Premier League

9 Jan နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများစုစည်းမှု


-မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားက တီမိုသီ ဖိုဆူမန်ဆားဟာ ယခုလမှာ အိုးထရက်ဖို့ဒ်ကို စွန့်ခွာဖို့ ပြင်ဆင်နေကြောင်း အတည်ပြုပြောကြားခဲ့ပြီး ယခုရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် အသင်းကနေ ထွက်ခွာခွင့်ပြုထားတဲ့ကစားသမားတွေထဲကတစ်ဦး ဖြစ်။


-မန်ချက်စတာယူနိုက်တက်အသင်းဟာ အီကွေဒေါကြယ်ပွင့် မွိုက်စ် ကိုင်ဆဲဒိုးအပေါ် စိတ်ဝင်စားမှုကို လျှော့ချလိုက်ပြီလို့ သိရပြီး အခြေအနေကို ထိန်းချုပ်ထားနိုင်ခဲ့ပမယ့်လည်း အခြားပစ်မှတ်တွေကို ဦးစားပေး ခေါ်ယူသွားဖို့ ပြင်ဆင်နေတာကြောင့် ခေါ်ယူဖို့ ကြိုးပမ်းနေမှုကို နောက်ဆုတ်သွားခဲ့ပြီလို့ ဖက်ဘရီဇီယို ရိုမာနိုက ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အိုးထရက်ဖို့ဒ်မှာ ပွဲထွက်ကစားခွင့် မရှိသလောက်ဖြစ်နေပေမယ့်လည်း ဗန်ဒီဘိခ်ကို ဘယ်လောက်အထိ မြင့်မြင့်မားမား တန်ဖိုးထားထားတယ်ဆိုတာကို ထပ်မံပြောကြားခဲ့ပြီး ဝက်ဖို့ဒ်နဲ့ ကစားရမယ့် အက်ဖ်အေဖလားပွဲစဉ်မှာ ပြိုင်ပွဲစုံ ၉ ပွဲမြောက် ပွဲထွက်ပါဝင်ကစားခွင့်ပေးသွားမယ်လို့ ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က အဲရစ် ဘိုင်လီဟာ လက်ရှိအချိန်မှာ ပုံစံကောင်း ရရှိနေပြီဖြစ်တာကြောင့် ရီးရဲမက်ဒရစ်ဝါရင့်နောက်ခံကစားသမား ဆာဂျီယိုရာမို့စ်လိုမျိုး ကစားသမားကို ခေါ်ယူဖို့ မလိုအပ်ကြောင်း သတိပေးပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမား အဲရစ် ဘိုင်လီဟာ ဇန်နဝါရီအပြောင်းအရွှေ့ ပထမဆုံးကစားသမားခေါ်ယူမှုဖြစ်ခဲ့တဲ့ အာမက် ဒီရယ်လို အသင်းမှာ အသားကျသွားအောင် ကူညီပေးချင်နေပြီး ၂၀၁၆ ခုနှစ်တုန်းက ယူနိုက်တက်ကို စတင်ရောက်ရှိလာခဲ့တုန်းက ဝိန်းရွန်နီနဲ့ အီဘရာဟီမိုဗစ်တို့ လုပ်ခဲ့တဲ့အတိုင်း ပြုလုပ်ပေးချင်တယ်လို့ ပြောကြားခဲ့။


-အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဖက်ဘရီဇီယို ရိုမာနိုက မန်ချက်စတာယူနိုက်တက်အသင်းဟာ တူးလု့စ်ကြယ်ပွင့် ကွာဒီအိုကိုနေးကို ခေါ်ယူဖို့ ကြိုးပမ်းတဲ့ ပြိုင်ပွဲမှာ ရှုံးနိမ့်သွားခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဘွန်ဒက်စ်လီဂါကလပ်ဖြစ်တဲ့ မိုချန်ဂလတ်ဘတ်က အနိုင်ရရှိသွားသူဖြစ်နိုင်တယ်လို့ ESPN က ဖော်ပြခဲ့။


-မန်ချက်စတာယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးလ်ရှားက အန်သိုနီမာစီယယ်လ်ကို အာလင်းဟာလန်းနဲ့ အဆင့်မြှင့်တင်ချင်နေပြီး ပြင်သစ်တိုက်စစ်မှူးက ယခုရာသီ ၁၉ ပွဲမှာ ၅ ဂိုးသာ သွင်းယူထားနိုင်သေးတဲ့အချိန်မှာ ဒေါ့မွန်ကြယ်ပွင့်က ဒေါ့မွန်အသင်းအတွက် စုစုပေါင်း ၃၃ ပွဲသာ ပါဝင်ကစားရသေးချိန်မှာ ၃၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီဖြစ်။


-လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က လာမယ့်အပတ် တနင်္ဂနွေနေ့မှာ အမှတ်ပေးဇယားထိပ်ဆုံးနေရာအတွက် အဆုံးအဖြတ်ဖြစ်လာမယ့် မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ်မှာ အနိုင်ကစားသွားဖို့ ပြင်ဆင်နေတယ်လို့ ပြောကြားခဲ့ပြီး နယူးကာဆယ်၊ ဆောက်သမ်တန်တို့နဲ့ပွဲစဉ်က အမှားတွေကို ဒီ ၉ ရက်အတွင်း ပြင်ဆင်သွားမယ်လို့ ပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


-မန္ခ်က္စတာယူနိုက္တက္နည္းျပဆိုးလ္ရွားက တီမိုသီ ဖိုဆူမန္ဆားဟာ ယခုလမွာ အိုးထရက္ဖို႔ဒ္ကို စြန႔္ခြာဖို႔ ျပင္ဆင္ေနေၾကာင္း အတည္ျပဳေျပာၾကားခဲ့ၿပီး ယခုရာသီကုန္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္တာေၾကာင့္ အသင္းကေန ထြက္ခြာခြင့္ျပဳထားတဲ့ကစားသမားေတြထဲကတစ္ဦး ျဖစ္။


-မန္ခ်က္စတာယူနိုက္တက္အသင္းဟာ အီေကြေဒါၾကယ္ပြင့္ မြိဳက္စ္ ကိုင္ဆဲဒိုးအေပၚ စိတ္ဝင္စားမႈကို ေလၽွာ့ခ်လိုက္ၿပီလို႔ သိရၿပီး အေျခအေနကို ထိန္းခ်ဳပ္ထားနိုင္ခဲ့ပမယ့္လည္း အျခားပစ္မွတ္ေတြကို ဦးစားေပး ေခၚယူသြားဖို႔ ျပင္ဆင္ေနတာေၾကာင့္ ေခၚယူဖို႔ ႀကိဳးပမ္းေနမႈကို ေနာက္ဆုတ္သြားခဲ့ၿပီလို႔ ဖက္ဘရီဇီယို ရိုမာနိုက ေျပာၾကားခဲ့။


-မန္ခ်က္စတာယူနိုက္တက္နည္းၿပ ဆိုးလ္ရွားက အိုးထရက္ဖို႔ဒ္မွာ ပြဲထြက္ကစားခြင့္ မရွိသေလာက္ျဖစ္ေနေပမယ့္လည္း ဗန္ဒီဘိခ္ကို ဘယ္ေလာက္အထိ ျမင့္ျမင့္မားမား တန္ဖိုးထားထားတယ္ဆိုတာကို ထပ္မံေျပာၾကားခဲ့ၿပီး ဝက္ဖို႔ဒ္နဲ႔ ကစားရမယ့္ အက္ဖ္ေအဖလားပြဲစဥ္မွာ ၿပိဳင္ပြဲစုံ ၉ ပြဲေျမာက္ ပြဲထြက္ပါဝင္ကစားခြင့္ေပးသြားမယ္လို႔ ေျပာၾကားခဲ့။


-မန္ခ်က္စတာယူနိုက္တက္တိုက္စစ္မႉးေဟာင္း ဘာဘာေတာ့ဗ္က အဲရစ္ ဘိုင္လီဟာ လက္ရွိအခ်ိန္မွာ ပုံစံေကာင္း ရရွိေနၿပီျဖစ္တာေၾကာင့္ ရီးရဲမက္ဒရစ္ဝါရင့္ေနာက္ခံကစားသမား ဆာဂ်ီယိုရာမို႔စ္လိုမ်ိဳး ကစားသမားကို ေခၚယူဖို႔ မလိုအပ္ေၾကာင္း သတိေပးေျပာၾကားခဲ့။


-မန္ခ်က္စတာယူနိုက္တက္ေနာက္ခံကစားသမား အဲရစ္ ဘိုင္လီဟာ ဇန္နဝါရီအေျပာင္းအေရႊ႕ ပထမဆုံးကစားသမားေခၚယူမႈျဖစ္ခဲ့တဲ့ အာမက္ ဒီရယ္လို အသင္းမွာ အသားက်သြားေအာင္ ကူညီေပးခ်င္ေနၿပီး ၂၀၁၆ ခုႏွစ္တုန္းက ယူနိုက္တက္ကို စတင္ေရာက္ရွိလာခဲ့တုန္းက ဝိန္းရြန္နီနဲ႔ အီဘရာဟီမိုဗစ္တို႔ လုပ္ခဲ့တဲ့အတိုင္း ျပဳလုပ္ေပးခ်င္တယ္လို႔ ေျပာၾကားခဲ့။


-အေျပာင္းအေရႊ႕အထူးကၽြမ္းက်င္သူ ဖက္ဘရီဇီယို ရိုမာနိုက မန္ခ်က္စတာယူနိုက္တက္အသင္းဟာ တူးလု႔စ္ၾကယ္ပြင့္ ကြာဒီအိုကိုေနးကို ေခၚယူဖို႔ ႀကိဳးပမ္းတဲ့ ၿပိဳင္ပြဲမွာ ရႈံးနိမ့္သြားခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး ဘြန္ဒက္စ္လီဂါကလပ္ျဖစ္တဲ့ မိုခ်န္ဂလတ္ဘတ္က အနိုင္ရရွိသြားသူျဖစ္နိုင္တယ္လို႔ ESPN က ေဖာ္ျပခဲ့။


-မန္ခ်က္စတာယူနိုက္တက္နည္းၿပ အိုေလဂန္နာဆိုးလ္ရွားက အန္သိုနီမာစီယယ္လ္ကို အာလင္းဟာလန္းနဲ႔ အဆင့္ျမႇင့္တင္ခ်င္ေနၿပီး ျပင္သစ္တိုက္စစ္မႉးက ယခုရာသီ ၁၉ ပြဲမွာ ၅ ဂိုးသာ သြင္းယူထားနိုင္ေသးတဲ့အခ်ိန္မွာ ေဒါ့မြန္ၾကယ္ပြင့္က ေဒါ့မြန္အသင္းအတြက္ စုစုေပါင္း ၃၃ ပြဲသာ ပါဝင္ကစားရေသးခ်ိန္မွာ ၃၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၆ ႀကိမ္အထိ ျပဳလုပ္ထားနိုင္ခဲ့ၿပီျဖစ္။


-လီဗာပူးနည္းၿပ ယာဂင္ကေလာ့ပ္က လာမယ့္အပတ္ တနဂၤေႏြေန႔မွာ အမွတ္ေပးဇယားထိပ္ဆုံးေနရာအတြက္ အဆုံးအျဖတ္ျဖစ္လာမယ့္ မန္ခ်က္စတာယူနိုက္တက္နဲ႔ပြဲစဥ္မွာ အနိုင္ကစားသြားဖို႔ ျပင္ဆင္ေနတယ္လို႔ ေျပာၾကားခဲ့ၿပီး နယူးကာဆယ္၊ ေဆာက္သမ္တန္တို႔နဲ႔ပြဲစဥ္က အမွားေတြကို ဒီ ၉ ရက္အတြင္း ျပင္ဆင္သြားမယ္လို႔ ေျပာၾကားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.