်းအရ သိရပြီး အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ဟာ မန်ချက်စတာကို ပြောင်းဖို့ စိတ်မဝင်စားဘဲ လန်ဒန်မှာသာ ဆက်ရှိနေချင်တယ်လို့ ၎င်းရဲ့အခင်ဆုံးသူငယ်ချင်းကို ပြောကြားခဲ့။


-ဝက်ဖို့ဒ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ မက်တော်မီနေးက အသင်းဖော် ဂျက်ဆီလင်ဂတ်ရဲ့ စွမ်းဆောင်ရည်ကို ချီးကျူး ပြောကြားခဲ့ပြီး စက်တင်ဘာလက ဘရိုက်တန်နဲ့ ကစားခဲ့တဲ့ ကရာဘောင်ဖလားပွဲစဉ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ကစားခဲ့တဲ့ လင်ဂတ်ဟာ အလွန်ကောင်းမွန်ခဲ့ပြီး ဝက်ဖို့ဒ်အတွက် စစ်မှန်တဲ့ပြဿနာတွေ ဖြစ်စေခဲ့တယ်လို့ ပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


-မန္ခ်က္စတာယူနိုက္တက္နည္းျပဆိုးလ္ရွားက ဝက္ဖို႔ဒ္အသင္းကို အနိုင္ရရွိခဲ့တဲ့ အက္ဖ္ေအဖလားပြဲစဥ္ကို ေပါ့ဂ္ဘာ၊ လုခ္ေရွာ၊ လင္ဒီေလာ့ဖ္တို႔ဟာ ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့တာျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး ဝက္ဖို႔ဒ္နဲ႔ပြဲစဥ္အတြင္း ဦးေခါင္းဒဏ္ရာရရွိခဲ့တဲ့ အဲရစ္ဘိုင္လီရဲ့အေျခအေနကိုလည္း စစ္ေဆးသြားမယ္လို႔ ေျပာၾကားခဲ့။


-မန္ခ်က္စတာယူနိုက္တက္ကြင္းလယ္ၾကယ္ပြင့္ မက္ေတာ္မီေနးက စေနေန႔ညက ဝက္ဖို႔ဒ္နဲ႔ ကစားခဲ့တဲ့ အက္ဖ္ေအဖလားတတိယအဆင့္ပြဲစဥ္မွာ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူကစားရမယ္လို႔ ေျပာၾကားျခင္းခံခဲ့ရတဲ့အခ်ိန္မွာ ထူးျခားတဲ့အခိုက္အတံ့ျဖစ္ခဲ့တယ္လို႔ ေျပာၾကားခဲ့ၿပီး ၅ ႏွစ္သားကတည္းက အသင္းမွာရွိေနခဲ့တာျဖစ္တာေၾကာင့္ ၎အတြက္ ႀကီးမားတဲ့ဂုဏ္ယူစရာကိစၥျဖစ္တယ္လို႔ ေျပာၾကားခဲ့။


-မန္ခ်က္စတာယူနိုက္တက္ နည္းျပအိုေလဂန္နာဆိုးလ္ရွားက အက္ဖ္ေအဖလားစတုတၳအဆင့္ကို တက္ေရာက္နိုင္ခဲ့လို႔ ေပ်ာ္ရႊင္ခဲ့ရေပမယ့္ အေျပာင္းအလဲမ်ားစြာ ျပဳလုပ္ထားတဲ့ ၎ရဲ့အသင္းစြမ္းေဆာင္ရည္ေၾကာင့္ စိတ္ပ်က္ခဲ့ရၿပီး အစပိုင္းမွာ ေကာင္းမြန္ခဲ့သေလာက္ ပုံစံပ်က္ၿပီး ေဘာလုံးေတြလည္း အမ်ားႀကီး ဆုံးရႈံးခဲ့ရတယ္လို႔ ေျပာၾကားခဲ့။


-မန္ခ်က္စတာယူနိုက္တက္ေနာက္ခံကစားသမား အဲရစ္ဘိုင္လီဟာ ဝက္ဖို႔ဒ္အသင္းကို အနိုင္ရရွိခဲ့တဲ့ အက္ဖ္ေအဖလားပြဲစဥ္ ပထမပိုင္းမွာ ဒင္းဟန္ဒါဆင္နဲ႔ ထိခိုက္မိၿပီး ဟယ္ရီမက္ဂြိဳင္းယားနဲ႔ လူစားလဲလွယ္ျခင္း ခံခဲ့ရၿပီးေနာက္ စိတ္ပူေနၾကတဲ့ ပရိသတ္ေတြကို ဘာမွမျဖစ္ဘဲ အဆင္ေျပေၾကာင္း တြစ္တာလူမႈကြန္ရက္ေနတဆင့္ သတင္းစကားပါးခဲ့။


-မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္ ရီယိုဖာဒီနန္က ယခုရာသီ မန္ခ်က္စတာယူနိုက္တက္အသင္း ပရီးမီးယားလိဂ္ဖလားကို ရနိုင္မလားဆိုတာကို ေျပာၾကားဖို႔ ျငင္းဆန္သြားခဲ့ၿပီး ၿပီးခဲ့တဲ့ ၂၀၁၉ ခ်န္ပီယံလိဂ္မွာတုန္းက ပီအက္စ္ဂ်ီကို အနိုင္ရရွိခဲ့တဲ့ပြဲအၿပီးမွာ ဆိုးလ္ရွားအေနနဲ႔ သူ႔ကိုယ္ပိုင္စာခ်ဳပ္ကို လက္မွတ္ေရးထိုးသင့္တယ္လို႔ ေျပာၾကားၿပီးေနာက္ပိုင္း ယူနိုက္တက္ရဲ့ဆိုးရြားတဲ့ရလဒ္ေတြေၾကာင့္ ေဝဖန္မႈမ်ားစြာခံခဲ့ရတာေၾကာင့္ ေနာက္ထပ္ Memes အျဖစ္မခံနိုင္ေတာ့ဘူးလို႔ ေျပာၾကားခဲ့။


-မန္ခ်က္စတာယူနိုက္တက္ အပယ္ခံ ဂ်က္ဆီလင္ဂတ္ကို အင္တာမီလန္အသင္းက အငွားနဲ႔ ေခၚယူဖို႔အတြက္ ပစ္မွတ္ထားေနတယ္လို႔ The Mirror က ေဖာ္ျပခဲ့ၿပီး အင္တာမီလန္နည္းၿပ ကြန္တီဟာ ေနရာစုံကစားနိုင္တဲ့ အဂၤလန္ကြင္းလယ္ကစားသမားကို အလြန္ႏွစ္သက္သူျဖစ္တာေၾကာင့္ ဆန္စီရိုကို ေခၚယူခ်င္ေနတာျဖစ္တယ္လို႔ သိရ။


-ခ်ဲလ္ဆီးအသင္းက ပစ္မွတ္ထားေနတဲ့ ဝက္စ္ဟမ္းကြင္းလယ္ၾကယ္ပြင့္ ဒီကလန္ရိုက္စ္ဟာ မန္ခ်က္စတာယူနိုက္တက္အသင္းကို ေျပာင္းေရႊ႕ဖို႔အတြက္ စိတ္ဝင္စားျခင္းမရွိဘူးလို႔ The Mirror ရဲ့သတင္းအရ သိရၿပီး အဂၤလန္ကြင္းလယ္ၾကယ္ပြင့္ဟာ မန္ခ်က္စတာကို ေျပာင္းဖို႔ စိတ္မဝင္စားဘဲ လန္ဒန္မွာသာ ဆက္ရွိေနခ်င္တယ္လို႔ ၎ရဲ့အခင္ဆုံးသူငယ္ခ်င္းကို ေျပာၾကားခဲ့။


-ဝက္ဖို႔ဒ္ကို ၁-၀ နဲ႔ အနိုင္ရရွိခဲ့တဲ့ အက္ဖ္ေအဖလား တတိယအဆင့္ပြဲစဥ္မွာ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူခဲ့တဲ့ မက္ေတာ္မီေနးက အသင္းေဖာ္ ဂ်က္ဆီလင္ဂတ္ရဲ့ စြမ္းေဆာင္ရည္ကို ခ်ီးက်ဴး ေျပာၾကားခဲ့ၿပီး စက္တင္ဘာလက ဘရိုက္တန္နဲ႔ ကစားခဲ့တဲ့ ကရာေဘာင္ဖလားပြဲစဥ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ျပန္လည္ကစားခဲ့တဲ့ လင္ဂတ္ဟာ အလြန္ေကာင္းမြန္ခဲ့ၿပီး ဝက္ဖို႔ဒ္အတြက္ စစ္မွန္တဲ့ျပႆနာေတြ ျဖစ္ေစခဲ့တယ္လို႔ ေျပာၾကားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.