Premier League

ပေါ့ဂ်ဘာနေရာမှာ အစားထိုးခေါ်ယူမှုအတွက် ပေါင်သန်း ၁၀၀ နီးပါး သုံးစွဲရမယ့် ယူနိုက်တက်


မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုလာမယ့်နွေရာသီမှာ အက်စ်တွန်ဗီလာအသင်းကနေ ဂျက်ဂရီးလစ်ရှ်ကို ခေါ်ယူချင်တယ်ဆိုရင် ပိုက်ဆံနှမြောနေလို့ ရမှာမဟုတ်ပါဘူး။


အင်္ဂလန်လက်ရွေးစင်ကြယ်ပွင့်ဟာ ယခုရာသီမှာ အက်စ်တွန်ဗီလာအသင်းအတွက် ထိပ်တန်းစွမ်းဆောင်ရည် ထပ်မံပြသနေပြီး အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့လာဖို့အတွက်လည်း သတင်းတွေ ထပ်မံပေါ်ထွက်လာခဲ့ပြန်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အမှန်တော့ ဂျက်ဂရီးလစ်ရှ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကမှ အက်စ်တွန်ဗီလာနဲ့ ၅ နှစ်စာချုပ်သစ် ချုပ်ဆိုခဲ့ပြီး ပြီးခဲ့တဲ့လတွေမှာ ပြောင်းရွှေ့ကြေးတန်ဖိုး မြင့်တက်လာခဲ့သူဖြစ်ပါတယ်။


ယခုရာသီ အက်စ်တွန်ဗီလာအသင်းအတွက် ၁၅ ပွဲပါဝင်ကစားပေးထားရမှာ သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၉ ကြိမ် ပြုလုပ်ထားနိုင်ခဲ့တဲ့ ဂျက်ဂရီးလစ်ရှ်ကို လာမယ့် နွေရာသီမှာ ခေါ်ယူချင်တယ်ဆိုရင် ယူနိုက်တက်အနေနဲ့ အနည်းဆုံး ပေါင်သန်း ၉၀ နီးပါး စိုက်ထုတ်ဖို့ လိုအပ်တယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။ အံ့အားသင့်စရာကောင်းတာကတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်တိုက်စစ်နေရာမှာ ပြီးခဲ့တဲ့အောက်တိုဘာလက အေဂျက်အသင်းကနေ ပြောင်းရွှေ့လာတဲ့ ဗန်ဒီဘိခ် ရှိနှင့်ပြီးသားဖြစ်နေတာဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂျက်ဂရီးလစ်ရှ်အတွက် ပေါင်သန်း ၇၀ ပေးချေမယ့်အစား ဒတ်ချ်ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာကို လာမယ့်နွေရာသီမှာ ဆုံးရှုံးရမယ့် အရေးနဲ့ ရင်ဆိုင်နေရတဲ့ ယူနိုက်တက်အတွက် ဂရီးလစ်ရှ်ဟာ လစ်လပ်သွားတဲ့ကွက်လပ်ကို ဖြည့်ပေးနိုင်မယ့်သူအဖြစ် ရှိနေဆဲဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ ထိပ်တန်းအရည်အသွေးရှိတဲ့ ကစားသမားနဲ့ အစားထိုးဖို့ ရှာဖွေနေတာဖြစ်ပြီး Daily Mail ရဲ့ ဖော်ပြချက်အရ အက်စ်တွန်ဗီလာဟာ ယခုလမှာတော့ နှစ်သစ်ကို အထင်ကြီးဖွယ်ခြေစွမ်းနဲ့ စတင်နိုင်ခဲ့တဲ့ ကြယ်ပွင့်ကစားသမားကို အခိုင်အမာထိန်းသိမ်းသွားချင်နေတာကြောင့် ဘယ်လိုကမ်းလှမ်းမှုမျိုးကိုမှ စိတ်ဝင်စားဖွယ်မရှိဘူးလို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ယခုလာမယ့္ေႏြရာသီမွာ အက္စ္တြန္ဗီလာအသင္းကေန ဂ်က္ဂရီးလစ္ရွ္ကို ေခၚယူခ်င္တယ္ဆိုရင္ ပိုက္ဆံႏွေျမာေနလို႔ ရမွာမဟုတ္ပါဘူး။


အဂၤလန္လက္ေ႐ြးစင္ၾကယ္ပြင့္ဟာ ယခုရာသီမွာ အက္စ္တြန္ဗီလာအသင္းအတြက္ ထိပ္တန္းစြမ္းေဆာင္ရည္ ထပ္မံျပသေနၿပီး အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕လာဖို႔အတြက္လည္း သတင္းေတြ ထပ္မံေပၚထြက္လာခဲ့ျပန္တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အမွန္ေတာ့ ဂ်က္ဂရီးလစ္ရွ္ဟာ ၿပီးခဲ့တဲ့ စက္တင္ဘာလကမွ အက္စ္တြန္ဗီလာနဲ႔ ၅ ႏွစ္စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့ၿပီး ၿပီးခဲ့တဲ့လေတြမွာ ေျပာင္းေ႐ႊ႕ေၾကးတန္ဖိုး ျမင့္တက္လာခဲ့သူျဖစ္ပါတယ္။


ယခုရာသီ အက္စ္တြန္ဗီလာအသင္းအတြက္ ၁၅ ပြဲပါဝင္ကစားေပးထားရမွာ သြင္းဂိုး ၅ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၉ ႀကိမ္ ျပဳလုပ္ထားႏိုင္ခဲ့တဲ့ ဂ်က္ဂရီးလစ္ရွ္ကို လာမယ့္ ေႏြရာသီမွာ ေခၚယူခ်င္တယ္ဆိုရင္ ယူႏိုက္တက္အေနနဲ႔ အနည္းဆုံး ေပါင္သန္း ၉၀ နီးပါး စိုက္ထုတ္ဖို႔ လိုအပ္တယ္လို႔ The Athletic က ေဖာ္ျပခဲ့ပါတယ္။ အံ့အားသင့္စရာေကာင္းတာကေတာ့ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ကြင္းလယ္တိုက္စစ္ေနရာမွာ ၿပီးခဲ့တဲ့ေအာက္တိုဘာလက ေအဂ်က္အသင္းကေန ေျပာင္းေ႐ႊ႕လာတဲ့ ဗန္ဒီဘိခ္ ရွိႏွင့္ၿပီးသားျဖစ္ေနတာျဖစ္ပါတယ္။


မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဂ်က္ဂရီးလစ္ရွ္အတြက္ ေပါင္သန္း ၇၀ ေပးေခ်မယ့္အစား ဒတ္ခ်္ကြင္းလယ္ကစားသမားကို ေခၚယူဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ကြင္းလယ္ၾကယ္ပြင့္ ေပါ့ဂ္ဘာကို လာမယ့္ေႏြရာသီမွာ ဆုံးရႈံးရမယ့္ အေရးနဲ႔ ရင္ဆိုင္ေနရတဲ့ ယူႏိုက္တက္အတြက္ ဂရီးလစ္ရွ္ဟာ လစ္လပ္သြားတဲ့ကြက္လပ္ကို ျဖည့္ေပးႏိုင္မယ့္သူအျဖစ္ ရွိေနဆဲျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္နည္းျပဆိုးလ္ရွားဟာ ထိပ္တန္းအရည္အေသြးရွိတဲ့ ကစားသမားနဲ႔ အစားထိုးဖို႔ ရွာေဖြေနတာျဖစ္ၿပီး Daily Mail ရဲ႕ ေဖာ္ျပခ်က္အရ အက္စ္တြန္ဗီလာဟာ ယခုလမွာေတာ့ ႏွစ္သစ္ကို အထင္ႀကီးဖြယ္ေျခစြမ္းနဲ႔ စတင္ႏိုင္ခဲ့တဲ့ ၾကယ္ပြင့္ကစားသမားကို အခိုင္အမာထိန္းသိမ္းသြားခ်င္ေနတာေၾကာင့္ ဘယ္လိုကမ္းလွမ္းမႈမ်ိဳးကိုမွ စိတ္ဝင္စားဖြယ္မရွိဘူးလို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.