Premier League Transfer News

10 Jan နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအတွက် အက်ဖ်အေဖလားမှာ နောက်တစ်ဆင့် တက်ရောက်စေမယ့် အနိုင်ဂိုးကို ရှာဖွေပေးနိုင်ခဲ့တဲ့ ကွင်းလယ်လူ အီမီးလ် စမစ်ရိုးက အနီကတ် အပြမခံရလို့ စိတ်သက်သာရာရမိကြောင်းနဲ့ သူ့ရဲ့ ကလေးဘဝကတည်းက ကစားလာတဲ့ အသင်းအတွက် ခြေစွမ်းပြနေနိုင်လို့ ပျော်ရွှင်ကြောင်းဆို။

– အာဆင်နယ်အသင်းကနေ ထွက်ခွာတော့မယ့် နောက်ခံလူ ဆိုကရာတစ် ပါပါစတာသိုပူးလော့စ်အတွက်တော့ အာရုံများစရာဖြစ်နေပြီး ဂျီနိုအာနဲ့ ချိတ်ဆက်နေတဲ့ သူ့ကို ဖီနာဘာချီဘက်က ကမ်းလှမ်းထားသလို နောက်ဆုံးအနေနဲ့ လာလီဂါကလပ် ရီးရဲလ် ဘက်တစ်အသင်းကလည်း ချိတ်ဆက်လာ။

– အာဆင်နယ်အသင်းရဲ့ နောက်ဆုံးပွဲတွေမှာ ဆက်တိုက်ခြေစွမ်းပြနေခဲ့တဲ့ ကွင်းလယ်လူ အီမီးလ် စမစ်ရိုးဟာ သူတို့ရဲ့ အဓိက ကစားသမားနဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်လာနိုင်သူဖြစ်ပြီး ဖီးလ် ဖိုဒန်နဲ့ ဂျေဒန် ဆန်ချိုတို့ကို အမီလိုက်နိုင်မယ့်သူလို့ အာတီတာ ချီးကျူး။

– အမြဲတမ်း နာနေတဲ့ ကျောဒဏ်ရာ၊ ခဏခဏ ဖြစ်ပွားနေတဲ့ အဖျားရောဂါနဲ့ အဝေးကွင်းဆိုရင် လူစာရင်းက ပျောက်ဆုံးနေတာဟာ အသင်းကို အကျိုးပြုနေတာလားလို့ နောက်ခံလူဟောင်းကြီး မာတင် ကီးယွန်းက အိုဇေးလ်ကို မေးခွန်းထုတ်လိုက်ပြီး အသင်းက ထွက်ခါနီးမှ မီဒီယာပေါ်မှာ အမျိုးမျိုးပြောပြီး မိကျောင်းမျက်ရည်လာလုပ်မနေနဲ့လို့ တိုက်ခိုက်သွားခဲ့။

– အသင်းဂန္ထဝင်တိုက်စစ်မှူးကြီး အီယန်ရိုက်ကတော့ နယူးကာဆယ်လ်နဲ့ပွဲမှာ အဆိုးရွားဆုံး ခြေစွမ်းနဲ့ ကစားသမားနှစ်ဦးကို ရွေးထုတ် သွားခဲ့ပြီး ဝီလီယန်နဲ့ နီကိုလာ ပေပေတို့ရဲ့ ပုံစံက ဆိုးရွားကြောင်းနဲ့ အာတီတာမှာ တခြားကစားသမားကောင်းတွေ ရှိသေးလို့သာ တော်တော့တယ်လို့ ဝေဖန်။

– နယူးကာဆယ်လ်နဲ့ပွဲမှာ ပွဲထွက်ကစားခိုင်းဖို့ ပြင်ဆင်ထားတဲ့ ဂါဘရီယယ်လ် မာတီနယ်လီရဲ့ ဒဏ်ရာက ခြေကျင်းဝတ် လည်သွားတာ ဖြစ်ပြီး အခြေအနေကြည့်ရတာတော့ သိပ်မကောင်းကြောင်းနဲ့ အသေးစိတ် စစ်ဆေးပြီးမှသာ နားရမယ့်ရက်ကို သိရှိနိုင်မယ်လို့ နည်းပြ အာတီတာ ပြောကြား။

– နောက်ဆုံးပွဲတွေမှာ ဝင်ကစားတိုင်း ခြေစွမ်းမပြနိုင်ဘဲဖြစ်နေခဲ့တဲ့ ဘရာဇီးလ်ကွင်းလယ်လူ ဝီလီယန်ကို အာဆင်နယ်ပရိသတ်တွေနဲ့ စောင့်ကြည့်လေ့လာသူတွေက ဝင်းဂါးရဲ့ စကွီလာချီနဲ့ အမ်မရီရဲ့ လစ်ချ်စတိုင်နာတို့လို့ ကစားသမားတွေကို အမီလိုက်မယ့်သူလို့ လှောင်ပြောင်နေကြ။

– ဒေါ့မွန်အသင်းအနေနဲ့ အာဆင်နယ်အသင်းက အလိုရှိနေတဲ့ ဂျူလီယန် ဘရန့်ဒ်ကို ရောင်းချပေးဖို့ အဆင်သင့်ဖြစ်နေပေမယ့်လည်း အိုဇေးလ်က အသင်းမပြောင်းသေးသလို လီယွန်က ဦးစားပေးပစ်မှတ် ဟူဆင်းမ် အောဝါအပြင် ပီအက်စ်ဂျီရဲ့ ဒရက်ဆလာတို့လို ပြင်သစ်မြေက ပစ်မှတ်တွေကိုလည်း စဉ်းစားနေတာကြောင့် ကွင်းလယ်အားဖြည့်မှုအတွက် ပုံပေါ်လာဖို့က ကြန့်ကြာမယ်လို့ သုံးသပ်နေကြ။

– အရေးကြီးတဲ့ အချိန်မျိုးမှာ ဂိုးသမားကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားရတာဟာ ဆုလာဘ်တစ်ခုဖြစ်ကြောင်း နယူးကာဆယ်လ်နဲ့ ဒုတိယပိုင်းပြီးခါနီးမှာ နှစ်ကြိမ်တိုင်တိုင် ကာကွယ်ပေးခဲ့တဲ့ ဘန်းဒ် လီနိုအတွက် နည်းပြ အာတီတာက ကျေးဇူးတင်စကားဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအတြက္ အက္ဖ္ေအဖလားမွာ ေနာက္တစ္ဆင့္ တက္ေရာက္ေစမယ့္ အႏိုင္ဂိုးကို ရွာေဖြေပးႏိုင္ခဲ့တဲ့ ကြင္းလယ္လူ အီမီးလ္ စမစ္႐ိုးက အနီကတ္ အျပမခံရလို႔ စိတ္သက္သာရာရမိေၾကာင္းနဲ႔ သူ႔ရဲ႕ ကေလးဘဝကတည္းက ကစားလာတဲ့ အသင္းအတြက္ ေျခစြမ္းျပေနႏိုင္လို႔ ေပ်ာ္႐ႊင္ေၾကာင္းဆို။

– အာဆင္နယ္အသင္းကေန ထြက္ခြာေတာ့မယ့္ ေနာက္ခံလူ ဆိုကရာတစ္ ပါပါစတာသိုပူးေလာ့စ္အတြက္ေတာ့ အာ႐ုံမ်ားစရာျဖစ္ေနၿပီး ဂ်ီႏိုအာနဲ႔ ခ်ိတ္ဆက္ေနတဲ့ သူ႔ကို ဖီနာဘာခ်ီဘက္က ကမ္းလွမ္းထားသလို ေနာက္ဆုံးအေနနဲ႔ လာလီဂါကလပ္ ရီးရဲလ္ ဘက္တစ္အသင္းကလည္း ခ်ိတ္ဆက္လာ။

– အာဆင္နယ္အသင္းရဲ႕ ေနာက္ဆုံးပြဲေတြမွာ ဆက္တိုက္ေျခစြမ္းျပေနခဲ့တဲ့ ကြင္းလယ္လူ အီမီးလ္ စမစ္႐ိုးဟာ သူတို႔ရဲ႕ အဓိက ကစားသမားနဲ႔ ၾကယ္ပြင့္တစ္ပြင့္ျဖစ္လာႏိုင္သူျဖစ္ၿပီး ဖီးလ္ ဖိုဒန္နဲ႔ ေဂ်ဒန္ ဆန္ခ်ိဳတို႔ကို အမီလိုက္ႏိုင္မယ့္သူလို႔ အာတီတာ ခ်ီးက်ဴး။

– အၿမဲတမ္း နာေနတဲ့ ေက်ာဒဏ္ရာ၊ ခဏခဏ ျဖစ္ပြားေနတဲ့ အဖ်ားေရာဂါနဲ႔ အေဝးကြင္းဆိုရင္ လူစာရင္းက ေပ်ာက္ဆုံးေနတာဟာ အသင္းကို အက်ိဳးျပဳေနတာလားလို႔ ေနာက္ခံလူေဟာင္းႀကီး မာတင္ ကီးယြန္းက အိုေဇးလ္ကို ေမးခြန္းထုတ္လိုက္ၿပီး အသင္းက ထြက္ခါနီးမွ မီဒီယာေပၚမွာ အမ်ိဳးမ်ိဳးေျပာၿပီး မိေက်ာင္းမ်က္ရည္လာလုပ္မေနနဲ႔လို႔ တိုက္ခိုက္သြားခဲ့။

– အသင္းဂႏၴဝင္တိုက္စစ္မႉးႀကီး အီယန္႐ိုက္ကေတာ့ နယူးကာဆယ္လ္နဲ႔ပြဲမွာ အဆိုး႐ြားဆုံး ေျခစြမ္းနဲ႔ ကစားသမားႏွစ္ဦးကို ေ႐ြးထုတ္ သြားခဲ့ၿပီး ဝီလီယန္နဲ႔ နီကိုလာ ေပေပတို႔ရဲ႕ ပုံစံက ဆိုး႐ြားေၾကာင္းနဲ႔ အာတီတာမွာ တျခားကစားသမားေကာင္းေတြ ရွိေသးလို႔သာ ေတာ္ေတာ့တယ္လို႔ ေဝဖန္။

– နယူးကာဆယ္လ္နဲ႔ပြဲမွာ ပြဲထြက္ကစားခိုင္းဖို႔ ျပင္ဆင္ထားတဲ့ ဂါဘရီယယ္လ္ မာတီနယ္လီရဲ႕ ဒဏ္ရာက ေျခက်င္းဝတ္ လည္သြားတာ ျဖစ္ၿပီး အေျခအေနၾကည့္ရတာေတာ့ သိပ္မေကာင္းေၾကာင္းနဲ႔ အေသးစိတ္ စစ္ေဆးၿပီးမွသာ နားရမယ့္ရက္ကို သိရွိႏိုင္မယ္လို႔ နည္းျပ အာတီတာ ေျပာၾကား။

– ေနာက္ဆုံးပြဲေတြမွာ ဝင္ကစားတိုင္း ေျခစြမ္းမျပႏိုင္ဘဲျဖစ္ေနခဲ့တဲ့ ဘရာဇီးလ္ကြင္းလယ္လူ ဝီလီယန္ကို အာဆင္နယ္ပရိသတ္ေတြနဲ႔ ေစာင့္ၾကည့္ေလ့လာသူေတြက ဝင္းဂါးရဲ႕ စကြီလာခ်ီနဲ႔ အမ္မရီရဲ႕ လစ္ခ်္စတိုင္နာတို႔လို႔ ကစားသမားေတြကို အမီလိုက္မယ့္သူလို႔ ေလွာင္ေျပာင္ေနၾက။

– ေဒါ့မြန္အသင္းအေနနဲ႔ အာဆင္နယ္အသင္းက အလိုရွိေနတဲ့ ဂ်ဴလီယန္ ဘရန႔္ဒ္ကို ေရာင္းခ်ေပးဖို႔ အဆင္သင့္ျဖစ္ေနေပမယ့္လည္း အိုေဇးလ္က အသင္းမေျပာင္းေသးသလို လီယြန္က ဦးစားေပးပစ္မွတ္ ဟူဆင္းမ္ ေအာဝါအျပင္ ပီအက္စ္ဂ်ီရဲ႕ ဒရက္ဆလာတို႔လို ျပင္သစ္ေျမက ပစ္မွတ္ေတြကိုလည္း စဥ္းစားေနတာေၾကာင့္ ကြင္းလယ္အားျဖည့္မႈအတြက္ ပုံေပၚလာဖို႔က ၾကန႔္ၾကာမယ္လို႔ သုံးသပ္ေနၾက။

– အေရးႀကီးတဲ့ အခ်ိန္မ်ိဳးမွာ ဂိုးသမားေကာင္းတစ္ေယာက္ကို ပိုင္ဆိုင္ထားရတာဟာ ဆုလာဘ္တစ္ခုျဖစ္ေၾကာင္း နယူးကာဆယ္လ္နဲ႔ ဒုတိယပိုင္းၿပီးခါနီးမွာ ႏွစ္ႀကိမ္တိုင္တိုင္ ကာကြယ္ေပးခဲ့တဲ့ ဘန္းဒ္ လီႏိုအတြက္ နည္းျပ အာတီတာက ေက်းဇူးတင္စကားဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.