Premier League

ဆာလားအတွက် အန္တရာယ်ကြီးတဲ့ ကစားပွဲကို ကစားရဖို့ ရှိနေပြီး ဒဏ်ရာရနေတဲ့ ကစားသမားကို ခေါ်ဖို့ လီဗာပူးကို တောင်းဆိုခဲ့တဲ့ မာတင်ကီယွန်


လီဗာပူးအသင်းဟာ အသင်းကနေ ထွက်ခွာဖို့ သတင်းတွေထွက်ပေါ်နေတဲ့ မိုဟာမက်ဆာလားအတွက် အန္တရာယ်ကြီးတဲ့ကစားပွဲကို ကစားရမယ့်ပုံပေါ်ပါတယ်။


အီဂျစ်လက်ရွေးစင်တိုက်စစ်မှူးဟာ လီဗာပူးနဲ့ ကာလရှည်စာချုပ်သက်တမ်းရှိနေတဲ့ ကစားသမားဖြစ်ပြီး အခုအချိန်အထိ စာချုပ်သက်တမ်းတိုးဖို့ အသင်းက ကြိုးပမ်းနေခြင်းမရှိတာကြောင့် တစ်နေရာကို ပြောင်းဖို့ စဉ်းစားနိုင်ခြေရှိနေတာဖြစ်ပါတယ်။ အပြောင်းအရွှေ့ဂုရု ဖက်ဘရီဇီယို ရိုမာနိုက Givemesport နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဗန်ဒိုက်၊ ဖာဘင်ညိုတို့ ၂ ဦးစလုံးရဲ့ အခြေအနေဟာ ဆာလားရဲ့အခြေအနေထက် ပိုပြီး အရေးပေးရမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါကြောင့် လက်ရှိအခြေအနေဟာ ဆာလားကို ဘန်ဇီးမားနဲ့အတူ တွဲဖက်ကစားစေဖို့ လာလီဂါကို ခေါ်ယူချင်တဲ့ ရီးရဲမက်ဒရစ်အသင်းအတွက် မျှော်လင့်နိုင်ခြေရှိတဲ့ အနေအထားဖြစ်နေတာဖြစ်ပါတယ်။ နည်းပြယာဂင်ကလော့ပ်အနေနဲ့ ၎င်းရဲ့ ဂိုးသွင်းနှုန်းအတည်ငြိမ်ဆုံးကစားသမားတွေထဲက တစ်ယောက်ကို ဆုံးရှုံးရမယ့် အလားအလာနဲ့ပတ်သက်ပြီး ကြိုက်တာ၊ မကြိုက်တာထက် ကော်တင်ညိုနဲ့တုန်းကလိုပဲ အသင်းမှာ ဘယ်လိုကစားသမားမျိုးပဲဖြစ်ဖြစ် မပျော်ရွှင်တော့တဲ့ ကစားသမားကိုတော့ ဆက်လက် မထိန်းသိမ်းသွားဖို့သာ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။


လီဗာပူးအသင်းဟာ ဆောက်သမ်တန်ကြယ်ပွင့်တစ်ဦးကို နောက်ထပ်တစ်ကြိမ် ခေါ်ယူဖို့အတွက် တောင်းဆိုခံခဲ့ရပြီး အာဆင်နယ်နောက်ခံကစားသမား မာတင်ကီယွန်က ဗက်စတာဂတ်ကို ခေါ်ယူဖို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ လီဗာပူးဟာ ဆောက်သမ်တန်ကစားသမားအများအပြားကို ပြီးခဲ့တဲ့နှစ်တွေမှာ ခေါ်ယူခဲ့ဖူးတာကြောင့် အထူးအဆန်းတော့ မဟုတ်တော့ဘဲ မာနေး၊ ဗန်ဒိုက်၊ ကလိုင်း၊ လိုဗ်ရန်၊ လယ်လာနာတို့အားလုံးဟာ ဆောက်သမ်တန်ကြယ်ပွင့်တွေ ဖြစ်ခဲ့ကြသူတွေဖြစ်ပါတယ်။

ဘောလုံးဝေဖန်သူ မာတင်ကီယွန်က ကလော့ပ်အနေနဲ့ အသက် ၂၈ နှစ်အရွယ် ဆောက်သမ်တန်နောက်ခံကစားသမား ဗက်စတာဂတ်ကို မခေါ်ရင် အများကြီး ပိုဆိုးလာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။


“ကျွန်တော် ဗက်စတာဂတ် ဆောက်သမ်တန်အတွက် ကစားတာကို စောင့်ကြည့်နေခဲ့တယ်။ ကျွန်တော် ဒါကို မှတ်တမ်းမှတ်ရာနဲ့ ပြောမှာပါ။ ကျွန်တော် ဒီရာသီမှာ သူ့ထက်ပိုကောင်းတဲ့ ဗဟိုခံစစ်ကစားသမား မတွေ့ခဲ့မိပါဘူး။ သူ့ရဲ့ စာချုပ်အခြေအနေကိုလည်း ကျွန်တော် ကြည့်ခဲ့ပါတယ်”

“ကျွန်တော် ဆောက်သမ်တန်အတွက် ပြဿနာဖြစ်စေဖို့ ကြိုးပမ်းနေတာမဟုတ်ပါဘူး။ ကျွန်တော် တွေးခဲ့တာက ဒီကစားသမားက ယာဂင်ကလော့ပ် ခေါ်ယူသင့်တဲ့ ကစားသမားဖြစ်ကောင်းဖြစ်လိမ့်မယ်ဆိုတာပါပဲ။ သူ ဒီရာသီမှာ အရမ်းကောင်းမွန်နေခဲ့တယ်။ သူ အခုတော့ ဒဏ်ရာရရှိနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:












REF: INTERNET SOURCES
SPORTS A2Z.