Premier League Transfer News

ဒီကလန် ရိုက်စ်နဲ့ပတ်သက်တဲ့ ရပ်တည်ချက်ကို ပြောင်းလဲခဲ့ပြီး ကစားသမား ၂ ဦးကို ထွက်ခွာခွင့်ပြုဖို့ ပြင်ဆင်နေတဲ့ ချဲလ်ဆီး


ချဲလ်ဆီးအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွက် အစီအစဉ်ဆွဲနေပြီဖြစ်ပြီး ဘတ်ဂျက်ပမာဏကို တိုးမြှင့်နိုင်ဖို့အတွက် အသင်းမှာ မလိုအပ်တော့တဲ့ကစားသမားတွေကို ရောင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။

ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ လူစာရင်းကို အင်အားဖြည့်တင်းဖို့ ငွေကို ရေလိုသုံးစွဲခဲ့တာဖြစ်ပြီး နည်းပြလမ်းပတ်ဟာ ကစားသမားသစ်တွေ ခေါ်ယူဖို့အတွက် ပေါင်သန်း ၂၅၀ အထိ သုံးစွဲခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွက် ချဲလ်ဆီးအသင်းရဲ့ကျန်ရှိနေတဲ့ တစ်ခုတည်းသောပစ်မှတ်ဟာ ဒီကလန်ရိုက်စ်ဖြစ်ပြီး အင်္ဂလန်ကွင်းလယ်ကစားသမားကို မခေါ်ယူမီ စောင့်ဆိုင်းရဦးမှာဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ရဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင် ၇၃ သန်း သတ်မှတ်ခြင်းခံထားရပြီး ဝက်စ်ဟမ်းအသင်းက ယင်းပမာဏထက် လျှှော့ပေးဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။ နည်းပြလမ်းပတ်ဟာ လက်ရှိအချိန်မှာတော့ ရလဒ်ဆိုးတွေကြောင့် ဖိအားတွေအောက် သိသိသာသာရောက်ရှိနေပေမယ့်လည်း အချိန်ပေးခြင်းခံရဖွယ်ရှိနေတာဖြစ်ပါတယ်။

ပြောင်းရွှေ့မယ့်အသင်းရသွားပြီဖြစ်တဲ့ ဒရင့်ဝါးတား


ချဲလ်ဆီး အပယ်ခံ ဒရင့်ဝါးတားဟာ စတန်းဖို့ဒ်ဘရစ်ဂျ်ကို စွန့်ခွာဖို့အတွက် သဘောတူညီမှုရရှိခဲ့ပြီလို့ သတင်းတွေက ဖော်ပြခဲ့ကြပြီး လက်စတာကြယ်ပွင့်ဟောင်းဟာ ၂၀၁၈ ခုနှစ် မတ်လနောက်ပိုင်းကတည်းက ချဲလ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်တစ်ပွဲမှ ပွဲထွက်ပါဝင်ကစားခွင့်မရရှိတော့တာဖြစ်ပါတယ်။ ဒရင့်ဝါးတားရဲ့အေးဂျင့်ရဲ့ ပြောကြားချက်အရ ဂျာမနီကို ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှုရရှိအောင် ကြိုးပမ်းနေတယ်လို့ သိရပေမယ့် လက်ရှိမှာတော့ တူရကီကိုပဲ အငှားနဲ့ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။

ဒရင့်ဝါးတားဟာ တူရကီကလပ်အသင်းဖြစ်တဲ့ ကာဆင်ပါဆာနဲ့ စာချုပ်ချုပ်ဆိုဖို့ တူရကီကို သွားရောက်ဖို့အတွက် ပြင်ဆင်နေပြီဖြစ်ပါတယ်။

လူးကပ်စ်ပီယာဇွန်ရဲ့စာချုပ်ပါအချက်ကို အသက်သွင်း


ဘရာဇီးလ်တိုက်စစ်မှူး လူးကပ်စ်ပီယာဇွန်ဟာ အကြိမ်ပေါင်းများစွာ အငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် ချဲလ်ဆီးအသင်းရဲ့ အမေ့လျော့ခံလူသားဖြစ်လာခဲ့ပါတယ်။ လက်ရှိမှာတော့ ပီယာဇွန်ဟာ ပေါ်တူဂီအသင်းဖြစ်တဲ့ ရီယိုအေ့ဗ်မှာ အငှားနဲ့ သွားရောက်ကစားနေတာဖြစ်ပေမယ့် အပြီးသတ်ပြောင်းရွှေ့ဖို့ သဘောတူညီမှုကတော့ ဖျက်သိမ်းရတော့မှာဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူးရဲ့ ချဲလ်ဆီးအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ယခုရာသီကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမယ့် ချဲလ်ဆီးအသင်းမှာ နောက်ထပ် ၁၂ သက်တမ်းတိုးဖို့ ရွေးချယ်ခွင့်ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် ချဲလ်ဆီးအသင်းဟာ စာချုပ်ပါအချက်ကို အသက်သွင်းဖို့ ပြင်ဆင်နေတာဖြစ်ပေမယ့် ပီယာဇွန်ကို အပြီးသတ်ပဲ ရောင်းချသွားချင်နေတယ်လို့ Caught Offside က ဖော်ပြခဲ့ပါတယ်။

ဒီကလန် ရိုက်စ်အပေါ် ပြောင်းလဲလိုက်တဲ့ ရပ်တည်ချက်အသစ်


ချဲလ်ဆီးအသင်းဟာ ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဒီကလန် ရိုက်စ်ကို ခေါ်ယူဖွယ်မရှိတော့ဘူးလို့ သိရပြီး နည်းပြလမ်းပတ် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရရင် ဝက်စ်ဟမ်းကြယ်ပွင့်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတာတွေလည်း ရပ်ပစ်လိုက်ဖို့ ရွေးချယ်သွားဖွယ်ရှိနေတာဖြစ်ပါတယ်။ အဲဒါကတော့ The Athletic သတင်းထောက် ဒေးဗစ်အော်စတိန်းရဲ့ ယူဆချက်ဖြစ်ပြီး ချဲလ်ဆီးအသင်းရဲ့ ဒီကလန် ရိုက်စ်ကို ခေါ်ယူချင်တဲ့ဆန္ဒဟာ နည်းပြလမ်းပတ်ကို အခြေခံနေတယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက တာဝန်ရှိသူအချို့ကလည်း အင်္ဂလန်ကွင်းလယ်ကစားသမားရဲ့ အရည်အချင်းအပေါ် သံသယရှိနေပြီး ခေါ်ယူသင့်ရဲ့လားလို့ မရေမရာဖြစ်နေကြောင်း YouTube အမေးအဖြေမှာ ဒေးဗစ်အော်စတိန်းက ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


ခ်ဲလ္ဆီးအသင္းဟာ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလအတြက္ အစီအစဥ္ဆြဲေနၿပီျဖစ္ၿပီး ဘတ္ဂ်က္ပမာဏကို တိုးျမႇင့္နိုင္ဖို႔အတြက္ အသင္းမွာ မလိုအပ္ေတာ့တဲ့ကစားသမားေတြကို ေရာင္းထုတ္ဖို႔ ျပင္ဆင္ေနပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ လူစာရင္းကို အင္အားျဖည့္တင္းဖို႔ ေငြကို ေရလိုသုံးစြဲခဲ့တာျဖစ္ၿပီး နည္းျပလမ္းပတ္ဟာ ကစားသမားသစ္ေတြ ေခၚယူဖို႔အတြက္ ေပါင္သန္း ၂၅၀ အထိ သုံးစြဲခဲ့တာျဖစ္ပါတယ္။ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလအတြက္ ခ်ဲလ္ဆီးအသင္းရဲ့က်န္ရွိေနတဲ့ တစ္ခုတည္းေသာပစ္မွတ္ဟာ ဒီကလန္ရိုက္စ္ျဖစ္ၿပီး အဂၤလန္ကြင္းလယ္ကစားသမားကို မေခၚယူမီ ေစာင့္ဆိုင္းရဦးမွာျဖစ္ပါတယ္။

ဝက္စ္ဟမ္းအသင္းေခါင္းေဆာင္ရဲ့ ေျပာင္းေရႊ႕ေၾကးဟာ ေပါင္ ၇၃ သန္း သတ္မွတ္ျခင္းခံထားရၿပီး ဝက္စ္ဟမ္းအသင္းက ယင္းပမာဏထက္ ေလၽွွာ့ေပးဖို႔ ဆႏၵမရွိဘူးလို႔ သိရပါတယ္။ နည္းျပလမ္းပတ္ဟာ လက္ရွိအခ်ိန္မွာေတာ့ ရလဒ္ဆိုးေတြေၾကာင့္ ဖိအားေတြေအာက္ သိသိသာသာေရာက္ရွိေနေပမယ့္လည္း အခ်ိန္ေပးျခင္းခံရဖြယ္ရွိေနတာျဖစ္ပါတယ္။

ေျပာင္းေရႊ႕မယ့္အသင္းရသြားၿပီျဖစ္တဲ့ ဒရင့္ဝါးတား


ခ်ဲလ္ဆီး အပယ္ခံ ဒရင့္ဝါးတားဟာ စတန္းဖို႔ဒ္ဘရစ္ဂ်္ကို စြန႔္ခြာဖို႔အတြက္ သေဘာတူညီမႈရရွိခဲ့ၿပီလို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကၿပီး လက္စတာၾကယ္ပြင့္ေဟာင္းဟာ ၂၀၁၈ ခုႏွစ္ မတ္လေနာက္ပိုင္းကတည္းက ခ်ဲလ္ဆီးအသင္းအတြက္ ပရီးမီးယားလိဂ္တစ္ပြဲမွ ပြဲထြက္ပါဝင္ကစားခြင့္မရရွိေတာ့တာျဖစ္ပါတယ္။ ဒရင့္ဝါးတားရဲ့ေအးဂ်င့္ရဲ့ ေျပာၾကားခ်က္အရ ဂ်ာမနီကို ေျပာင္းေရႊ႕ဖို႔အတြက္ သေဘာတူညီမႈရရွိေအာင္ ႀကိဳးပမ္းေနတယ္လို႔ သိရေပမယ့္ လက္ရွိမွာေတာ့ တူရကီကိုပဲ အငွားနဲ႔ ေျပာင္းေရႊ႕ဖို႔ ျပင္ဆင္ေနၿပီျဖစ္ပါတယ္။

ဒရင့္ဝါးတားဟာ တူရကီကလပ္အသင္းျဖစ္တဲ့ ကာဆင္ပါဆာနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ တူရကီကို သြားေရာက္ဖို႔အတြက္ ျပင္ဆင္ေနၿပီျဖစ္ပါတယ္။

လူးကပ္စ္ပီယာဇြန္ရဲ့စာခ်ဳပ္ပါအခ်က္ကို အသက္သြင္း


ဘရာဇီးလ္တိုက္စစ္မႉး လူးကပ္စ္ပီယာဇြန္ဟာ အႀကိမ္ေပါင္းမ်ားစြာ အငွားနဲ႔ ေျပာင္းေရႊ႕ခဲ့ၿပီးေနာက္ ခ်ဲလ္ဆီးအသင္းရဲ့ အေမ့ေလ်ာ့ခံလူသားျဖစ္လာခဲ့ပါတယ္။ လက္ရွိမွာေတာ့ ပီယာဇြန္ဟာ ေပၚတူဂီအသင္းျဖစ္တဲ့ ရီယိုေအ့ဗ္မွာ အငွားနဲ႔ သြားေရာက္ကစားေနတာျဖစ္ေပမယ့္ အၿပီးသတ္ေျပာင္းေရႊ႕ဖို႔ သေဘာတူညီမႈကေတာ့ ဖ်က္သိမ္းရေတာ့မွာျဖစ္ပါတယ္။ အသက္ ၂၆ ႏွစ္အရြယ္ တိုက္စစ္မႉးရဲ့ ခ်ဲလ္ဆီးအသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ ယခုရာသီကုန္မွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ေပမယ့္ ခ်ဲလ္ဆီးအသင္းမွာ ေနာက္ထပ္ ၁၂ သက္တမ္းတိုးဖို႔ ေရြးခ်ယ္ခြင့္ရွိေနတာျဖစ္ပါတယ္။ ဒါေၾကာင့္ ခ်ဲလ္ဆီးအသင္းဟာ စာခ်ဳပ္ပါအခ်က္ကို အသက္သြင္းဖို႔ ျပင္ဆင္ေနတာျဖစ္ေပမယ့္ ပီယာဇြန္ကို အၿပီးသတ္ပဲ ေရာင္းခ်သြားခ်င္ေနတယ္လို႔ Caught Offside က ေဖာ္ျပခဲ့ပါတယ္။

ဒီကလန္ ရိုက္စ္အေပၚ ေျပာင္းလဲလိုက္တဲ့ ရပ္တည္ခ်က္အသစ္


ခ်ဲလ္ဆီးအသင္းဟာ ယခုဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ ဒီကလန္ ရိုက္စ္ကို ေခၚယူဖြယ္မရွိေတာ့ဘူးလို႔ သိရၿပီး နည္းျပလမ္းပတ္ ရာထူးကေန ထုတ္ပယ္ခံခဲ့ရရင္ ဝက္စ္ဟမ္းၾကယ္ပြင့္ကို ေခၚယူဖို႔ ႀကိဳးပမ္းေနတာေတြလည္း ရပ္ပစ္လိုက္ဖို႔ ေရြးခ်ယ္သြားဖြယ္ရွိေနတာျဖစ္ပါတယ္။ အဲဒါကေတာ့ The Athletic သတင္းေထာက္ ေဒးဗစ္ေအာ္စတိန္းရဲ့ ယူဆခ်က္ျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းရဲ့ ဒီကလန္ ရိုက္စ္ကို ေခၚယူခ်င္တဲ့ဆႏၵဟာ နည္းျပလမ္းပတ္ကို အေျခခံေနတယ္လို႔ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းက တာဝန္ရွိသူအခ်ိဳ႕ကလည္း အဂၤလန္ကြင္းလယ္ကစားသမားရဲ့ အရည္အခ်င္းအေပၚ သံသယရွိေနၿပီး ေခၚယူသင့္ရဲ့လားလို႔ မေရမရာျဖစ္ေနေၾကာင္း YouTube အေမးအေျဖမွာ ေဒးဗစ္ေအာ္စတိန္းက ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.