Premier League

ဗန်ဒိုက်ထက် ဆယ်ဆပိုကြမ်းတဲ့သူကို စိတ်ဝင်စားနေပြီး ဆာလာ၊ မာနေးတို့ထက် ဂိုးသွင်းကြမ်းတဲ့ တိုက်စစ်မှူးကို ဆက်သွယ်ခဲ့တဲ့ လီဗာပူးလ်


လီဗာပူးလ်အသင်းဟာ ရီးရဲမက်ဒရစ်အသင်းနဲ့ ယခုရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် စပိန်ဝါရင့်နောက်ခံကစားသမား ဆာဂျီယိုရာမို့စ်ကို ခေါ်ယူဖို့ ပြိုင်ပွဲထဲကို ဝင်ရောက်ခဲ့တယ်လို့ စပိန်သတင်းစာ El Chiringuito က ဖော်ပြခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ရာမို့စ်ကို ခေါ်ယူဖို့အတွက် နောက်ဆုံးစိတ်ဝင်စားလာတဲ့ ထိပ်သီးအသင်းကြီးဖြစ်လာခဲ့ပြီဖြစ်ပြီး ပီအက်စ်ဂျီ၊ ဂျူဗင်တပ်နဲ့ မန်ချက်စတာစီးတီးတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

စပိန်လက်ရွေးစင်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်အနေနဲ့ ဘယ်အသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်မလဲဆိုတာကို စောင့်ကြည့်ဖို့သာ ကျန်တော့ပြီး စပိန်နောက်ခံကစားသမားရဲ့ အတွေ့အကြုံ၊ ဆုဖလားတွေ ရယူနေကျကစားသမားဖြစ်နေတာက ကလော့ပ်အတွက် ကြီးမားတဲ့ အင်အားဖြည့်တင်းမှုဖြစ်လာမှာ သေချာပါတယ်။


လီဗာပူးလ်အသင်းနည်းပြ ယာဂင်ကလော့ပ်ဟာ အန်းဖီးကို ပြောင်းရွှေ့လာနိုင်ခြေနဲ့ပတ်သက်ပြီး ပီအက်စ်ဂျီကြယ်ပွင့် တိုက်စစ်မှူး ဘတ်ပီကို အဆက်အသွယ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒေ့ါမွန်နည်းပြဟောင်း ယာဂင်ကလော့ပ်ဟာ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဘတ်ပီကို အန်းဖီးကို ပြောင်းရွှေ့လာဖို့အတွက် စည်းရုံးနိုင်မယ်လို့ မျှော်လင့်နေတာကြောင့် အဆက်အသွယ် ပြုလုပ်ခဲ့တာဖြစ်တယ်လို့ စပိန်သတင်းဌာန SPORT က ဖော်ပြခဲ့ပါတယ်။

ကလော့ပ်ဟာ ဘတ်ပီ ဦးဆောင်တဲ့ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ကို အိပ်မက်မက်ခဲ့ရတာ ကြာပြီဖြစ်ပြီး ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ၁၈ လသာ ကျန်ရှိတော့တဲ့ ဘတ်ပီရဲ့ အနာဂတ်ကလည်း မရေမရာဖြစ်နေသလို စာချုပ်သစ် ချုပ်ဆိုဖို့လည်း သဘောတူညီမှုရမယ့် အရိပ်အယောင်မရှိနေတာဖြစ်ပါတယ်။ တကယ်လို့ အသက် ၂၂ နှစ်အရွယ်တိုက်စစ်မှူးသာ ယခုနွေရာသီမှာ ခေါ်ယူလို့ ရနိုင်မယ်ဆိုရင် ရီးရဲမက်ဒရစ်အသင်းက ထိပ်ဆုံးကနေ ခေါ်ယူဖို့ ကြိုးပမ်းလိမ့်မယ်လို့ မျှော်မှန်းခြင်းခံထားရပါတယ်။


လီဗာပူးအသင်းဟာ ဗန်ဒိုက်၊ ဂျိုး ဂိုးမက်ဇ်၊ မာတစ်တို့ ဒဏ်ရာရရှိနေတာကြောင့် အားနည်းနေတဲ့ ခံစစ်ကို အင်အားဖြည့်တင်းဖို့အတွက် ဘိုင်ယန်မြူးနစ်နောက်ခံကစားသမား ဒေးဗစ်အလာဘာကို ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ ယမန်နေ့ညက သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ရီးရဲမက်ဒရစ်အသင်းက ကမ်းလှမ်းခဲ့တဲ့ ယူရို ၁၀ သန်းတန် စာချုပ်နဲ့ ညီမျှတဲ့ စာချုပ်ကို ကမ်းလှမ်းခဲ့ပုံရပြီး သြစတြီးယားလက်ရွေးစင်နောက်ခံကစားသမားဟာ ယခုရာသီကုန်မှာ ဘိုင်ယန်မြူးနစ်ကနေ အလွတ်နဲ့ ထွက်ခွာခွင့်ရရှိတော့မှာဖြစ်ပါတယ်။

ဒီသတင်းကို အစပြုခဲ့တဲ့သူကတော့ Goal ရဲ့ သတင်းထောက် ရိုမီယို အာဂရက်စတီ ဖြစ်ပြီး ဂျူဗင်တပ်အသင်းကလည်း အလာဘာကို စိတ်ဝင်စားနေပေမယ့် လီဗာပူးလ်နဲ့ ရီးရဲမက်ဒရစ်တို့လောက်တော့ ကမ်းလှမ်းနိုင်တဲ့ အခြေအနေမရှိဘူးလို့ ယုံကြည်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


လီဗာပူးလ္အသင္းဟာ ရီးရဲမက္ဒရစ္အသင္းနဲ႔ ယခုရာသီကုန္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ စပိန္ဝါရင့္ေနာက္ခံကစားသမား ဆာဂ်ီယိုရာမို႔စ္ကို ေခၚယူဖို႔ ၿပိဳင္ပြဲထဲကို ဝင္ေရာက္ခဲ့တယ္လို႔ စပိန္သတင္းစာ El Chiringuito က ေဖာ္ျပခဲ့ပါတယ္။ လီဗာပူးလ္အသင္းဟာ ရာမို႔စ္ကို ေခၚယူဖို႔အတြက္ ေနာက္ဆုံးစိတ္ဝင္စားလာတဲ့ ထိပ္သီးအသင္းႀကီးျဖစ္လာခဲ့ၿပီျဖစ္ၿပီး ပီအက္စ္ဂ်ီ၊ ဂ်ဴဗင္တပ္နဲ႔ မန္ခ်က္စတာစီးတီးတို႔ကလည္း ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။

စပိန္လက္ေရြးစင္အသင္းေခါင္းေဆာင္ ဆာဂ်ီယိုရာမို႔စ္အေနနဲ႔ ဘယ္အသင္းကို ေျပာင္းေရႊ႕ဖို႔ ဆုံးျဖတ္မလဲဆိုတာကို ေစာင့္ၾကည့္ဖို႔သာ က်န္ေတာ့ၿပီး စပိန္ေနာက္ခံကစားသမားရဲ့ အေတြ႕အၾကဳံ၊ ဆုဖလားေတြ ရယူေနက်ကစားသမားျဖစ္ေနတာက ကေလာ့ပ္အတြက္ ႀကီးမားတဲ့ အင္အားျဖည့္တင္းမႈျဖစ္လာမွာ ေသခ်ာပါတယ္။


လီဗာပူးလ္အသင္းနည္းၿပ ယာဂင္ကေလာ့ပ္ဟာ အန္းဖီးကို ေျပာင္းေရႊ႕လာနိုင္ေျခနဲ႔ပတ္သက္ၿပီး ပီအက္စ္ဂ်ီၾကယ္ပြင့္ တိုက္စစ္မႉး ဘတ္ပီကို အဆက္အသြယ္ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။ ေဒ့ါမြန္နည္းျပေဟာင္း ယာဂင္ကေလာ့ပ္ဟာ ျပင္သစ္လက္ေရြးစင္တိုက္စစ္မႉး ဘတ္ပီကို အန္းဖီးကို ေျပာင္းေရႊ႕လာဖို႔အတြက္ စည္း႐ုံးနိုင္မယ္လို႔ ေမၽွာ္လင့္ေနတာေၾကာင့္ အဆက္အသြယ္ ျပဳလုပ္ခဲ့တာျဖစ္တယ္လို႔ စပိန္သတင္းဌာန SPORT က ေဖာ္ျပခဲ့ပါတယ္။

ကေလာ့ပ္ဟာ ဘတ္ပီ ဦးေဆာင္တဲ့ လီဗာပူးလ္အသင္းရဲ့ တိုက္စစ္ကို အိပ္မက္မက္ခဲ့ရတာ ၾကာၿပီျဖစ္ၿပီး ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၁၈ လသာ က်န္ရွိေတာ့တဲ့ ဘတ္ပီရဲ့ အနာဂတ္ကလည္း မေရမရာျဖစ္ေနသလို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔လည္း သေဘာတူညီမႈရမယ့္ အရိပ္အေယာင္မရွိေနတာျဖစ္ပါတယ္။ တကယ္လို႔ အသက္ ၂၂ ႏွစ္အရြယ္တိုက္စစ္မႉးသာ ယခုေႏြရာသီမွာ ေခၚယူလို႔ ရနိုင္မယ္ဆိုရင္ ရီးရဲမက္ဒရစ္အသင္းက ထိပ္ဆုံးကေန ေခၚယူဖို႔ ႀကိဳးပမ္းလိမ့္မယ္လို႔ ေမၽွာ္မွန္းျခင္းခံထားရပါတယ္။


လီဗာပူးအသင္းဟာ ဗန္ဒိုက္၊ ဂ်ိဳး ဂိုးမက္ဇ္၊ မာတစ္တို႔ ဒဏ္ရာရရွိေနတာေၾကာင့္ အားနည္းေနတဲ့ ခံစစ္ကို အင္အားျဖည့္တင္းဖို႔အတြက္ ဘိုင္ယန္ျမဴးနစ္ေနာက္ခံကစားသမား ေဒးဗစ္အလာဘာကို ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့ၿပီးျဖစ္တယ္လို႔ ယမန္ေန႔ညက သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ လီဗာပူးလ္အသင္းဟာ ရီးရဲမက္ဒရစ္အသင္းက ကမ္းလွမ္းခဲ့တဲ့ ယူရို ၁၀ သန္းတန္ စာခ်ဳပ္နဲ႔ ညီမၽွတဲ့ စာခ်ဳပ္ကို ကမ္းလွမ္းခဲ့ပုံရၿပီး ၾသစႀတီးယားလက္ေရြးစင္ေနာက္ခံကစားသမားဟာ ယခုရာသီကုန္မွာ ဘိုင္ယန္ျမဴးနစ္ကေန အလြတ္နဲ႔ ထြက္ခြာခြင့္ရရွိေတာ့မွာျဖစ္ပါတယ္။

ဒီသတင္းကို အစျပဳခဲ့တဲ့သူကေတာ့ Goal ရဲ့ သတင္းေထာက္ ရိုမီယို အာဂရက္စတီ ျဖစ္ၿပီး ဂ်ဴဗင္တပ္အသင္းကလည္း အလာဘာကို စိတ္ဝင္စားေနေပမယ့္ လီဗာပူးလ္နဲ႔ ရီးရဲမက္ဒရစ္တို႔ေလာက္ေတာ့ ကမ္းလွမ္းနိုင္တဲ့ အေျခအေနမရွိဘူးလို႔ ယုံၾကည္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.