Premier League Transfer News

8 Jan နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– ဟာသာဘာလင်အသင်းရဲ့ လူငယ်နောက်ခံလူ အိုမာ ရီကစ်ကို အာဆင်နယ်အသင်းက တရားဝင်ခေါ်ယူနိုင်လိုက်ပြီဖြစ်ပြီး ပြီးခဲ့တဲ့ရက်က ဆေးစစ်မှု အောင်မြင်ခဲ့အပြီးမှာ ယူရို ၅ သိန်း ပေးချေခဲ့ရသလို နှစ်ရှည်စာချုပ် ချုပ်ဆိုခဲ့ပြီး နယ်သာလန်လူငယ်ရဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ် စာချုပ်လည်းဖြစ်လာ။

– အာဆင်နယ်အသင်းကနေ ဇန်နဝါရီမှာ ထွက်ခွာတော့မယ်လို့ သတင်းထွက်နေခဲ့တဲ့ ကွင်းလယ်လူ မီဆွတ် အိုဇေးလ်ရဲ့ အနာဂတ်က သုံးလေးရက်အတွင်းမှာ သဲကွဲသွားလိမ့်မယ်လို့ ကစားသမားရဲ့ အေးဂျင့်နဲ့အတူ သူနဲ့ ကောလဟာလ ထွက်နေတဲ့ ဖီနာဘာချီအသင်း နည်းပြ ပြောကြားသွား။

– အာဆင်နယ်အသင်းကနေ ထွက်ခွာဖို့များနေတဲ့ လူငယ်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂွန်ကတော့ ပရီးမီးယားလိဂ်အသင်းတွေထက် အင်္ဂလန်ပြင်ပကိုပဲ ရွေးချယ်သွားဖို့ ရှိနေပြီး သဘောတူညီဖို့ နီးစပ်နေခဲ့ပြီဖြစ်ကြောင်း အက်သလက်တစ်ရဲ့ ဂျာနယ်လစ် ဒေးဗစ် အွန်းစတိန်းဖော်ပြ။

– အမ်းမရိတ်မှာ ဒီရာသီ လုံးဝကစားခွင့်မရှိသေးသူတစ်ဦးဖြစ်တဲ့ နောက်ခံလူ ဆိုကရာတစ် ပါပါစတာသိုပူးလော့စ်ကို ခေါ်ယူဖို့ အသင်းဟောင်း ဂျီနိုအာက အသည်းအသန် စိတ်ဝင်စားနေပြီး ပြောင်းရွှေ့လာခဲ့ရင် အသင်းခေါင်းဆောင်ရာထူးကိုပါ ပေးအပ်သွားမယ်လို့ အီတလီကလပ်ဘက်က ကမ်းလှမ်းထား။

– အာဆင်နယ်အသင်းအနေနဲ့ ကွင်းလယ်လူ မိုဟာမက် အယ်လ်နန်နီကို ရောင်းချနိုင်ခဲ့ရင် ပြန်လည်ခေါ်ယူသွားမယ့်သူတစ်ဦးဖြစ်တဲ့ ကွင်းလယ်လူ အိဗ်စ် ဘီဆူးမားအတွက် ပေါင် ၃၇ သန်းရမှ ရောင်းချမယ်လို့ ဘရိုက်တန်အသင်း ပြန်ကြားခဲ့ပြီး နည်းပြ ဂရေဟမ် ပေါ့တာကတော့ ကောလဟာလတွေကြားမှာ စိတ်မယိုင်တတ်တဲ့ သူ့ကစားသမားကို ချီးကျူးထား။

– ဒေါ့မွန်အသင်းဘက်ကတော့ သူတို့ရဲ့ အဓိက ကစားသမားတစ်ဦး မဟုတ်တော့ဘဲ အလှည့်ကျအဆင့်သာ သတ်မှတ်ထားတဲ့ ကွင်းလယ်လူ ဂျူလီယန် ဘရန့်ဒ်ကို ရောင်းချဖို့ ပြင်ဆင်ထားပြီဖြစ်ပြီး အာဆင်နယ်အသင်းဘက် အချိုအချောင်ရှာဖွေနေရင်တော့ အဆင်မပြေနိုင်ဘူးလို့ သတိပေးထား။

– အာဆင်နယ်အသင်းမှာ နောက်ခံလူ ဝီလီယမ် ဆာလီဘာကို မသုံးစွဲခဲ့တာ နည်းပြ မီခယ်လ် အာတီတာရဲ့ ဆုံးဖြတ်ချက် မှန်တယ်လို့ သူ့ရဲ့ နိစ်အသင်းနဲ့ ပွဲထွက်မှာ အမှားများခဲ့ပုံကို ထောက်ပြခဲ့ကြပြီး ပြင်သစ်လူငယ်အနေနဲ့ နေရာပုံတွေမှာ အားနည်းချက်များနေခဲ့။

– နော့ဝစ်ချ်အသင်းက ရောင်းချဖို့ စိတ်မဝင်စားဘူး ပြောထားပေမယ့် အမ်းမရိတ်ကို ပြောင်းရွှေ့ချင်နေတဲ့ ကွင်းလယ်လူ အီမီလီယာနို ဘွင်ဒီယာဟာ အာဆင်နယ်ကို ရောက်ရင် သူကိုယ်တိုင်ရော အသင်းကိုပါ တစ်ဆင့်မြှင့်တင်နိုင်ဦးမယ့်သူဖြစ်လို့ ရအောင် ခေါ်ယူဖို့ ဒါရင်းဘန့် တိုက်တွန်း။

– အာဆင်နယ်အသင်းအနေနဲ့ အိုဇေးလ်အပါအဝင် ကစားသမားတချို့ကို ရှင်းထုတ်ပြီး အသုံးစရိတ် လျှော့ချနိုင်ခဲ့ရင် ပြန်လည်ခေါ်ယူမယ့် စာရင်းထဲမှာ ထိပ်ဆုံးက ပါဝင်နေတဲ့ RB လိုက်ပ်ဇစ်ကွင်းလယ်လူ မာဆယ်လ် ဆာဘစ်ဇာကို ပေါင်သန်း ၃၀ နဲ့ အောက်မှာ ရရှိနိုင်မယ်လို့ ခန့်မှန်းနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ဟာသာဘာလင္အသင္းရဲ႕ လူငယ္ေနာက္ခံလူ အိုမာ ရီကစ္ကို အာဆင္နယ္အသင္းက တရားဝင္ေခၚယူႏိုင္လိုက္ၿပီျဖစ္ၿပီး ၿပီးခဲ့တဲ့ရက္က ေဆးစစ္မႈ ေအာင္ျမင္ခဲ့အၿပီးမွာ ယူ႐ို ၅ သိန္း ေပးေခ်ခဲ့ရသလို ႏွစ္ရွည္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ၿပီး နယ္သာလန္လူငယ္ရဲ႕ ပထမဆုံး ပေရာ္ဖက္ရွင္နယ္ စာခ်ဳပ္လည္းျဖစ္လာ။

– အာဆင္နယ္အသင္းကေန ဇန္နဝါရီမွာ ထြက္ခြာေတာ့မယ္လို႔ သတင္းထြက္ေနခဲ့တဲ့ ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္ရဲ႕ အနာဂတ္က သုံးေလးရက္အတြင္းမွာ သဲကြဲသြားလိမ့္မယ္လို႔ ကစားသမားရဲ႕ ေအးဂ်င့္နဲ႔အတူ သူနဲ႔ ေကာလဟာလ ထြက္ေနတဲ့ ဖီနာဘာခ်ီအသင္း နည္းျပ ေျပာၾကားသြား။

– အာဆင္နယ္အသင္းကေန ထြက္ခြာဖို႔မ်ားေနတဲ့ လူငယ္တိုက္စစ္မႉး ဖိုလာရင္ ဘာလိုဂြန္ကေတာ့ ပရီးမီးယားလိဂ္အသင္းေတြထက္ အဂၤလန္ျပင္ပကိုပဲ ေ႐ြးခ်ယ္သြားဖို႔ ရွိေနၿပီး သေဘာတူညီဖို႔ နီးစပ္ေနခဲ့ၿပီျဖစ္ေၾကာင္း အက္သလက္တစ္ရဲ႕ ဂ်ာနယ္လစ္ ေဒးဗစ္ အြန္းစတိန္းေဖာ္ျပ။

– အမ္းမရိတ္မွာ ဒီရာသီ လုံးဝကစားခြင့္မရွိေသးသူတစ္ဦးျဖစ္တဲ့ ေနာက္ခံလူ ဆိုကရာတစ္ ပါပါစတာသိုပူးေလာ့စ္ကို ေခၚယူဖို႔ အသင္းေဟာင္း ဂ်ီႏိုအာက အသည္းအသန္ စိတ္ဝင္စားေနၿပီး ေျပာင္းေ႐ႊ႕လာခဲ့ရင္ အသင္းေခါင္းေဆာင္ရာထူးကိုပါ ေပးအပ္သြားမယ္လို႔ အီတလီကလပ္ဘက္က ကမ္းလွမ္းထား။

– အာဆင္နယ္အသင္းအေနနဲ႔ ကြင္းလယ္လူ မိုဟာမက္ အယ္လ္နန္နီကို ေရာင္းခ်ႏိုင္ခဲ့ရင္ ျပန္လည္ေခၚယူသြားမယ့္သူတစ္ဦးျဖစ္တဲ့ ကြင္းလယ္လူ အိဗ္စ္ ဘီဆူးမားအတြက္ ေပါင္ ၃၇ သန္းရမွ ေရာင္းခ်မယ္လို႔ ဘ႐ိုက္တန္အသင္း ျပန္ၾကားခဲ့ၿပီး နည္းျပ ဂေရဟမ္ ေပါ့တာကေတာ့ ေကာလဟာလေတြၾကားမွာ စိတ္မယိုင္တတ္တဲ့ သူ႔ကစားသမားကို ခ်ီးက်ဴးထား။

– ေဒါ့မြန္အသင္းဘက္ကေတာ့ သူတို႔ရဲ႕ အဓိက ကစားသမားတစ္ဦး မဟုတ္ေတာ့ဘဲ အလွည့္က်အဆင့္သာ သတ္မွတ္ထားတဲ့ ကြင္းလယ္လူ ဂ်ဴလီယန္ ဘရန႔္ဒ္ကို ေရာင္းခ်ဖို႔ ျပင္ဆင္ထားၿပီျဖစ္ၿပီး အာဆင္နယ္အသင္းဘက္ အခ်ိဳအေခ်ာင္ရွာေဖြေနရင္ေတာ့ အဆင္မေျပႏိုင္ဘူးလို႔ သတိေပးထား။

– အာဆင္နယ္အသင္းမွာ ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာကို မသုံးစြဲခဲ့တာ နည္းျပ မီခယ္လ္ အာတီတာရဲ႕ ဆုံးျဖတ္ခ်က္ မွန္တယ္လို႔ သူ႔ရဲ႕ နိစ္အသင္းနဲ႔ ပြဲထြက္မွာ အမွားမ်ားခဲ့ပုံကို ေထာက္ျပခဲ့ၾကၿပီး ျပင္သစ္လူငယ္အေနနဲ႔ ေနရာပုံေတြမွာ အားနည္းခ်က္မ်ားေနခဲ့။

– ေနာ့ဝစ္ခ်္အသင္းက ေရာင္းခ်ဖို႔ စိတ္မဝင္စားဘူး ေျပာထားေပမယ့္ အမ္းမရိတ္ကို ေျပာင္းေ႐ႊ႕ခ်င္ေနတဲ့ ကြင္းလယ္လူ အီမီလီယာႏို ဘြင္ဒီယာဟာ အာဆင္နယ္ကို ေရာက္ရင္ သူကိုယ္တိုင္ေရာ အသင္းကိုပါ တစ္ဆင့္ျမႇင့္တင္ႏိုင္ဦးမယ့္သူျဖစ္လို႔ ရေအာင္ ေခၚယူဖို႔ ဒါရင္းဘန႔္ တိုက္တြန္း။

– အာဆင္နယ္အသင္းအေနနဲ႔ အိုေဇးလ္အပါအဝင္ ကစားသမားတခ်ိဳ႕ကို ရွင္းထုတ္ၿပီး အသုံးစရိတ္ ေလွ်ာ့ခ်ႏိုင္ခဲ့ရင္ ျပန္လည္ေခၚယူမယ့္ စာရင္းထဲမွာ ထိပ္ဆုံးက ပါဝင္ေနတဲ့ RB လိုက္ပ္ဇစ္ကြင္းလယ္လူ မာဆယ္လ္ ဆာဘစ္ဇာကို ေပါင္သန္း ၃၀ နဲ႔ ေအာက္မွာ ရရွိႏိုင္မယ္လို႔ ခန႔္မွန္းေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.