Premier League

မန်ချက်စတာယူနိုက်တက် 0-2 မန်ချက်စတာစီးတီးပွဲအပြီး မြင်တွေ့ခဲ့ရတဲ့ ထူးခြားချက် ၇ ချက်

ဆိုးလ်ရှားနဲ့ ဆီမီးဖိုင်နယ်ကျိန်စာ
မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီ ဂန်နာ ဆိုးလ်ရှားကတော့ ဖလားပြိုင်ပွဲတွေမှာ ဇာတာမလှတဲ့ ပုံစံကို မြင်တွေ့နေရပြီး ဒီနေ့ရှုံးပွဲဟာ သူ့အတွက်တော့ သရဲနီတွေနဲ့အတူ ဆီမီးဖိုင်နယ်အဆင့်တွေမှာ ၄ ကြိမ်မြောက် ထွက်ခွာခဲ့ရတာလည်း ဖြစ်ပါတယ်။ မန်စီးတီးရဲ့ အရင်လောက် မတောင့်တင်းတဲ့ ပုံစံကြောင့် သူ့အနေနဲ့ ဒီကျိန်စာကို ကျော်ဖြတ်နိုင်မလားလို့ မျှော်လင့်ခဲ့ကြပေမယ့်လည်း လက်ရှိခြေစွမ်းထက် အစဉ်အလာက သာခဲ့တာပါ။

အလံပဲထောင်နေတဲ့ စည်းကြပ်ဒိုင်
ဒီနေ့ပွဲရဲ့ ပထမပိုင်းကတော့ စည်းကြပ်ဒိုင်ခမျာ အလံကိုပဲ မကြာခဏ ထောင်နေခဲ့ရပြီး ဂိုးတွေကို ပယ်ဖျက်နေခဲ့ရပါတယ်။ ရက်ရှ်ဖို့ဒ်ကန်တာကို ဂျွန်စတုန်းစ် ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ တစ်ခါ၊ ဖိုဒန်ရဲ့ ဖြတ်တင်ဘောကနေ ဂွန်ဒိုးဝမ် လူကျွံနေတဲ့ တစ်ခါ၊ ဟန်ဒါဆန်နဲ့အတွေ့မှာ ဖိုဒန်ရဲ့ လှလှပပ အဆုံးသတ်မှုတစ်ခါက ဒိုင်လူကြီးအတွက် မျက်နှာမလိုက်တမ်း ဆုံးဖြတ်ခဲ့ရသလို အသင်းတွေအတွက်တော့ မခံချိမခံသာဖြစ်ခဲ့ရတာပါ။

အလွန်အကျွံတွေဖြစ်နေတဲ့ ဂျွန်စတုန်းစ်
အသင်းကနေ သုံးမရလို့ ပစ်လိုက်တော့မယ့်အဖြစ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ မန်ချက်စတာစီးတီးနောက်ခံလူ ဂျွန်စတုန်းစ်ကတော့ တစ်ပွဲပြီးတစ်ပွဲ ဆက်တိုက်ဆိုသလို ခြေစွမ်းပြနေပြီး ဒီနေ့မှာ ခုခံကာကွယ်မှုတွေ ကောင်းခဲ့သလို အသင်းအတွက် ပထမ အနိုင်ဂိုး ကိုလည်း ဗိုက်နဲ့ တိုက်ပြီး သွင်းယူပေးခဲ့တာပါ။ သူ့ရဲ့ ကစားသမားဘဝကတော့ ပြန်လည်ရှင်သန်ရုံမက ထင်မထားလောက်အောင် မြင့်မားလာခဲ့ပါပြီ။
ကွန်ပနီကို ပြန်သတိရစေတဲ့ ဖာနန်ဒင်ညို – ဖာနန်ဒင်ညိုကတော့ ဒီနေ့ပွဲမှာ အသင်းအတွက် ဂိုးဧရိယာထိပ်က လှပတဲ့ ကန်ချက်နဲ့

ကွန်ပနီကို သတိရစေတဲ့ ဖာနန်ဒင်ညို
မန်ချက်စတာယူနိုက်တက်ကို အိုးလ်ထရက်ဖို့ဒ်မှာ ပြိုလဲစေခဲ့တဲ့ ဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး သူတို့ကို ချန်ပီယံဖြစ်စေခဲ့တဲ့ အသင်းခေါင်းဆောင်ဟောင်း ဗင်းဆန့် ကွန်ပနီရဲ့ လက်စတာနဲ့ပွဲက ကန်ချက်ကိုလည်း သတိရစေပါတယ်။ ခေါင်းဆောင်မှုကို လိုက်မမီသေးပေမယ့် ဖလားရနိုင်တဲ့ သွင်းဂိုးမျိုးကို သွင်းပေးခဲ့တဲ့ ဆက်ခံသူ ဘရာဇီးလ်သားအနေနဲ့ ဘယ်လ်ဂျီယမ်သားလိုပဲ ရာသီကုန်မှာ ထွက်ခွာသွားဦးမလားဆိုတာကတော့ အားနာစရာပါ။

ဖာနန်ဒက်စ် ပျောက်ရင် သိသာလွန်းတဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ကတော့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ကို မှီခိုလွန်းတာ ငြင်းမရတဲ့ ကိစ္စလည်းဖြစ်ပြီး ဒီလိုနေ့မျိုးမှာ သူ့ဆီက ဘောလုံးတွေကို တိုက်စစ်မှူးတွေ မရခဲ့တာနဲ့ သူ့ရဲ့ ကန်ချက်တွေ လွဲချော်ခဲ့တာက အိမ်ရှင်တွေ ပြန်မလာနိုင်ခဲ့တဲ့ အဖြေလည်းဖြစ်ပါတယ်။ ကာရာဘောင်းဖလားဟာ ဂုဏ်သိက္ခာမြင့်မားလာခဲ့တဲ့ ခေတ်မှာတော့ ဆီမီးက နှစ်နှစ်ဆက် လှည့်ပြန်ခဲ့ရတာ ပေါ်တူဂီသားအဖို့ စိတ်ပျက်စရာလည်းဖြစ်မှာပါ။

ဂိုးသွင်းသူ ၁၆ ယောက်နဲ့ မန်စီးတီး
မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသွင်းလေ့ သိပ်မရှိသူနှစ်ဦးရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာ ဖြစ်သလို ဒီရာသီမှာတော့ ဂိုးသွင်းဘုရင်တွေထက် အသင်းရဲ့ ဂိုးရဖို့ တာဝန်ကို ခွဲဝေယူခဲ့ကြတာ ၁၆ ယောက်အထိ ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒီမှတ်တမ်းက ဘယ်ပရီးမီးယားလိဂ်အသင်းထက်မဆို သာလွန်တဲ့ မှတ်တမ်းဖြစ်ပြီး တိုက်စစ်က ပိတ်ဆို့ခံထားရချိန်တွေမှာ တန်ဖိုးရှိတဲ့ စွမ်းရည်လည်းဖြစ်နေတာပါ။

လီဗာပူးလ်ကို လိုက်မီတော့မယ့် ချန်ပီယံ
ကာရာဘောင်းဖလားကို သုံးကြိမ်ဆက်တိုက်ရယူထားခဲ့တဲ့ မန်စီးတီးကတော့ ဒီနေ့မှာ ဗိုလ်လုပွဲကို လေးကြိမ်ဆက်တိုက် တက်နိုင်ခဲ့တဲ့ လီဗာပူးလ်ရဲ့ စံချိန်ကို လိုက်မီသွားတာဖြစ်ပြီး တော့တင်ဟမ် ဟော့စပါးစ်ကို အနိုင်ရပြီး ဒီဖလားကို ကာကွယ်နိုင်ခဲ့ ရင်တော့ အများဆုံးရတဲ့ စံချိန်ကိုလည်း ၈ ကြိမ်ချင်း တူညီနိုင်မှာဖြစ်လို့ EFL ဖလားကို ကာရာဘောင်းလို့ ပြောင်းပြီးကတည်းက ဘုရင်ဖြစ်နေသူတွေရဲ့ နောက်တစ်ပွဲကို စောင့်ကြည့်ရဦးမှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဆိုးလ္ရွားနဲ႔ ဆီမီးဖိုင္နယ္က်ိန္စာ – မန္ခ်က္စတာယူႏိုက္တက္နည္းျပ အိုလီ ဂန္နာ ဆိုးလ္ရွားကေတာ့ ဖလားၿပိဳင္ပြဲေတြမွာ ဇာတာမလွတဲ့ ပုံစံကို ျမင္ေတြ႕ေနရၿပီး ဒီေန႔ရႈံးပြဲဟာ သူ႔အတြက္ေတာ့ သရဲနီေတြနဲ႔အတူ ဆီမီးဖိုင္နယ္အဆင့္ေတြမွာ ၄ ႀကိမ္ေျမာက္ ထြက္ခြာခဲ့ရတာလည္း ျဖစ္ပါတယ္။ မန္စီးတီးရဲ႕ အရင္ေလာက္ မေတာင့္တင္းတဲ့ ပုံစံေၾကာင့္ သူ႔အေနနဲ႔ ဒီက်ိန္စာကို ေက်ာ္ျဖတ္ႏိုင္မလားလို႔ ေမွ်ာ္လင့္ခဲ့ၾကေပမယ့္လည္း လက္ရွိေျခစြမ္းထက္ အစဥ္အလာက သာခဲ့တာပါ။

အလံပဲေထာင္ေနတဲ့ စည္းၾကပ္ဒိုင္ – ဒီေန႔ပြဲရဲ႕ ပထမပိုင္းကေတာ့ စည္းၾကပ္ဒိုင္ခမ်ာ အလံကိုပဲ မၾကာခဏ ေထာင္ေနခဲ့ရၿပီး ဂိုးေတြကို ပယ္ဖ်က္ေနခဲ့ရပါတယ္။ ရက္ရွ္ဖို႔ဒ္ကန္တာကို ဂြၽန္စတုန္းစ္ ကိုယ့္ဂိုးကိုယ္သြင္းမိတဲ့ တစ္ခါ၊ ဖိုဒန္ရဲ႕ ျဖတ္တင္ေဘာကေန ဂြန္ဒိုးဝမ္ လူကြၽံေနတဲ့ တစ္ခါ၊ ဟန္ဒါဆန္နဲ႔အေတြ႕မွာ ဖိုဒန္ရဲ႕ လွလွပပ အဆုံးသတ္မႈတစ္ခါက ဒိုင္လူႀကီးအတြက္ မ်က္ႏွာမလိုက္တမ္း ဆုံးျဖတ္ခဲ့ရသလို အသင္းေတြအတြက္ေတာ့ မခံခ်ိမခံသာျဖစ္ခဲ့ရတာပါ။

အလြန္အကြၽံေတြျဖစ္ေနတဲ့ ဂြၽန္စတုန္းစ္ – အသင္းကေန သုံးမရလို႔ ပစ္လိုက္ေတာ့မယ့္အျဖစ္နဲ႔ ရင္ဆိုင္ခဲ့ရတဲ့ မန္ခ်က္စတာစီးတီးေနာက္ခံလူ ဂြၽန္စတုန္းစ္ကေတာ့ တစ္ပြဲၿပီးတစ္ပြဲ ဆက္တိုက္ဆိုသလို ေျခစြမ္းျပေနၿပီး ဒီေန႔မွာ ခုခံကာကြယ္မႈေတြ ေကာင္းခဲ့သလို အသင္းအတြက္ ပထမ အႏိုင္ဂိုး ကိုလည္း ဗိုက္နဲ႔ တိုက္ၿပီး သြင္းယူေပးခဲ့တာပါ။ သူ႔ရဲ႕ ကစားသမားဘဝကေတာ့ ျပန္လည္ရွင္သန္႐ုံမက ထင္မထားေလာက္ေအာင္ ျမင့္မားလာခဲ့ပါၿပီ။
ကြန္ပနီကို ျပန္သတိရေစတဲ့ ဖာနန္ဒင္ညိဳ – ဖာနန္ဒင္ညိဳကေတာ့ ဒီေန႔ပြဲမွာ အသင္းအတြက္ ဂိုးဧရိယာထိပ္က လွပတဲ့ ကန္ခ်က္နဲ႔

ကြန္ပနီကို သတိရေစတဲ့ ဖာနန္ဒင္ညိဳ – မန္ခ်က္စတာယူႏိုက္တက္ကို အိုးလ္ထရက္ဖို႔ဒ္မွာ ၿပိဳလဲေစခဲ့တဲ့ ဂိုးကို သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး သူတို႔ကို ခ်န္ပီယံျဖစ္ေစခဲ့တဲ့ အသင္းေခါင္းေဆာင္ေဟာင္း ဗင္းဆန႔္ ကြန္ပနီရဲ႕ လက္စတာနဲ႔ပြဲက ကန္ခ်က္ကိုလည္း သတိရေစပါတယ္။ ေခါင္းေဆာင္မႈကို လိုက္မမီေသးေပမယ့္ ဖလားရႏိုင္တဲ့ သြင္းဂိုးမ်ိဳးကို သြင္းေပးခဲ့တဲ့ ဆက္ခံသူ ဘရာဇီးလ္သားအေနနဲ႔ ဘယ္လ္ဂ်ီယမ္သားလိုပဲ ရာသီကုန္မွာ ထြက္ခြာသြားဦးမလားဆိုတာကေတာ့ အားနာစရာပါ။

ဖာနန္ဒက္စ္ ေပ်ာက္ရင္ သိသာလြန္းတဲ့ ယူႏိုက္တက္ – မန္ခ်က္စတာယူႏိုက္တက္ကေတာ့ ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္ကို မွီခိုလြန္းတာ ျငင္းမရတဲ့ ကိစၥလည္းျဖစ္ၿပီး ဒီလိုေန႔မ်ိဳးမွာ သူ႔ဆီက ေဘာလုံးေတြကို တိုက္စစ္မႉးေတြ မရခဲ့တာနဲ႔ သူ႔ရဲ႕ ကန္ခ်က္ေတြ လြဲေခ်ာ္ခဲ့တာက အိမ္ရွင္ေတြ ျပန္မလာႏိုင္ခဲ့တဲ့ အေျဖလည္းျဖစ္ပါတယ္။ ကာရာေဘာင္းဖလားဟာ ဂုဏ္သိကၡာျမင့္မားလာခဲ့တဲ့ ေခတ္မွာေတာ့ ဆီမီးက ႏွစ္ႏွစ္ဆက္ လွည့္ျပန္ခဲ့ရတာ ေပၚတူဂီသားအဖို႔ စိတ္ပ်က္စရာလည္းျဖစ္မွာပါ။

ဂိုးသြင္းသူ ၁၆ ေယာက္နဲ႔ မန္စီးတီး – မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသြင္းေလ့ သိပ္မရွိသူႏွစ္ဦးရဲ႕ သြင္းဂိုးေတြနဲ႔ အႏိုင္ရခဲ့တာ ျဖစ္သလို ဒီရာသီမွာေတာ့ ဂိုးသြင္းဘုရင္ေတြထက္ အသင္းရဲ႕ ဂိုးရဖို႔ တာဝန္ကို ခြဲေဝယူခဲ့ၾကတာ ၁၆ ေယာက္အထိ ရွိသြားခဲ့ၿပီျဖစ္ပါတယ္။ ဒီမွတ္တမ္းက ဘယ္ပရီးမီးယားလိဂ္အသင္းထက္မဆို သာလြန္တဲ့ မွတ္တမ္းျဖစ္ၿပီး တိုက္စစ္က ပိတ္ဆို႔ခံထားရခ်ိန္ေတြမွာ တန္ဖိုးရွိတဲ့ စြမ္းရည္လည္းျဖစ္ေနတာပါ။

လီဗာပူးလ္ကို လိုက္မီေတာ့မယ့္ ခ်န္ပီယံ – ကာရာေဘာင္းဖလားကို သုံးႀကိမ္ဆက္တိုက္ရယူထားခဲ့တဲ့ မန္စီးတီးကေတာ့ ဒီေန႔မွာ ဗိုလ္လုပြဲကို ေလးႀကိမ္ဆက္တိုက္ တက္ႏိုင္ခဲ့တဲ့ လီဗာပူးလ္ရဲ႕ စံခ်ိန္ကို လိုက္မီသြားတာျဖစ္ၿပီး ေတာ့တင္ဟမ္ ေဟာ့စပါးစ္ကို အႏိုင္ရၿပီး ဒီဖလားကို ကာကြယ္ႏိုင္ခဲ့ ရင္ေတာ့ အမ်ားဆုံးရတဲ့ စံခ်ိန္ကိုလည္း ၈ ႀကိမ္ခ်င္း တူညီႏိုင္မွာျဖစ္လို႔ EFL ဖလားကို ကာရာေဘာင္းလို႔ ေျပာင္းၿပီးကတည္းက ဘုရင္ျဖစ္ေနသူေတြရဲ႕ ေနာက္တစ္ပြဲကို ေစာင့္ၾကည့္ရဦးမွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.