Other Leagues

လက်ထောက်နည်းပြနဲ့အချင်းများခဲ့တဲ့ လီယွန်နယ်မက်ဆီ

(Unicode)

ပြီးခဲ့တဲ့ဆန်းဒေးက El Classico ဒါဘီပွဲမှာ ဘာစီလိုနာအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းကို နှစ်ဂိုးပြတ်နဲ့အရေးနိမ့်ခဲ့ရပါတယ်။ ဒီအရှုံးကြောင့် အဆင့်တစ်နေရာကို လက်လွှတ်ရခြင်းနဲ့အတူ အသင်းတွင်းမှာလည်း ပြသနာအနည်းငယ်ရှိလာခဲ့ပါတယ်။ အကြောင်းကတော့ ဘာစီလိုနာအသင်းရဲ့ လက်ထောက်နည်းပြ ဆာယာဘီယာရဲ့ ပွဲချိန်အတွင်း ကွင်းဘေးအမူအရာတွေအတွက် ကစားသမားတွေအနေနဲ့ မနှစ်မြို့ခဲ့ကြတာပါ။

ဆာယာဘီယာဟာ ပွဲချိန်တစ်လျှောက်လုံး ကွင်းဘေးကနေ ကစားသမားတွေကို မာန်မဲခြင်း၊ ဆူပူခြင်းနဲ့ ရန်လိုတဲ့အမူအရာတွေကိုလုပ်ဆောင်ခဲ့ပါတယ်။ ပထမပိုင်း ၄၅မိနစ်အတွင်းက ဂရေ့စ်မန်းရဲ့ လွဲချော်မှုကို ဆာယာဘီယာက “သောက်ရေးမပါဘူး။ ကန်ထည့်လိုက်စမ်းပါ အန်တိုနီ။ တကယ့်ငရဲလိုပဲ” လို့ ပြောကြားခဲ့ပါတယ်။ အမည်မသိရတဲ့နောက်ထပ်ကစားသမားတစ်ယောက်ကိုလည်း “သူလုပ်ရမယ့်ဟာ ဘာတစ်ခုမှလုပ်မနေဘူး” လို့ ရှုံ့ချခဲ့ပါတယ်။

ဒါ့အပြင်အသင်းနည်းပြကိုလည်း နည်းစနစ်ပိုင်းနဲ့ပတ်သတ်လို့ နောက်တန်းရဲ့နေရာယူပုံအကြောင်း ပြောကြားခဲ့ပါတယ်။ အသင်းခေါင်းဆောင်လီယွန်နယ်မက်ဆီကိုလည်း တစ်ခေါက်အော်ဟစ်ကြိမ်းမောင်းခဲ့ပါသေးတယ်။ ဘာစီလိုနာအသင်းကစားသမားတွေဟာ လက်ထောက်နည်းပြ ဆာယာဘီယာရဲ့အပြုအမူတွေနဲ့ပတ်သတ်လို့ စိတ်ပျက်ခဲ့ကြပြီး အသင်းကို ဦးဆောင်နိုင်မယ့်သူမဟုတ်ဘူးလို့ ပြောဆိုခဲ့ကြတယ်လို့ဆိုပါတယ်။ မက်ဆီကတော့ ဆာယာဘီယာနဲ့ တိုက်ရိုက်စကားပြောဆိုခဲ့ပြီး သူတို့နှစ်ဦးရဲ့စကားဝိုင်းဟာ အပေါင်းလက္ခဏာမဆန်ခဲ့ဘူးလို့ ESPN သတင်းထောက်ကပြောကြားခဲ့ပါတယ်။

လာမယ့်ပွဲတွေမှာရော ဆာယာဘီယာတစ်ယောက် ကွင်းဘေးမှာ ဘယ်လိုပုံစံဖြစ်နေမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

Ref:Goal
SportsA2Z
Htoo Pyae Sone

(Zawgyi)

ၿပီးခဲ့တဲ့ဆန္းေဒးက El Classico ဒါဘီပြဲမွာ ဘာစီလိုနာအသင္းဟာ ရီးရဲလ္မက္ဒရစ္အသင္းကို ႏွစ္ဂိုးျပတ္နဲ႔အေရးနိမ့္ခဲ့ရပါတယ္။ ဒီအရႈံးေၾကာင့္ အဆင့္တစ္ေနရာကို လက္လႊတ္ရျခင္းနဲ႔အတူ အသင္းတြင္းမွာလည္း ျပသနာအနည္းငယ္ရွိလာခဲ့ပါတယ္။ အေၾကာင္းကေတာ့ ဘာစီလိုနာအသင္းရဲ႕ လက္ေထာက္နည္းျပ ဆာယာဘီယာရဲ႕ ပြဲခ်ိန္အတြင္း ကြင္းေဘးအမူအရာေတြအတြက္ ကစားသမားေတြအေနနဲ႔ မႏွစ္ၿမိဳ႕ခဲ့ၾကတာပါ။

ဆာယာဘီယာဟာ ပြဲခ်ိန္တစ္ေလွ်ာက္လုံး ကြင္းေဘးကေန ကစားသမားေတြကို မာန္မဲျခင္း၊ ဆူပူျခင္းနဲ႔ ရန္လိုတဲ့အမူအရာေတြကိုလုပ္ေဆာင္ခဲ့ပါတယ္။ ပထမပိုင္း ၄၅မိနစ္အတြင္းက ဂေရ႕စ္မန္းရဲ႕ လြဲေခ်ာ္မႈကို ဆာယာဘီယာက “ေသာက္ေရးမပါဘူး။ ကန္ထည့္လိုက္စမ္းပါ အန္တိုနီ။ တကယ့္ငရဲလိုပဲ” လို႔ ေျပာၾကားခဲ့ပါတယ္။ အမည္မသိရတဲ့ေနာက္ထပ္ကစားသမားတစ္ေယာက္ကိုလည္း “သူလုပ္ရမယ့္ဟာ ဘာတစ္ခုမွလုပ္မေနဘူး” လို႔ ရႈံ႕ခ်ခဲ့ပါတယ္။

ဒါ့အျပင္အသင္းနည္းျပကိုလည္း နည္းစနစ္ပိုင္းနဲ႔ပတ္သတ္လို႔ ေနာက္တန္းရဲ႕ေနရာယူပုံအေၾကာင္း ေျပာၾကားခဲ့ပါတယ္။ အသင္းေခါင္းေဆာင္လီယြန္နယ္မက္ဆီကိုလည္း တစ္ေခါက္ေအာ္ဟစ္ႀကိမ္းေမာင္းခဲ့ပါေသးတယ္။ ဘာစီလိုနာအသင္းကစားသမားေတြဟာ လက္ေထာက္နည္းျပ ဆာယာဘီယာရဲ႕အျပဳအမူေတြနဲ႔ပတ္သတ္လို႔ စိတ္ပ်က္ခဲ့ၾကၿပီး အသင္းကို ဦးေဆာင္ႏိုင္မယ့္သူမဟုတ္ဘူးလို႔ ေျပာဆိုခဲ့ၾကတယ္လို႔ဆိုပါတယ္။ မက္ဆီကေတာ့ ဆာယာဘီယာနဲ႔ တိုက္႐ိုက္စကားေျပာဆိုခဲ့ၿပီး သူတို႔ႏွစ္ဦးရဲ႕စကားဝိုင္းဟာ အေပါင္းလကၡဏာမဆန္ခဲ့ဘူးလို႔ ESPN သတင္းေထာက္ကေျပာၾကားခဲ့ပါတယ္။

လာမယ့္ပြဲေတြမွာေရာ ဆာယာဘီယာတစ္ေယာက္ ကြင္းေဘးမွာ ဘယ္လိုပုံစံျဖစ္ေနမလဲဆိုတာကေတာ့ စိတ္ဝင္စားစရာပါပဲ။

Ref:Goal
SportsA2Z
Htoo Pyae Sone