Premier League

7 Jan နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ


-ချဲလ်ဆီးအသင်းအနေနဲ့ ၎င်းတို့ရဲ့လူစာရင်းကို အင်အားဖြည့်တင်းဖို့အတွက် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အထောင်တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ လိုအပ်ကောင်း လိုအပ်လိမ့်မယ်လို့ ပေါလ်မာဆန်က ပြောကြားခဲ့ပြီး တီမိုဗာနာရဲ့အကောင်းဆုံးနေရာက ဘယ်တောင်ပံတိုက်စစ်ဆိုရင် ချဲလ်ဆီးအသင်းဒါရိုက်တာ မာရီနာအနေနဲ့ ဇန်နဝါရီမှာ အထောင်တိုက်စစ်မှူးစစ်စစ်တစ်ယောက်ကို ခေါ်ယူဖို့ စဉ်းစားဖို့ လိုအပ်လိမ့်မယ်လို့ ပြောကြားခဲ့။


-တိုမိုရီရဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလ အသင်းကနေ အငှားနဲ့ ထွက်ခွာဖို့ ကြိုးပမ်းမှုဟာ ခရစ္စတင်ဆန် ဒဏ်ရာရရှိသွားခဲ့တာကြောင့် ပိတ်ပင်ခံရလိမ့်မယ်လို့ သိရပြီး လိဒ်စ်ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေပေမယ့် ချဲလ်ဆီးအသင်းက ယခုရာသီကုန်အထိ မဖြစ်မနေ ဆက်လက်ထိန်းသိမ်းသွားဖွယ်ရှိတယ်လို့ The Sun က ဖော်ပြခဲ့။


ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ယူအီးအက်ဖ်အေရဲ့ ဘဏ္ဍာရေးဆိုင်ရာမျှတစွာယှဉ်ပြိုင်ရေး စည်းမျဉ်းစည်းကမ်း ဖြေလျှော့မှုကို အခွင့်ကောင်း ယူသွားဖွယ်ရှိနေပြီး ကလပ်အသင်းတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါရဲ့အကျိုးသက်ရောက်မှုကို ရင်ဆိုင်ဖို့ ရုန်းကန်နေရတာကြောင့် ယူအီးအက်ဖ်အေက ၎င်းတို့သတ်မှတ်ထားတဲ့ ဘဏ္ဍာရေးဆိုင်ရာမျှတစွာယှဉ်ပြိုင်ရေးစံတွေကို ဖြေလျှော့ပေးထားတာဖြစ်။


-ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်ဟာ သိပ်မဝေးတဲ့ အနာဂတ်မှာ ဘာစီလိုနာအသင်းနည်းပြဖြစ်လာချင်နေတယ်လို့ စပိန်ဘောလုံးဂျာနယ်လစ် ဂီလန်ဘလာဂူက ပြောကြားခဲ့ပြီး ရီးရဲမက်ဒရစ်နဲ့ ဘာစီလိုနာတို့လိုအသင်းတွေအတွက် ကစားသမားအဖြစ် ကစားပေးနိုင်မယ့် အခွင့်အရေးကို လွဲချော်ခဲ့တဲ့အတွက် လမ်းပတ်ဟာ လာလီဂါထိပ်တန်းအသင်းဖြစ်တဲ့ ဘာစီလိုနာကို နည်းပြချင်နေလိမ့်မယ်လို့ ပြောကြားခဲ့။


-ချဲလ်ဆီးတိုက်စစ်မှူး အေဘရာဟမ်က ယခုရာသီ ပွဲကြပ်လွန်းတဲ့အချိန်ဇယား၊ ဒဏ်ရာရ ကစားသမားပြဿနာနဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသင်းနဲ့ မပူးပေါင်းနိုင်တဲ့ကိစ္စတွေကြောင့် လေ့ကျင့်ရေးကွင်းမှာ အတူတူလေ့ကျင့်ဖို့အတွက် အချိန်ကန့်သတ်ချက်တွေရှိနေလို့ ကစားသမားသစ်တွေဟာ အသင်းသစ်မှာ အသင်းဖော်သစ်တွေနဲ့ အသားကျအောင် ကြိုးစားနေရဆဲဖြစ်တယ်လို့ ပြောကြားခဲ့။


-ချဲလ်ဆီးအသင်း အပယ်ခံ ဒန်နီ ဒရင့်ဝါးတားရဲ့ အေးဂျင့်ဟာ စတန်းဖို့ဒ်ဘရစ်ဂျ်ကနေ ထွက်ခွာနိုင်အောင် ဘွန်ဒက်စ်လီဂါကလပ်အသင်းတွေကို ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပြီး ရှော်ကေးအသင်းက နိုဝင်ဘာလတုန်းက ဆက်သွယ်ခဲ့ပြီး ကိုလုံးအသင်းကလည်း ၂၀၂၂ ခုနှစ်မှာ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဒရင့်ဝါးတားကို စိတ်ဝင်စားကြောင်း ပြသခဲ့။


-ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ဟာ လက်ရှိ အသင်းရဲ့အခြေအနေကြောင့် အလွန်အမင်း မပျော်မရွှင်ဖြစ်နေတယ်လို့ သိရပြီး မန်ချက်စတာစီးတီးကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြလမ်းပတ်ရဲ့ ရာထူးဟာ အလွန်အန္တရာယ်ရှိတဲ့အနေအထားကို ရောက်ရှိနေပြီလို့ The Athletic က ဖော်ပြခဲ့။


-ချဲလ်ဆီးနောက်ခံကစားသမား ရီးစ် ဂျိမ်းစ်ဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာနေပြီဖြစ်တာကြောင့် ယခုလနှောင်းပိုင်းမှာ အသင်းလူစာရင်းထဲမှာ ပြန်လည်ပါဝင်လာနိုင်တယ်လို့ သိရပြီး ယခုအပတ် အက်ဖ်အေဖလားပွဲစဉ်ကို လွဲချော်မှာဖြစ်ပေမယ့် ဖူလ်ဟမ်၊ လက်စတာစီးတီး၊ ဝုဗ်၊ ဘန်လေအသင်းတို့နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ပြန်လည်မြင်တွေ့ရဖွယ်ရှိနေ။


ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ဟာ ရလဒ်ဆိုးတွေကနေ ရုန်းထွက်နိုင်အောင် စွမ်းဆောင်ပြနိုင်ခြင်းမရှိတဲ့ နည်းပြလမ်းပတ်ရဲ့ နေရာမှာ ပီအက်စ်ဂျီအသင်းရဲ့ ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ သောမတ်စ်တူဟယ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ Football.london က ဖော်ပြခဲ့။


ခြေစွမ်းမပြနိုင်ဘူးလို့ ဝေဖန်မှုတွေ ခံနေရတဲ့ ချဲလ်ဆီးကစားသမား ခိုင်ဟာဗက်ဇ်သည် ၉၀ မိနစ် အားကစားဂျာနယ်ကြီးက ရွေးချယ်သော ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်တိုက်စစ်ကစားသမား ၅ ဦးရွေးချယ်မှုတွင် ဒီဘရိုင်းနား ၊ ဘရူနိုဖာနန်ဒက် ၊ ဒိုင်ဘာလား ၊ သောမတ်စ် မူလာတို့နှင့် အတူ အရွေးချယ်ခဲ့ခဲ့ရပါတယ်။ ခိုင်ဟာဗက်ဇ်အနေနဲ့ ကနဦး ဇကာတင် ၁၀ ဦးစာရင်းထဲတွင် ပါဝင်သော ဂျက်ဂရီးလစ်ရှ် ၊ ကော်တင်ညိုတို့ကို ကျော်ဖြတ်ပြီး နောက်ဆုံး ရွေးချယ်တဲ့ ၅ ဦးထဲ ပါဝင်ခဲ့တာဖြစ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


-ခ်ဲလ္ဆီးအသင္းအေနနဲ႔ ၎တို႔ရဲ႕လူစာရင္းကို အင္အားျဖည့္တင္းဖို႔အတြက္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ အေထာင္တိုက္စစ္မႉးတစ္ဦး ေခၚယူဖို႔ လိုအပ္ေကာင္း လိုအပ္လိမ့္မယ္လို႔ ေပါလ္မာဆန္က ေျပာၾကားခဲ့ၿပီး တီမိုဗာနာရဲ႕အေကာင္းဆုံးေနရာက ဘယ္ေတာင္ပံတိုက္စစ္ဆိုရင္ ခ်ဲလ္ဆီးအသင္းဒါ႐ိုက္တာ မာရီနာအေနနဲ႔ ဇန္န၀ါရီမွာ အေထာင္တိုက္စစ္မႉးစစ္စစ္တစ္ေယာက္ကို ေခၚယူဖို႔ စဥ္းစားဖို႔ လိုအပ္လိမ့္မယ္လို႔ ေျပာၾကားခဲ့။


-တိုမိုရီရဲ့ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလ အသင္းကေန အငွားနဲ႔ ထြက္ခြာဖို႔ ႀကိဳးပမ္းမႈဟာ ခရစၥတင္ဆန္ ဒဏ္ရာရရွိသြားခဲ့တာေၾကာင့္ ပိတ္ပင္ခံရလိမ့္မယ္လို႔ သိရၿပီး လိဒ္စ္ယူနိုက္တက္ကို ေျပာင္းေရႊ႕ဖို႔ သတင္းေတြထြက္ေပၚေနေပမယ့္ ခ်ဲလ္ဆီးအသင္းက ယခုရာသီကုန္အထိ မျဖစ္မေန ဆက္လက္ထိန္းသိမ္းသြားဖြယ္ရွိတယ္လို႔ The Sun က ေဖာ္ျပခဲ့။


ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ေအဘရာမိုဗစ္ခ်္ဟာ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလအတြင္း ယူအီးအက္ဖ္ေအရဲ့ ဘ႑ာေရးဆိုင္ရာမၽွတစြာယွဥ္ၿပိဳင္ေရး စည္းမ်ဥ္းစည္းကမ္း ေျဖေလၽွာ့မႈကို အခြင့္ေကာင္း ယူသြားဖြယ္ရွိေနၿပီး ကလပ္အသင္းေတြဟာ ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါရဲ့အက်ိဳးသက္ေရာက္မႈကို ရင္ဆိုင္ဖို႔ ႐ုန္းကန္ေနရတာေၾကာင့္ ယူအီးအက္ဖ္ေအက ၎တို႔သတ္မွတ္ထားတဲ့ ဘ႑ာေရးဆိုင္ရာမၽွတစြာယွဥ္ၿပိဳင္ေရးစံေတြကို ေျဖေလၽွာ့ေပးထားတာျဖစ္။


-ခ်ဲလ္ဆီးနည္းၿပ ဖရန႔္လမ္းပတ္ဟာ သိပ္မေဝးတဲ့ အနာဂတ္မွာ ဘာစီလိုနာအသင္းနည္းျပျဖစ္လာခ်င္ေနတယ္လို႔ စပိန္ေဘာလုံးဂ်ာနယ္လစ္ ဂီလန္ဘလာဂူက ေျပာၾကားခဲ့ၿပီး ရီးရဲမက္ဒရစ္နဲ႔ ဘာစီလိုနာတို႔လိုအသင္းေတြအတြက္ ကစားသမားအျဖစ္ ကစားေပးနိုင္မယ့္ အခြင့္အေရးကို လြဲေခ်ာ္ခဲ့တဲ့အတြက္ လမ္းပတ္ဟာ လာလီဂါထိပ္တန္းအသင္းျဖစ္တဲ့ ဘာစီလိုနာကို နည္းျပခ်င္ေနလိမ့္မယ္လို႔ ေျပာၾကားခဲ့။


-ခ်ဲလ္ဆီးတိုက္စစ္မႉး ေအဘရာဟမ္က ယခုရာသီ ပြဲၾကပ္လြန္းတဲ့အခ်ိန္ဇယား၊ ဒဏ္ရာရ ကစားသမားျပႆနာနဲ႔ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ အသင္းနဲ႔ မပူးေပါင္းနိုင္တဲ့ကိစၥေတြေၾကာင့္ ေလ့က်င့္ေရးကြင္းမွာ အတူတူေလ့က်င့္ဖို႔အတြက္ အခ်ိန္ကန႔္သတ္ခ်က္ေတြရွိေနလို႔ ကစားသမားသစ္ေတြဟာ အသင္းသစ္မွာ အသင္းေဖာ္သစ္ေတြနဲ႔ အသားက်ေအာင္ ႀကိဳးစားေနရဆဲျဖစ္တယ္လို႔ ေျပာၾကားခဲ့။


-ခ်ဲလ္ဆီးအသင္း အပယ္ခံ ဒန္နီ ဒရင့္ဝါးတားရဲ့ ေအးဂ်င့္ဟာ စတန္းဖို႔ဒ္ဘရစ္ဂ်္ကေန ထြက္ခြာနိုင္ေအာင္ ဘြန္ဒက္စ္လီဂါကလပ္အသင္းေတြကို ခ်ဥ္းကပ္မႈေတြ ျပဳလုပ္ခဲ့တယ္လို႔ သိရၿပီး ေရွာ္ေကးအသင္းက နိုဝင္ဘာလတုန္းက ဆက္သြယ္ခဲ့ၿပီး ကိုလုံးအသင္းကလည္း ၂၀၂၂ ခုႏွစ္မွာ ခ်ဲလ္ဆီးနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ ဒရင့္ဝါးတားကို စိတ္ဝင္စားေၾကာင္း ျပသခဲ့။


-ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ေအဘရာမိုဗစ္ခ်္ဟာ လက္ရွိ အသင္းရဲ့အေျခအေနေၾကာင့္ အလြန္အမင္း မေပ်ာ္မရႊင္ျဖစ္ေနတယ္လို႔ သိရၿပီး မန္ခ်က္စတာစီးတီးကို ၃-၁ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ နည္းျပလမ္းပတ္ရဲ့ ရာထူးဟာ အလြန္အႏၲရာယ္ရွိတဲ့အေနအထားကို ေရာက္ရွိေနၿပီလို႔ The Athletic က ေဖာ္ျပခဲ့။


-ခ်ဲလ္ဆီးေနာက္ခံကစားသမား ရီးစ္ ဂ်ိမ္းစ္ဟာ ဒဏ္ရာကေန ျပန္လည္သက္သာလာေနၿပီျဖစ္တာေၾကာင့္ ယခုလေႏွာင္းပိုင္းမွာ အသင္းလူစာရင္းထဲမွာ ျပန္လည္ပါဝင္လာနိုင္တယ္လို႔ သိရၿပီး ယခုအပတ္ အက္ဖ္ေအဖလားပြဲစဥ္ကို လြဲေခ်ာ္မွာျဖစ္ေပမယ့္ ဖူလ္ဟမ္၊ လက္စတာစီးတီး၊ ဝုဗ္၊ ဘန္ေလအသင္းတို႔နဲ႔ ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ ျပန္လည္ျမင္ေတြ႕ရဖြယ္ရွိေန။


ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ေအဘရာမိုဗစ္ခ်္ဟာ ရလဒ္ဆိုးေတြကေန ႐ုန္းထြက္နိုင္ေအာင္ စြမ္းေဆာင္ျပနိုင္ျခင္းမရွိတဲ့ နည္းျပလမ္းပတ္ရဲ့ ေနရာမွာ ပီအက္စ္ဂ်ီအသင္းရဲ့ ထုတ္ပယ္ျခင္းခံခဲ့ရတဲ့ ေသာမတ္စ္တူဟယ္ကို နည္းျပသစ္အျဖစ္ ခန႔္အပ္ဖို႔ ဆုံးျဖတ္ထားၿပီးျဖစ္တယ္လို႔ Football.london က ေဖာ္ျပခဲ့။


ေျခစြမ္းမျပႏိုင္ဘူးလို႔ ေဝဖန္မႈေတြ ခံေနရတဲ့ ခ်ဲလ္ဆီးကစားသမား ခိုင္ဟာဗက္ဇ္သည္ ၉၀ မိနစ္ အားကစားဂ်ာနယ္ၾကီးက ေ႐ြးခ်ယ္ေသာ ကမာၻ႔အေကာင္းဆုံး ကြင္းလယ္တိုက္စစ္ကစားသမား ၅ ဦးေ႐ြးခ်ယ္မႈတြင္ ဒီဘ႐ိုင္းနား ၊ ဘ႐ူႏိုဖာနန္ဒက္ ၊ ဒိုင္ဘာလား ၊ ေသာမတ္စ္ မူလာတို႔ႏွင့္ အတူ အေ႐ြးခ်ယ္ခဲ့ခဲ့ရပါတယ္။ ခိုင္ဟာဗက္ဇ္အေနနဲ႔ ကနဦး ဇကာတင္ ၁၀ ဦးစာရင္းထဲတြင္ ပါဝင္ေသာ ဂ်က္ဂရီးလစ္ရွ္ ၊ ေကာ္တင္ညိဳတို႔ကို ေက်ာ္ျဖတ္ၿပီး ေနာက္ဆုံး ေ႐ြးခ်ယ္တဲ့ ၅ ဦးထဲ ပါဝင္ခဲ့တာျဖစ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.