Premier League Transfer News

10 Jan နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– ပီအက်စ်ဂျီအသင်းရဲ့ နည်းပြသစ်ဖြစ်လာခဲ့တဲ့ မော်ရီစီယို ပိုချက်တီနိုအနေနဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ တစ်နိုင်ငံတည်းသား တိုက်စစ်မှူး ဆာဂျီယို အဂွေရိုကို အလိုရှိနေပြီး ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားချင်နေလို့ ပါရီက အာဂျင်တီးနား ပူးပေါင်းမှုကို မြင်တွေ့ရနိုင်။

– အက်စတန်ဗီလာအသင်းခေါင်းဆောင် ကွင်းလယ်လူ ဂျက်ခ် ဂရီးလစ်ရှ်ကို မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ဆီ အပါမခံဘဲ ခေါ်ယူသင့်ကြောင်း စီးတီးနောက်ခံလူဟောင်း နီဒမ် အိုနူအိုဟာက ပြောကြားလိုက်ပြီး ဂွါဒီယိုလာနဲ့ လက်တွဲမှုဖြစ်လာရင် အသင်းအတွက် အကျိုးကြီးမားလိမ့်မယ်လို့ တိုက်တွန်း။

– အစ်တီဟတ်ကနေ ခြောက်လကျန် စာချုပ်ကို သက်တမ်းတိုးဖို့ ကမ်းလှမ်းမှု တစ်စုံတစ်ရာ မရရှိသေးတဲ့ ကွင်းလယ်လူ ဖာနန်ဒင်ညိုအတွက် ဥရောပနဲ့ ဘရာဇီးလ်မြေက ကမ်းလှမ်းမှုတွေ ရရှိထားတယ်လို့ အေးဂျင့်ဖြစ်သူက ပြောကြားလိုက်ပြီး စီးတီးတို့အနေနဲ့ လက်လွှတ်မှာလား စောင့်ကြည့်ရဖွယ်ရှိလာ။

– ဘာစီလိုနာအသင်းရဲ့ ဥက္ကဌသစ် ရွေးကောက်ပွဲက မန်ချက်စတာစီးတီးတို့အဖို့ ဖွတ်မရ ဓားမဆုံးဖြစ်လာနိုင်ပြီး မက်ဆီကို ဆက်လက် ထိန်းသိမ်းသွားဖို့ ကြိုးစားနေတဲ့ ဥက္ကဌလောင်းတွေအနေနဲ့ ဂွါဒီယိုလာကိုပါ နည်းပြအဖြစ် ပြန်လည်ခေါ်ယူပေးမယ်လို့ မဲဆွယ်နေတာက ပရိသတ်တွေ စိုးရိမ်စရာဖြစ်နေ။

– ဝက်စ်ဟမ်းအသင်းအနေနဲ့ သူတို့ရဲ့ နောက်ခံအစွန်လူနှစ်ထပ် ထားကစားတဲ့ ဘယ်ခြမ်းကို အားဖြည့်သွားဖို့ ရှိနေပြီး ဘယ်တောင်ပံ တစ်ကြောမှာ လိုသလို အသုံးပြုနိုင်တဲ့ မန်ချက်စတာစီးတီးကစားသမား အိုလက်ဇန်ဒါ ဇင်ချန်ကိုကို ခေါ်ယူဖို့ နည်းပြ ဒေးဗစ်မွိုက်စ်က သဘောကျနေ။

– မန်ချက်စတာစီးတီးအသင်းရဲ့ တောင်ပံကစားသမား ရာဟင်းမ် စတာလင်အနေနဲ့ သူ့ရဲ့ အေးဂျင့်ဖြစ်သူ အိတ်ဒီ ဝါ့ဒ်နဲ့ လက်တွဲဖြုတ်လိုက်ပြီဖြစ်ပြီး အေးဂျင့်အသစ် ဘယ်သူဖြစ်လာမယ်ဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်သလို မီဒီယာတွေကတော့ အနာဂတ်ကို အပြောင်းအလဲလုပ်ဖို့လားလို့ ခန့်မှန်းနေကြ။

– အသင်းရဲ့ နည်းပြ ပက်ပ် ဂွါဒီယိုလာအနေနဲ့ သူတို့ခံစစ်သမားတွေဟာ စိတ်ပျက်စရာကောင်းတဲ့ အမှားတွေကို ချန်ထားနိုင်ခဲ့ကြပြီး ရူဘင် ဒီယက်စ်နဲ့ ဂျွန်စတုန်းစ်တို့ကိုတော့ စွမ်းစွမ်းတမံ ကာကွယ်မှုတွေအတွက် ချီးကျူးသွားခဲ့ချိန်မှာ ပရိသတ်တွေကတော့ ဒီအတွဲအဖက်က အမွှာလိုပဲ စိတ်ချင်းဆက်နေတယ်လို့ ရေးသားနေကြ။

– မန်ချက်စတာစီးတီးအသင်းကနေ ဂွါဒီယိုလာ ထွက်ခွာသွားမယ့်တစ်နေ့အတွက် အသင်းခေါင်းဆောင်ဟောင်း ဗင်းဆန့် ကွန်ပနီအနေနဲ့ တစ်ခါတည်း အစားထိုးနိုင်တဲ့ အရည်အသွေးရှိအောင် ကြိုးစားပြင်ဆင်ထားသင့်တယ်လို့ အန်ဒါလက်ချ်နဲ့ အောင်မြင်ဖို့ လိုအပ်နေသေးတဲ့ နည်းပြကို ဘယ်လ်ဂျီယမ်လက်ရွေးစင်ဟောင်း မာ့ခ် ဒီဂရီးစ်က သတိပေးသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ပီအက္စ္ဂ်ီအသင္းရဲ႕ နည္းျပသစ္ျဖစ္လာခဲ့တဲ့ ေမာ္ရီစီယို ပိုခ်က္တီႏိုအေနနဲ႔ မန္ခ်က္စတာစီးတီးအသင္းရဲ႕ တစ္ႏိုင္ငံတည္းသား တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုကို အလိုရွိေနၿပီး ရာသီကုန္မွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူသြားခ်င္ေနလို႔ ပါရီက အာဂ်င္တီးနား ပူးေပါင္းမႈကို ျမင္ေတြ႕ရႏိုင္။

– အက္စတန္ဗီလာအသင္းေခါင္းေဆာင္ ကြင္းလယ္လူ ဂ်က္ခ္ ဂရီးလစ္ရွ္ကို ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္ဆီ အပါမခံဘဲ ေခၚယူသင့္ေၾကာင္း စီးတီးေနာက္ခံလူေဟာင္း နီဒမ္ အိုႏူအိုဟာက ေျပာၾကားလိုက္ၿပီး ဂြါဒီယိုလာနဲ႔ လက္တြဲမႈျဖစ္လာရင္ အသင္းအတြက္ အက်ိဳးႀကီးမားလိမ့္မယ္လို႔ တိုက္တြန္း။

– အစ္တီဟတ္ကေန ေျခာက္လက်န္ စာခ်ဳပ္ကို သက္တမ္းတိုးဖို႔ ကမ္းလွမ္းမႈ တစ္စုံတစ္ရာ မရရွိေသးတဲ့ ကြင္းလယ္လူ ဖာနန္ဒင္ညိဳအတြက္ ဥေရာပနဲ႔ ဘရာဇီးလ္ေျမက ကမ္းလွမ္းမႈေတြ ရရွိထားတယ္လို႔ ေအးဂ်င့္ျဖစ္သူက ေျပာၾကားလိုက္ၿပီး စီးတီးတို႔အေနနဲ႔ လက္လႊတ္မွာလား ေစာင့္ၾကည့္ရဖြယ္ရွိလာ။

– ဘာစီလိုနာအသင္းရဲ႕ ဥကၠဌသစ္ ေ႐ြးေကာက္ပြဲက မန္ခ်က္စတာစီးတီးတို႔အဖို႔ ဖြတ္မရ ဓားမဆုံးျဖစ္လာႏိုင္ၿပီး မက္ဆီကို ဆက္လက္ ထိန္းသိမ္းသြားဖို႔ ႀကိဳးစားေနတဲ့ ဥကၠဌေလာင္းေတြအေနနဲ႔ ဂြါဒီယိုလာကိုပါ နည္းျပအျဖစ္ ျပန္လည္ေခၚယူေပးမယ္လို႔ မဲဆြယ္ေနတာက ပရိသတ္ေတြ စိုးရိမ္စရာျဖစ္ေန။

– ဝက္စ္ဟမ္းအသင္းအေနနဲ႔ သူတို႔ရဲ႕ ေနာက္ခံအစြန္လူႏွစ္ထပ္ ထားကစားတဲ့ ဘယ္ျခမ္းကို အားျဖည့္သြားဖို႔ ရွိေနၿပီး ဘယ္ေတာင္ပံ တစ္ေၾကာမွာ လိုသလို အသုံးျပဳႏိုင္တဲ့ မန္ခ်က္စတာစီးတီးကစားသမား အိုလက္ဇန္ဒါ ဇင္ခ်န္ကိုကို ေခၚယူဖို႔ နည္းျပ ေဒးဗစ္မြိဳက္စ္က သေဘာက်ေန။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ ေတာင္ပံကစားသမား ရာဟင္းမ္ စတာလင္အေနနဲ႔ သူ႔ရဲ႕ ေအးဂ်င့္ျဖစ္သူ အိတ္ဒီ ဝါ့ဒ္နဲ႔ လက္တြဲျဖဳတ္လိုက္ၿပီျဖစ္ၿပီး ေအးဂ်င့္အသစ္ ဘယ္သူျဖစ္လာမယ္ဆိုတာေတာ့ ေစာင့္ၾကည့္ရမွာျဖစ္သလို မီဒီယာေတြကေတာ့ အနာဂတ္ကို အေျပာင္းအလဲလုပ္ဖို႔လားလို႔ ခန႔္မွန္းေနၾက။

– အသင္းရဲ႕ နည္းျပ ပက္ပ္ ဂြါဒီယိုလာအေနနဲ႔ သူတို႔ခံစစ္သမားေတြဟာ စိတ္ပ်က္စရာေကာင္းတဲ့ အမွားေတြကို ခ်န္ထားႏိုင္ခဲ့ၾကၿပီး ႐ူဘင္ ဒီယက္စ္နဲ႔ ဂြၽန္စတုန္းစ္တို႔ကိုေတာ့ စြမ္းစြမ္းတမံ ကာကြယ္မႈေတြအတြက္ ခ်ီးက်ဴးသြားခဲ့ခ်ိန္မွာ ပရိသတ္ေတြကေတာ့ ဒီအတြဲအဖက္က အမႊာလိုပဲ စိတ္ခ်င္းဆက္ေနတယ္လို႔ ေရးသားေနၾက။

– မန္ခ်က္စတာစီးတီးအသင္းကေန ဂြါဒီယိုလာ ထြက္ခြာသြားမယ့္တစ္ေန႔အတြက္ အသင္းေခါင္းေဆာင္ေဟာင္း ဗင္းဆန႔္ ကြန္ပနီအေနနဲ႔ တစ္ခါတည္း အစားထိုးႏိုင္တဲ့ အရည္အေသြးရွိေအာင္ ႀကိဳးစားျပင္ဆင္ထားသင့္တယ္လို႔ အန္ဒါလက္ခ်္နဲ႔ ေအာင္ျမင္ဖို႔ လိုအပ္ေနေသးတဲ့ နည္းျပကို ဘယ္လ္ဂ်ီယမ္လက္ေ႐ြးစင္ေဟာင္း မာ့ခ္ ဒီဂရီးစ္က သတိေပးသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.