Premier League Transfer News

နောက်ဆုံးရ ညပိုင်း မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးအသင်းတိုက်စစ်မှူး ဆာဂျီယို အဂွေရိုအနေနဲ့ လာမယ့် ဘာမင်ဂမ်စီးတီးအသင်းနဲ့ အက်ဖ်အေဖလားပွဲစဉ်ကို ပါဝင်လာနိုင်ပြီး သူ့ရဲ့ ဒဏ်ရာပြင်းထန်ခဲ့မှုအရ အလောတကြီး မသုံးစွဲခဲ့တာဖြစ်သလို လက်ရှိမှာတော့ အပြည့်အဝ လေ့ကျင့်ခန်းဆင်းနိုင်ပြီလို့ဆို။

– အဓိက ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားအတွက်တော့ အသင်းကို ရောက်လာနိုင်တဲ့ ကစားသမား လီယွန်နယ် မက်ဆီဟာ ငြိုငြင်စရာ ဖြစ်နေခဲ့ပြီး လက်ထောက်အသင်းခေါင်းဆောင်ရဲ့ စာချုပ်သစ်အတွက် မန်ချက်စတာစီးတီးအသင်းတာဝန်ရှိသူတွေဘက်က ထင်သလောက် တိုးမြှင့်မပေးနိုင်ဘူးလို့ သိရ။

– မန်ချက်စတာစီးတီးအသင်းရဲ့ ဂိုးသွင်းဘုရင် ဆာဂျီယို အဂွေရိုအနေနဲ့ အသင်းနဲ့ စာချုပ်သက်တမ်းတိုးနိုင်ခြေ အလွန်တရာ နည်းပါးနေပြီး ဒီအခြေအနေကို ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီအသင်းက အခွင့်ကောင်းယူပြီး ကမ်းလှမ်းသွားဖို့ရှိနေ။

– နည်းပြ ပက်ပ် ဂွါဒီယိုလာက မန်စီးတီးအသင်းအနေနဲ့ ကစားသမား ၇ ဦးအထိ ကိုဗစ်ရောဂါ ကပ်ငြိခဲ့ပြီးမှာ ပထမဆုံးအကြိမ်အဖြစ် ဒီရောဂါနဲ့ ပတ်သက်လို့ သူ့ရဲ့ အမြင်ကို ပြောကြားလိုက်ပြီး ဘောလုံးနဲ့ ကိုဗစ်ဟာ ခွဲမရတာမို့ လိုက်လျောညီထွေ လုပ်ဆောင်နိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်း။

– မန်ချက်စတာစီးတီးအသင်းရဲ့ တစ်လတာအကောင်းဆုံးဆုကို ရရှိထားခဲ့တဲ့ နောက်ခံလူ ဂျွန်စတုန်းစ်ကို ဒီဇင်ဘာလအတွက် အကောင်းဆုံး ပရီးမီးယားလိဂ်ကစားသမားဆုအတွက် ပဏာမစာရင်း တင်သွင်းခံထားရပြီး ဗီလာရဲ့ မာတီနက်ဇ်နဲ့ အယ်လ်ဂါဇီ၊ မန်ယူရဲ့ ဖာနန်ဒက်စ်နဲ့ ရက်ရှ်ဖို့ဒ်၊ ဘန်လေရဲ့ ဘန်မီး၊ လီဗာပူးလ်ရဲ့ ဆာလားနဲ့ ဝက်စ်ဟမ်းရဲ့ ဆူးချက်တို့ ပါဝင်နေ။

– မန်ချက်စတာစီးတီးအသင်းနေနဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်နဲ့ ပြိုင်ဆိုင်ပြီး ရီးရဲလ်မက်ဒရစ်နောက်ခံလူ ဆာဂျီယို ရာမို့စ်ကို ခေါ်ယူသင့်တယ်လို့ ကျွမ်းကျင်သူတွေက တိုက်တွန်းခဲ့ကြပြီး အသင်းရဲ့ အကောင်အထည် မပေါ်သေးတဲ့ ချန်ပီယံလိဂ်ခရီးစဉ်ကို လမ်းညွှန်ပေးနိုင်မယ့်သူတစ်ဦးဖြစ်လာနိုင်တယ်လို့ ဆိုနေကြ။

– လီယွန်နယ် မက်ဆီကို ဘာစီလိုနာအသင်းမှာ အမှီအခိုကင်းကင်းနဲ့ ခြေစွမ်းပြနိုင်အောင် ကူညီပေးခဲ့သလိုမျိုးပဲ လက်ရှိအချိန်ဟာတော့ ဖီးလ် ဖိုဒန်အတွက် ပြုစုပျိုးထောင်ပေးရင်း အမြင့်ပျံနိုင်အောင် သင်ကြားမှုနဲ့ အခွင့်အရေးကို ပေးရမယ့် အချိန်ရောက်ပြီလို့ နောက်ခံလူဟောင်း မီကာ ရစ်ချတ် ရေးသား။

– အသင်းရဲ့ လူငယ်တောင်ပံကစားသမားတွေထဲက ဆန်ချို၊ မာတွန်ဒိုတို့ရဲ့နောက် ဂျာမန်မြေကို လိုက်မယ့် ဂျေဒင် ဘရာ့ဖ်အနေနဲ့ သူနဲ့ ကနဦးက သတင်းထွက်ခဲ့တဲ့ ဒေါ့မွန်ထက် လေဗာကူဆင်အသင်းနဲ့ ဆွေးနွေးမှု စတင်နေပြီး ဇန်နဝါရီလအတွင်းမှာ အချိန်ယူဆွေးနွေးဖို့ ရှိနေ။

– ရူဘင် ဒီယက်စ်နဲ့ ဂျွန်စတုန်းစ်တို့ဟာ မန်ချက်စတာမြို့မှာ တောက်ပမယ့် နောက်ထပ် ခံစစ်အတွဲသစ်ဖြစ်ပြီး အရင်က ယူနိုက်တက်ရဲ့ ရီယို ဖာဒီနန်နဲ့ နီမန်ဂျာ ဗီဒစ်ချ်တို့လိုမျိုး တစ်ဦးနဲ့တစ်ဦး အပြည့်အဝ နားလည်မှုကို သူတို့ကြားမှာ မြင်တွေ့နေရတယ်လို့ စီးတီးကစားသမားဟောင်း ထရီဗာ ဆင်ကလဲယား ချီးကျူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးအသင္းတိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုအေနနဲ႔ လာမယ့္ ဘာမင္ဂမ္စီးတီးအသင္းနဲ႔ အက္ဖ္ေအဖလားပြဲစဥ္ကို ပါဝင္လာႏိုင္ၿပီး သူ႔ရဲ႕ ဒဏ္ရာျပင္းထန္ခဲ့မႈအရ အေလာတႀကီး မသုံးစြဲခဲ့တာျဖစ္သလို လက္ရွိမွာေတာ့ အျပည့္အဝ ေလ့က်င့္ခန္းဆင္းႏိုင္ၿပီလို႔ဆို။

– အဓိက ကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားအတြက္ေတာ့ အသင္းကို ေရာက္လာႏိုင္တဲ့ ကစားသမား လီယြန္နယ္ မက္ဆီဟာ ၿငိဳျငင္စရာ ျဖစ္ေနခဲ့ၿပီး လက္ေထာက္အသင္းေခါင္းေဆာင္ရဲ႕ စာခ်ဳပ္သစ္အတြက္ မန္ခ်က္စတာစီးတီးအသင္းတာဝန္ရွိသူေတြဘက္က ထင္သေလာက္ တိုးျမႇင့္မေပးႏိုင္ဘူးလို႔ သိရ။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ ဂိုးသြင္းဘုရင္ ဆာဂ်ီယို အေဂြ႐ိုအေနနဲ႔ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးႏိုင္ေျခ အလြန္တရာ နည္းပါးေနၿပီး ဒီအေျခအေနကို ျပင္သစ္ခ်န္ပီယံ ပီအက္စ္ဂ်ီအသင္းက အခြင့္ေကာင္းယူၿပီး ကမ္းလွမ္းသြားဖို႔ရွိေန။

– နည္းျပ ပက္ပ္ ဂြါဒီယိုလာက မန္စီးတီးအသင္းအေနနဲ႔ ကစားသမား ၇ ဦးအထိ ကိုဗစ္ေရာဂါ ကပ္ၿငိခဲ့ၿပီးမွာ ပထမဆုံးအႀကိမ္အျဖစ္ ဒီေရာဂါနဲ႔ ပတ္သက္လို႔ သူ႔ရဲ႕ အျမင္ကို ေျပာၾကားလိုက္ၿပီး ေဘာလုံးနဲ႔ ကိုဗစ္ဟာ ခြဲမရတာမို႔ လိုက္ေလ်ာညီေထြ လုပ္ေဆာင္ႏိုင္ေအာင္ ႀကိဳးစားၾကဖို႔ တိုက္တြန္း။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ တစ္လတာအေကာင္းဆုံးဆုကို ရရွိထားခဲ့တဲ့ ေနာက္ခံလူ ဂြၽန္စတုန္းစ္ကို ဒီဇင္ဘာလအတြက္ အေကာင္းဆုံး ပရီးမီးယားလိဂ္ကစားသမားဆုအတြက္ ပဏာမစာရင္း တင္သြင္းခံထားရၿပီး ဗီလာရဲ႕ မာတီနက္ဇ္နဲ႔ အယ္လ္ဂါဇီ၊ မန္ယူရဲ႕ ဖာနန္ဒက္စ္နဲ႔ ရက္ရွ္ဖို႔ဒ္၊ ဘန္ေလရဲ႕ ဘန္မီး၊ လီဗာပူးလ္ရဲ႕ ဆာလားနဲ႔ ဝက္စ္ဟမ္းရဲ႕ ဆူးခ်က္တို႔ ပါဝင္ေန။

– မန္ခ်က္စတာစီးတီးအသင္းေနနဲ႔ ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ၿပိဳင္ဆိုင္ၿပီး ရီးရဲလ္မက္ဒရစ္ေနာက္ခံလူ ဆာဂ်ီယို ရာမို႔စ္ကို ေခၚယူသင့္တယ္လို႔ ကြၽမ္းက်င္သူေတြက တိုက္တြန္းခဲ့ၾကၿပီး အသင္းရဲ႕ အေကာင္အထည္ မေပၚေသးတဲ့ ခ်န္ပီယံလိဂ္ခရီးစဥ္ကို လမ္းၫႊန္ေပးႏိုင္မယ့္သူတစ္ဦးျဖစ္လာႏိုင္တယ္လို႔ ဆိုေနၾက။

– လီယြန္နယ္ မက္ဆီကို ဘာစီလိုနာအသင္းမွာ အမွီအခိုကင္းကင္းနဲ႔ ေျခစြမ္းျပႏိုင္ေအာင္ ကူညီေပးခဲ့သလိုမ်ိဳးပဲ လက္ရွိအခ်ိန္ဟာေတာ့ ဖီးလ္ ဖိုဒန္အတြက္ ျပဳစုပ်ိဳးေထာင္ေပးရင္း အျမင့္ပ်ံႏိုင္ေအာင္ သင္ၾကားမႈနဲ႔ အခြင့္အေရးကို ေပးရမယ့္ အခ်ိန္ေရာက္ၿပီလို႔ ေနာက္ခံလူေဟာင္း မီကာ ရစ္ခ်တ္ ေရးသား။

– အသင္းရဲ႕ လူငယ္ေတာင္ပံကစားသမားေတြထဲက ဆန္ခ်ိဳ၊ မာတြန္ဒိုတို႔ရဲ႕ေနာက္ ဂ်ာမန္ေျမကို လိုက္မယ့္ ေဂ်ဒင္ ဘရာ့ဖ္အေနနဲ႔ သူနဲ႔ ကနဦးက သတင္းထြက္ခဲ့တဲ့ ေဒါ့မြန္ထက္ ေလဗာကူဆင္အသင္းနဲ႔ ေဆြးေႏြးမႈ စတင္ေနၿပီး ဇန္နဝါရီလအတြင္းမွာ အခ်ိန္ယူေဆြးေႏြးဖို႔ ရွိေန။

– ႐ူဘင္ ဒီယက္စ္နဲ႔ ဂြၽန္စတုန္းစ္တို႔ဟာ မန္ခ်က္စတာၿမိဳ႕မွာ ေတာက္ပမယ့္ ေနာက္ထပ္ ခံစစ္အတြဲသစ္ျဖစ္ၿပီး အရင္က ယူႏိုက္တက္ရဲ႕ ရီယို ဖာဒီနန္နဲ႔ နီမန္ဂ်ာ ဗီဒစ္ခ်္တို႔လိုမ်ိဳး တစ္ဦးနဲ႔တစ္ဦး အျပည့္အဝ နားလည္မႈကို သူတို႔ၾကားမွာ ျမင္ေတြ႕ေနရတယ္လို႔ စီးတီးကစားသမားေဟာင္း ထရီဗာ ဆင္ကလဲယား ခ်ီးက်ဴး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.