Premier League Transfer News

9 Jan နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းရဲ့ လက်ထောက်အသင်းခေါင်းဆောင် ဟက်တာ ဘယ်လာရင်က ဆောင်းရာသီအပြောင်းအရွှေ့မှာ ဂျာမန်ကလပ် ဟာသာဘာလင်အသင်းနဲ့ ခြေစွမ်းပြသနေခဲ့တဲ့ ကွင်းလယ်လူ မက်တီယို ဂန်ဒူဇီကို ပြန်လည်ခေါ်ယူအားဖြည့်သွားဖို့ တိုက်တွန်း။

– တိုက်စစ်မှူး ဆီဘက်စတီယန် အဲလားကို အိုင်းယက်စ်အသင်းဆီ ပေါင်သန်း ၂၀ နဲ့ ရောင်းချလိုက်တဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းအနေနဲ့ အာဆင်နယ်လူငယ်တိုက်စစ်မှူး အက်ဒီ နကီးတီးယားကို ဒီတစ်ဝက်ဈေးနဲ့ ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေပြီး နည်းပြ ဒေးဗစ်မွိုက်စ်က အလိုရှိနေ။

– ဂျီနိုအာအသင်းက စိတ်ဝင်စားနေခဲ့တဲ့ နောက်ခံလူ ရှကိုဒရန် မူစတာဖီက သူ့အနေနဲ့ အီတလီကို ပြောင်းရွှေ့ရင်တောင်မှ ဂျီနိုအာကို ရွေးချယ်မှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပြီး ဆမ်ဒိုးရီးယားအသင်းရဲ့ အင်္ကျီကို ဝတ်ဆင်ခဲ့ဖူးသူအနေနဲ့ ခါးသီးတဲ့ ပြိုင်ဘက်ကို ရွေးမှာ မဟုတ်ဘူးလို့ဆို။

– အာဆင်နယ်အသင်းရဲ့ ဂါနာကွင်းလယ်လူ သောမတ်စ် ပါတေးအနေနဲ့ ဇန်နဝါရီမှာ သူဝတ်ဆင်ထားတဲ့ ကျောနံပါတ် ၁၈ အစား စိတ်ကြိုက်နံပါတ် ၅ ကို ပြောင်းလဲရွေးချယ်နိုင်ဖွယ်ရှိနေပြီး ပြိုင်ပွဲတွေရဲ့ စည်းမျဉ်းတွေနဲ့ မှတ်ပုံတင်အချက်အလက်တွေကိုတော့ ကျော်ဖြတ်ရဖွယ်ရှိနေ။

– အာဆင်နယ်အသင်းနည်းပြဟောင်း အူနိုင်း အမ်မရီနဲ့ ဆွေးနွေးပြီး သဘောတူညီမှု ရခဲ့ပေမယ့် အဆုံးသတ်မှာ မအောင်မြင်ခဲ့ဘဲ အားကစားဒါရိုက်တာ ရာအူးလ် ဆန်ယီဟီရဲ့ နီကိုလာ ပေပေကိုပဲ ရွေးချယ်မှုနဲ့ ကြုံခဲ့ရတယ်လို့ ပဲလေ့စ်တိုက်စစ်မှူး ဝီလ်ဖရီး ဇာဟာက ထုတ်ဖော်လိုက်ပြီး ပေါင် ၇၂ သန်းတန် ကစားသမားကိုလည်း ပရီးမီးယားလိဂ်က လွယ်ရဲ့လားလို့ မေးခွန်းထုတ်သွား။

– ဂိုးသမား မက်မေဆီက စကော့တလန်ပရီးမီးယားရှစ်ကလပ် ဟိုက်ဘာနီးယန်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်တာဟာ အသင်းဖော် ကီရန် တီယာနီရဲ့ အကြံပေး တိုက်တွန်းမှုကြောင့်ဖြစ်ပြီး ဘယ်နောက်ခံလူအနေနဲ့ အသင်းတည်ရှိရာ အီဒင်ဘရာမြို့နဲ့ ဒီအသင်း၊ ဒီပြိုင်ပွဲတွေရဲ့ အကြောင်းကို နားလည်သဘောကျလာအောင် ရှင်းပြခဲ့တယ်လို့ဆို။

– အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးဟောင်းကြီးတစ်ဦးဖြစ်တဲ့ အလန် စမစ်က အသင်းက ထွက်ခွာသွားတဲ့ ရာအူးလ် ဆန်ယီဟီကို သိပ်တော်တာပဲလို့ ရွဲ့ပြောလိုက်ပြီး သူခေါ်ထားတဲ့ နီကိုလာ ပေပေနဲ့ ဝီလီယန်တို့ဟာ ဘောလုံးပရိသတ်တွေအနေနဲ့ ဒီကစားနည်းကို စိတ်မဝင်စားတော့အောင်ပါ လုပ်နိုင်တယ်လို့ လှောင်ပြောင်ပြောကြား။

– အသင်းကနေ ကွင်းလယ်လူ မီဆွတ် အိုဇေးလ်နဲ့ လစာမြင့်မားတဲ့သူတွေကို ရှင်းထုတ်ပြီးရင် ဒီဘဏ္ဏာရေးနှစ်အတွက် အရှုံးမပေါ်စေဖို့ အချိန်မီ ငွေဖော်ရဖို့အတွက် ဗိုက်နာနေတဲ့ ဘာစီလိုနာအသင်းရဲ့ အခက်အခဲကို အခွင့်ကောင်းယူပြီး ဘရာဇီးလ်သား ဖလိပီ ကော်တင်ညိုကို ခေါ်ယူသင့်ကြောင်း ပရိသတ်တွေ တိုက်တွန်း။

– နီကိုလာ ပေပေအနေနဲ့ ပြင်သစ်လီဂူးဝမ်းမှာ ခြေစွမ်းပြပြီး ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာကတည်းက သူ့မှာ ကြိုးစားအားထုတ်မှုက မလုံလောက်ဘူးလို့ ပြောကြားလိုက်ပြီး ပိုမိုခက်ခဲတဲ့ ပြိုင်ပွဲမှာ ပျင်းရိတာ၊ ထရိန်နင်နောက်ကျတာမျိုးတွေကို တစ်နေ့မှ ကျူးလွန်လို့ မရဘဲ အကောင်းဆုံးပုံစံအတွက် အမြဲတမ်း ရုန်းကန်နေသင့်တယ်လို့ ချဲလ်ဆီးတိုက်စစ်မှူးဟောင်း လိုရစ် ရီမီ သတိပေး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းရဲ႕ လက္ေထာက္အသင္းေခါင္းေဆာင္ ဟက္တာ ဘယ္လာရင္က ေဆာင္းရာသီအေျပာင္းအေ႐ႊ႕မွာ ဂ်ာမန္ကလပ္ ဟာသာဘာလင္အသင္းနဲ႔ ေျခစြမ္းျပသေနခဲ့တဲ့ ကြင္းလယ္လူ မက္တီယို ဂန္ဒူဇီကို ျပန္လည္ေခၚယူအားျဖည့္သြားဖို႔ တိုက္တြန္း။

– တိုက္စစ္မႉး ဆီဘက္စတီယန္ အဲလားကို အိုင္းယက္စ္အသင္းဆီ ေပါင္သန္း ၂၀ နဲ႔ ေရာင္းခ်လိုက္တဲ့ ဝက္စ္ဟမ္းယူႏိုက္တက္အသင္းအေနနဲ႔ အာဆင္နယ္လူငယ္တိုက္စစ္မႉး အက္ဒီ နကီးတီးယားကို ဒီတစ္ဝက္ေဈးနဲ႔ ေခၚယူႏိုင္ဖို႔ ျပင္ဆင္ေနၿပီး နည္းျပ ေဒးဗစ္မြိဳက္စ္က အလိုရွိေန။

– ဂ်ီႏိုအာအသင္းက စိတ္ဝင္စားေနခဲ့တဲ့ ေနာက္ခံလူ ရွကိုဒရန္ မူစတာဖီက သူ႔အေနနဲ႔ အီတလီကို ေျပာင္းေ႐ႊ႕ရင္ေတာင္မွ ဂ်ီႏိုအာကို ေ႐ြးခ်ယ္မွာ မဟုတ္ဘူးလို႔ ေျပာၾကားလိုက္ၿပီး ဆမ္ဒိုးရီးယားအသင္းရဲ႕ အက်ႌကို ဝတ္ဆင္ခဲ့ဖူးသူအေနနဲ႔ ခါးသီးတဲ့ ၿပိဳင္ဘက္ကို ေ႐ြးမွာ မဟုတ္ဘူးလို႔ဆို။

– အာဆင္နယ္အသင္းရဲ႕ ဂါနာကြင္းလယ္လူ ေသာမတ္စ္ ပါေတးအေနနဲ႔ ဇန္နဝါရီမွာ သူဝတ္ဆင္ထားတဲ့ ေက်ာနံပါတ္ ၁၈ အစား စိတ္ႀကိဳက္နံပါတ္ ၅ ကို ေျပာင္းလဲေ႐ြးခ်ယ္ႏိုင္ဖြယ္ရွိေနၿပီး ၿပိဳင္ပြဲေတြရဲ႕ စည္းမ်ဥ္းေတြနဲ႔ မွတ္ပုံတင္အခ်က္အလက္ေတြကိုေတာ့ ေက်ာ္ျဖတ္ရဖြယ္ရွိေန။

– အာဆင္နယ္အသင္းနည္းျပေဟာင္း အူႏိုင္း အမ္မရီနဲ႔ ေဆြးေႏြးၿပီး သေဘာတူညီမႈ ရခဲ့ေပမယ့္ အဆုံးသတ္မွာ မေအာင္ျမင္ခဲ့ဘဲ အားကစားဒါ႐ိုက္တာ ရာအူးလ္ ဆန္ယီဟီရဲ႕ နီကိုလာ ေပေပကိုပဲ ေ႐ြးခ်ယ္မႈနဲ႔ ႀကဳံခဲ့ရတယ္လို႔ ပဲေလ့စ္တိုက္စစ္မႉး ဝီလ္ဖရီး ဇာဟာက ထုတ္ေဖာ္လိုက္ၿပီး ေပါင္ ၇၂ သန္းတန္ ကစားသမားကိုလည္း ပရီးမီးယားလိဂ္က လြယ္ရဲ႕လားလို႔ ေမးခြန္းထုတ္သြား။

– ဂိုးသမား မက္ေမဆီက စေကာ့တလန္ပရီးမီးယားရွစ္ကလပ္ ဟိုက္ဘာနီးယန္းကို ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္လိုက္တာဟာ အသင္းေဖာ္ ကီရန္ တီယာနီရဲ႕ အႀကံေပး တိုက္တြန္းမႈေၾကာင့္ျဖစ္ၿပီး ဘယ္ေနာက္ခံလူအေနနဲ႔ အသင္းတည္ရွိရာ အီဒင္ဘရာၿမိဳ႕နဲ႔ ဒီအသင္း၊ ဒီၿပိဳင္ပြဲေတြရဲ႕ အေၾကာင္းကို နားလည္သေဘာက်လာေအာင္ ရွင္းျပခဲ့တယ္လို႔ဆို။

– အာဆင္နယ္အသင္းရဲ႕ တိုက္စစ္မႉးေဟာင္းႀကီးတစ္ဦးျဖစ္တဲ့ အလန္ စမစ္က အသင္းက ထြက္ခြာသြားတဲ့ ရာအူးလ္ ဆန္ယီဟီကို သိပ္ေတာ္တာပဲလို႔ ႐ြဲ႕ေျပာလိုက္ၿပီး သူေခၚထားတဲ့ နီကိုလာ ေပေပနဲ႔ ဝီလီယန္တို႔ဟာ ေဘာလုံးပရိသတ္ေတြအေနနဲ႔ ဒီကစားနည္းကို စိတ္မဝင္စားေတာ့ေအာင္ပါ လုပ္ႏိုင္တယ္လို႔ ေလွာင္ေျပာင္ေျပာၾကား။

– အသင္းကေန ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္နဲ႔ လစာျမင့္မားတဲ့သူေတြကို ရွင္းထုတ္ၿပီးရင္ ဒီဘဏၰာေရးႏွစ္အတြက္ အရႈံးမေပၚေစဖို႔ အခ်ိန္မီ ေငြေဖာ္ရဖို႔အတြက္ ဗိုက္နာေနတဲ့ ဘာစီလိုနာအသင္းရဲ႕ အခက္အခဲကို အခြင့္ေကာင္းယူၿပီး ဘရာဇီးလ္သား ဖလိပီ ေကာ္တင္ညိဳကို ေခၚယူသင့္ေၾကာင္း ပရိသတ္ေတြ တိုက္တြန္း။

– နီကိုလာ ေပေပအေနနဲ႔ ျပင္သစ္လီဂူးဝမ္းမွာ ေျခစြမ္းျပၿပီး ပရီးမီးယားလိဂ္ကို ေျပာင္းေ႐ႊ႕လာကတည္းက သူ႔မွာ ႀကိဳးစားအားထုတ္မႈက မလုံေလာက္ဘူးလို႔ ေျပာၾကားလိုက္ၿပီး ပိုမိုခက္ခဲတဲ့ ၿပိဳင္ပြဲမွာ ပ်င္းရိတာ၊ ထရိန္နင္ေနာက္က်တာမ်ိဳးေတြကို တစ္ေန႔မွ က်ဴးလြန္လို႔ မရဘဲ အေကာင္းဆုံးပုံစံအတြက္ အၿမဲတမ္း ႐ုန္းကန္ေနသင့္တယ္လို႔ ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္း လိုရစ္ ရီမီ သတိေပး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.