Premier League

ဗာဒီလက်သစ်လေးလို့ ချီးကျူးခံခဲ့ရတဲ့ ကစားသမားလေးအပေါ် သဘောထားကြီးမှုကို ပြသခဲ့တဲ့ ဖာဘင်ညို


သောကြာနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ လီဗာပူးနဲ့ အက်စ်တွန်ဗီလာတို့ရဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာ အက်စ်တွန်ဗီလာအသင်းက ပရီးမီးယားလိဂ်ချန်ပီယံကို အသက်မပြည့်သေးတဲ့ လူငယ်တွေနဲ့ ရင်ဆိုင်ခဲ့ပါတယ်။


အက်စ်တွန်ဗီလာအသင်းလူစာရင်းမှာ ယူ-၂၃ က ကစားသမား ၇ ဦး၊ ယူ-၁၈ အသင်းက ကစားသမား ၄ ဦးတို့ ပါဝင်ခဲ့ပြီး ဗီလာအသင်းလူစာရင်းဟာ ဘယ်လောက်အထိ ငယ်ရွယ်သလဲဆိုရင် ဂျိမ်းစ်မီလ်နာ ပရော််ဖက်ရှင်နယ်ကစားသမားဘဝ ပွဲဦးထွက် စတင်ကစားတဲ့အချိန်မှာ အက်စ်တွန်ဗီလာအသင်းရဲ့ ပွဲထွက်ကစားသမား ၅ ဦးဟာ မွေးတောင် မမွေးသေးပါဘူး။ လီဗာပူးလ်အသင်းဟာ မိုဟာမက်ဆာလား၊ ဂျော်ဂျင်နီယို ဗိုင်နယ်လ်ဒွမ်၊ မာနေးရဲ့ သွင်းဂိုး ၂ ဂိုးကြောင့် အက်စ်တွန်ဗီလာအသင်းကို ၄-၁ နဲ့ အနိုင်ရရှိပြီး အက်ဖ်အေဖလား စတုတ္ထအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။


အက်စ်တွန်ဗီလာကစားသမားတွေဟာ ပထမပိုင်း ၄ မိနစ်မှာ ခွင့်ပြုခဲ့ရတဲ့ မာနေးရဲ့ အဖွင့်ဂိုးအတွက် ပထမပိုင်းပြီးဆုံးခါနီးမှာ ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့တဲ့အတွက် အလွန်ဂုဏ်ယူဝမ်းမြောက်ခဲ့ကြပြီး ပွဲစဉ်တလျှောက်လုံးရဲ့ မိနစ် ၂၀ နီးပါးကို တစ်သင်းလုံးပျမ်းမျှအသက် ၁၉ နှစ်သာရှိသေးတဲ့ ဗီလာအသင်းက ပရီးမီးယားလိဂ်နဲ့ ၂၀၁၉ ဥရောပချန်ပီယံအသင်းကြီးကို ထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ အက်စ်တွန်ဗီလာအသင်းအတွက် ချေပဂိုးကို ၂၀၁၉ ခုနှစ်မှာ ဝက်စ်ဘရွန်းအကယ်ဒမီကနေ ဘာစီလိုနာအကယ်ဒမီကို ပြောင်းရွှေ့ခဲ့တဲ့ ဘယ်ရီက အံ့အားသင့်ဖွယ် တကိုယ်တော်အစွမ်းနဲ့ ထိုးဖောက် ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဘက်ကို ချေပဂိုးသွင်းယူသွားခဲ့တဲ့ ဘယ်ရီကို ဘာကြောင့် ဘာစီလိုနာအသင်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာလဲဆိုတာကို ရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရပြီး စီနီယာပွဲဦးထွက်မှာ ဂိုးသွင်းယူနိုင်ခဲ့သလို ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းကို သွင်းယူနိုင်ခဲ့တာဖြစ်တာကြောင့်လည်း ဘယ်ရီအတွက် တသက်မမေ့နိုင်စရာ အခိုက်အတံ့ကို ပိုင်ဆိုင်ခဲ့ရတယ်လို့ ဆိုရမှာပါ။ အဲဒီထက် အမှတ်တရဖြစ်စရာ အခိုက်အတံ့ကတော့ ပွဲအပြီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘယ်ရီဟာ လီဗာပူးလ်ကစားသမားတွေထဲက တစ်ဦးရဲ့ ဂျာစီကို လိုချင်ခဲ့မယ်ဆိုတာ သံသယဖြစ်စရာမရှိဘဲ ဖာဘင်ညိုနဲ့ ရှပ် လဲလှယ်ခဲ့ကြတာကို မြင်တွေ့ခဲ့ရပါတယ်။


ဒါပေမယ့် အက်စ်တွန်ဗီလာအသင်းဝန်ထမ်းတစ်ဦးက ဘယ်ရီကို ပွဲဦးထွက်ပွဲစဉ်က ရှပ်ကို ပေးပစ်လိုက်တယ်ဆိုတာ သတိရသွားအောင် ပြောကြားခဲ့ပြီးနောက် အသက် ၁၇ နှစ်အရွယ်ကစားသမားဟာ သဘောပေါက်သွားဟန်နဲ့ ဥမင်လျှောက်လမ်းထဲကို ပြေးဆင်းပြီး ဖာဘင်ညိုဆီက ၎င်းရဲ့ရှပ်ကို ပြန်တောင်းခဲ့ပါတယ်။ ဖာဘင်ညိုအတွက်တော့ မယုံကြည်နိုင်ဖွယ် အခိုက်အတံ့ဖြစ်ခဲ့ပြီး လူငယ်ကစားသမားလေးတစ်ယောက်အတွက် စီနီယာအသင်းပွဲဦးထွက်ရှပ်ဟာ ဘယ်လောက် အရေးကြီးတယ်ဆိုတာ နားလည်ဟန်နဲ့ ချက်ချင်းဘဲ ပြန်ပေးလိုက်တာကို ရုပ်သံဖိုင်ထဲမှာ မြင်တွေ့ခဲ့ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


ေသာၾကာေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ လီဗာပူးနဲ႔ အက္စ္တြန္ဗီလာတို႔ရဲ့ အက္ဖ္ေအဖလား တတိယအဆင့္ပြဲစဥ္မွာ အက္စ္တြန္ဗီလာအသင္းက ပရီးမီးယားလိဂ္ခ်န္ပီယံကို အသက္မျပည့္ေသးတဲ့ လူငယ္ေတြနဲ႔ ရင္ဆိုင္ခဲ့ပါတယ္။


အက္စ္တြန္ဗီလာအသင္းလူစာရင္းမွာ ယူ-၂၃ က ကစားသမား ၇ ဦး၊ ယူ-၁၈ အသင္းက ကစားသမား ၄ ဦးတို႔ ပါဝင္ခဲ့ၿပီး ဗီလာအသင္းလူစာရင္းဟာ ဘယ္ေလာက္အထိ ငယ္ရြယ္သလဲဆိုရင္ ဂ်ိမ္းစ္မီလ္နာ ပေရာ္္ဖက္ရွင္နယ္ကစားသမားဘဝ ပြဲဦးထြက္ စတင္ကစားတဲ့အခ်ိန္မွာ အက္စ္တြန္ဗီလာအသင္းရဲ့ ပြဲထြက္ကစားသမား ၅ ဦးဟာ ေမြးေတာင္ မေမြးေသးပါဘူး။ လီဗာပူးလ္အသင္းဟာ မိုဟာမက္ဆာလား၊ ေဂ်ာ္ဂ်င္နီယို ဗိုင္နယ္လ္ဒြမ္၊ မာေနးရဲ့ သြင္းဂိုး ၂ ဂိုးေၾကာင့္ အက္စ္တြန္ဗီလာအသင္းကို ၄-၁ နဲ႔ အနိုင္ရရွိၿပီး အက္ဖ္ေအဖလား စတုတၳအဆင့္ကို တက္ေရာက္သြားနိုင္ခဲ့ၿပီျဖစ္ပါတယ္။


အက္စ္တြန္ဗီလာကစားသမားေတြဟာ ပထမပိုင္း ၄ မိနစ္မွာ ခြင့္ျပဳခဲ့ရတဲ့ မာေနးရဲ့ အဖြင့္ဂိုးအတြက္ ပထမပိုင္းၿပီးဆုံးခါနီးမွာ ေခ်ပဂိုး ျပန္လည္သြင္းယူနိုင္ခဲ့တဲ့အတြက္ အလြန္ဂုဏ္ယူဝမ္းေျမာက္ခဲ့ၾကၿပီး ပြဲစဥ္တေလၽွာက္လုံးရဲ့ မိနစ္ ၂၀ နီးပါးကို တစ္သင္းလုံးပ်မ္းမၽွအသက္ ၁၉ ႏွစ္သာရွိေသးတဲ့ ဗီလာအသင္းက ပရီးမီးယားလိဂ္နဲ႔ ၂၀၁၉ ဥေရာပခ်န္ပီယံအသင္းႀကီးကို ထိန္းခ်ဳပ္ထားနိုင္ခဲ့တာျဖစ္ပါတယ္။ အက္စ္တြန္ဗီလာအသင္းအတြက္ ေခ်ပဂိုးကို ၂၀၁၉ ခုႏွစ္မွာ ဝက္စ္ဘရြန္းအကယ္ဒမီကေန ဘာစီလိုနာအကယ္ဒမီကို ေျပာင္းေရႊ႕ခဲ့တဲ့ ဘယ္ရီက အံ့အားသင့္ဖြယ္ တကိုယ္ေတာ္အစြမ္းနဲ႔ ထိုးေဖာက္ ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဘက္ကို ေခ်ပဂိုးသြင္းယူသြားခဲ့တဲ့ ဘယ္ရီကို ဘာေၾကာင့္ ဘာစီလိုနာအသင္းက ေခၚယူဖို႔ ႀကိဳးပမ္းခဲ့တာလဲဆိုတာကို ရွင္းရွင္းလင္းလင္းျမင္ေတြ႕ခဲ့ရၿပီး စီနီယာပြဲဦးထြက္မွာ ဂိုးသြင္းယူနိုင္ခဲ့သလို ကမၻာ့အေကာင္းဆုံးအသင္းေတြထဲက တစ္သင္းကို သြင္းယူနိုင္ခဲ့တာျဖစ္တာေၾကာင့္လည္း ဘယ္ရီအတြက္ တသက္မေမ့နိုင္စရာ အခိုက္အတံ့ကို ပိုင္ဆိုင္ခဲ့ရတယ္လို႔ ဆိုရမွာပါ။ အဲဒီထက္ အမွတ္တရျဖစ္စရာ အခိုက္အတံ့ကေတာ့ ပြဲအၿပီးမွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး ဘယ္ရီဟာ လီဗာပူးလ္ကစားသမားေတြထဲက တစ္ဦးရဲ့ ဂ်ာစီကို လိုခ်င္ခဲ့မယ္ဆိုတာ သံသယျဖစ္စရာမရွိဘဲ ဖာဘင္ညိဳနဲ႔ ရွပ္ လဲလွယ္ခဲ့ၾကတာကို ျမင္ေတြ႕ခဲ့ရပါတယ္။


ဒါေပမယ့္ အက္စ္တြန္ဗီလာအသင္းဝန္ထမ္းတစ္ဦးက ဘယ္ရီကို ပြဲဦးထြက္ပြဲစဥ္က ရွပ္ကို ေပးပစ္လိုက္တယ္ဆိုတာ သတိရသြားေအာင္ ေျပာၾကားခဲ့ၿပီးေနာက္ အသက္ ၁၇ ႏွစ္အရြယ္ကစားသမားဟာ သေဘာေပါက္သြားဟန္နဲ႔ ဥမင္ေလၽွာက္လမ္းထဲကို ေျပးဆင္းၿပီး ဖာဘင္ညိဳဆီက ၎ရဲ့ရွပ္ကို ျပန္ေတာင္းခဲ့ပါတယ္။ ဖာဘင္ညိဳအတြက္ေတာ့ မယုံၾကည္နိုင္ဖြယ္ အခိုက္အတံ့ျဖစ္ခဲ့ၿပီး လူငယ္ကစားသမားေလးတစ္ေယာက္အတြက္ စီနီယာအသင္းပြဲဦးထြက္ရွပ္ဟာ ဘယ္ေလာက္ အေရးႀကီးတယ္ဆိုတာ နားလည္ဟန္နဲ႔ ခ်က္ခ်င္းဘဲ ျပန္ေပးလိုက္တာကို ႐ုပ္သံဖိုင္ထဲမွာ ျမင္ေတြ႕ခဲ့ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.