Match Report Premier League

အချိန်ပိုဒုတိယပိုင်းအထိ ရုန်းခဲ့ရပြီးမှ အအောင်မြင်ဆုံးဖလားမှာ နောက်တစ်ဆင့်တက်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ အူဘာမီယန်းနဲ့ မာတီနယ်လီကို အထောင်နဲ့ ဘယ်ခြမ်းမှာ တွဲပေးဖို့ စီစဉ်ခဲ့ပေမယ့် သွေးပူလုပ်နေတုန်း ရရှိသွားခဲ့တဲ့ ဒဏ်ရာကြောင့် နယ်လ်ဆန်နဲ့ လူစားလဲကစားခဲ့ရသလို ကစားသမားကောင်းတွေကို အသုံးပြုခဲ့ပေမယ့် အဆင်မပြေတဲ့ ပုံစံနဲ့ပဲ ပွဲထွက်လာခဲ့ပါတယ်။

ပထမပိုင်းမှာ အာဆင်နယ်တို့ ဘောလုံးပိုင်ဆိုင်မှု ၆၁ ရာခိုင်နှုန်း၊ သေချာတဲ့ ပေးပို့မှု ၉၁ ရာခိုင်နှုန်းနဲ့ ဖိကစားခဲ့ပေမယ့် ပေပေ၊ ဝီလီယန်၊ အူဘာမီယန်းတို့ရဲ့ တိုက်စစ်က အလုပ်မဖြစ်သလို ဒဏ်ရာကနေ ပြန်လာတဲ့ နယ်လ်ဆန်ကလည်း ခြေစွမ်းမပြနိုင်တာကြောင့် ကီရန် တီယာနီအနေနဲ့ အလွန်အကျွံ ရုန်းကန်နေခဲ့ရပါတယ်။

ပေပေနဲ့ အူဘာမီယန်းတို့ရဲ့ ကန်ချက်တွေကို နယူးကာဆယ်လ်အသင်းရဲ့ ဒဏ်ရာက သက်သာလာတဲ့ ဦးစားပေးဂိုးသမားဟောင်း ဒူဘရက်ဗ်ကာ ကာကွယ်သွားနိုင်ခဲ့လို့ ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ပြီး ကွင်းလယ်ဖန်တီးမှုနဲ့ တွဲလုံးတွေကတော့ အားရစရာ မရှိခဲ့တာကိုလည်း တွေ့ရပါတယ်။

ဒုတိယပိုင်းမှာ နယူးကာဆယ်လ်တို့ အာဆင်နယ်ကို ရှိန်မနေတော့ဘဲ ထိုက်သင့်တဲ့ တိုက်စစ်ဟန်ချက်ကို ပြန်လည်တိုးမြှင့်ကစားလာခဲ့သလို လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားခဲ့တဲ့ ငယ်မူပြန် တိုက်စစ်မှူး အန်ဒီ ကာရိုးလ်ရဲ့ ၅၆ မိနစ် ကန်ချက်က တိုင်ဘေးက ထွက်သွားခဲ့တာက အိမ်ရှင်တွေကို ကံကောင်းစေခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ အာဆင်နယ်တို့ ထပ်မံတိုက်စစ်ဆင်ခဲ့ပေမယ့် အူဘာမီယန်းရဲ့ အမြင့်ဘော မကစားတတ်တာ၊ ပေပေရဲ့ Shot Technique မရှိတာတွေကို ဆာကာနဲ့ စမစ်ရိုးတို့နှစ်ဦးတည်းနဲ့ မကူညီနိုင်ဘဲဖြစ်နေခဲ့ပြီး ကာရိုးလ်ရဲ့ နာကျင်အချိန်ပို ကန်ချက်ကို လီနို ကာကွယ်နိုင်ခဲ့သလို စမစ်ရိုးကတော့ VAR ကြောင့် အနီကတ်ကို ရှောင်လွှဲနိုင်ခဲ့ပါတယ်။

မိနစ် ၉၀ မှာလည်း ဂိုးမရှိသရေဖြစ်နေတာကြောင့် အချိန်ပို ဆက်ကစားခဲ့ရာမှာ ချာကာရဲ့ Rainbow ကန်ချက်ကို ဒူဘရက်ဗ်ကာက သူပြန်လာပြီဆိုတဲ့ အမှတ်အသားနဲ့ လက်စွမ်းပြ ပုတ်ထုတ်ခဲ့ပြန်ပြီး အူဘာမီယန်းကတော့ ပင်နယ်တီ တောင်းဆိုခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာ အာဆင်နယ်တို့ တိုက်စစ်က အခွင့်အရေးတချို့ ဖန်တီးနိုင်ခဲ့ပေမယ့် အကောင်းဆုံးတော့ မဟုတ်ခဲ့တာကြောင့် နယူးကာဆယ်လ်တို့ ကာကွယ်သွားခဲ့ပြီး ခံစစ်က အယ်လ်နန်နီ အမှားများခဲ့ပေမယ့်လည်း တစ်ဖက်ရှေ့တန်းကစားသမားတွေ ကုန်နေခဲ့ကြပြီး လိုက်အားပြေးအား နည်းနေခဲ့လို့ သက်သာခဲ့ရပါတယ်။

အချိန်ပို ဒုတိယပိုင်းမှာတော့ အာဆင်နယ်ဘက်က ပေပေအား လာကာဇက်နဲ့ နယူးကာဆယ်ဘက်က ကာရိုးလ်အစား ဒွိုက်ဂိုင်းလ်တို့ကို လဲကစားခဲ့ပြီး တိုက်စစ်မှာ ပိုမိုအဆုံးသတ်နိုင်ဖို့ ပြင်ဆင်ပြီး ပွဲချိန် ၁၀၈ မိနစ်မှာတော့ ခံစစ်က ကီရန် ကလာ့ခ် လူပေးမှားတဲ့ ဘောလုံးကို လာကာဇက်က ခေါင်းတိုက်ချ ပေးရာမှာ စမစ်ရိုးက အနိမ့်ဘော ထောင့်ဖြတ်ကန်သွင်းပြီး အာဆင်နယ်တို့အတွက် ဦးဆောင်ဂိုး ရယူနိုင်ခဲ့ပါတယ်။

ပွဲချိန် ၁၁၇ မိနစ်မှာတော့ ဖိကစားနေတဲ့ အာဆင်နယ်တို့ ဒုတိယဦးဆောင်ဂိုး ထပ်ရခဲ့ပြီး ဘယ်ခြမ်းကနေ တစ်ချိန်လုံး ခြေစွမ်းပြနေခဲ့တဲ့ တီယာနီက ချာကာ ထိုးပေးတဲ့ ဘောလုံးကို ချိုးပေးခဲ့တာကို ဂိုးသွင်းနှုန်း ကျဆင်းနေလို့ ဝေဖန်ခံနေခဲ့ရတဲ့ အူဘာမီယန်းက ပိတ်သွင်းပြီး အနိုင်အတွက် ပိုမိုသေချာလာစေခဲ့ပါတယ်။

အချိန် ၁၂၀ မိနစ် ပြည့်ချိန်မှာတော့ အိမ်ကွင်းမှာ အာဆင်နယ်တို့ အောင်ပွဲခံနိုင်ခဲ့ပြီး သူတို့တွေရဲ့ စံချိန်တင်မှတ်တမ်းနဲ့ အက်ဖ်အေဖလားကို ကာကွယ်နိုင်ဖို့ စတုတ္ထအဆင့်ဆီ တက်ရောက်သွားနိုင်ခဲ့သလို ပိုမိုအတွဲမိလာခဲ့တဲ့ နောက်ဆုံးပိုင်း ၁၅ မိနစ် အခိုက်အတန့်နဲ့ အာတီတာတို့အဖွဲ့ အောင်ပွဲခံနိုင်ခဲ့ပါကြောင်း ရေးသားတင်ဆက်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ အူဘာမီယန္းနဲ႔ မာတီနယ္လီကို အေထာင္နဲ႔ ဘယ္ျခမ္းမွာ တြဲေပးဖို႔ စီစဥ္ခဲ့ေပမယ့္ ေသြးပူလုပ္ေနတုန္း ရရွိသြားခဲ့တဲ့ ဒဏ္ရာေၾကာင့္ နယ္လ္ဆန္နဲ႔ လူစားလဲကစားခဲ့ရသလို ကစားသမားေကာင္းေတြကို အသုံးျပဳခဲ့ေပမယ့္ အဆင္မေျပတဲ့ ပုံစံနဲ႔ပဲ ပြဲထြက္လာခဲ့ပါတယ္။

ပထမပိုင္းမွာ အာဆင္နယ္တို႔ ေဘာလုံးပိုင္ဆိုင္မႈ ၆၁ ရာခိုင္ႏႈန္း၊ ေသခ်ာတဲ့ ေပးပို႔မႈ ၉၁ ရာခိုင္ႏႈန္းနဲ႔ ဖိကစားခဲ့ေပမယ့္ ေပေပ၊ ဝီလီယန္၊ အူဘာမီယန္းတို႔ရဲ႕ တိုက္စစ္က အလုပ္မျဖစ္သလို ဒဏ္ရာကေန ျပန္လာတဲ့ နယ္လ္ဆန္ကလည္း ေျခစြမ္းမျပႏိုင္တာေၾကာင့္ ကီရန္ တီယာနီအေနနဲ႔ အလြန္အကြၽံ ႐ုန္းကန္ေနခဲ့ရပါတယ္။

ေပေပနဲ႔ အူဘာမီယန္းတို႔ရဲ႕ ကန္ခ်က္ေတြကို နယူးကာဆယ္လ္အသင္းရဲ႕ ဒဏ္ရာက သက္သာလာတဲ့ ဦးစားေပးဂိုးသမားေဟာင္း ဒူဘရက္ဗ္ကာ ကာကြယ္သြားႏိုင္ခဲ့လို႔ ပထမပိုင္းမွာ ဂိုးမရွိသေရက်ေနခဲ့ၿပီး ကြင္းလယ္ဖန္တီးမႈနဲ႔ တြဲလုံးေတြကေတာ့ အားရစရာ မရွိခဲ့တာကိုလည္း ေတြ႕ရပါတယ္။

ဒုတိယပိုင္းမွာ နယူးကာဆယ္လ္တို႔ အာဆင္နယ္ကို ရွိန္မေနေတာ့ဘဲ ထိုက္သင့္တဲ့ တိုက္စစ္ဟန္ခ်က္ကို ျပန္လည္တိုးျမႇင့္ကစားလာခဲ့သလို လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္သြားခဲ့တဲ့ ငယ္မူျပန္ တိုက္စစ္မႉး အန္ဒီ ကာ႐ိုးလ္ရဲ႕ ၅၆ မိနစ္ ကန္ခ်က္က တိုင္ေဘးက ထြက္သြားခဲ့တာက အိမ္ရွင္ေတြကို ကံေကာင္းေစခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ အာဆင္နယ္တို႔ ထပ္မံတိုက္စစ္ဆင္ခဲ့ေပမယ့္ အူဘာမီယန္းရဲ႕ အျမင့္ေဘာ မကစားတတ္တာ၊ ေပေပရဲ႕ Shot Technique မရွိတာေတြကို ဆာကာနဲ႔ စမစ္႐ိုးတို႔ႏွစ္ဦးတည္းနဲ႔ မကူညီႏိုင္ဘဲျဖစ္ေနခဲ့ၿပီး ကာ႐ိုးလ္ရဲ႕ နာက်င္အခ်ိန္ပို ကန္ခ်က္ကို လီႏို ကာကြယ္ႏိုင္ခဲ့သလို စမစ္႐ိုးကေတာ့ VAR ေၾကာင့္ အနီကတ္ကို ေရွာင္လႊဲႏိုင္ခဲ့ပါတယ္။

မိနစ္ ၉၀ မွာလည္း ဂိုးမရွိသေရျဖစ္ေနတာေၾကာင့္ အခ်ိန္ပို ဆက္ကစားခဲ့ရာမွာ ခ်ာကာရဲ႕ Rainbow ကန္ခ်က္ကို ဒူဘရက္ဗ္ကာက သူျပန္လာၿပီဆိုတဲ့ အမွတ္အသားနဲ႔ လက္စြမ္းျပ ပုတ္ထုတ္ခဲ့ျပန္ၿပီး အူဘာမီယန္းကေတာ့ ပင္နယ္တီ ေတာင္းဆိုခဲ့ေပမယ့္ ပယ္ခ်ခံခဲ့ရပါတယ္။

ဒီေနာက္ပိုင္းမွာ အာဆင္နယ္တို႔ တိုက္စစ္က အခြင့္အေရးတခ်ိဳ႕ ဖန္တီးႏိုင္ခဲ့ေပမယ့္ အေကာင္းဆုံးေတာ့ မဟုတ္ခဲ့တာေၾကာင့္ နယူးကာဆယ္လ္တို႔ ကာကြယ္သြားခဲ့ၿပီး ခံစစ္က အယ္လ္နန္နီ အမွားမ်ားခဲ့ေပမယ့္လည္း တစ္ဖက္ေရွ႕တန္းကစားသမားေတြ ကုန္ေနခဲ့ၾကၿပီး လိုက္အားေျပးအား နည္းေနခဲ့လို႔ သက္သာခဲ့ရပါတယ္။

အခ်ိန္ပို ဒုတိယပိုင္းမွာေတာ့ အာဆင္နယ္ဘက္က ေပေပအား လာကာဇက္နဲ႔ နယူးကာဆယ္ဘက္က ကာ႐ိုးလ္အစား ဒြိဳက္ဂိုင္းလ္တို႔ကို လဲကစားခဲ့ၿပီး တိုက္စစ္မွာ ပိုမိုအဆုံးသတ္ႏိုင္ဖို႔ ျပင္ဆင္ၿပီး ပြဲခ်ိန္ ၁၀၈ မိနစ္မွာေတာ့ ခံစစ္က ကီရန္ ကလာ့ခ္ လူေပးမွားတဲ့ ေဘာလုံးကို လာကာဇက္က ေခါင္းတိုက္ခ် ေပးရာမွာ စမစ္႐ိုးက အနိမ့္ေဘာ ေထာင့္ျဖတ္ကန္သြင္းၿပီး အာဆင္နယ္တို႔အတြက္ ဦးေဆာင္ဂိုး ရယူႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၁၁၇ မိနစ္မွာေတာ့ ဖိကစားေနတဲ့ အာဆင္နယ္တို႔ ဒုတိယဦးေဆာင္ဂိုး ထပ္ရခဲ့ၿပီး ဘယ္ျခမ္းကေန တစ္ခ်ိန္လုံး ေျခစြမ္းျပေနခဲ့တဲ့ တီယာနီက ခ်ာကာ ထိုးေပးတဲ့ ေဘာလုံးကို ခ်ိဳးေပးခဲ့တာကို ဂိုးသြင္းႏႈန္း က်ဆင္းေနလို႔ ေဝဖန္ခံေနခဲ့ရတဲ့ အူဘာမီယန္းက ပိတ္သြင္းၿပီး အႏိုင္အတြက္ ပိုမိုေသခ်ာလာေစခဲ့ပါတယ္။

အခ်ိန္ ၁၂၀ မိနစ္ ျပည့္ခ်ိန္မွာေတာ့ အိမ္ကြင္းမွာ အာဆင္နယ္တို႔ ေအာင္ပြဲခံႏိုင္ခဲ့ၿပီး သူတို႔ေတြရဲ႕ စံခ်ိန္တင္မွတ္တမ္းနဲ႔ အက္ဖ္ေအဖလားကို ကာကြယ္ႏိုင္ဖို႔ စတုတၳအဆင့္ဆီ တက္ေရာက္သြားႏိုင္ခဲ့သလို ပိုမိုအတြဲမိလာခဲ့တဲ့ ေနာက္ဆုံးပိုင္း ၁၅ မိနစ္ အခိုက္အတန႔္နဲ႔ အာတီတာတို႔အဖြဲ႕ ေအာင္ပြဲခံႏိုင္ခဲ့ပါေၾကာင္း ေရးသားတင္ဆက္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.