Premier League Transfer News

7 Jan ညပိုင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– နွေရာသီက မန်ချက်စတာယူနိုက်တက်နဲ့ သတင်းထွက်ဖူးတဲ့ မန်ချက်စတာစီးတီးအကယ်ဒမီထွက် တောင်ပံကစားသမား ရက်ဘီ မက်တွန်ဒိုကို စတုတ်စီးတီးအသင်းဆီ အငှားမချခင်မှာ ရှော်လ်ကာအသင်းက ကမ်းလှမ်းခဲ့ပြီး ပေါင် ၆.၅ သန်းနဲ့ ပြန်လည်ခေါ်ယူခွင့်ရှိနေ။

– ဒီဇင်ဘာလအတွက် မန်ချက်စတာစီးတီးအသင်းရဲ့ အစ်တီဟတ်အကောင်းဆုံးကစားသမားဆုကို ပြီးခဲ့တဲ့လက ခြေစွမ်းကို ဒီလအထိ ယူဆောင်ခြေစွမ်းပြနေဆဲဖြစ်သလို ကာရာဘောင်းဒါဘီပွဲမှာ ဂိုးသွင်းယူပေးခဲ့တဲ့ အင်္ဂလန်နောက်ခံလူ ဂျွန်စတုန်းစ်က ရရှိသွားခဲ့။

– အာလင်း ဟားလန်းကို ခေါ်ယူဖို့ မန်ချက်စတာစီးတီးအသင်းအတွက် ပြိုင်ဘက်တွေ များနေခဲ့ရာမှာ အေစီမီလန်တစ်သင်းပါ ထပ်မံ တိုးပွားလာခဲ့ပြီဖြစ်ပြီး ဒေါ့မွန်အသင်းအနေနဲ့ ဒီကစားသမားကို လက်ရှိအချိန်မှာ ပေါင်သန်း ၉၀ အနည်းဆုံးရမှ ရောင်းချလိမ့်မယ်လို့ ဆိုနေကြ။

– ပေါ်တူဂီ နောက်ခံလူ ရူဘင် ဒီယက်စ်ဟာ မန်ချက်စတာစီးတီးအသင်းမှာ နှစ်ပေါင်းများစွာ ကစားလာတဲ့ ကစားသမားတစ်ဦးလိုမျိုး အသားတကျဖြစ်နေပြီဖြစ်ပြီး အသင်းရဲ့ လက်ရှိရလဒ်ကောင်းတွေနဲ့ လာမယ့် အနာဂတ်ပွဲစဉ်တွေအတွက် အထူးအရေးပါတဲ့သူဖြစ်ကြောင်း နောက်ခံလူဟောင်း အိုနူအိုဟာ ပြောကြား။

– မန်ချက်စတာစီးတီးအသင်းအနဲ့ တော့တင်ဟမ် ဟော့စပါးစ်အသင်းတို့ ဝင်ဘလီကွင်းကြီးမှာ ဗိုလ်လုရမယ့် ကာရာဘောင်းဖလားဖိုင်နယ် အတွက် မူလက ကြိုတင်ရေးဆွဲထားခဲ့တဲ့ ဆောက်သမ်တန်၊ ဖူလ်ဟမ်တို့နဲ့ အသီးသီးတွေ့ဆုံနေမှုကို ပရီးမီးယားလိဂ် ရွှေ့ဆိုင်းပေးဖို့ ရှိနေ။

– မန်စီးတီးအသင်းရဲ့ ချန်ပီယံခြေစွမ်းနဲ့ ပြိုင်ဘက်တွေကို တစ်စစီ ဆုတ်ဖြဲနိုင်တဲ့ ပုံစံကို ပြသနေမှုမှာ ပြန်လည်နိုးကြားလာခဲ့တဲ့ နောက်ခံလူ ဂျွန်စတုန်းစ်က အဓိကကျပြီး အင်္ဂလန်သားချင်း နှိုင်းယှဉ်ရင် ဟာရီ မက်ဂွိုင်းယားအစား သူ့ကိုပဲ ရေးရလိမ့်မယ်လို့ Talk Sport သုံးသပ်။

– အက်ဖ်အေဖလား တတိယအဆင့်အတွက် ပွဲစဉ်ရေးဆွဲမှုအပြီးမှာ မန်ချက်စတာစီးတီးနဲ့ ဘာမင်ဂမ်တို့ပွဲစဉ်က မဲနှိုက်မယ့် ဘောလုံးနံပတ် ၂၅ ကို ရရှိထားပြီး လာမယ့် တနင်္လာနေ့မှာ ပြိုင်ပွဲရဲ့ စတုတ္ထအဆင့်နဲ့ ပဉ္စမအဆင့်တွေကို တစ်ခါတည်း မဲနှိုက်ရေးဆွဲသွားဖို့ရှိနေ။

– မန်ချက်စတာစီးတီးတို့အနေနဲ့ အာဂျင်တီးနားကလပ် အက်စတူဒီယန်တေးနဲ့ သဘောတူညီမှု ရရှိထားခဲ့ပြီး သူ့ရဲ့ အသက် ၁၈ နှစ်ပြည့်မယ့် နွေရာသီမှာ ခေါ်ယူနိုင်မယ့် ဒါရီယို ဆာမီယန်တိုကို မက်ဆီလက်သစ်လို့ သူ့ရဲ့အသင်းဥက္ကဌ ဟွမ် ဆီဘက်စ်တီယန် ဗာရွန်က ချီးကျူးလိုက်ပြီး ပိုမိုရင်ခုန်စရာဖြစ်လာ။

– မန်ချက်စတာစီးတီးအသင်းရဲ့ နောက်ဆုံးပွဲစဉ်အချို့မှာ ဘယ်နောက်ခံနေရာမှာ ပြန်လည်ကစားခွင့်နဲ့အတူ ခြေစွမ်းပြနိုင်ခဲ့တဲ့ နောက်ခံလူ အိုလက်ဇန်ဒါ ဇင်ချန်ကိုကို စီးရီးအေကလပ် လာဇီယိုအသင်းက စိတ်ဝင်စားနေပြီး ဝက်စ်ဟမ်း၊ ဝုလ်ဗ်စ်တို့နဲ့ အပြိုင် ခေါ်ယူသွားဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ေႏြရာသီက မန္ခ်က္စတာယူႏိုက္တက္နဲ႔ သတင္းထြက္ဖူးတဲ့ မန္ခ်က္စတာစီးတီးအကယ္ဒမီထြက္ ေတာင္ပံကစားသမား ရက္ဘီ မက္တြန္ဒိုကို စတုတ္စီးတီးအသင္းဆီ အငွားမခ်ခင္မွာ ေရွာ္လ္ကာအသင္းက ကမ္းလွမ္းခဲ့ၿပီး ေပါင္ ၆.၅ သန္းနဲ႔ ျပန္လည္ေခၚယူခြင့္ရွိေန။

– ဒီဇင္ဘာလအတြက္ မန္ခ်က္စတာစီးတီးအသင္းရဲ႕ အစ္တီဟတ္အေကာင္းဆုံးကစားသမားဆုကို ၿပီးခဲ့တဲ့လက ေျခစြမ္းကို ဒီလအထိ ယူေဆာင္ေျခစြမ္းျပေနဆဲျဖစ္သလို ကာရာေဘာင္းဒါဘီပြဲမွာ ဂိုးသြင္းယူေပးခဲ့တဲ့ အဂၤလန္ေနာက္ခံလူ ဂြၽန္စတုန္းစ္က ရရွိသြားခဲ့။

– အာလင္း ဟားလန္းကို ေခၚယူဖို႔ မန္ခ်က္စတာစီးတီးအသင္းအတြက္ ၿပိဳင္ဘက္ေတြ မ်ားေနခဲ့ရာမွာ ေအစီမီလန္တစ္သင္းပါ ထပ္မံ တိုးပြားလာခဲ့ၿပီျဖစ္ၿပီး ေဒါ့မြန္အသင္းအေနနဲ႔ ဒီကစားသမားကို လက္ရွိအခ်ိန္မွာ ေပါင္သန္း ၉၀ အနည္းဆုံးရမွ ေရာင္းခ်လိမ့္မယ္လို႔ ဆိုေနၾက။

– ေပၚတူဂီ ေနာက္ခံလူ ႐ူဘင္ ဒီယက္စ္ဟာ မန္ခ်က္စတာစီးတီးအသင္းမွာ ႏွစ္ေပါင္းမ်ားစြာ ကစားလာတဲ့ ကစားသမားတစ္ဦးလိုမ်ိဳး အသားတက်ျဖစ္ေနၿပီျဖစ္ၿပီး အသင္းရဲ႕ လက္ရွိရလဒ္ေကာင္းေတြနဲ႔ လာမယ့္ အနာဂတ္ပြဲစဥ္ေတြအတြက္ အထူးအေရးပါတဲ့သူျဖစ္ေၾကာင္း ေနာက္ခံလူေဟာင္း အိုႏူအိုဟာ ေျပာၾကား။

– မန္ခ်က္စတာစီးတီးအသင္းအနဲ႔ ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းတို႔ ဝင္ဘလီကြင္းႀကီးမွာ ဗိုလ္လုရမယ့္ ကာရာေဘာင္းဖလားဖိုင္နယ္ အတြက္ မူလက ႀကိဳတင္ေရးဆြဲထားခဲ့တဲ့ ေဆာက္သမ္တန္၊ ဖူလ္ဟမ္တို႔နဲ႔ အသီးသီးေတြ႕ဆုံေနမႈကို ပရီးမီးယားလိဂ္ ေ႐ႊ႕ဆိုင္းေပးဖို႔ ရွိေန။

– မန္စီးတီးအသင္းရဲ႕ ခ်န္ပီယံေျခစြမ္းနဲ႔ ၿပိဳင္ဘက္ေတြကို တစ္စစီ ဆုတ္ၿဖဲႏိုင္တဲ့ ပုံစံကို ျပသေနမႈမွာ ျပန္လည္ႏိုးၾကားလာခဲ့တဲ့ ေနာက္ခံလူ ဂြၽန္စတုန္းစ္က အဓိကက်ၿပီး အဂၤလန္သားခ်င္း ႏႈိင္းယွဥ္ရင္ ဟာရီ မက္ဂြိဳင္းယားအစား သူ႔ကိုပဲ ေရးရလိမ့္မယ္လို႔ Talk Sport သုံးသပ္။

– အက္ဖ္ေအဖလား တတိယအဆင့္အတြက္ ပြဲစဥ္ေရးဆြဲမႈအၿပီးမွာ မန္ခ်က္စတာစီးတီးနဲ႔ ဘာမင္ဂမ္တို႔ပြဲစဥ္က မဲႏႈိက္မယ့္ ေဘာလုံးနံပတ္ ၂၅ ကို ရရွိထားၿပီး လာမယ့္ တနလၤာေန႔မွာ ၿပိဳင္ပြဲရဲ႕ စတုတၳအဆင့္နဲ႔ ပၪၥမအဆင့္ေတြကို တစ္ခါတည္း မဲႏႈိက္ေရးဆြဲသြားဖို႔ရွိေန။

– မန္ခ်က္စတာစီးတီးတို႔အေနနဲ႔ အာဂ်င္တီးနားကလပ္ အက္စတူဒီယန္ေတးနဲ႔ သေဘာတူညီမႈ ရရွိထားခဲ့ၿပီး သူ႔ရဲ႕ အသက္ ၁၈ ႏွစ္ျပည့္မယ့္ ေႏြရာသီမွာ ေခၚယူႏိုင္မယ့္ ဒါရီယို ဆာမီယန္တိုကို မက္ဆီလက္သစ္လို႔ သူ႔ရဲ႕အသင္းဥကၠဌ ဟြမ္ ဆီဘက္စ္တီယန္ ဗာ႐ြန္က ခ်ီးက်ဴးလိုက္ၿပီး ပိုမိုရင္ခုန္စရာျဖစ္လာ။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ ေနာက္ဆုံးပြဲစဥ္အခ်ိဳ႕မွာ ဘယ္ေနာက္ခံေနရာမွာ ျပန္လည္ကစားခြင့္နဲ႔အတူ ေျခစြမ္းျပႏိုင္ခဲ့တဲ့ ေနာက္ခံလူ အိုလက္ဇန္ဒါ ဇင္ခ်န္ကိုကို စီးရီးေအကလပ္ လာဇီယိုအသင္းက စိတ္ဝင္စားေနၿပီး ဝက္စ္ဟမ္း၊ ဝုလ္ဗ္စ္တို႔နဲ႔ အၿပိဳင္ ေခၚယူသြားဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.