Premier League

9 Jan နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ


-ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်က အနာဂတ်နဲ့ပတ်သက်တဲ့ ကောလာဟလသတင်းတွေကို ၎င်းသာ လွယ်ကူတဲ့ဘဝကို လိုချင်ခဲ့တယ်ဆိုရင် ရုပ်မြင်သံကြားမှာ ဘောလုံးဝေဖန်သူအဖြစ် ဆက်လုပ်ခဲ့မှာပေါ့လို့ တုံ့ပြန်ခဲ့။ လမ်းပတ်ဟာ ချဲလ်ဆီးအသင်းရဲ့ ပြန်လည်တည်ဆောက်နေမှုနဲ့ပတ်သက်ပြီး ထပ်မံပြောကြားခဲ့ပေမယ့် အသင်းကို အချိန်ပေးဖို့ အတင်းအကြပ်တောင်းဆိုမှာမဟုတ်ဘူးလို့ ထပ်လောင်းပြောကြားခဲ့။ “ကျွန်တော် နှစ် ၂၀ လောက် ပရော်ဖက်ရှင်ကစားသမားအဖြစ် ကစားခဲ့ပါတယ်။ အခု ကျွန်တော် လုပ်နေတာကလည်း အဲဒီတုန်းကလိုပဲ လုပ်နိုင်သလောက် လုပ်ဖို့ ကြိုးစားနေတာပါ။ ကျွန်တော် ရှုံးပွဲတွေကို မနှစ်သက်ပါဘူး။ တနင်္လာနေ့မှာ ကျွန်တော် စိတ်ပျက်ခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီနေ့မှာ ကျွန်တော်တို့ထက် ပိုကောင်းတဲ့အသင်းကို ရှုံးနိမ့်ခဲ့တာမို့လို့ပါ။ အင်္ဂါနေ့မှာ ကျွန်တော် အိပ်ရာနိုးတာနဲ့ ပိုကောင်းအောင်လုပ်မယ်လို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ အဲဒါက ရှုံးပွဲတွေကို ကျွန်တော် မြင်တဲ့တစ်ခုတည်းသောပုံစံပါ”လို့ ပြောကြားခဲ့။


-လီဗာပူးကစားသမားဟောင်း မာ့ခ် လော်ရန်ဆန်က ချဲလ်ဆီးအသင်းဟာ တနင်္ဂနွေနေ့ စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ကစားရမယ့် မိုကမ့်ဘ်နဲ့ပွဲစဉ်မှာ ၃-၀ နဲ့ သက်တောင့်သက်သာ အနိုင်ရပြီး အက်ဖ်အေဖလား စတုတ္ထအဆင့်ကို တက်ရောက်သွားနိုင်လိမ့်မယ်လို့ ထောက်ခံပြောကြားခဲ့။


-ချဲလ်ဆီးနောက်ခံကစားသမား တိုမိုရီဟာ စိန်ခေါ်မှုအသစ်တွေအတွက် အကောင်းဆုံးဖြစ်မယ့်နေရာကို ပြောင်းရွှေ့ဖို့အတွက် တောင်းဆိုခံနေရတယ်လို့ Mundo Deportivo က ဖော်ပြခဲ့ပြီး ပုံမှန်ပွဲကစားချိန်ရရှိမယ့်အသင်းကို အငှားနဲ့ပဲဖြစ်ဖြစ်၊ အပြီးသတ်ပဲဖြစ်ဖြစ် ပြောင်းရွှေ့ချင်နေသူဖြစ်။


-ချဲလ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်ဟာ အပြောင်းအရွှေ့စျေးကွက်အပေါ် ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာကပ်ရဲ့အကျိုးသက်ရောက်မှုကြောင့် ယခုလ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ပထမအသင်းလူစာရင်းကို ချုံ့ပစ်ဖို့ဆိုတာ ရိုးရှင်းမှာမဟုတ်ဘူးလို့ အသင်းတာဝန်ရှိသူတွေကို သတိပေးခဲ့ပြီး ကီပါ၊ တိုမိုရီ၊ ဂျော်ဂျင်ညိုနဲ့ မားကို့စ်အလွန်ဆိုတို့ဟာ စတန်းဖို့ဒ်ဘရစ်ဂျ်ကနေ ထွက်ခွာဖို့ သတင်းတွေထွက်ပေါ်နေ။


-လေဗာကူဆင်နည်းပြ ပီတာဘော့ဇ်က နည်းပြလမ်းပတ်အနေနဲ့ ဟားဗတ်ဇ်ကို ချဲလ်ဆီးအသင်းမှာ ဘယ်လိုအသုံးပြုချင်နေတာလဲလို့ မေးခွန်းထုတ်ခဲ့ပြီး ဂျာမန်ကြယ်ပွင့်ကို လေဗာကူဆင်မှာ နည်းပြခဲ့တဲ့အတွက် ကစားသမားရဲ့ အားသာချက်တွေနဲ့ အရည်အချင်းတွေကို ဘော့ဇ်က ကောင်းကောင်းသတိပြုမိနေတာဖြစ်။


-ချဲလ်ဆီးနောက်ခံကစားသမား မတ်မီယာဇဂါက လက်ရှိ အန်ဒါလက်ချ်အသင်းမှာ ဘောလုံးကစားနေရတာကို ပျော်ရွှင်နေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ယူအက်စ်အေနောက်ခံကစားသမားဟာ ယခုရာသီထက် ကျော်လွန်ပြီး ဘယ်လ်ဂျီယံကလပ်မှာ ဆက်ပြီး နေချင်နေတာဖြစ်။


-ချဲလ်ဆီးအသင်း နည်းပြဖရန့်လမ်းပတ်နဲ့ အသင်းဘုတ်အဖွဲ့ ဒါရိုက်တာတွေကြားမှာ ဝက်စ်ဟမ်းကြယ်ပွင့် ဒီကလန် ရိုက်စ်နဲ့ ပတ်သက်ပြီး တင်းမာမှုတွေ မြင့်တက်လာနေတယ်လို့ The Athletic သတင်းထောက် ဒေးဗစ်အော်စတိန်းက ပြောကြားခဲ့ပြီး ပြီးခဲ့တဲ့ သြဂုတ်လမှာ ပေါင်သန်း ၅၀ နဲ့ ကမ်းလှမ်းမှု ငြင်းပယ်ခံခဲ့ရပြီးနောက် နောက်ထပ် ကမ်းလှမ်းမှုပြုလုပ်ဖို့ ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေက သဘောတူညီခြင်းမရှိဘူးလို့ Sky Sports က ဖော်ပြခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


-ခ်ဲလ္ဆီးနည္းၿပ ဖရန႔္လမ္းပတ္က အနာဂတ္နဲ႔ပတ္သက္တဲ့ ေကာလာဟလသတင္းေတြကို ၎သာ လြယ္ကူတဲ့ဘဝကို လိုခ်င္ခဲ့တယ္ဆိုရင္ ႐ုပ္ျမင္သံၾကားမွာ ေဘာလုံးေဝဖန္သူအျဖစ္ ဆက္လုပ္ခဲ့မွာေပါ့လို႔ တုံ႔ျပန္ခဲ့။ လမ္းပတ္ဟာ ခ်ဲလ္ဆီးအသင္းရဲ့ ျပန္လည္တည္ေဆာက္ေနမႈနဲ႔ပတ္သက္ၿပီး ထပ္မံေျပာၾကားခဲ့ေပမယ့္ အသင္းကို အခ်ိန္ေပးဖို႔ အတင္းအၾကပ္ေတာင္းဆိုမွာမဟုတ္ဘူးလို႔ ထပ္ေလာင္းေျပာၾကားခဲ့။ “ကၽြန္ေတာ္ ႏွစ္ ၂၀ ေလာက္ ပေရာ္ဖက္ရွင္ကစားသမားအျဖစ္ ကစားခဲ့ပါတယ္။ အခု ကၽြန္ေတာ္ လုပ္ေနတာကလည္း အဲဒီတုန္းကလိုပဲ လုပ္နိုင္သေလာက္ လုပ္ဖို႔ ႀကိဳးစားေနတာပါ။ ကၽြန္ေတာ္ ရႈံးပြဲေတြကို မႏွစ္သက္ပါဘူး။ တနလၤာေန႔မွာ ကၽြန္ေတာ္ စိတ္ပ်က္ခဲ့ရပါတယ္။ ဘာလို႔လဲဆိုေတာ့ အဲဒီေန႔မွာ ကၽြန္ေတာ္တို႔ထက္ ပိုေကာင္းတဲ့အသင္းကို ရႈံးနိမ့္ခဲ့တာမို႔လို႔ပါ။ အဂၤါေန႔မွာ ကၽြန္ေတာ္ အိပ္ရာနိုးတာနဲ႔ ပိုေကာင္းေအာင္လုပ္မယ္လို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့တယ္။ အဲဒါက ရႈံးပြဲေတြကို ကၽြန္ေတာ္ ျမင္တဲ့တစ္ခုတည္းေသာပုံစံပါ”လို႔ ေျပာၾကားခဲ့။


-လီဗာပူးကစားသမားေဟာင္း မာ့ခ္ ေလာ္ရန္ဆန္က ခ်ဲလ္ဆီးအသင္းဟာ တနဂၤေႏြေန႔ စတန္းဖို႔ဒ္ဘရစ္ဂ်္မွာ ကစားရမယ့္ မိုကမ့္ဘ္နဲ႔ပြဲစဥ္မွာ ၃-၀ နဲ႔ သက္ေတာင့္သက္သာ အနိုင္ရၿပီး အက္ဖ္ေအဖလား စတုတၳအဆင့္ကို တက္ေရာက္သြားနိုင္လိမ့္မယ္လို႔ ေထာက္ခံေျပာၾကားခဲ့။


-ခ်ဲလ္ဆီးေနာက္ခံကစားသမား တိုမိုရီဟာ စိန္ေခၚမႈအသစ္ေတြအတြက္ အေကာင္းဆုံးျဖစ္မယ့္ေနရာကို ေျပာင္းေရႊ႕ဖို႔အတြက္ ေတာင္းဆိုခံေနရတယ္လို႔ Mundo Deportivo က ေဖာ္ျပခဲ့ၿပီး ပုံမွန္ပြဲကစားခ်ိန္ရရွိမယ့္အသင္းကို အငွားနဲ႔ပဲျဖစ္ျဖစ္၊ အၿပီးသတ္ပဲျဖစ္ျဖစ္ ေျပာင္းေရႊ႕ခ်င္ေနသူျဖစ္။


-ခ်ဲလ္ဆီးအသင္းနည္းၿပ ဖရန႔္လမ္းပတ္ဟာ အေျပာင္းအေရႊ႕ေစ်းကြက္အေပၚ ကိုရိုနာဗိုင္းရပ္စ္ကမၻာကပ္ရဲ့အက်ိဳးသက္ေရာက္မႈေၾကာင့္ ယခုလ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ ပထမအသင္းလူစာရင္းကို ခ်ဳံ႕ပစ္ဖို႔ဆိုတာ ရိုးရွင္းမွာမဟုတ္ဘူးလို႔ အသင္းတာဝန္ရွိသူေတြကို သတိေပးခဲ့ၿပီး ကီပါ၊ တိုမိုရီ၊ ေဂ်ာ္ဂ်င္ညိဳနဲ႔ မားကို႔စ္အလြန္ဆိုတို႔ဟာ စတန္းဖို႔ဒ္ဘရစ္ဂ်္ကေန ထြက္ခြာဖို႔ သတင္းေတြထြက္ေပၚေန။


-ေလဗာကူဆင္နည္းၿပ ပီတာေဘာ့ဇ္က နည္းျပလမ္းပတ္အေနနဲ႔ ဟားဗတ္ဇ္ကို ခ်ဲလ္ဆီးအသင္းမွာ ဘယ္လိုအသုံးျပဳခ်င္ေနတာလဲလို႔ ေမးခြန္းထုတ္ခဲ့ၿပီး ဂ်ာမန္ၾကယ္ပြင့္ကို ေလဗာကူဆင္မွာ နည္းျပခဲ့တဲ့အတြက္ ကစားသမားရဲ့ အားသာခ်က္ေတြနဲ႔ အရည္အခ်င္းေတြကို ေဘာ့ဇ္က ေကာင္းေကာင္းသတိျပဳမိေနတာျဖစ္။


-ခ်ဲလ္ဆီးေနာက္ခံကစားသမား မတ္မီယာဇဂါက လက္ရွိ အန္ဒါလက္ခ်္အသင္းမွာ ေဘာလုံးကစားေနရတာကို ေပ်ာ္ရႊင္ေနတယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ တစ္ရာသီအငွားနဲ႔ ေျပာင္းေရႊ႕ခဲ့တဲ့ ယူအက္စ္ေအေနာက္ခံကစားသမားဟာ ယခုရာသီထက္ ေက်ာ္လြန္ၿပီး ဘယ္လ္ဂ်ီယံကလပ္မွာ ဆက္ၿပီး ေနခ်င္ေနတာျဖစ္။


-ခ်ဲလ္ဆီးအသင္း နည္းျပဖရန႔္လမ္းပတ္နဲ႔ အသင္းဘုတ္အဖြဲ႕ ဒါရိုက္တာေတြၾကားမွာ ဝက္စ္ဟမ္းၾကယ္ပြင့္ ဒီကလန္ ရိုက္စ္နဲ႔ ပတ္သက္ၿပီး တင္းမာမႈေတြ ျမင့္တက္လာေနတယ္လို႔ The Athletic သတင္းေထာက္ ေဒးဗစ္ေအာ္စတိန္းက ေျပာၾကားခဲ့ၿပီး ၿပီးခဲ့တဲ့ ၾသဂုတ္လမွာ ေပါင္သန္း ၅၀ နဲ႔ ကမ္းလွမ္းမႈ ျငင္းပယ္ခံခဲ့ရၿပီးေနာက္ ေနာက္ထပ္ ကမ္းလွမ္းမႈျပဳလုပ္ဖို႔ ခ်ဲလ္ဆီးအသင္းတာဝန္ရွိသူေတြက သေဘာတူညီျခင္းမရွိဘူးလို႔ Sky Sports က ေဖာ္ျပခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.