Premier League Transfer News

7 Jan ညပိုင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းနည်းပြ ယာဂန် ကလော့ပ်က သူ့အနေနဲ့ ဗဟိုနောက်ခံလူသစ်တစ်ဦးလိုချင်ပေမယ့် တချို့အနေအထားတွေက ခေါ်ယူဖို့ကို နှောင့်နှေးပျက်ပြားစေပြီး ချီတုံချတုံဖြစ်ရစေကြောင်း အတိအကျ မပြောဘဲ ထုတ်ဖော်မှုပြုလုပ်သွား။

– လိုင်လီအသင်းရဲ့ နောက်ခံလူ ဆဗင် ဘော့တ်မန်ကို လီဗာပူးလ်အသင်းအနေနဲ့ အလိုရှိခဲ့တာ မှန်ပေမယ့် အာဆင်နယ်နဲ့ နီကိုလာ ပေပေရဲ့ အဖြစ်ကို မြင်နေရတာကြောင့် ခြေစွမ်းမပြနိုင်မှာကို ကြောက်ရွံ့ပြီး ခေါ်ယူဖို့ အကောင်အထည် မဖော်သေးတာဖြစ်ကြောင်း ကောလဟာလ ထွက်ပေါ်လာ။

– အက်ဖ်အေဖလားမှာ ရင်ဆိုင်ရမယ့် အက်စတန်ဗီလာအသင်းနဲ့ ဗီလာပါ့ခ်မှာ သွားရောက်ကစားရမယ့်ပွဲစဉ်အတွက် ခရစ္စတယ်လ်ပဲလေ့စ်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့ပြီးတဲ့နောက် ဒဏ်ရာပြန်ရသွားခဲ့တဲ့ ကွင်းလယ်လူ နာဘီ ကီးတား ပြန်လည်ပါဝင်နိုင်ဦးမှာ မဟုတ်ကြောင်း နည်းပြ ကလော့ပ် အတည်ပြု။

– ဘိုင်ယန်မြူးနစ်အသင်းကို တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်းတစ်သောင်း တောင်းဆိုလို့ စာချုပ်သစ် မချုပ်နိုင်ခဲ့တဲ့ နောက်ခံလူ ဒေးဗစ် အလာဘာကို လီဗာပူးလ်အသင်းအနေနဲ့ တစ်နှစ်လုပ်ခ ပေါင် ၉ သန်းနဲ့ ကမ်းလှမ်းထားပြီး မိုဟာမက် ဆာလားထက် နည်းပါးတဲ့ နှုန်းထားနဲ့သာ ပေးချေဖွယ်ရှိ။

– အန်းဖီးလ်မှာ တစ်ပတ်လုပ်ခ ပေါင်ခုနစ်သောင်းခွဲရနေရာကနေ စာချုပ်သစ်အတွက် ပေါင်တစ်သိန်းရှစ်သောင်းပေးဖို့ လီဗာပူးလ်အသင်းဆီ တောင်းဆိုထားခဲ့တယ်လို့ သတင်းထွက်နေခဲ့ ကွင်းလယ်လူ ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်ဟာ ထင်သလောက်လည်း မကောင်းဘဲ အလွန်အကျွံ ချီးကျူးခံထားရတဲ့သူမျိုးဖြစ်တာကြောင့် စာချုပ်ကုန်ချိန်မှာ ထွက်ခွာခိုင်းဖို့ ပရိသတ်တွေ အလိုရှိနေ။

– လီဗာပူးလ်အသင်းအနေနဲ့ စီးရီးအေနဲ့ ဂျူဗင်တပ်စ်အသင်းမှာ အစမ်းသပ်ခံပြီးဖြစ်တဲ့ တူရကီနောက်ခံလူ မီရီ ဒီမီရယ်လ်ကိုပဲ ငွေကြေး အသုံးပြုပြီး ခေါ်ယူသွားမယ်လို့ သိရပြီး အသက် ၂၁ နှစ်သားအတွက် ပေါင် ၄၅ သန်းလောက် ပေးချေရဖွယ်ရှိနေ။

– ဒီဗော့ခ် အိုရီဂီကို ရောင်းချသွားမယ့် တိုက်စစ်မှူးတစ်နေရာအတွက် ပြန်လည်အစားထိုးဖို့ အာဆင်နယ်လူငယ်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂွန်ကို လီဗာပူးလ်တို့ ချိတ်ဆက်နေပြီး တစ်ဖက်အသင်းနည်းပြ အာတီတာကတော့ ဒီကစားသမားဟာ လက်မလွှတ်နိုင်အောင် တန်ဖိုးရှိတဲ့ ကစားသမားမျိုး မဟုတ်ဘူးလို့ ပြောဆိုထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းနည္းျပ ယာဂန္ ကေလာ့ပ္က သူ႔အေနနဲ႔ ဗဟိုေနာက္ခံလူသစ္တစ္ဦးလိုခ်င္ေပမယ့္ တခ်ိဳ႕အေနအထားေတြက ေခၚယူဖို႔ကို ေႏွာင့္ေႏွးပ်က္ျပားေစၿပီး ခ်ီတုံခ်တုံျဖစ္ရေစေၾကာင္း အတိအက် မေျပာဘဲ ထုတ္ေဖာ္မႈျပဳလုပ္သြား။

– လိုင္လီအသင္းရဲ႕ ေနာက္ခံလူ ဆဗင္ ေဘာ့တ္မန္ကို လီဗာပူးလ္အသင္းအေနနဲ႔ အလိုရွိခဲ့တာ မွန္ေပမယ့္ အာဆင္နယ္နဲ႔ နီကိုလာ ေပေပရဲ႕ အျဖစ္ကို ျမင္ေနရတာေၾကာင့္ ေျခစြမ္းမျပႏိုင္မွာကို ေၾကာက္႐ြံ႕ၿပီး ေခၚယူဖို႔ အေကာင္အထည္ မေဖာ္ေသးတာျဖစ္ေၾကာင္း ေကာလဟာလ ထြက္ေပၚလာ။

– အက္ဖ္ေအဖလားမွာ ရင္ဆိုင္ရမယ့္ အက္စတန္ဗီလာအသင္းနဲ႔ ဗီလာပါ့ခ္မွာ သြားေရာက္ကစားရမယ့္ပြဲစဥ္အတြက္ ခရစၥတယ္လ္ပဲေလ့စ္နဲ႔ပြဲမွာ ေျခစြမ္းျပခဲ့ၿပီးတဲ့ေနာက္ ဒဏ္ရာျပန္ရသြားခဲ့တဲ့ ကြင္းလယ္လူ နာဘီ ကီးတား ျပန္လည္ပါဝင္ႏိုင္ဦးမွာ မဟုတ္ေၾကာင္း နည္းျပ ကေလာ့ပ္ အတည္ျပဳ။

– ဘိုင္ယန္ျမဴးနစ္အသင္းကို တစ္ပတ္လုပ္ခ ေပါင္ႏွစ္သိန္းတစ္ေသာင္း ေတာင္းဆိုလို႔ စာခ်ဳပ္သစ္ မခ်ဳပ္ႏိုင္ခဲ့တဲ့ ေနာက္ခံလူ ေဒးဗစ္ အလာဘာကို လီဗာပူးလ္အသင္းအေနနဲ႔ တစ္ႏွစ္လုပ္ခ ေပါင္ ၉ သန္းနဲ႔ ကမ္းလွမ္းထားၿပီး မိုဟာမက္ ဆာလားထက္ နည္းပါးတဲ့ ႏႈန္းထားနဲ႔သာ ေပးေခ်ဖြယ္ရွိ။

– အန္းဖီးလ္မွာ တစ္ပတ္လုပ္ခ ေပါင္ခုနစ္ေသာင္းခြဲရေနရာကေန စာခ်ဳပ္သစ္အတြက္ ေပါင္တစ္သိန္းရွစ္ေသာင္းေပးဖို႔ လီဗာပူးလ္အသင္းဆီ ေတာင္းဆိုထားခဲ့တယ္လို႔ သတင္းထြက္ေနခဲ့ ကြင္းလယ္လူ ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္ဟာ ထင္သေလာက္လည္း မေကာင္းဘဲ အလြန္အကြၽံ ခ်ီးက်ဴးခံထားရတဲ့သူမ်ိဳးျဖစ္တာေၾကာင့္ စာခ်ဳပ္ကုန္ခ်ိန္မွာ ထြက္ခြာခိုင္းဖို႔ ပရိသတ္ေတြ အလိုရွိေန။

– လီဗာပူးလ္အသင္းအေနနဲ႔ စီးရီးေအနဲ႔ ဂ်ဴဗင္တပ္စ္အသင္းမွာ အစမ္းသပ္ခံၿပီးျဖစ္တဲ့ တူရကီေနာက္ခံလူ မီရီ ဒီမီရယ္လ္ကိုပဲ ေငြေၾကး အသုံးျပဳၿပီး ေခၚယူသြားမယ္လို႔ သိရၿပီး အသက္ ၂၁ ႏွစ္သားအတြက္ ေပါင္ ၄၅ သန္းေလာက္ ေပးေခ်ရဖြယ္ရွိေန။

– ဒီေဗာ့ခ္ အိုရီဂီကို ေရာင္းခ်သြားမယ့္ တိုက္စစ္မႉးတစ္ေနရာအတြက္ ျပန္လည္အစားထိုးဖို႔ အာဆင္နယ္လူငယ္တိုက္စစ္မႉး ဖိုလာရင္ ဘာလိုဂြန္ကို လီဗာပူးလ္တို႔ ခ်ိတ္ဆက္ေနၿပီး တစ္ဖက္အသင္းနည္းျပ အာတီတာကေတာ့ ဒီကစားသမားဟာ လက္မလႊတ္ႏိုင္ေအာင္ တန္ဖိုးရွိတဲ့ ကစားသမားမ်ိဳး မဟုတ္ဘူးလို႔ ေျပာဆိုထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.