Premier League Transfer News

8 Jan ညပိုင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– အက်စတန်ဗီလာနဲ့ ကစားမယ့် အက်ဖ်အေဖလား အဝေးကွင်းပွဲစဉ်မှာ မီနာမီနို ပြန်ပါလာနိုင်ပြီး ခံစစ်မှာတော့ ဖိလစ်နဲ့ ဝီလီယမ်စ်တွေကို အသုံးပြုဖွယ်ရှိနေသလို ရှာကျီရီ၊ ချိမ်ဘာလိန်နဲ့ ကားတစ်ဂျုံးစ်တို့ကို နည်းပြ ယာဂန် ကလော့ပ် ထည့်သွင်းလာနိုင်ကြောင်း သိရ။

– လီဗာပူးလ်အသင်းရဲ့ တောင်ပံတိုက်စစ်မှူး ဒီယိုဂို ဂျိုတာအနေနဲ့ ဒီလအတွင်း ပြန်ကစားနိုင်မယ်ဆိုတာ မဟုတ်နိုင်ဘဲ ပြင်းထန်တဲ့ ဒူးဒဏ်ရာကို ရရှိထားခဲ့တဲ့ ပေါ်တူဂီသားအနေနဲ့ ဒီထက်ပိုပြီး အချိန်ကြာကြာ အနားယူရဖွယ်ရှိနေ။

– ပရီးမီးယားလိဂ်ရဲ့ ဒီဇင်ဘာလတစ်လတာ အကောင်းဆုံးဂိုးဆုကို မိုဟာမက် ဆာလားရဲ့ ခရစ္စတယ်လ်ပဲလေ့စ်နဲ့ပွဲက ဝေ့ဝိုက်ကန်ချက်က ရွေးချယ်ခံခဲ့ရပြီး အီဂျစ်တိုက်စစ်မှူးအနေနဲ့ တစ်လတာအကောင်းဆုံးဆုအတွက်လည်း ဆန်ကာတင် ရွေးချယ်ခံထားခဲ့ရ။

– ရှော်လ်ကာအသင်းရဲ့ ဆရာဝန် ဒေါက်တာ အန်းဒရိယက်စ် ရှလွမ်ဘာဂါကို ခေါ်ယူခဲ့တာဟာ အသင်းအတွက် ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်လာနိုင်ပြီး ပြန်လည်ကြံ့ခိုင်ရေးဘက်မှာ ဆရာတစ်ဆူဖြစ်တဲ့ ဂျာမန်သားအနေနဲ့ လီဗာပူးလ်အသင်းရဲ့ ဒဏ်ရာတွေကို အမြန်ဆုံး ပြန်လာနိုင်ဖို့ ထောက်ပံ့ပေးဖွယ်ရှိ။

– လီဗာပူးလ်အသင်းနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတဲ့ ဂျာနယ်လစ်တွေက ကွင်းလယ်အဖျက်ကနေ နောက်ဆင်းကစားနေတဲ့ ဖာဘင်ညိုကို အလွန်အကျွံ သုံးစွဲခဲ့တာဟာ အသင်းအတွက်တော့ အမှားအယွင်းတစ်ခုဖြစ်နိုင်ပြီး ဘရာဇီးလ်သားအနေနဲ့ တခြားနောက်တန်းတွေလိုပဲ ဒဏ်ရာနဲ့ ရင်ဆိုင်ရလိမ်မယ်လို့ ခန့်မှန်းနေကြ။

– အသင်းအနေနဲ့ ဈေးကွက်မှာ ချီတုံချတုံလုပ်နေတာကို နားမလည်နိုင်ဘဲ နိုက်ကီနဲ့ စပွန်ဆာငွေကြေးတွေ ရှိနေသလို ဒီနေ့ခေတ်မှာ ကစားသမားတွေကို ခေါ်ယူရာမှာ တစ်လုံးတစ်ခဲတည်းလည်း ပေးချရတာမဟုတ်လို့ လီဗာပူးလ်တို့အနေနဲ့ ပေါင်းသန်း ၄၀ အထိ အလွယ်တကူ သုံးစွဲနိုင်တယ် ကျွမ်းကျင်သူတွေ ထောက်ပြ။

– လီဗာပူးလ်အသင်းအနေနဲ့ လာမယ့်နွေရာသီမှာ မိုဟာမက် ဆာလားကို ရောင်းထုတ်ပြီး ငယ်ရွယ်တဲ့ တိုက်စစ်မှူး ကိုင်လျန် အမ်ဘာပေကို ပီအက်စ်ဂျီအသင်းကနေ ခေါ်ယူနိုင်ဖို့ ပရိသတ်တွေက ယုံကြည်နေသလို စပွန်ဆာ နိုက်ကီရဲ့ အထောက်အပံ့ကိုလည်း ရယူနိုင်ဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အက္စတန္ဗီလာနဲ႔ ကစားမယ့္ အက္ဖ္ေအဖလား အေဝးကြင္းပြဲစဥ္မွာ မီနာမီႏို ျပန္ပါလာႏိုင္ၿပီး ခံစစ္မွာေတာ့ ဖိလစ္နဲ႔ ဝီလီယမ္စ္ေတြကို အသုံးျပဳဖြယ္ရွိေနသလို ရွာက်ီရီ၊ ခ်ိမ္ဘာလိန္နဲ႔ ကားတစ္ဂ်ဳံးစ္တို႔ကို နည္းျပ ယာဂန္ ကေလာ့ပ္ ထည့္သြင္းလာႏိုင္ေၾကာင္း သိရ။

– လီဗာပူးလ္အသင္းရဲ႕ ေတာင္ပံတိုက္စစ္မႉး ဒီယိုဂို ဂ်ိဳတာအေနနဲ႔ ဒီလအတြင္း ျပန္ကစားႏိုင္မယ္ဆိုတာ မဟုတ္ႏိုင္ဘဲ ျပင္းထန္တဲ့ ဒူးဒဏ္ရာကို ရရွိထားခဲ့တဲ့ ေပၚတူဂီသားအေနနဲ႔ ဒီထက္ပိုၿပီး အခ်ိန္ၾကာၾကာ အနားယူရဖြယ္ရွိေန။

– ပရီးမီးယားလိဂ္ရဲ႕ ဒီဇင္ဘာလတစ္လတာ အေကာင္းဆုံးဂိုးဆုကို မိုဟာမက္ ဆာလားရဲ႕ ခရစၥတယ္လ္ပဲေလ့စ္နဲ႔ပြဲက ေဝ့ဝိုက္ကန္ခ်က္က ေ႐ြးခ်ယ္ခံခဲ့ရၿပီး အီဂ်စ္တိုက္စစ္မႉးအေနနဲ႔ တစ္လတာအေကာင္းဆုံးဆုအတြက္လည္း ဆန္ကာတင္ ေ႐ြးခ်ယ္ခံထားခဲ့ရ။

– ေရွာ္လ္ကာအသင္းရဲ႕ ဆရာဝန္ ေဒါက္တာ အန္းဒရိယက္စ္ ရွလြမ္ဘာဂါကို ေခၚယူခဲ့တာဟာ အသင္းအတြက္ ႀကီးမားတဲ့ အေျပာင္းအလဲ ျဖစ္လာႏိုင္ၿပီး ျပန္လည္ႀကံ့ခိုင္ေရးဘက္မွာ ဆရာတစ္ဆူျဖစ္တဲ့ ဂ်ာမန္သားအေနနဲ႔ လီဗာပူးလ္အသင္းရဲ႕ ဒဏ္ရာေတြကို အျမန္ဆုံး ျပန္လာႏိုင္ဖို႔ ေထာက္ပံ့ေပးဖြယ္ရွိ။

– လီဗာပူးလ္အသင္းနဲ႔ ပတ္သက္လို႔ ေဆြးေႏြးခဲ့ၾကတဲ့ ဂ်ာနယ္လစ္ေတြက ကြင္းလယ္အဖ်က္ကေန ေနာက္ဆင္းကစားေနတဲ့ ဖာဘင္ညိဳကို အလြန္အကြၽံ သုံးစြဲခဲ့တာဟာ အသင္းအတြက္ေတာ့ အမွားအယြင္းတစ္ခုျဖစ္ႏိုင္ၿပီး ဘရာဇီးလ္သားအေနနဲ႔ တျခားေနာက္တန္းေတြလိုပဲ ဒဏ္ရာနဲ႔ ရင္ဆိုင္ရလိမ္မယ္လို႔ ခန႔္မွန္းေနၾက။

– အသင္းအေနနဲ႔ ေဈးကြက္မွာ ခ်ီတုံခ်တုံလုပ္ေနတာကို နားမလည္ႏိုင္ဘဲ ႏိုက္ကီနဲ႔ စပြန္ဆာေငြေၾကးေတြ ရွိေနသလို ဒီေန႔ေခတ္မွာ ကစားသမားေတြကို ေခၚယူရာမွာ တစ္လုံးတစ္ခဲတည္းလည္း ေပးခ်ရတာမဟုတ္လို႔ လီဗာပူးလ္တို႔အေနနဲ႔ ေပါင္းသန္း ၄၀ အထိ အလြယ္တကူ သုံးစြဲႏိုင္တယ္ ကြၽမ္းက်င္သူေတြ ေထာက္ျပ။

– လီဗာပူးလ္အသင္းအေနနဲ႔ လာမယ့္ေႏြရာသီမွာ မိုဟာမက္ ဆာလားကို ေရာင္းထုတ္ၿပီး ငယ္႐ြယ္တဲ့ တိုက္စစ္မႉး ကိုင္လ်န္ အမ္ဘာေပကို ပီအက္စ္ဂ်ီအသင္းကေန ေခၚယူႏိုင္ဖို႔ ပရိသတ္ေတြက ယုံၾကည္ေနသလို စပြန္ဆာ ႏိုက္ကီရဲ႕ အေထာက္အပံ့ကိုလည္း ရယူႏိုင္ဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.