Premier League Transfer News

8 Jan နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– အာမက် ဂျယ်လို ထရာအိုရေးကို မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အပြီးသတ် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ကြေငြာခဲ့ပြီး ပရီးမီးယားလိဂ်ကလည်း အတည်ပြုခဲ့ပေမယ့် ကိုဗစ်စည်းမျဉ်းတွေအရ တရားဝင် လက်မှတ်ရေးထိုးပွဲနဲ့ အင်္ကျီနဲ့ ဓာတ်ပုံရိုက်ကူးမှုတွေကို မလုပ်နိုင်ချိန်မှာ ကစားသမားအနေနဲ့ ဟိုတယ်ကပဲ သူ့ဘာသာသူ ပုံတင်ခဲ့ရ။

– အိုးလ်ထရက်ဖို့ဒ်မှာ ကစားခွင့် နည်းပါးနေသလို အခန်းကဏ္ဍ မရှိတော့တဲ့ အင်္ဂလန်ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ်အနေနဲ့ ဇန်နဝါရီမှာ အသင်းကနေ အနည်းဆုံး အငှားနဲ့ ထွက်ခွာသွားဖို့ တွန်းအားပေးနေပြီး ယူနိုက်တက်ကစားသမားဟောင်း စတိဗ် ဘရုစ် ကိုင်တွယ်နေတဲ့ နယူးကာဆယ်လ်ဆီ ပြောင်းရွှေ့လိုနေ။

– ဘရူနို ဖာနန်ဒက်စ်ဟာ ထင်သလောက်ကောင်းတဲ့ ထိပ်တန်းကစားသမားမျိုး မဟုတ်သေးကြောင်းနဲ့ အဲရစ် ကန်တိုနာလိုမျိုး ပွဲပြီးတွေမှာ ဘာဖြစ်ဖြစ် ခြေစွမ်းပြနိုင်သူ မဟုတ်ဘဲ လိုအပ်ချက်တွေ များနေသေးကြောင်း မန်စီးတီးနဲ့ပွဲက ပုံစံကို အသင်းခေါင်းဆောင်ဟောင်း ရွိုင်းကီးန်သုံးသပ်ခဲ့ပြီး နည်းပြဟောင်း မော်ရင်ညိုနဲ့ တစ်ဖက်တည်းမှာ ရပ်တည်သွားခဲ့။

– အိုင်းယက်စ်အသင်းကနေ မထင်မှတ်ဘဲ ပြောင်းရွှေ့လာခဲ့ပြီး လက်ရှိအချိန်အထိ အသင်းနဲ့အတူ ပွဲကစားခွင့် အကြိမ် ၂၀ မှာ ၇၆၂ မိနစ်သာ ကစားခွင့်ရထားခဲ့တဲ့ ကွင်းလယ်လူ ဒွန်နီ ဗန်ဒဘိခ်ကို ဒီအတိုင်း ကစားခွင့်မရရင် အိုးလ်ထရက်ဖို့ဒ်က ထွက်ခွာပြီး စပိန်ကို ပြောင်းရွှေ့ဖို့ ဒတ်ချ်ဂန္ထဝင်ကွင်းလယ်လူ ရော်နယ်လ် ဒီဘိုးဝါးတိုက်တွန်း။

– မန်ချက်စတာယူနိုက်တက်အသင်းအတွက် လိုအပ်ချိန်တွေမှာ လက်စွမ်းပြကစားပေးခဲ့တဲ့ အာဂျင်တီးနားဂိုးသမား ဆာဂျီယို ရိုမဲရိုးအနေနဲ့ အသင်းဝန်ထမ်းတွေကို လိုက်လံနှုတ်ဆက်နေပြီး ဇန်နဝါရီမှာ ထွက်ခွာဖို့ ရှိနေသလို မိခင်မြေက နာမည်ကြီးကလပ် ဘိုကာ ဂျူနီယာစ်နဲ့ ပူးပေါင်းသွားဖွယ်ရှိနေ။

– လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းကြောင့် သုံးပွဲပယ်ပြစ်ဒဏ် ချမှတ်ထားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး အက်ဒင်ဆန် ကာဗာနီအပေါ် ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေအနေနဲ့ တကယ်တမ်း လူမျိုးရေးခွဲခြားသူ မဟုတ်ကြောင်း အသိအမှတ်ပြုထားခဲ့ပြီး ဆိုရှယ်မီဒီယာစည်းမျဉ်းတွေအရသာ တစ်ပြေးညီ အရေးယူခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်သွား။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာရဲ့ အနေအထားအပေါ် မူတည်ပြီး အသင်းက ထွက်ခွာတာနဲ့ ပြန်လည်အစားထိုးသွားဖို့ လိုင်လီကွင်းလယ်လူ ဘူဘာကာရီ ဆူမာရေးကို သူ့နေရာမှာ ပြန်လည်ရင်းနှီးမြှုပ်နှံသွားဖို့ စောင့်ကြည့်နေ။

– မန်ချက်စတာစီးတီးနဲ့ ကာရာဘောင်းပွဲက ရှုံးခဲ့တဲ့ ပုံစံမျိုးကို နောက်ထပ် အရေးကြီးတဲ့ ပွဲတွေမှာ ထပ်မံကျူးလွန်လို့ မရတော့ဘဲ ဆုဖလားတွေ လိုချင်တယ်ဆိုရင် ဒီထက် ကောင်းမွန်တဲ့ ပုံစံနဲ့ ကြိုးစားတိုက်ပွဲဝင်နိုင်ရလိမ့်မယ်လို့ အသင်းဖော်တွေကို ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် သတိပေး။

– မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမားဟောင်း ဒေးဗစ် ဘက်ခမ်းရဲ့ အင်တာမိုင်ယာမီအသင်းအနေနဲ့ မေဂျာလိဂ် ပြိုင်ပွဲစုံမှာ အခြေမလှခဲ့တဲ့ လက်ရှိနည်းပြ ဒီယေဂို အလွန်ဆိုနဲ့ လမ်းခွဲခဲ့အပြီးမှာ Class of 92 အသင်းဖော်ဟောင်းတစ်ဦးဖြစ်တဲ့ ဖီးလ် နဗီးလ်ကို အင်္ဂလန်အမျိုးသမီးအသင်းရဲ့ နည်းပြရာထူးကနေ လာရောက်ပူးပေါင်းစေဖို့ အလိုရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာမက္ ဂ်ယ္လို ထရာအိုေရးကို မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ အၿပီးသတ္ ေခၚယူလိုက္ၿပီျဖစ္ေၾကာင္း ေၾကျငာခဲ့ၿပီး ပရီးမီးယားလိဂ္ကလည္း အတည္ျပဳခဲ့ေပမယ့္ ကိုဗစ္စည္းမ်ဥ္းေတြအရ တရားဝင္ လက္မွတ္ေရးထိုးပြဲနဲ႔ အက်ႌနဲ႔ ဓာတ္ပုံ႐ိုက္ကူးမႈေတြကို မလုပ္ႏိုင္ခ်ိန္မွာ ကစားသမားအေနနဲ႔ ဟိုတယ္ကပဲ သူ႔ဘာသာသူ ပုံတင္ခဲ့ရ။

– အိုးလ္ထရက္ဖို႔ဒ္မွာ ကစားခြင့္ နည္းပါးေနသလို အခန္းက႑ မရွိေတာ့တဲ့ အဂၤလန္ကြင္းလယ္လူ ဂ်က္ဆီ လင္ဂတ္အေနနဲ႔ ဇန္နဝါရီမွာ အသင္းကေန အနည္းဆုံး အငွားနဲ႔ ထြက္ခြာသြားဖို႔ တြန္းအားေပးေနၿပီး ယူႏိုက္တက္ကစားသမားေဟာင္း စတိဗ္ ဘ႐ုစ္ ကိုင္တြယ္ေနတဲ့ နယူးကာဆယ္လ္ဆီ ေျပာင္းေ႐ႊ႕လိုေန။

– ဘ႐ူႏို ဖာနန္ဒက္စ္ဟာ ထင္သေလာက္ေကာင္းတဲ့ ထိပ္တန္းကစားသမားမ်ိဳး မဟုတ္ေသးေၾကာင္းနဲ႔ အဲရစ္ ကန္တိုနာလိုမ်ိဳး ပြဲၿပီးေတြမွာ ဘာျဖစ္ျဖစ္ ေျခစြမ္းျပႏိုင္သူ မဟုတ္ဘဲ လိုအပ္ခ်က္ေတြ မ်ားေနေသးေၾကာင္း မန္စီးတီးနဲ႔ပြဲက ပုံစံကို အသင္းေခါင္းေဆာင္ေဟာင္း ႐ြိဳင္းကီးန္သုံးသပ္ခဲ့ၿပီး နည္းျပေဟာင္း ေမာ္ရင္ညိဳနဲ႔ တစ္ဖက္တည္းမွာ ရပ္တည္သြားခဲ့။

– အိုင္းယက္စ္အသင္းကေန မထင္မွတ္ဘဲ ေျပာင္းေ႐ႊ႕လာခဲ့ၿပီး လက္ရွိအခ်ိန္အထိ အသင္းနဲ႔အတူ ပြဲကစားခြင့္ အႀကိမ္ ၂၀ မွာ ၇၆၂ မိနစ္သာ ကစားခြင့္ရထားခဲ့တဲ့ ကြင္းလယ္လူ ဒြန္နီ ဗန္ဒဘိခ္ကို ဒီအတိုင္း ကစားခြင့္မရရင္ အိုးလ္ထရက္ဖို႔ဒ္က ထြက္ခြာၿပီး စပိန္ကို ေျပာင္းေ႐ႊ႕ဖို႔ ဒတ္ခ်္ဂႏၴဝင္ကြင္းလယ္လူ ေရာ္နယ္လ္ ဒီဘိုးဝါးတိုက္တြန္း။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ လိုအပ္ခ်ိန္ေတြမွာ လက္စြမ္းျပကစားေပးခဲ့တဲ့ အာဂ်င္တီးနားဂိုးသမား ဆာဂ်ီယို ႐ိုမဲ႐ိုးအေနနဲ႔ အသင္းဝန္ထမ္းေတြကို လိုက္လံႏႈတ္ဆက္ေနၿပီး ဇန္နဝါရီမွာ ထြက္ခြာဖို႔ ရွိေနသလို မိခင္ေျမက နာမည္ႀကီးကလပ္ ဘိုကာ ဂ်ဴနီယာစ္နဲ႔ ပူးေပါင္းသြားဖြယ္ရွိေန။

– လူမ်ိဳးေရးခြဲျခားတဲ့ အသုံးအႏႈန္းေၾကာင့္ သုံးပြဲပယ္ျပစ္ဒဏ္ ခ်မွတ္ထားခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉး အက္ဒင္ဆန္ ကာဗာနီအေပၚ ေဘာလုံးအဖြဲ႕ခ်ဳပ္ အက္ဖ္ေအအေနနဲ႔ တကယ္တမ္း လူမ်ိဳးေရးခြဲျခားသူ မဟုတ္ေၾကာင္း အသိအမွတ္ျပဳထားခဲ့ၿပီး ဆိုရွယ္မီဒီယာစည္းမ်ဥ္းေတြအရသာ တစ္ေျပးညီ အေရးယူခဲ့တာျဖစ္တယ္လို႔ ထုတ္ျပန္သြား။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာရဲ႕ အေနအထားအေပၚ မူတည္ၿပီး အသင္းက ထြက္ခြာတာနဲ႔ ျပန္လည္အစားထိုးသြားဖို႔ လိုင္လီကြင္းလယ္လူ ဘူဘာကာရီ ဆူမာေရးကို သူ႔ေနရာမွာ ျပန္လည္ရင္းႏွီးျမႇဳပ္ႏွံသြားဖို႔ ေစာင့္ၾကည့္ေန။

– မန္ခ်က္စတာစီးတီးနဲ႔ ကာရာေဘာင္းပြဲက ရႈံးခဲ့တဲ့ ပုံစံမ်ိဳးကို ေနာက္ထပ္ အေရးႀကီးတဲ့ ပြဲေတြမွာ ထပ္မံက်ဴးလြန္လို႔ မရေတာ့ဘဲ ဆုဖလားေတြ လိုခ်င္တယ္ဆိုရင္ ဒီထက္ ေကာင္းမြန္တဲ့ ပုံစံနဲ႔ ႀကိဳးစားတိုက္ပြဲဝင္ႏိုင္ရလိမ့္မယ္လို႔ အသင္းေဖာ္ေတြကို ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္ သတိေပး။

– မန္ခ်က္စတာယူႏိုက္တက္ ေတာင္ပံကစားသမားေဟာင္း ေဒးဗစ္ ဘက္ခမ္းရဲ႕ အင္တာမိုင္ယာမီအသင္းအေနနဲ႔ ေမဂ်ာလိဂ္ ၿပိဳင္ပြဲစုံမွာ အေျခမလွခဲ့တဲ့ လက္ရွိနည္းျပ ဒီေယဂို အလြန္ဆိုနဲ႔ လမ္းခြဲခဲ့အၿပီးမွာ Class of 92 အသင္းေဖာ္ေဟာင္းတစ္ဦးျဖစ္တဲ့ ဖီးလ္ နဗီးလ္ကို အဂၤလန္အမ်ိဳးသမီးအသင္းရဲ႕ နည္းျပရာထူးကေန လာေရာက္ပူးေပါင္းေစဖို႔ အလိုရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.