Match Report Premier League

အိုးလ်ထရက်ဖို့ဒ်မှာ အမှားအယွင်းမရှိ နောက်တစ်ဆင့်တက်တဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့ပွဲမှာတော့ ပွဲဆက်များနေတဲ့ ကစားသမားတွေကို အနားပေးခဲ့ပြီး ခံစစ်မှာ ဘိုင်လီနဲ့ တွမ်ဇီဘီတို့ကို တွဲပေးခဲ့သလို ညာခြမ်းမှာ ဘရန်ဒန် ဝီလီယမ်စ်က ကစားခဲ့ပြီး ဗန်ဒဘိခ်၊ ဂျိမ်းစ်၊ မာတာ၊ လင်ဂတ်၊ ဂရင်းဝုဒ်တို့ကို အသင်းခေါင်းဆောင် အဖြစ် မက်တော်မီနေးက တာဝန်ယူခဲ့ပါတယ်။

ပွဲစပြီး ၄ မိနစ်မှာ ဘယ်တောင်ပံကနေ ဂျိမ်းစ် ကန်ခွင့်ရခဲ့ပေမယ့် ဝတ်ဖို့ဒ်ဂိုးသမား ဘက်ချ်မန်း ကာကွယ်သွားခဲ့ပြီး ဒီကနေရတဲ့ ထောင့်ကန်ဘောကိုတော့ အဲလက်စ် တဲလက်စ် ကန်ပို့ရာမှာ ကွင်းလယ်လူ မက်တော်မီနေးက မြေထောက်ခေါင်းတိုက်ချက်နဲ့ အဖွင့်ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာတော့ ဝတ်ဖို့ဒ်ရဲ့ ဖရီးကစ်ကနေ ရတဲ့ အခွင့်အရေးကို မာဆီနာ ကန်သွင်းရာမှာ တွမ်ဇီဘီ ရှင်းထုတ်နိုင်ခဲ့ပေမယ့် မာဆီနာဆီပဲ ပြန်ရောက်တော့မယ့် အခြေအနေကနေ ဟန်ဒါဆန် ပြန်လည်ကာကွယ်နိုင်ခဲ့လို့ ယူနိုက်တက်တို့ ဂိုးမပေးရဘဲ ရှိခဲ့ပါတယ်။

ဝတ်ဖို့ဒ်ကတော့ နတ်ရေကန်ထဲ ပစ်ချလိုက်သလိုဆိုတဲ့ စကားရဲ့ ပြောင်းပြန်ဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ကို ရောက်သွားချိန်မှာ ကစားအား၊ ရုန်းအားနဲ့ နိုင်ပွဲဆာလောင်စိတ်မျိုး မရှိတော့သလို အသင်းခေါင်းဆောင် ဒီးနီကို ခေါက်ထားခဲ့ပြီးနောက်ပိုင်းမှာ အစ္စမိုင်လာ ဆားရ်ဟာလည်း စာရွက်ပေါ်က နာမည်တစ်ခုပဲဖြစ်နေခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ထောင့်ကန်ဘောကနေ လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့်ရတဲ့ ဘိုင်လီရဲ့ ကြိုးစားမှုက ဘေးထွက်သွားခဲ့သလို တွဲလုံးတွေကနေ လှလှပပရရှိသွားခဲ့တဲ့ မာတာရဲ့ ကန်ချက်ကိုတော့ ဝတ်ဖို့ဒ်ဂိုးသမား ထောင့်ပိတ်ပြီး ကာကွယ်နိုင်ခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ ယူနိုက်တက်တို့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ အမြင့်ဘောတွေ ကာကွယ်ပုံ ညံ့နေတဲ့ ဝတ်ဖို့ဒ်ဘက်ကို မက်ဂွိုင်းယားက ခြိမ်းခြောက်ခဲ့ပေမယ့် လွဲချော်ခဲ့သလို ဂျိမ်းစ်နဲ့ လူစားဝင်ကစားသမား ရက်ရှ်ဖို့ဒ်တို့ရဲ့ ကန်ချက်တွေကိုလည်း ဘက်ချ်မန်းကာကွယ်သွားနိုင်ခဲ့တာကြောင့် ဂိုးတော့ ထပ်မံရရှိခြင်း မရှိခဲ့ဘဲ ပထမပိုင်းက ရလဒ်အတိုင်းပဲ ပြီးဆုံးခဲ့ပါတယ်။

ဒီပွဲကို အနိုင်ရရှိခဲ့တဲ့ ယူနိုက်တက်တို့အနေနဲ့ အက်ဖ်အေဖလားရဲ့ စတုတ္ထအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီး လာမယ့် တနင်္လာနေ့မှာ မဲခွဲရေးဆွဲမှုကနေ ပြိုင်ဘက်အသင်းကို သိရမှာဖြစ်သလို ကွင်းလယ်လူ မက်တော်မီနေးရဲ့ ခြေစွမ်းတက်လာမှုကတော့ ဒီနေ့ပွဲရဲ့ ပြောစရာ၊ ဂုဏ်ယူစရာအဖြစ် ပရိသတ်တွေ ကျေနပ်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာေတာ့ ပြဲဆက္မ်ားေနတဲ့ ကစားသမားေတြကို အနားေပးခဲ့ၿပီး ခံစစ္မွာ ဘိုင္လီနဲ႔ တြမ္ဇီဘီတို႔ကို တြဲေပးခဲ့သလို ညာျခမ္းမွာ ဘရန္ဒန္ ဝီလီယမ္စ္က ကစားခဲ့ၿပီး ဗန္ဒဘိခ္၊ ဂ်ိမ္းစ္၊ မာတာ၊ လင္ဂတ္၊ ဂရင္းဝုဒ္တို႔ကို အသင္းေခါင္းေဆာင္ အျဖစ္ မက္ေတာ္မီေနးက တာဝန္ယူခဲ့ပါတယ္။

ပြဲစၿပီး ၄ မိနစ္မွာ ဘယ္ေတာင္ပံကေန ဂ်ိမ္းစ္ ကန္ခြင့္ရခဲ့ေပမယ့္ ဝတ္ဖို႔ဒ္ဂိုးသမား ဘက္ခ်္မန္း ကာကြယ္သြားခဲ့ၿပီး ဒီကေနရတဲ့ ေထာင့္ကန္ေဘာကိုေတာ့ အဲလက္စ္ တဲလက္စ္ ကန္ပို႔ရာမွာ ကြင္းလယ္လူ မက္ေတာ္မီေနးက ေျမေထာက္ေခါင္းတိုက္ခ်က္နဲ႔ အဖြင့္ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၁၅ မိနစ္မွာေတာ့ ဝတ္ဖို႔ဒ္ရဲ႕ ဖရီးကစ္ကေန ရတဲ့ အခြင့္အေရးကို မာဆီနာ ကန္သြင္းရာမွာ တြမ္ဇီဘီ ရွင္းထုတ္ႏိုင္ခဲ့ေပမယ့္ မာဆီနာဆီပဲ ျပန္ေရာက္ေတာ့မယ့္ အေျခအေနကေန ဟန္ဒါဆန္ ျပန္လည္ကာကြယ္ႏိုင္ခဲ့လို႔ ယူႏိုက္တက္တို႔ ဂိုးမေပးရဘဲ ရွိခဲ့ပါတယ္။

ဝတ္ဖို႔ဒ္ကေတာ့ နတ္ေရကန္ထဲ ပစ္ခ်လိုက္သလိုဆိုတဲ့ စကားရဲ႕ ေျပာင္းျပန္ျဖစ္ခဲ့ၿပီး ပရီးမီးယားလိဂ္ကေန ခ်န္ပီယံရွစ္ကို ေရာက္သြားခ်ိန္မွာ ကစားအား၊ ႐ုန္းအားနဲ႔ ႏိုင္ပြဲဆာေလာင္စိတ္မ်ိဳး မရွိေတာ့သလို အသင္းေခါင္းေဆာင္ ဒီးနီကို ေခါက္ထားခဲ့ၿပီးေနာက္ပိုင္းမွာ အစၥမိုင္လာ ဆားရ္ဟာလည္း စာ႐ြက္ေပၚက နာမည္တစ္ခုပဲျဖစ္ေနခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ေထာင့္ကန္ေဘာကေန လြတ္လြတ္ကြၽတ္ကြၽတ္ ေခါင္းတိုက္ခြင့္ရတဲ့ ဘိုင္လီရဲ႕ ႀကိဳးစားမႈက ေဘးထြက္သြားခဲ့သလို တြဲလုံးေတြကေန လွလွပပရရွိသြားခဲ့တဲ့ မာတာရဲ႕ ကန္ခ်က္ကိုေတာ့ ဝတ္ဖို႔ဒ္ဂိုးသမား ေထာင့္ပိတ္ၿပီး ကာကြယ္ႏိုင္ခဲ့လို႔ ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ ယူႏိုက္တက္တို႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ အျမင့္ေဘာေတြ ကာကြယ္ပုံ ညံ့ေနတဲ့ ဝတ္ဖို႔ဒ္ဘက္ကို မက္ဂြိဳင္းယားက ၿခိမ္းေျခာက္ခဲ့ေပမယ့္ လြဲေခ်ာ္ခဲ့သလို ဂ်ိမ္းစ္နဲ႔ လူစားဝင္ကစားသမား ရက္ရွ္ဖို႔ဒ္တို႔ရဲ႕ ကန္ခ်က္ေတြကိုလည္း ဘက္ခ်္မန္းကာကြယ္သြားႏိုင္ခဲ့တာေၾကာင့္ ဂိုးေတာ့ ထပ္မံရရွိျခင္း မရွိခဲ့ဘဲ ပထမပိုင္းက ရလဒ္အတိုင္းပဲ ၿပီးဆုံးခဲ့ပါတယ္။

ဒီပြဲကို အႏိုင္ရရွိခဲ့တဲ့ ယူႏိုက္တက္တို႔အေနနဲ႔ အက္ဖ္ေအဖလားရဲ႕ စတုတၳအဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ၿပီး လာမယ့္ တနလၤာေန႔မွာ မဲခြဲေရးဆြဲမႈကေန ၿပိဳင္ဘက္အသင္းကို သိရမွာျဖစ္သလို ကြင္းလယ္လူ မက္ေတာ္မီေနးရဲ႕ ေျခစြမ္းတက္လာမႈကေတာ့ ဒီေန႔ပြဲရဲ႕ ေျပာစရာ၊ ဂုဏ္ယူစရာအျဖစ္ ပရိသတ္ေတြ ေက်နပ္ႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.