Other Leagues

အသင္းေဟာင္းယူႏုိက္တက္ကို အႏုိင္ယူဖို႔ ျပင္ဆင္ထားတယ္ဆုိတဲ့ ရြန္နီ

UNICODE: ဒါဘီကောင်တီအသင်းမှာ ကစားသမားနဲ့ နည်းပြအဖွဲ့ဝင်အဖြစ် ဆောင်ရွက်နေတဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီက အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ရမယ့် အက်ဖ်အေဖလားပွဲမတိုင်ခင် လက်ရှိအသင်းနဲ့အတူ နိုင်ပွဲရယူနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ များစွာပြုလုပ်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက်ဟာ ပရိုက်ပါ့ခ်ကွင်းမှာ ဒါဘီနဲ့ သွားကစားရမှာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းက ဒါဘီအသင်းကို ရောက်လာခဲ့တဲ့ ရွန်နီအတွက်တော့ ဒီပွဲက အမှတ်ရစရာ ပြန်လည်ဆုံတွေ့မှုတစ်ခုလည်းဖြစ်နေပါတယ်။ ယူနိုက်တက်ကနေ ထွက်ပြီးနောက် လူငယ်ဘဝအသင်း အဲဗာတန်အသင်းနဲ့အတူ အသင်းဟောင်းကို (၂)ကြိမ်ရင်ဆိုင်ခဲ့ရာမှာတော့ (၂)ကြိမ်စလုံး ရှုံးနိမ့်ခဲ့ပါတယ်။

အသက်(၃၄)နှစ်အရွယ်ရလာပြီဖြစ်တဲ့ ဒီအင်္ဂလန်တိုက်စစ်မှူးဟောင်းဟာ မန်ချက်စတာယူနိုက်တက်ကစားသမားဘဝမှာ နည်းပြ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ လက်အောက်တုန်းက အောင်မြင်မှုတွေရခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူကိုယ်တိုင် ဂိုးသွင်းအားကျဆင်လာခဲ့သလို အသင်းနဲ့အတူ ကစားသမားဘ၀ နေဝင်ချိန်မှာ အောင်မြင်မှုရခဲ့တာဆိုလို့ ၂၀၁၆ ခုနှစ်က အက်ဖ်အေဖလားကို နောက်ဆုံးရယူနိုင်ခဲ့တာပဲရှိပါတယ်။

အဲဒီနှစ်က အက်ဖ်အေဖလားကို နည်းပြ လူးဝစ်ဗန်ဟားလ်နဲ့အတူ ရခဲ့တာဖြစ်ပြီး တိုက်ဆိုင်တာတစ်ခုကတော့ ၂၀၁၆ အက်ဖ်အေဖလားချန်ပီယံဖြစ်ခဲ့ရာမှာ လက်ရှိအသင်းဖြစ်တဲ့ ဒါဘီအသင်းနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်သလို အဲဒီပွဲမှာ ကိုက်(၂၀)အကွာက ရွန်နီ သွင်းခဲ့တဲ့ဂိုးကလည်း အမှတ်ရစရာဖြစ်ခဲ့ပါတယ်။ ရွန်နီအနေနဲ့ မန်ချက်စတာယူနိုက်တက်မှာ (၁၃)နှစ်တာကစားပေးခဲ့တဲ့ကာလအတွင်း (၂၅၃)ဂိုးအထိသွင်းနိုင်ခဲ့သလို အဓိကဆုဖလား(၁၁)လုံးအထိရခဲ့ပါတယ်။

“မန်ချက်စတာယူနိုက်တက်မှာ ရှိခဲ့တဲ့အချိန်တွေက အံ့မခန်းပါပဲ။ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ တခြားရနိုင်သမျှ ဆုဖလားတွေအားလုံး ယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နိမ့်ကျတဲ့အချိန်တွေလည်း ရှိခဲ့ဖူးပါတယ်။ မန်ချက်စတာမှာ နေ့စဉ်သွားလိုက်လာလိုက်၊ ဘောလုံးကန်လိုက်နဲ့ နေခဲ့ရတာတွေကို မြတ်နိုးပါတယ်။ အမှတ်တရကောင်းလေးတွေအဖြစ် ကျန်ရစ်ခဲ့ပေမယ့် အခုတော့ ပွဲချိန် မိနစ်(၉၀)အတွင်းမှာပဲဖြစ်ဖြစ် (၁၂၀)မိနစ်အတွင်းမှာပဲဖြစ်ဖြစ် သူတို့ကို ကျွန်တော် ရှုံးပွဲကြုံစေချင်ပါတယ်။ ကျွန်တော်တို့ ဒါဘီအသင်း နောက်တစ်ဆင့်တက်အောင်ပဲ ကြိုးစားသွားမယ်”လို့ ရွန်နီက ပွဲကြိုစကားပြောကြားသွားကြောင်းလည်း သိရှိရပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

ZAWGYI: ဒါဘီေကာင္တီအသင္းမွာ ကစားသမားနဲ႔ နည္းျပအဖြဲ႕ဝင္အျဖစ္ ေဆာင္ရြက္ေနတဲ့ မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မွဴးေဟာင္း ၀ိန္းရြန္နီက အသင္းေဟာင္းနဲ႔ ျပန္လည္ရင္ဆုိင္ရမယ့္ အက္ဖ္ေအဖလားပြဲမတိုင္ခင္ လက္ရွိအသင္းနဲ႔အတူ ႏိုင္ပြဲရယူႏိုင္ဖို႔ ႀကဳိတင္ျပင္ဆင္မွဳေတြ မ်ားစြာျပဳလုပ္ျပင္ဆင္ထားတယ္လို႔ ဆိုပါတယ္။

အက္ဖ္ေအဖလားပဥၥမအဆင့္ပြဲစဥ္အျဖစ္ မန္ခ်က္စတာယူႏိုက္တက္ဟာ ပရိုက္ပါ့ခ္ကြင္းမွာ ဒါဘီနဲ႔ သြားကစားရမွာျဖစ္ၿပီး ၿပီးခဲ့တဲ့ ဇန္န၀ါရီလဆန္းပိုင္းက ဒါဘီအသင္းကို ေရာက္လာခဲ့တဲ့ ရြန္နီအတြက္ေတာ့ ဒီပြဲက အမွတ္ရစရာ ျပန္လည္ဆုံေတြ႕မွဳတစ္ခုလည္းျဖစ္ေနပါတယ္။ ယူႏုိက္တက္ကေန ထြက္ၿပီးေနာက္ လူငယ္ဘဝအသင္း အဲဗာတန္အသင္းနဲ႔အတူ အသင္းေဟာင္းကို (၂)ႀကိမ္ရင္ဆိုင္ခဲ့ရာမွာေတာ့ (၂)ႀကိမ္စလံုး ရွဳံးနိမ့္ခဲ့ပါတယ္။

အသက္(၃၄)ႏွစ္အရြယ္ရလာၿပီျဖစ္တဲ့ ဒီအဂၤလန္တုိက္စစ္မွဴးေဟာင္းဟာ မန္ခ်က္စတာယူႏိုက္တက္ကစားသမားဘ၀မွာ နည္းျပ ဆာအဲလက္စ္ဖာဂူဆန္ရဲ႕ လက္ေအာက္တုန္းက ေအာင္ျမင္မႈေတြရခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ သူကိုယ္တိုင္ ဂိုးသြင္းအားက်ဆင္လာခဲ့သလို အသင္းနဲ႔အတူ ကစားသမားဘ၀ ေန၀င္ခ်ိန္မွာ ေအာင္ျမင္မႈရခဲ့တာဆိုလို႔ ၂၀၁၆ ခုႏွစ္က အက္ဖ္ေအဖလားကို ေနာက္ဆုံးရယူႏုိင္ခဲ့တာပဲရွိပါတယ္။

အဲဒီႏွစ္က အက္ဖ္ေအဖလားကို နည္းျပ လူး၀စ္ဗန္ဟားလ္နဲ႔အတူ ရခဲ့တာျဖစ္ၿပီး တိုက္ဆိုင္တာတစ္ခုကေတာ့ ၂၀၁၆ အက္ဖ္ေအဖလားခ်န္ပီယံျဖစ္ခဲ့ရာမွာ လက္ရွိအသင္းျဖစ္တဲ့ ဒါဘီအသင္းနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္သလို အဲဒီပြဲမွာ ကိုက္(၂၀)အကြာက ရြန္နီ သြင္းခဲ့တဲ့ဂိုးကလည္း အမွတ္ရစရာျဖစ္ခဲ့ပါတယ္။ ရြန္နီအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္မွာ (၁၃)ႏွစ္တာကစားေပးခဲ့တဲ့ ကာလအတြင္း (၂၅၃)ဂိုးအထိ သြင္းႏိုင္ခဲ့သလို အဓိကဆုဖလား(၁၁)လံုးအထိ ရခဲ့ပါတယ္။

“မန္ခ်က္စတာယူႏိုက္တက္မွာ ရွိခဲ့တဲ့အခ်ိန္ေတြက အံ့မခန္းပါပဲ။ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္နဲ႔ တျခားရႏိုင္သမွ် ဆုဖလားေတြအားလံုး ယူႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ နိမ့္က်တဲ့အခ်ိန္ေတြလည္း ရွိခဲ့ဖူးပါတယ္။ မန္ခ်က္စတာမွာ ေန႔စဥ္သြားလိုက္လာလိုက္၊ ေဘာလံုးကန္လိုက္နဲ႔ ေနခဲ့ရတာေတြကို ျမတ္ႏိုးပါတယ္။ အမွတ္တရေကာင္းေလးေတြအျဖစ္ က်န္ရစ္ခဲ့ေပမယ့္ အခုေတာ့ ပြဲခ်ိန္ မိနစ္(၉၀)အတြင္းမွာပဲျဖစ္ျဖစ္ (၁၂၀)မိနစ္အတြင္းမွာပဲျဖစ္ျဖစ္ သူတို႔ကို ကၽြန္ေတာ္ ရႈံးပြဲႀကံဳေစခ်င္ပါတယ္။ ကၽြန္ေတာ္တို႔ ဒါဘီအသင္း ေနာက္တစ္ဆင့္တက္ေအာင္ပဲ ႀကိဳးစားသြားမယ္”လို႔ ရြန္နီက ပြဲႀကဳိစကားေျပာၾကားသြားေၾကာင္းလည္း သိရွိရပါတယ္။

REF: THE SUN
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.