Match Report Premier League

လူငယ်တွေနဲ့ ဗီလာကို အဝေးကွင်းမှာ ကျော်ဖြတ်အနိုင်ယူခဲ့တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ပထမအသင်း ကစားသမားတွေနဲ့ နည်းပြ ဒင်းန် စမစ်တို့ အသင်းတွင်း ကိုဗစ်ပြန့်ပွားမှုကြောင့် အိမ်တွေမှာ ခွဲခြားစောင့်ကြည့်ခံထားရတဲ့ အက်စတန်ဗီလာအသင်းရဲ့ လူငယ်ကစားသမားတွေနဲ့ လူငယ်နည်းပြတို့ကို အပြတ်အသတ် ဖိကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၈၄ ရာခိုင်နှုန်းနဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ပွဲအစ ၄ မိနစ်မှာပဲ ညာတောင်ပံက ကားတစ်ဂျုံးစ်ရဲ့ ဖြတ်တင်ဘောကို ဆာဒီယို မာနေးက ဗီလာနောက်ခံလူနှစ်ယောက်ကြားကနေ ပြင်းထန်အားပါစွာနဲ့ ခေါင်းတိုက်ပြီး လီဗာပူးလ်တို့အတွက် အဖွင့်ဂိုးကို ရယူသွားနိုင်ခဲ့ပါတယ်။ ဒီဂိုးကတော့ ထိပ်တန်းအဆင့်မှာတောင် လှပသပ်ရပ်တဲ့ ဂိုးဖြစ်သလို လူငယ်တွေအဆင့်မှာ ကာကွယ်ဖို့ ခဲယဉ်းလွန်းခဲ့တာလည်းဖြစ်ပါတယ်။

ဘောလုံးပိုင်ဆိုင်မှုအသာ၊ လူအင်အားအသာ၊ အတွေ့အကြုံအသာနဲ့ ကစားခဲ့တဲ့ လီဗာပူးလ်တို့ကြောင့် ဗီလာလူငယ်တွေ တန်ပြန်တိုက်စစ်ကိုပဲ အဓိက ကစားခဲ့ရပြီး သူတို့ဘက်က တိုက်စစ်မှူး လူးဝီး ဘယ်ရီကတော့ ဧည့်သည်တွေရဲ့ ခံစစ်ကို ကောင်းကောင်းဒုက္ခပေးနိုင်ခဲ့သလို ဂိုးသမား အိုနိုဒီရဲ့ ကာကွယ်မှုတွေကလည်း ကောင်းခဲ့ပါတယ်။

ပွဲချိန် မိနစ် ၄၀ မှာတော့ တန်ပြန်တိုက်စစ်ကနေ ကာလမ်ရိုးပေးလိုက်တဲ့ ဘောလုံးကို တိုက်စစ်မှူး ဘယ်ရီက ရီးစ် ဝီလီယမ်စ်ကို ကျော်ပြေးပြီး ဂိုးသမား ကယ်လေဟာနဲ့ တစ်ဦးချင်းအတွေ့မှာ အသာအယာပဲ အဆုံးသတ် ချေပနိုင်ခဲ့ပါတယ်။ လီဗာပူးလ်ရဲ့ ခံစစ်မှာ ဒီကစားသမားဟာ လူငယ်တစ်ဦးပေမယ့် အမြန်နှုန်းပြဿနာရှိနေတာကို မြင်ရပြီး ဝက်စ်ဘရွန်းနဲ့ပွဲမှာလည်း သူ့ကို တစ်ဖက်တိုက်စစ်မှူးတွေက အမြဲဒုက္ခပေးနိုင်ခဲ့တာပါ။

ပထမပိုင်းမှာ တစ်ဂိုးစီသရေကျနေခဲ့ပေမယ့် လီဗာပူးလ်တို့ရဲ့ ဂိုးပေါက် ၂၉ ကြိမ်အထိ ကန်ခွင့်ရခဲ့တဲ့ တိုက်စစ်အတွက်တော့ အခက်အခဲ သိပ်မရှိခဲ့ဘဲ အကြိမ်ကြိမ် ထိုးဖောက်နေခဲ့သလို ပွဲချိန်မိနစ် ၆၀ မှာတော့ မီနာမီနို ပြန်ချပေးတဲ့ ဘောလုံးကို ဗိုင်နယ်လ်ဒွမ်က အဝေးတိုင်ခြေကို လှမ်းကန်ပြီး ဦးဆောင်ဂိုး ရယူနိုင်ခဲ့ပါတယ်။

၃ မိနစ်အကြာမှာတော့ မီနာမီနိုအစား ဝင်လာခဲ့တဲ့ ရှာကျီရီရဲ့ အနီးကပ် ဖြတ်တင်ဘောကို ဗီလာနောက်ခံလူတွေ ရှင်းထုတ်ဖို့ ချိန်သား မကိုက်တာက တစ်ဆင့် မာနေးကပဲ ထပ်မံခေါင်းတိုက်ခဲ့ပြီး ဒီပွဲအတွက် သူ့ရဲ့ ဒုတိယဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

နောက်ထပ် ၂ မိနစ်အကြာ ပွဲချိန် ၆၅ မိနစ်မှာတော့ ရှာကျီရီပဲ ခင်းပေးတဲ့ ဘောလုံးကို ပေါ့လျော့တဲ့ ဗီလာလူငယ်ခံစစ်ရဲ့ အာရုံစူးစိုက်မှုကို ဆာလားက အကောင်းဆုံး အသုံးချနိုင်ခဲ့ပြီး တစ်ချက်ထိန်းပြီး အနိမ့်ဘောချိုးကန်သွင်းခဲ့ရာမှာ ညာဘက်အောက်ထောင့်ကို ဝင်သွားခဲ့လို့ လေးဂိုး-တစ်ဂိုးနဲ့ လီဗာပူးလ်တို့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ လူစားဝင်ကစားသမား သီယာဂိုရဲ့ ကန်ချက် ဘားထိထွက်ခဲ့တာကလွဲလို့ ရင်ခုန်စရာ သိပ်မရှိတော့ဘဲ ဧည့်သည်တွေ အနေနဲ့ ၁၃ ကြိမ် ဂိုးပေါက်တည့်ရာမှာ ရရှိတဲ့ ၄ ဂိုးနဲ့ အက်ဖ်အေဖလားရဲ့နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: TWITTER
PHOTOS AND VIDEOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ပထမအသင္း ကစားသမားေတြနဲ႔ နည္းျပ ဒင္းန္ စမစ္တို႔ အသင္းတြင္း ကိုဗစ္ျပန႔္ပြားမႈေၾကာင့္ အိမ္ေတြမွာ ခြဲျခားေစာင့္ၾကည့္ခံထားရတဲ့ အက္စတန္ဗီလာအသင္းရဲ႕ လူငယ္ကစားသမားေတြနဲ႔ လူငယ္နည္းျပတို႔ကို အျပတ္အသတ္ ဖိကစားခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈ ၈၄ ရာခိုင္ႏႈန္းနဲ႔ ေနာက္တစ္ဆင့္ကို တက္ေရာက္ႏိုင္ခဲ့ပါတယ္။

ပြဲအစ ၄ မိနစ္မွာပဲ ညာေတာင္ပံက ကားတစ္ဂ်ဳံးစ္ရဲ႕ ျဖတ္တင္ေဘာကို ဆာဒီယို မာေနးက ဗီလာေနာက္ခံလူႏွစ္ေယာက္ၾကားကေန ျပင္းထန္အားပါစြာနဲ႔ ေခါင္းတိုက္ၿပီး လီဗာပူးလ္တို႔အတြက္ အဖြင့္ဂိုးကို ရယူသြားႏိုင္ခဲ့ပါတယ္။ ဒီဂိုးကေတာ့ ထိပ္တန္းအဆင့္မွာေတာင္ လွပသပ္ရပ္တဲ့ ဂိုးျဖစ္သလို လူငယ္ေတြအဆင့္မွာ ကာကြယ္ဖို႔ ခဲယဥ္းလြန္းခဲ့တာလည္းျဖစ္ပါတယ္။

ေဘာလုံးပိုင္ဆိုင္မႈအသာ၊ လူအင္အားအသာ၊ အေတြ႕အႀကဳံအသာနဲ႔ ကစားခဲ့တဲ့ လီဗာပူးလ္တို႔ေၾကာင့္ ဗီလာလူငယ္ေတြ တန္ျပန္တိုက္စစ္ကိုပဲ အဓိက ကစားခဲ့ရၿပီး သူတို႔ဘက္က တိုက္စစ္မႉး လူးဝီး ဘယ္ရီကေတာ့ ဧည့္သည္ေတြရဲ႕ ခံစစ္ကို ေကာင္းေကာင္းဒုကၡေပးႏိုင္ခဲ့သလို ဂိုးသမား အိုႏိုဒီရဲ႕ ကာကြယ္မႈေတြကလည္း ေကာင္းခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၄၀ မွာေတာ့ တန္ျပန္တိုက္စစ္ကေန ကာလမ္႐ိုးေပးလိုက္တဲ့ ေဘာလုံးကို တိုက္စစ္မႉး ဘယ္ရီက ရီးစ္ ဝီလီယမ္စ္ကို ေက်ာ္ေျပးၿပီး ဂိုးသမား ကယ္ေလဟာနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ အသာအယာပဲ အဆုံးသတ္ ေခ်ပႏိုင္ခဲ့ပါတယ္။ လီဗာပူးလ္ရဲ႕ ခံစစ္မွာ ဒီကစားသမားဟာ လူငယ္တစ္ဦးေပမယ့္ အျမန္ႏႈန္းျပႆနာရွိေနတာကို ျမင္ရၿပီး ဝက္စ္ဘ႐ြန္းနဲ႔ပြဲမွာလည္း သူ႔ကို တစ္ဖက္တိုက္စစ္မႉးေတြက အၿမဲဒုကၡေပးႏိုင္ခဲ့တာပါ။

ပထမပိုင္းမွာ တစ္ဂိုးစီသေရက်ေနခဲ့ေပမယ့္ လီဗာပူးလ္တို႔ရဲ႕ ဂိုးေပါက္ ၂၉ ႀကိမ္အထိ ကန္ခြင့္ရခဲ့တဲ့ တိုက္စစ္အတြက္ေတာ့ အခက္အခဲ သိပ္မရွိခဲ့ဘဲ အႀကိမ္ႀကိမ္ ထိုးေဖာက္ေနခဲ့သလို ပြဲခ်ိန္မိနစ္ ၆၀ မွာေတာ့ မီနာမီႏို ျပန္ခ်ေပးတဲ့ ေဘာလုံးကို ဗိုင္နယ္လ္ဒြမ္က အေဝးတိုင္ေျခကို လွမ္းကန္ၿပီး ဦးေဆာင္ဂိုး ရယူႏိုင္ခဲ့ပါတယ္။

၃ မိနစ္အၾကာမွာေတာ့ မီနာမီႏိုအစား ဝင္လာခဲ့တဲ့ ရွာက်ီရီရဲ႕ အနီးကပ္ ျဖတ္တင္ေဘာကို ဗီလာေနာက္ခံလူေတြ ရွင္းထုတ္ဖို႔ ခ်ိန္သား မကိုက္တာက တစ္ဆင့္ မာေနးကပဲ ထပ္မံေခါင္းတိုက္ခဲ့ၿပီး ဒီပြဲအတြက္ သူ႔ရဲ႕ ဒုတိယဂိုးကို သြင္းယူႏိုင္ခဲ့ပါတယ္။

ေနာက္ထပ္ ၂ မိနစ္အၾကာ ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ ရွာက်ီရီပဲ ခင္းေပးတဲ့ ေဘာလုံးကို ေပါ့ေလ်ာ့တဲ့ ဗီလာလူငယ္ခံစစ္ရဲ႕ အာ႐ုံစူးစိုက္မႈကို ဆာလားက အေကာင္းဆုံး အသုံးခ်ႏိုင္ခဲ့ၿပီး တစ္ခ်က္ထိန္းၿပီး အနိမ့္ေဘာခ်ိဳးကန္သြင္းခဲ့ရာမွာ ညာဘက္ေအာက္ေထာင့္ကို ဝင္သြားခဲ့လို႔ ေလးဂိုး-တစ္ဂိုးနဲ႔ လီဗာပူးလ္တို႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ လူစားဝင္ကစားသမား သီယာဂိုရဲ႕ ကန္ခ်က္ ဘားထိထြက္ခဲ့တာကလြဲလို႔ ရင္ခုန္စရာ သိပ္မရွိေတာ့ဘဲ ဧည့္သည္ေတြ အေနနဲ႔ ၁၃ ႀကိမ္ ဂိုးေပါက္တည့္ရာမွာ ရရွိတဲ့ ၄ ဂိုးနဲ႔ အက္ဖ္ေအဖလားရဲ႕ေနာက္တစ္ဆင့္ကို တက္လွမ္းသြားႏိုင္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: TWITTER
PHOTOS AND VIDEOS CREDIT TO OWNERS
SPORTS A2Z.