Premier League

အသင်းမှာ မနေချင်တော့ပါဘူးဆိုတဲ့ ကစားသမားကိုမှ ဆွေးနွေးသွားမယ့် အက်ဒ်ဝုဒ်ဝဒ်


မန်ချက်စတာယူနိုက်တက် ဒုဥက္ကဌ အက်ဒ်ဝုဒ်ဝဒ်ဟာ စာချုပ်သစ် ချုပ်ဆိုဖို့ကိစ္စနဲ့ပတ်သက်ပြီး ပေါ့ဂ်ဘာနဲ့ အေးဂျင့်ဖြစ်သူ မိုင်နို ရွိုင်အိုလာတို့နဲ့ ဆွေးနွေးဖို့ ကြိုတင်ပြင်ဆင်နေတယ်လို့ သိရပါတယ်။


ပေါ့ဂ်ဘာဟာ အိုးထရက်ဖို့ဒ်ကို စွန့်ခွာဖို့အတွက် ကာလရှည်သတင်းတွေ ထွက်ပေါ်နေခဲ့သူဖြစ်ပြီး ၎င်းရဲ့ လက်ရှိစာချုပ်သက်တမ်းဟာ လာမယ့် ၂၀၂၂ ခုနှစ် နွေရာသီမှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။ စူပါအေးဂျင့် မိုင်နိုရွိုင်အိုလာက ပြီးခဲ့တဲ့ဒီဇင်ဘာလ အစောပိုင်းမှာ ၎င်းရဲ့ကစားသမားဟာ ယူနိုက်တက်မှာ မပျော်မရွှင်ဖြစ်နေပြီး အသင်းကို စွန့်ခွာချင်နေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့သူဖြစ်ပါတယ်။


ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြင်သစ်ကွင်းလယ်ကြယ်ပွင့်ကို ကာလရှည်အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့ မျှော်လင့်ချက်ကိုတော့ လက်လျှော့သေးပုံ မပေါ်ပါဘူး။ ပေါ့ဂ်ဘာဟာ ယခုရာသီအစောပိုင်းမှာ နည်းပြဆိုးလ်ရှားရဲ့ လူစားဝင်ကစားသမားအဖြစ် မကြာခဏ အသုံးပြုခြင်းခံခဲ့ရပြီးနောက် ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲအထိ ပွဲထွက်ပါဝင်ကစားခွင့် ရရှိထားခဲ့ပြီဖြစ်ပါတယ်။


အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ အီယန်မက်ဂယ်ရီက အက်ဒ်ဝုဒ်ဝဒ်ဟာ အသက် ၂၇ နှစ်အရွယ်ကွင်းလယ်ကစားသမားကို အသင်းမှာ ၎င်းရဲ့အနာဂတ်ကို မြှုပ်နှံဖို့ အခွင့်အရေး ကမ်းလှမ်းသွားဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ၂၀၁၆ ခုနှစ်တုန်းက ပေးချေခဲ့ရတဲ့ ပေါင် ၈၉ သန်းထက် အများကြီး လျော့နည်းပြီး မဆုံးရှုံးရအောင် ပေါ့ဂ်ဘာရဲ့ တန်ဖိုးကိုလည်း ကာကွယ်ချင်နေတယ်လို့ မက်ဂယ်ရီက ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:









REF: INTERNET SOURCES
SPORTS A2Z.