Other Leagues

မန်စီးတီးအသင်းကို အာတီတာပြန်လာမည်

(Unicode)

မတ်လ ၁၂ရက်နေ့ မြန်မာစံတော်ချိန် ၂နာရီအချိန်မှာတော့ မန်စီးတီးအသင်းနဲ့အာဆင်နယ််အသင်းတို့ဟာ မန်စီးတီးအသင်းရဲ့အိမ်ကွင်း အီသီဟတ်မှာ ယှဥ်ပြိုင်ကစားကြရမှာဖြစ်ပါတယ်။ ဒီပွဲဟာ အာဆင်နယ်အသင်းနည်းပြ အာတီတာရဲ့ မန်စီးတီးအသင်းနဲ့ပထမဆုံးအကြိမ်ပြန်ရင်ဆိုင်ရမယ့်ပွဲလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းနဲ့မန်စီးတီးအသင်းတို့ရဲ့ပွဲစဥ်ဟာ ကြားရက်ပွဲစဥ်ဖြစ်ပေမယ့် ပွဲကြိုပြင်ဆင်ဖို့အတွက်တော့ အာဆင်နယ်အသင်းက မန်စီးတီးအသင်းထက် ၂၄နာရီပိုမိုရရှိမှာဖြစ်ပါတယ်။ အကြောင်းကတော့ မန်စီးတီးအသင်းနဲ့ပွဲမတိုင်ခင်မှာ အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်းအသင်းနဲ့ စနေနေ့မှာ ရင်ဆိုင်ကစားရမှာဖြစ်ပြီး မန်စီးတီးအသင်းကတော့ တနင်္ဂနွေနေ့မှာ မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။

ယူရိုပါလိဂ်ပြိုင်ပွဲကနေ ထွက်ခဲ့ရလို့ အဆင့်လေးနေရာအတွက် တိုက်ပွဲဝင်ရမယ့် အာဆင်နယ်အသင်းဟာ မန်စီးတီးအသင်းနဲ့ အားကုန်ထုတ်ယှဥ်ပြိုင်သွားမလား။ မန်စီးတီးအသင်းကရော ယူနိုက်တက်နဲ့ အာဆင်နယ်ကို နှစ်ပွဲဆက်တွေ့ရတဲ့ပွဲကျပ်ကာလကို ဘယ်လိုများကျော်ဖြတ်သွားမလဲဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

(Zawgyi)

မတ္လ ၁၂ရက္ေန႕ ျမန္မာစံေတာ္ခ်ိန္ ၂နာရီအခ်ိန္မွာေတာ့ မန္စီးတီးအသင္းနဲ႕အာဆင္နယ္္အသင္းတို႔ဟာ မန္စီးတီးအသင္းရဲ႕အိမ္ကြင္း အီသီဟတ္မွာ ယွဥ္ၿပိဳင္ကစားၾကရမွာျဖစ္ပါတယ္။ ဒီပြဲဟာ အာဆင္နယ္အသင္းနည္းျပ အာတီတာရဲ႕ မန္စီးတီးအသင္းနဲ႕ပထမဆုံးအႀကိမ္ျပန္ရင္ဆိုင္ရမယ့္ပြဲလည္းျဖစ္ပါတယ္။

အာဆင္နယ္အသင္းနဲ႕မန္စီးတီးအသင္းတို႔ရဲ႕ပြဲစဥ္ဟာ ၾကားရက္ပြဲစဥ္ျဖစ္ေပမယ့္ ပြဲႀကိဳျပင္ဆင္ဖို႔အတြက္ေတာ့ အာဆင္နယ္အသင္းက မန္စီးတီးအသင္းထက္ ၂၄နာရီပိုမိုရရွိမွာျဖစ္ပါတယ္။ အေၾကာင္းကေတာ့ မန္စီးတီးအသင္းနဲ႕ပြဲမတိုင္ခင္မွာ အာဆင္နယ္အသင္းဟာ ဝက္စ္ဟမ္းအသင္းနဲ႕ စေနေန႕မွာ ရင္ဆိုင္ကစားရမွာျဖစ္ၿပီး မန္စီးတီးအသင္းကေတာ့ တနဂၤႏြေေန႕မွာ ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႕ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။

ယူရိုပါလိဂ္ၿပိဳင္ပြဲကေန ထြက္ခဲ့ရလို႔ အဆင့္ေလးေနရာအတြက္ တိုက္ပြဲဝင္ရမယ့္ အာဆင္နယ္အသင္းဟာ မန္စီးတီးအသင္းနဲ႕ အားကုန္ထုတ္ယွဥ္ၿပိဳင္သြားမလား။ မန္စီးတီးအသင္းကေရာ ယူနိုက္တက္နဲ႕ အာဆင္နယ္ကို ႏွစ္ပြဲဆက္ေတြ႕ရတဲ့ပြဲက်ပ္ကာလကို ဘယ္လိုမ်ားေက်ာ္ျဖတ္သြားမလဲဆိုတာေစာင့္ၾကည့္သြားရမွာျဖစ္ပါတယ္။