Premier League

အာမက် ဂျယ်လို နှစ်သိမ့်တေး တပုဒ်ကြောင့် ယူနိုက်တက်ပရိသတ်တွေ လိုချင်လှတဲ့ ဆန်ချိုပုံပြင်က မှေးမှိန်သွားရတော့မှာလား

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ပြီးခဲ့တဲ့နွေရာသီကတည်းက ဇန်နဝါရီမှာ ခေါ်ယူဖို့ စီးရီးအေကလပ် အတ္တလန်တာအသင်းနဲ့ အကြိုသဘောတူညီမှု ရယူထားခဲ့တဲ့ အာမက် ဂျယ်လိုက ယခုအခါ အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ်ဆိုတာကို မနေ့ညက မန်ချက်စတာယူနိုက်တက်အသင်းက တရားဝင်ကြေငြာခဲ့တဲ့အတွက် အာမက် ဂျယ်လို အနေနဲ့ယူနိုက်တက်ဂျာစီကို ဝတ်ဆင်ကစားတော့မှာ ဖြစ်ပါတယ်။


ဆန်ချိုအတွက် ဒေါ့မန်အသင်းဘက်က ယူရိုသန်း ၁၂၀ ထက် တပြားမှ မလျှော့နိုင်ဘူးဆိုတဲ့ ဈေးတင်းထားခဲ့မှုနောက်မှာ ယူနိုက်တက်တို့အနေနဲ့ ခြေလှမ်းအလှည့်အပြောင်းအနေနဲ့ ဈေးကြီးပေးဝယ်ရမယ့် အသင့်သုံး Ready-made ကစားသမားတွေကို စွန့်လွှတ်ဖို့ ပြတ်သားခဲ့ကြပုံရပြီး လူငယ် ကစားသမားတွေကို ခေါ်ယူပြီး အချိန်ပေး ပျိုးထောင်ဖို့သာ ခြေဦးလှည့်၊ ဆုံးဖြတ်ခဲ့တဲ့ သဘောကို Pellistri နဲ့ အာမက် ဂျယ်လိုတို့ကို ညာတောင်ပံတိုက်စစ်နေရာအတွက် တပြိုင်နက်တည်း စာချုပ်ချုပ် ခေါ်ယူခဲ့တဲ့လုပ်ရပ်တွေမှာ ထင်သာမြင်သာ ဖြစ်ခဲ့ပါတယ်။


ယူနိုက်တက် အကယ်ဒမီမှာ လူငယ်မွေးမြူရေး ခြေလှမ်းတွေကို ခပ်စိပ်စိပ်နဲ့ ခပ်သွက်သွက်လှမ်းလာခဲ့တာကို မြင်တွေ့နေရပြီး အသက်အရွယ်အရ နေဝင်ချိန်ရောက်လာတဲ့ မာတစ်ချ်ရဲ့ ကွင်းလယ်ထိန်းကျောင်းသူနေရာကို အစားထိုးဖို့ အသက် ၁၈ နှစ်အရွယ်၊ မာကျောလွန်းတဲ့ လူငယ် ကွင်းလယ်ခံစစ်ကစားသမား ကိုင်စီဒိုကိုလည်း ယူရို ၅ သန်းဝန်းကျင်နဲ့ ဒီဇန်နဝါရီမှာ အရခေါ်ယူသွားဖို့ ပစ်မှတ်ထားနေတာကိုကြည့်ရင် နည်းပြ ဆိုးလ်ရှားလက်ထက်မှာ Man Management ကောင်းကောင်းနဲ့ လူငယ်မွေးမြူရေး ရေရှည်စီမံကိန်းကိုသာ ကြိုတင်ပြင်ဆင်သွားဖို့ ရှိတဲ့ အလားအလာတွေကို မြင်တွေ့နေရတာ ဖြစ်သလို ငွေပုံပေးရမယ့် လမ်းစဉ်ကို ရှောင်ဖယ်လာခဲ့ပြီဖြစ်တယ်လို့ ယူဆစရာရှိပြီး တဆစ်ချိုးလျှောက်လှမ်းနေတဲ့ ခရီးလမ်းတွေက ဘယ်လို ဖြစ်လာမလဲ တွက်ဆကြည့်ချင်စရာ ကောင်းနေပါတယ်။


ဆန်ချိုမှ ဆန်ချို လိုချင်တဲ့ ယူနိုက်တက်ပရိသတ်တွေအတွက် အာမက် ဂျယ်လိုက နှစ်သိမ့်တေး ဖြစ်လာမလား ဆိုတာက ညာတောင်ပံတိုက်စစ်နေရာကို ဖြည့်တင်းဖို့ လူဝယ်မယ့်အစား ကိုယ့်လူနဲ့ကိုယ် လည်ပတ်သွားမယ်ဆိုတဲ့ အရိပ်အယောင်တွေအရ” အာမက် ဂျယ်လိုကို အချိန်တခုပေးပြီး သူ့အတွက် အနာဂတ်အစီအစဉ်တွေ ဖန်တီးထားတာမို့ ရေရှည်လက်တွဲသွားမယ်” ဆိုတဲ့ ဆိုးလ်ရှား ရဲ့ နှုတ်ထွက်စကားမှာ ပိုထင်ပေါ်လာခဲ့တာက ချင့်ချိန်စရာ ဖြစ်လာတယ်။


အတ္တလန်တာအသင်းက အာမက် ဂျယ်လိုကို ရာသီဝက်အငှားနဲ့ ပြန်လည် ခေါ်ယူဖို့ဆန္ဒကိုတောင်မှ သဘောမတူခဲ့တဲ့ ယူနိုက်တက်ရဲ့ ကစားသမားပျိုးထောင်မှု၊ ကစားသမား စီမံခန့်ခွဲမှုအနေနဲ့ ဆိုးလ်ရှားလှစ်ဟပြလာမယ့် အစီအစဉ်တွေအားလုံးကို တလွှာချင်း တလွှာချင်း စောင့်ကြည့်သွားချင်စရာ ကောင်းနေတာ အမှန်ပဲဖြစ်ပါတယ်။


ဆိုးလ်ရှားရဲ့ လက်ထဲမှာ ယူနိုက်တက်က လုပ်တိုင်းဖြစ်လာခဲ့ရင်တော့ ဆန်ချိုပုံပြင်က အရင်ကဇာတ်လမ်းလေးအဖြစ် မှေးမှိန်သွားခဲ့ရင်တောင်မှ ပရိသတ်တွေအနေနဲ့ ကစားသမားအရည်အသွေးနဲ့ အင်အားလိုအပ်ချက်အတွက် စိုးရိမ်စရာ မရှိဘဲ စိတ်ဖြောင့်ဖြောင့်နဲ့ ဆက်ရှိနေ ဖို့သာ မျှော်လင့်ထားရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ေႏြရာသီကတည္းက ဇန္နဝါရီမွာ ေခၚယူဖို႔ စီးရီးေအကလပ္ အတၱလန္တာအသင္းနဲ႔ အႀကိဳသေဘာတူညီမႈ ရယူထားခဲ့တဲ့ အာမက္ ဂ်ယ္လိုက ယခုအခါ အၿပီးသတ္ေခၚယူႏိုင္ခဲ့ၿပီျဖစ္တယ္ဆိုတာကို မေန႔ညက မန္ခ်က္စတာယူႏိုက္တက္အသင္းက တရားဝင္ေၾကျငာခဲ့တဲ့အတြက္ အာမက္ ဂ်ယ္လို အေနနဲ႔ယူႏိုက္တက္ဂ်ာစီကို ဝတ္ဆင္ကစားေတာ့မွာ ျဖစ္ပါတယ္။


ဆန္ခ်ိဳအတြက္ ေဒါ့မန္အသင္းဘက္က ယူ႐ိုသန္း ၁၂၀ ထက္ တျပားမွ မေလွ်ာ့ႏိုင္ဘူးဆိုတဲ့ ေဈးတင္းထားခဲ့မႈေနာက္မွာ ယူႏိုက္တက္တို႔အေနနဲ႔ ေျခလွမ္းအလွည့္အေျပာင္းအေနနဲ႔ ေဈးႀကီးေပးဝယ္ရမယ့္ အသင့္သုံး Ready-made ကစားသမားေတြကို စြန႔္လႊတ္ဖို႔ ျပတ္သားခဲ့ၾကပုံရၿပီး လူငယ္ ကစားသမားေတြကို ေခၚယူၿပီး အခ်ိန္ေပး ပ်ိဳးေထာင္ဖို႔သာ ေျခဦးလွည့္၊ ဆုံးျဖတ္ခဲ့တဲ့ သေဘာကို Pellistri နဲ႔ အာမက္ ဂ်ယ္လိုတို႔ကို ညာေတာင္ပံတိုက္စစ္ေနရာအတြက္ တၿပိဳင္နက္တည္း စာခ်ဳပ္ခ်ဳပ္ ေခၚယူခဲ့တဲ့လုပ္ရပ္ေတြမွာ ထင္သာျမင္သာ ျဖစ္ခဲ့ပါတယ္။


ယူႏိုက္တက္ အကယ္ဒမီမွာ လူငယ္ေမြးျမဴေရး ေျခလွမ္းေတြကို ခပ္စိပ္စိပ္နဲ႔ ခပ္သြက္သြက္လွမ္းလာခဲ့တာကို ျမင္ေတြ႕ေနရၿပီး အသက္အ႐ြယ္အရ ေနဝင္ခ်ိန္ေရာက္လာတဲ့ မာတစ္ခ်္ရဲ႕ ကြင္းလယ္ထိန္းေက်ာင္းသူေနရာကို အစားထိုးဖို႔ အသက္ ၁၈ ႏွစ္အ႐ြယ္၊ မာေက်ာလြန္းတဲ့ လူငယ္ ကြင္းလယ္ခံစစ္ကစားသမား ကိုင္စီဒိုကိုလည္း ယူ႐ို ၅ သန္းဝန္းက်င္နဲ႔ ဒီဇန္နဝါရီမွာ အရေခၚယူသြားဖို႔ ပစ္မွတ္ထားေနတာကိုၾကည့္ရင္ နည္းျပ ဆိုးလ္ရွားလက္ထက္မွာ Man Management ေကာင္းေကာင္းနဲ႔ လူငယ္ေမြးျမဴေရး ေရရွည္စီမံကိန္းကိုသာ ႀကိဳတင္ျပင္ဆင္သြားဖို႔ ရွိတဲ့ အလားအလာေတြကို ျမင္ေတြ႕ေနရတာ ျဖစ္သလို ေငြပုံေပးရမယ့္ လမ္းစဥ္ကို ေရွာင္ဖယ္လာခဲ့ၿပီျဖစ္တယ္လို႔ ယူဆစရာရွိၿပီး တဆစ္ခ်ိဳးေလွ်ာက္လွမ္းေနတဲ့ ခရီးလမ္းေတြက ဘယ္လို ျဖစ္လာမလဲ တြက္ဆၾကည့္ခ်င္စရာ ေကာင္းေနပါတယ္။


ဆန္ခ်ိဳမွ ဆန္ခ်ိဳ လိုခ်င္တဲ့ ယူႏိုက္တက္ပရိသတ္ေတြအတြက္ အာမက္ ဂ်ယ္လိုက ႏွစ္သိမ့္ေတး ျဖစ္လာမလား ဆိုတာက ညာေတာင္ပံတိုက္စစ္ေနရာကို ျဖည့္တင္းဖို႔ လူဝယ္မယ့္အစား ကိုယ့္လူနဲ႔ကိုယ္ လည္ပတ္သြားမယ္ဆိုတဲ့ အရိပ္အေယာင္ေတြအရ” အာမက္ ဂ်ယ္လိုကို အခ်ိန္တခုေပးၿပီး သူ႔အတြက္ အနာဂတ္အစီအစဥ္ေတြ ဖန္တီးထားတာမို႔ ေရရွည္လက္တြဲသြားမယ္” ဆိုတဲ့ ဆိုးလ္ရွား ရဲ႕ ႏႈတ္ထြက္စကားမွာ ပိုထင္ေပၚလာခဲ့တာက ခ်င့္ခ်ိန္စရာ ျဖစ္လာတယ္။


အတၱလန္တာအသင္းက အာမက္ ဂ်ယ္လိုကို ရာသီဝက္အငွားနဲ႔ ျပန္လည္ ေခၚယူဖို႔ဆႏၵကိုေတာင္မွ သေဘာမတူခဲ့တဲ့ ယူႏိုက္တက္ရဲ႕ ကစားသမားပ်ိဳးေထာင္မႈ၊ ကစားသမား စီမံခန႔္ခြဲမႈအေနနဲ႔ ဆိုးလ္ရွားလွစ္ဟျပလာမယ့္ အစီအစဥ္ေတြအားလုံးကို တလႊာခ်င္း တလႊာခ်င္း ေစာင့္ၾကည့္သြားခ်င္စရာ ေကာင္းေနတာ အမွန္ပဲျဖစ္ပါတယ္။


ဆိုးလ္ရွားရဲ႕ လက္ထဲမွာ ယူႏိုက္တက္က လုပ္တိုင္းျဖစ္လာခဲ့ရင္ေတာ့ ဆန္ခ်ိဳပုံျပင္က အရင္ကဇာတ္လမ္းေလးအျဖစ္ ေမွးမွိန္သြားခဲ့ရင္ေတာင္မွ ပရိသတ္ေတြအေနနဲ႔ ကစားသမားအရည္အေသြးနဲ႔ အင္အားလိုအပ္ခ်က္အတြက္ စိုးရိမ္စရာ မရွိဘဲ စိတ္ေျဖာင့္ေျဖာင့္နဲ႔ ဆက္ရွိေန ဖို႔သာ ေမွ်ာ္လင့္ထားရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.