Premier League Transfer News

9 Jan ညပိုင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– ချဲလ်ဆီးအသင်းနဲ့ သတင်းတွေ ထွက်နေခဲ့တဲ့ အသက် ၂၀ အရွယ် စထရာဘိုးလူငယ်ခံစစ်မှူး မိုဟာမက် ဆီမာကန်ကို လီဗာပူးလ် အသင်းကလည်း စိတ်ဝင်စားလာခဲ့ပြီး ဒီကစားသမားအတွက် ပြင်သစ်ကလပ်ဘက်က ပေါင် ၁၈ သန်း တောင်းဆိုထားကြောင်းသိရ။

– လီဗာပူးလ်အသင်းရဲ့ လူကျွံထောက်ချောက်ကို ဖောက်ထွက်ပြီး သူ့ထက် ဝါရင့်တဲ့ ရီးစ် ဝီလီယမ်စ်ကို အရူးလုပ်သွားခဲ့တဲ့ ဗီလာလူငယ် တိုက်စစ်မှူး လူးဝီး ဘယ်ရီဟာ ဂျေမီ ဗာဒီလက်သစ်ဖြစ်တယ်လို့ နည်းပြ ကလော့ပ်က ချီးကျူးခဲ့ပြီး ဒီစကားအတွက် ဂုဏ်ယူကြောင်း ကာယကံရှင် တုံ့ပြန်သွား။

– RB လိုက်ပ်ဇစ်အသင်းအနေနဲ့ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကို တက်ရောက်သွားခဲ့ပေမယ့် နောက်ခံလူ ဒါယို အူပါမီကာနိုကို ဆက်လက် ထိန်းသိမ်းထားဖို့ကတော့ ထင်သလောက် မလွယ်ကူဘဲ လီဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်တို့က ကမ်းလှမ်းလာရင်တော့ ကစားသမားကို လက်လွှတ်ရဖွယ်ရှိတယ်လို့ ရောင်းချနိုင်ကြောင်း မှတ်ချက်ပြုသွားခဲ့။

– အက်စတန်ဗီလာအသင်းရဲ့ ဂိုးသွင်းရှင် လူငယ်တိုက်စစ်မှူး လူးဝီး ဘယ်ရီအနေနဲ့ လီဗာပူးလ်ကွင်းလယ်လူ ဖာဘင်ညိုရဲ့ အင်္ကျီချင်း လဲလှယ်ထားခဲ့ပေမယ့် အဝတ်လဲခန်းထဲကို ပြန်မသွားခင်မှာ ပြန်လဲဖို့ တောင်းဆိုသွားခဲ့ပြီး သူ့ရဲ့ ဂိုးသွင်းတဲ့ အင်္ကျီကို ထိန်းသိမ်းထားလိုတဲ့ ဆန္ဒကို ဘရာဇီးလ်သားကြီးက လိုက်လျောပေးခဲ့ရ။

– အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်ခံစစ်မှူးတစ်ဦးဖြစ်တဲ့ မာတင် ကီးယွန်းကတော့ ဗန်ဒိုက် မရှိတဲ့ ပြဿနာကို သူတို့အနေနဲ့ လုပ်နေကျပုံစံအတိုင်း ရိုးရိုးလေးပဲ ဖြေရှင်းဖို့နဲ့ ထုံးစံအတိုင်း ဆောက်သမ်တန်မှာ ခြေစွမ်းပြနေတဲ့ ယန်နစ် ဗက်စတာဂတ်ကိုပဲ ခေါ်ယူပြီး အဆင်သင့် သုံးစွဲနိုင်ကြောင်း ထောက်ပြသွားခဲ့။

– လီဗာပူးလ်အသင်းအနေနဲ့ ကွင်းလယ်/နောက်ခံလူ ဖာဘင်ညို၊ ကွင်းလယ်လူ ဂျော်ဂျင်နီယို ဗိုင်နယ်လ်ဒွမ်၊ တိုက်စစ်မှူး မိုဟာမက် ဆာလားတို့အတွက် စာချုပ်သစ်တွေကို ဆွေးနွေးနေပြီး ဘရာဇီးလ်သားနဲ့ကလွဲလို့ ကျန်နှစ်ဦးအတွက် ညှိနှိုင်းမှုက ရှုပ်ထွေးနေကြောင်း သိရ။

– ရှော်လ်ကာနောက်ခံလူ အိုဇန် ကာဘက်နဲ့ လိုင်လီနောက်ခံလူ ဆဗင် ဘော့တ်မန်တို့ကို လီဗာပူးလ်အသင်းကင်းထောက်တွေအနေနဲ့ စောင့်ကြည့်နေတယ်လို့ ဖာဘရီဇီယို ရိုမာနိုက ထုတ်ဖော်သွားခဲ့ပြီး ဇန်နဝါရီရဲ့ ထုံးစံအရ အသားကျနေတဲ့ ကစားသမားတွေကို လက်လွှတ်ဖို့နဲ့ အစားထိုးဖို့ ပြဿနာတွေကြောင့် ရှေ့ဆက်မဆွေးနွေးနိုင်သေးတာဖြစ်တယ်လို့ဆို။

– လီဗာပူးလ်အသင်းအနေနဲ့ ဗီလာနဲ့ပွဲအတွက် ပြင်ဆင်ထားမှုတွေအားလုံး အလကားဖြစ်သွားခဲ့တယ်ဆိုတဲ့ ယာဂန် ကလော့ပ်ရဲ့ မှတ်ချက် အပြီးမှာ Talk Sport ရဲ့ တိုနီ ကက်စ်ကာရီနိုက ဗီလာတို့အနေနဲ့ ယူ-၁၈ အစား ယူ-၂၃ နဲ့ တစ်ဖက်အသင်းကို လေးလေးစားစား ယှဉ်ပြိုင်သင့်ကြောင်း ဝေဖန်။

– ဂျော်ဂျင်နီယို ဗိုင်နယ်လ်ဒွမ်အနေနဲ့ လက်ရှိခြေစွမ်းအရ သူတောင်းဆိုထားတဲ့ မြင့်မားတဲ့ လစာငွေမျိုးနဲ့ မထိုက်တန်ဘူးလို့ တိုက်စစ်မှူးဟောင်း ဒါရင်းဘန့်က ဝေဖန်လိုက်ပြီး လိုက်လျောမပေးဖို့နဲ့ ရာသီကုန်မှာ အလွတ်နဲ့ ထွက်ခွင့်ပေးလိုက်တာကသာ အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်ကြောင်း လီဗာပူးလ်အသင်းကို တိုက်တွန်း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခ်ဲလ္ဆီးအသင္းနဲ႔ သတင္းေတြ ထြက္ေနခဲ့တဲ့ အသက္ ၂၀ အ႐ြယ္ စထရာဘိုးလူငယ္ခံစစ္မႉး မိုဟာမက္ ဆီမာကန္ကို လီဗာပူးလ္ အသင္းကလည္း စိတ္ဝင္စားလာခဲ့ၿပီး ဒီကစားသမားအတြက္ ျပင္သစ္ကလပ္ဘက္က ေပါင္ ၁၈ သန္း ေတာင္းဆိုထားေၾကာင္းသိရ။

– လီဗာပူးလ္အသင္းရဲ႕ လူကြၽံေထာက္ေခ်ာက္ကို ေဖာက္ထြက္ၿပီး သူ႔ထက္ ဝါရင့္တဲ့ ရီးစ္ ဝီလီယမ္စ္ကို အ႐ူးလုပ္သြားခဲ့တဲ့ ဗီလာလူငယ္ တိုက္စစ္မႉး လူးဝီး ဘယ္ရီဟာ ေဂ်မီ ဗာဒီလက္သစ္ျဖစ္တယ္လို႔ နည္းျပ ကေလာ့ပ္က ခ်ီးက်ဴးခဲ့ၿပီး ဒီစကားအတြက္ ဂုဏ္ယူေၾကာင္း ကာယကံရွင္ တုံ႔ျပန္သြား။

– RB လိုက္ပ္ဇစ္အသင္းအေနနဲ႔ ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္ကို တက္ေရာက္သြားခဲ့ေပမယ့္ ေနာက္ခံလူ ဒါယို အူပါမီကာႏိုကို ဆက္လက္ ထိန္းသိမ္းထားဖို႔ကေတာ့ ထင္သေလာက္ မလြယ္ကူဘဲ လီဗာပူးလ္၊ မန္ခ်က္စတာယူႏိုက္တက္တို႔က ကမ္းလွမ္းလာရင္ေတာ့ ကစားသမားကို လက္လႊတ္ရဖြယ္ရွိတယ္လို႔ ေရာင္းခ်ႏိုင္ေၾကာင္း မွတ္ခ်က္ျပဳသြားခဲ့။

– အက္စတန္ဗီလာအသင္းရဲ႕ ဂိုးသြင္းရွင္ လူငယ္တိုက္စစ္မႉး လူးဝီး ဘယ္ရီအေနနဲ႔ လီဗာပူးလ္ကြင္းလယ္လူ ဖာဘင္ညိဳရဲ႕ အက်ႌခ်င္း လဲလွယ္ထားခဲ့ေပမယ့္ အဝတ္လဲခန္းထဲကို ျပန္မသြားခင္မွာ ျပန္လဲဖို႔ ေတာင္းဆိုသြားခဲ့ၿပီး သူ႔ရဲ႕ ဂိုးသြင္းတဲ့ အက်ႌကို ထိန္းသိမ္းထားလိုတဲ့ ဆႏၵကို ဘရာဇီးလ္သားႀကီးက လိုက္ေလ်ာေပးခဲ့ရ။

– အာဆင္နယ္အသင္းရဲ႕ ဂႏၴဝင္ခံစစ္မႉးတစ္ဦးျဖစ္တဲ့ မာတင္ ကီးယြန္းကေတာ့ ဗန္ဒိုက္ မရွိတဲ့ ျပႆနာကို သူတို႔အေနနဲ႔ လုပ္ေနက်ပုံစံအတိုင္း ႐ိုး႐ိုးေလးပဲ ေျဖရွင္းဖို႔နဲ႔ ထုံးစံအတိုင္း ေဆာက္သမ္တန္မွာ ေျခစြမ္းျပေနတဲ့ ယန္နစ္ ဗက္စတာဂတ္ကိုပဲ ေခၚယူၿပီး အဆင္သင့္ သုံးစြဲႏိုင္ေၾကာင္း ေထာက္ျပသြားခဲ့။

– လီဗာပူးလ္အသင္းအေနနဲ႔ ကြင္းလယ္/ေနာက္ခံလူ ဖာဘင္ညိဳ၊ ကြင္းလယ္လူ ေဂ်ာ္ဂ်င္နီယို ဗိုင္နယ္လ္ဒြမ္၊ တိုက္စစ္မႉး မိုဟာမက္ ဆာလားတို႔အတြက္ စာခ်ဳပ္သစ္ေတြကို ေဆြးေႏြးေနၿပီး ဘရာဇီးလ္သားနဲ႔ကလြဲလို႔ က်န္ႏွစ္ဦးအတြက္ ညႇိႏႈိင္းမႈက ရႈပ္ေထြးေနေၾကာင္း သိရ။

– ေရွာ္လ္ကာေနာက္ခံလူ အိုဇန္ ကာဘက္နဲ႔ လိုင္လီေနာက္ခံလူ ဆဗင္ ေဘာ့တ္မန္တို႔ကို လီဗာပူးလ္အသင္းကင္းေထာက္ေတြအေနနဲ႔ ေစာင့္ၾကည့္ေနတယ္လို႔ ဖာဘရီဇီယို ႐ိုမာႏိုက ထုတ္ေဖာ္သြားခဲ့ၿပီး ဇန္နဝါရီရဲ႕ ထုံးစံအရ အသားက်ေနတဲ့ ကစားသမားေတြကို လက္လႊတ္ဖို႔နဲ႔ အစားထိုးဖို႔ ျပႆနာေတြေၾကာင့္ ေရွ႕ဆက္မေဆြးေႏြးႏိုင္ေသးတာျဖစ္တယ္လို႔ဆို။

– လီဗာပူးလ္အသင္းအေနနဲ႔ ဗီလာနဲ႔ပြဲအတြက္ ျပင္ဆင္ထားမႈေတြအားလုံး အလကားျဖစ္သြားခဲ့တယ္ဆိုတဲ့ ယာဂန္ ကေလာ့ပ္ရဲ႕ မွတ္ခ်က္ အၿပီးမွာ Talk Sport ရဲ႕ တိုနီ ကက္စ္ကာရီႏိုက ဗီလာတို႔အေနနဲ႔ ယူ-၁၈ အစား ယူ-၂၃ နဲ႔ တစ္ဖက္အသင္းကို ေလးေလးစားစား ယွဥ္ၿပိဳင္သင့္ေၾကာင္း ေဝဖန္။

– ေဂ်ာ္ဂ်င္နီယို ဗိုင္နယ္လ္ဒြမ္အေနနဲ႔ လက္ရွိေျခစြမ္းအရ သူေတာင္းဆိုထားတဲ့ ျမင့္မားတဲ့ လစာေငြမ်ိဳးနဲ႔ မထိုက္တန္ဘူးလို႔ တိုက္စစ္မႉးေဟာင္း ဒါရင္းဘန႔္က ေဝဖန္လိုက္ၿပီး လိုက္ေလ်ာမေပးဖို႔နဲ႔ ရာသီကုန္မွာ အလြတ္နဲ႔ ထြက္ခြင့္ေပးလိုက္တာကသာ အေကာင္းဆုံး ဆုံးျဖတ္ခ်က္ျဖစ္ေၾကာင္း လီဗာပူးလ္အသင္းကို တိုက္တြန္း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.