Premier League Transfer News

8 Jan နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ဒက်ကလန် ရိုက်စ်ကို ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေအနေနဲ့ အလောတကြီး ခေါ်ယူပေးဖို့ အကြောင်းမရှိဘဲ နည်းပြ လမ်းပတ်အနေနဲ့ သူ့ရဲ့ ရာထူးမှာ ဆက်ရှိသင့်တယ်ဆိုတဲ့အကြောင်းကို ခိုင်ခိုင်လုံလုံပြသနိုင်မှ ခေါ်ယူပေးသွားမှာဖြစ်လို့ လာမယ့် ပွဲစဉ်တွေရဲ့ ရလဒ်ကို စောင့်ကြည့်ရဖို့ရှိနေ။

– ချဲလ်ဆီးအသင်းရဲ့ စိတ်ပျက်ဖွယ်ခေါ်ယူမှုဖြစ်ပြီး ပြိုင်ဘက်တွေကတော့ ကျည်ဆန်ကို ရှောင်လွှဲနိုင်ခဲ့လို့ ဝမ်းသာနေလောက်တဲ့ ဂါနာ ဘယ်နောက်ခံလူ ဘာဘာ ရာမန်အနေနဲ့ ဇန်နဝါရီမှာ အငှားနဲ့ ထွက်ခွာဖို့ ကြိုးစားမှာဖြစ်ပြီး နိုင်ငံပြင်ပက ကလပ်နှစ်သင်းက စိတ်ဝင်စားနေတယ်လို့ သိရ။

– တိုက်စစ်ကစားသမားတွေ ပွဲပန်းမှုနဲ့ ဒဏ်ရာတွေ နှိပ်စက်မှုကြောင့် ရလဒ်တွေ ဆိုးရွားလာခဲ့တဲ့ ချဲလ်ဆီးအသင်းအနေနဲ့ ပေါ်တူဂီကလပ် ရီယို အေဗီမှာ အငှားချထားတဲ့ ကွင်းလယ်လူ လူးကပ်စ် ပီယာဇွန်ကို ပြန်လည်ခေါ်ယူဖို့ ကြိုးစားနေပေမယ့် ကစားသမားဘက်က ဒီအသင်းအတွက် ကစားမပေးချင်ဘူးလို့ ငြင်းဆန်ထား။

– နည်းပြ ဖရန့် လမ်းပတ်ရဲ့ ကွင်းလယ်ပျက်စီးခဲ့ရမှုမှာ ကွင်းလယ်လူ အန်ဂိုလို ကွန်တေရဲ့ တာဝန်ကို တိတိကျကျ နေရာမချထားမှုလည်း ပါဝင်တယ်လို့ အာဆင်နယ်တိုက်စစ်မှူးဟောင်း အီယန်ရိုက်က ထောက်ပြလိုက်ပြီး ပြင်သစ်သားအနေနဲ့ ကွင်းလယ်မှာ မလိုအပ်ဘဲ လျှောက်ပြေးလွှားနေသလိုဖြစ်ပြီး ကစားပုံက မထိရောက်ကြောင်း ဝေဖန်။

– မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အပြိုင် ချဲလ်ဆီးတို့ စိတ်ဝင်စားနေခဲ့တဲ့ အီကွေဒေါလူငယ်ကွင်းလယ်လူ မွိုက်ဆက်စ် ကိုင်စီဒိုဟာ တစ်ချိန်မှာ အန်ဂိုလို ကွန်တေထက် ပိုမိုသာလွန်နိုင်တဲ့ ကစားသမားမျိုးဖြစ်တယ်လို့ ချီးကျူးနေကြပြီး လက်ဦးမှုရယူပြီး ခေါ်ယူဖို့ တိုက်တွန်းခံထားရ။

– ချဲလ်ဆီးအသင်းရဲ့ ဘယ်နောက်ခံလူ အီမာဆန် ပယ်လ်မီယာရီကို ခေါ်ယူဖို့ နာပိုလီအသင်းဘက်က စိတ်ဝင်စားနေဆဲဖြစ်တယ်လို့ သိရပြီး တကယ်တမ်း ခေါ်ယူလိုရင်တော့ မားကို့စ် အလွန်ဆိုနဲ့ စပိန်အသင်းတွေ အလုပ်မဖြစ်ခင်မှာ အမြန်ခေါ်ယူနိုင်မှဖြစ်မယ်လို့ အီတလီသတင်းတွေ ရေးသားနေကြ။

– အီတလီဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဂျန်လွီဂီ ဒီမာဇီယိုက ချဲလ်ဆီးအသင်းအနေနဲ့ နောက်ခံလူ မိုဟာမက် ဆီမာကန်ကို ခေါ်ယူချင်ရင် ယူရို သန်း ၂၀ ကနေ တစ်ပြားမျှ မလျှော့ဘဲ ပေးချေဖို့ လီဂူးဝမ်းကလပ် စထရာဘိုးအသင်းက တောင်းဆိုထားတယ်လို့ ထုတ်ဖော်ရေးသား။

– ချဲလ်ဆီးတိုက်စစ်မှူး တမ်မီ အေဘရာဟမ်က ဈေးကြီးကြီးနဲ့ ခေါ်ယူထားခဲ့တဲ့ အသင်းရဲ့ နာမည်ကြီး ကစားသမားသစ်တွေ ခြေစွမ်း မပြနိုင်တာအတွက် ကာကွယ်ပြောကြားလိုက်ပြီး ရှုပ်ထွေးတဲ့ ပွဲစဉ်တွေကြောင့် သူတို့မှာ လုံလောက်တဲ့ လေ့ကျင့်ချိန်နဲ့ နားလည်မှုကို မရခဲ့ဘူးလို့ဆိုသွားခဲ့။

– ဝက်စ်ဟမ်းယူနိုက်တက်အသင်းအနေနဲ့ ပြင်သစ်တိုက်စစ်မှူး အိုလီဗီးယေး ဂျီရူးရဲ့ တတိယမြောက် လန်ဒန်ကလပ်အသင်းဖြစ်လာမလား စောင့်ကြည့်ရမှာဖြစ်ပြီး အိုင်းယက်စ်အသင်းဆီ ပေါင်သန်း ၂၀ နဲ့ ရောင်းချတော့မယ့် တိုက်စစ်မှူး ဆီဘက်စတီယန် အဲလားနေရာမှာ အစားထိုးဖို့ ချဲလ်ဆီးတို့ဆီ ကမ်းလှမ်းလာဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ဒက္ကလန္ ႐ိုက္စ္ကို ခ်ဲလ္ဆီးအသင္းတာဝန္ရွိသူေတြအေနနဲ႔ အေလာတႀကီး ေခၚယူေပးဖို႔ အေၾကာင္းမရွိဘဲ နည္းျပ လမ္းပတ္အေနနဲ႔ သူ႔ရဲ႕ ရာထူးမွာ ဆက္ရွိသင့္တယ္ဆိုတဲ့အေၾကာင္းကို ခိုင္ခိုင္လုံလုံျပသႏိုင္မွ ေခၚယူေပးသြားမွာျဖစ္လို႔ လာမယ့္ ပြဲစဥ္ေတြရဲ႕ ရလဒ္ကို ေစာင့္ၾကည့္ရဖို႔ရွိေန။

– ခ်ဲလ္ဆီးအသင္းရဲ႕ စိတ္ပ်က္ဖြယ္ေခၚယူမႈျဖစ္ၿပီး ၿပိဳင္ဘက္ေတြကေတာ့ က်ည္ဆန္ကို ေရွာင္လႊဲႏိုင္ခဲ့လို႔ ဝမ္းသာေနေလာက္တဲ့ ဂါနာ ဘယ္ေနာက္ခံလူ ဘာဘာ ရာမန္အေနနဲ႔ ဇန္နဝါရီမွာ အငွားနဲ႔ ထြက္ခြာဖို႔ ႀကိဳးစားမွာျဖစ္ၿပီး ႏိုင္ငံျပင္ပက ကလပ္ႏွစ္သင္းက စိတ္ဝင္စားေနတယ္လို႔ သိရ။

– တိုက္စစ္ကစားသမားေတြ ပြဲပန္းမႈနဲ႔ ဒဏ္ရာေတြ ႏွိပ္စက္မႈေၾကာင့္ ရလဒ္ေတြ ဆိုး႐ြားလာခဲ့တဲ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေပၚတူဂီကလပ္ ရီယို ေအဗီမွာ အငွားခ်ထားတဲ့ ကြင္းလယ္လူ လူးကပ္စ္ ပီယာဇြန္ကို ျပန္လည္ေခၚယူဖို႔ ႀကိဳးစားေနေပမယ့္ ကစားသမားဘက္က ဒီအသင္းအတြက္ ကစားမေပးခ်င္ဘူးလို႔ ျငင္းဆန္ထား။

– နည္းျပ ဖရန႔္ လမ္းပတ္ရဲ႕ ကြင္းလယ္ပ်က္စီးခဲ့ရမႈမွာ ကြင္းလယ္လူ အန္ဂိုလို ကြန္ေတရဲ႕ တာဝန္ကို တိတိက်က် ေနရာမခ်ထားမႈလည္း ပါဝင္တယ္လို႔ အာဆင္နယ္တိုက္စစ္မႉးေဟာင္း အီယန္႐ိုက္က ေထာက္ျပလိုက္ၿပီး ျပင္သစ္သားအေနနဲ႔ ကြင္းလယ္မွာ မလိုအပ္ဘဲ ေလွ်ာက္ေျပးလႊားေနသလိုျဖစ္ၿပီး ကစားပုံက မထိေရာက္ေၾကာင္း ေဝဖန္။

– မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ အၿပိဳင္ ခ်ဲလ္ဆီးတို႔ စိတ္ဝင္စားေနခဲ့တဲ့ အီေကြေဒါလူငယ္ကြင္းလယ္လူ မြိဳက္ဆက္စ္ ကိုင္စီဒိုဟာ တစ္ခ်ိန္မွာ အန္ဂိုလို ကြန္ေတထက္ ပိုမိုသာလြန္ႏိုင္တဲ့ ကစားသမားမ်ိဳးျဖစ္တယ္လို႔ ခ်ီးက်ဴးေနၾကၿပီး လက္ဦးမႈရယူၿပီး ေခၚယူဖို႔ တိုက္တြန္းခံထားရ။

– ခ်ဲလ္ဆီးအသင္းရဲ႕ ဘယ္ေနာက္ခံလူ အီမာဆန္ ပယ္လ္မီယာရီကို ေခၚယူဖို႔ နာပိုလီအသင္းဘက္က စိတ္ဝင္စားေနဆဲျဖစ္တယ္လို႔ သိရၿပီး တကယ္တမ္း ေခၚယူလိုရင္ေတာ့ မားကို႔စ္ အလြန္ဆိုနဲ႔ စပိန္အသင္းေတြ အလုပ္မျဖစ္ခင္မွာ အျမန္ေခၚယူႏိုင္မွျဖစ္မယ္လို႔ အီတလီသတင္းေတြ ေရးသားေနၾက။

– အီတလီဂ်ာနယ္လစ္တစ္ဦးျဖစ္တဲ့ ဂ်န္လြီဂီ ဒီမာဇီယိုက ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေနာက္ခံလူ မိုဟာမက္ ဆီမာကန္ကို ေခၚယူခ်င္ရင္ ယူ႐ို သန္း ၂၀ ကေန တစ္ျပားမွ် မေလွ်ာ့ဘဲ ေပးေခ်ဖို႔ လီဂူးဝမ္းကလပ္ စထရာဘိုးအသင္းက ေတာင္းဆိုထားတယ္လို႔ ထုတ္ေဖာ္ေရးသား။

– ခ်ဲလ္ဆီးတိုက္စစ္မႉး တမ္မီ ေအဘရာဟမ္က ေဈးႀကီးႀကီးနဲ႔ ေခၚယူထားခဲ့တဲ့ အသင္းရဲ႕ နာမည္ႀကီး ကစားသမားသစ္ေတြ ေျခစြမ္း မျပႏိုင္တာအတြက္ ကာကြယ္ေျပာၾကားလိုက္ၿပီး ရႈပ္ေထြးတဲ့ ပြဲစဥ္ေတြေၾကာင့္ သူတို႔မွာ လုံေလာက္တဲ့ ေလ့က်င့္ခ်ိန္နဲ႔ နားလည္မႈကို မရခဲ့ဘူးလို႔ဆိုသြားခဲ့။

– ဝက္စ္ဟမ္းယူႏိုက္တက္အသင္းအေနနဲ႔ ျပင္သစ္တိုက္စစ္မႉး အိုလီဗီးေယး ဂ်ီ႐ူးရဲ႕ တတိယေျမာက္ လန္ဒန္ကလပ္အသင္းျဖစ္လာမလား ေစာင့္ၾကည့္ရမွာျဖစ္ၿပီး အိုင္းယက္စ္အသင္းဆီ ေပါင္သန္း ၂၀ နဲ႔ ေရာင္းခ်ေတာ့မယ့္ တိုက္စစ္မႉး ဆီဘက္စတီယန္ အဲလားေနရာမွာ အစားထိုးဖို႔ ခ်ဲလ္ဆီးတို႔ဆီ ကမ္းလွမ္းလာဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.