Premier League

7 Jan နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများစုစည်းမှု


-မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာက မန်စီးတီးကို ၂-၀ နဲ့ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ ကရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အပြီးမှာ ရှုံးပွဲကနေ သင်ယူကြဖို့ အသင်းဖော်တွေကို သတိပေးပြောကြားခဲ့ပြီး ဆုဖလားတွေအနိုင်ရရှိဖို့နဲ့ ပြိုင်ပွဲတွေမှာ အနိုင်မရရှိတဲ့ကြားမှာ ကွဲပြားခြားနားသွားစေတာက အသေးစိတ်လေးကအစ ဂရုစိုက်တာဖြစ်တယ်လို့ ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ မန်ချက်စတာစီးတီးကို စိတ်ပျက်ဖွယ်ရှုံးနိမ့်ခဲ့ပြီးနောက် ဗန်ဒီဘိခ်အပေါ် နည်းပြဆိုးလ်ရှားရဲ့ ဆက်ဆံမှုအတွက် အံ့အားသင့်ဖွယ် ပြစ်တင်ကြိမ်းမောင်းခဲ့ကြပြီး ပွဲထွက်ပါဝင်ကစားခွင့်ပေးရင်ပေး၊ မဟုတ်ရင်လည်း ဒုတိယပိုင်းအစလောက်ကတည်းက လူစားလဲလှယ်ရမှာဖြစ်ပေမယ့် ၂-၀ ဖြစ်သွားပြီးနောက် ပွဲပြီးခါနီး ၃ မိနစ်အလိုလောက်မှ လူစားဝင်ကစားစေခဲ့တာကို ဒေါသထွက်ခဲ့ကြတာဖြစ်။


-မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားက စတုတ္ထအကြိမ်မြောက် ဆီမီးဖိုင်နယ်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် ပြီးခဲ့တဲ့နှစ်က မန်ယူနိုက်တက်ထက် အများကြီးပိုကောင်းမွန်ပေမယ့် မလုံလောက်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ဆီမီးဖိုင်နယ် ရှုံးပွဲက စိတ်ပိုင်းဆိုင်ရာနဲ့ ဘာမှမသက်ဆိုင်ဘဲ အင်္ဂလန်က အကောင်းဆုံးအသင်းနဲ့ ရင်ဆိုင်ခဲ့ရချိန်မှာ မလုံလောက်ခဲ့တာသာဖြစ်တယ်လို့ ပြောကြားခဲ့။


-အက်စ်တွန်ဗီလာအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ဂျက်ဂရီးလစ်ရှ်အတွက် ဘယ်လို ချဉ်းကပ်မှုမျိုးကိုမဆို ငြင်းပယ်သွားဖို့အတွက် စီစဉ်ထားတယ်လို့ သိရပြီး မန်ချက်စတာယူနိုက်တက်နဲ့ မန်စီးတီးတို့က ဂရီးလစ်ရှ်ရဲ့တိုးတက်မှုကို ဆက်လက်စောင့်ကြည့်နေသလို ပြည်ပကလပ်အသင်းတွေဆီကလည်း စိတ်ဝင်စားမှုကို ရရှိနေတာဖြစ်။


-မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ မန်ချက်စတာစီးတီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ကရာဘောင်ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ လူစားလဲလှယ်ဖို့ ၇၅ မိနစ်အထိ ဘာကြောင့် စောင့်ဆိုင်းခဲ့ရလဲဆိုတာကို ရှင်းပြခဲ့ပြီး တစ်ဂိုးသွင်းခံလိုက်ရတဲ့အချိန်မှာ ပွဲစဉ်အတွင်း ပြန်လည်ဝင်ရောက်ပြီး ဖိအားပေးဖို့ အချိန်ယူရမယ်လို့ တွေးမိခဲ့တာကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့။


-ယူနိုက်တက်ကွင်းလယ်ကစားသမားဟောင်း ရွိုင်ကိန်းက မန်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ ကရာဘောင်ဖလားဆီမီးဖိုင်နယ်ပွဲစဉ်အတွင်း ခြေစွမ်းမပြသနိုင်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပြစ်တင်ဝေဖန်ခဲ့ပြီး ထိပ်တန်းကစားသမားဆိုတာ အရေးကြီးတဲ့အခြေအနေမျိုးမှာ အပြောင်းအလဲ ပြုလုပ်နိုင်တဲ့သူမျိုးကို ခေါ်ဝေါ်တာဖြစ်တာကြောင့် အဲရစ်ကန်တိုနာနဲ့ နှိုင်းယှဉ်လို့ မရနိုင်ဘူးလို့ ပြောကြားခဲ့။


-ဝက်ဖို့ဒ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် အက်ဖ်အေဖလားပွဲစဉ်မတိုင်မီ ဘရူနိုဖာနန်ဒက်စ်အနေနဲ့ ပွဲကစားဖို့ ကောင်းမွန်တဲ့အခြေအနေမှာရှိနေရဲ့လားဆိုတာကို သိရဖို့အတွက် စကားစမြည်ပြောဆိုသွားမှာဖြစ်တယ်လို့ နည်းပြဆိုးလ်ရှားက ပြောကြားခဲ့ပြီး ပွဲဆက်တွေများနေတာကြောင့် အနားပေးသွားဖွယ်ရှိတယ်လို့ အရိပ်အမြွက် ပြောကြားခဲ့။


-မန်ချက်စတာစီးတီးအသင်းနဲ့ပွဲစဉ်မှာ နောက်ခံ ၂ နေရာစလုံးက ကစားသမားတစ်ဦးချင်းစီအတွက် ကီဗင်ဒွိုင်းက စိုးရိမ်ခဲ့ပေမယ့် အမှန်တကယ် စိုးရိမ်ခဲ့ရတဲ့သူက လုခ်ရှောဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ယူနိုက်တက်ဘယ်နောက်ခံကစားသမားဟာ ကိုယ်ကပ်ရမယ့်လူကို မကပ်ဘဲ သူများအလုပ်ကို အာရုံစိုက်နေတာကြောင့် ကြည့်မိတိုင်း ကိုယ့်ဆံပင်ကိုယ်ဆွဲမိတယ်လို့ ပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


-မန္ခ်က္စတာယူနိုက္တက္ကြင္းလယ္ၾကယ္ပြင့္ ေပါ့ဂ္ဘာက မန္စီးတီးကို ၂-၀ နဲ႔ အိမ္ကြင္းမွာ ရႈံးနိမ့္ခဲ့တဲ့ ကရာေဘာင္ဖလား ဆီမီးဖိုင္နယ္ပြဲစဥ္အၿပီးမွာ ရႈံးပြဲကေန သင္ယူၾကဖို႔ အသင္းေဖာ္ေတြကို သတိေပးေျပာၾကားခဲ့ၿပီး ဆုဖလားေတြအနိုင္ရရွိဖို႔နဲ႔ ၿပိဳင္ပြဲေတြမွာ အနိုင္မရရွိတဲ့ၾကားမွာ ကြဲျပားျခားနားသြားေစတာက အေသးစိတ္ေလးကအစ ဂ႐ုစိုက္တာျဖစ္တယ္လို႔ ေျပာၾကားခဲ့။


-မန္ခ်က္စတာယူနိုက္တက္ပရိသတ္ေတြဟာ မန္ခ်က္စတာစီးတီးကို စိတ္ပ်က္ဖြယ္ရႈံးနိမ့္ခဲ့ၿပီးေနာက္ ဗန္ဒီဘိခ္အေပၚ နည္းျပဆိုးလ္ရွားရဲ့ ဆက္ဆံမႈအတြက္ အံ့အားသင့္ဖြယ္ ျပစ္တင္ႀကိမ္းေမာင္းခဲ့ၾကၿပီး ပြဲထြက္ပါဝင္ကစားခြင့္ေပးရင္ေပး၊ မဟုတ္ရင္လည္း ဒုတိယပိုင္းအစေလာက္ကတည္းက လူစားလဲလွယ္ရမွာျဖစ္ေပမယ့္ ၂-၀ ျဖစ္သြားၿပီးေနာက္ ပြဲၿပီးခါနီး ၃ မိနစ္အလိုေလာက္မွ လူစားဝင္ကစားေစခဲ့တာကို ေဒါသထြက္ခဲ့ၾကတာျဖစ္။


-မန္ခ်က္စတာယူနိုက္တက္နည္းျပဆိုးလ္ရွားက စတုတၳအႀကိမ္ေျမာက္ ဆီမီးဖိုင္နယ္ရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရၿပီးေနာက္ ၿပီးခဲ့တဲ့ႏွစ္က မန္ယူနိုက္တက္ထက္ အမ်ားႀကီးပိုေကာင္းမြန္ေပမယ့္ မလုံေလာက္ခဲ့တာျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး ဆီမီးဖိုင္နယ္ ရႈံးပြဲက စိတ္ပိုင္းဆိုင္ရာနဲ႔ ဘာမွမသက္ဆိုင္ဘဲ အဂၤလန္က အေကာင္းဆုံးအသင္းနဲ႔ ရင္ဆိုင္ခဲ့ရခ်ိန္မွာ မလုံေလာက္ခဲ့တာသာျဖစ္တယ္လို႔ ေျပာၾကားခဲ့။


-အက္စ္တြန္ဗီလာအသင္းဟာ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလအတြင္း ဂ်က္ဂရီးလစ္ရွ္အတြက္ ဘယ္လို ခ်ဥ္းကပ္မႈမ်ိဳးကိုမဆို ျငင္းပယ္သြားဖို႔အတြက္ စီစဥ္ထားတယ္လို႔ သိရၿပီး မန္ခ်က္စတာယူနိုက္တက္နဲ႔ မန္စီးတီးတို႔က ဂရီးလစ္ရွ္ရဲ့တိုးတက္မႈကို ဆက္လက္ေစာင့္ၾကည့္ေနသလို ျပည္ပကလပ္အသင္းေတြဆီကလည္း စိတ္ဝင္စားမႈကို ရရွိေနတာျဖစ္။


-မန္ခ်က္စတာယူနိုက္တက္နည္းျပဆိုးလ္ရွားဟာ မန္ခ်က္စတာစီးတီးအသင္းကို ရႈံးနိမ့္ခဲ့တဲ့ ကရာေဘာင္ဖလားဆီမီးဖိုင္နယ္ပြဲစဥ္မွာ လူစားလဲလွယ္ဖို႔ ၇၅ မိနစ္အထိ ဘာေၾကာင့္ ေစာင့္ဆိုင္းခဲ့ရလဲဆိုတာကို ရွင္းျပခဲ့ၿပီး တစ္ဂိုးသြင္းခံလိုက္ရတဲ့အခ်ိန္မွာ ပြဲစဥ္အတြင္း ျပန္လည္ဝင္ေရာက္ၿပီး ဖိအားေပးဖို႔ အခ်ိန္ယူရမယ္လို႔ ေတြးမိခဲ့တာေၾကာင့္ ျဖစ္တယ္လို႔ ေျပာၾကားခဲ့။


-ယူနိုက္တက္ကြင္းလယ္ကစားသမားေဟာင္း ရြိဳင္ကိန္းက မန္စီးတီးကို ရႈံးနိမ့္ခဲ့တဲ့ ကရာေဘာင္ဖလားဆီမီးဖိုင္နယ္ပြဲစဥ္အတြင္း ေျခစြမ္းမျပသနိုင္ခဲ့တဲ့ ဘ႐ူနိုဖာနန္ဒက္စ္ကို ျပစ္တင္ေဝဖန္ခဲ့ၿပီး ထိပ္တန္းကစားသမားဆိုတာ အေရးႀကီးတဲ့အေျခအေနမ်ိဳးမွာ အေျပာင္းအလဲ ျပဳလုပ္နိုင္တဲ့သူမ်ိဳးကို ေခၚေဝၚတာျဖစ္တာေၾကာင့္ အဲရစ္ကန္တိုနာနဲ႔ ႏွိုင္းယွဥ္လို႔ မရနိုင္ဘူးလို႔ ေျပာၾကားခဲ့။


-ဝက္ဖို႔ဒ္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ အက္ဖ္ေအဖလားပြဲစဥ္မတိုင္မီ ဘ႐ူနိုဖာနန္ဒက္စ္အေနနဲ႔ ပြဲကစားဖို႔ ေကာင္းမြန္တဲ့အေျခအေနမွာရွိေနရဲ့လားဆိုတာကို သိရဖို႔အတြက္ စကားစျမည္ေျပာဆိုသြားမွာျဖစ္တယ္လို႔ နည္းျပဆိုးလ္ရွားက ေျပာၾကားခဲ့ၿပီး ပြဲဆက္ေတြမ်ားေနတာေၾကာင့္ အနားေပးသြားဖြယ္ရွိတယ္လို႔ အရိပ္အႁမြက္ ေျပာၾကားခဲ့။


-မန္ခ်က္စတာစီးတီးအသင္းနဲ႔ပြဲစဥ္မွာ ေနာက္ခံ ၂ ေနရာစလုံးက ကစားသမားတစ္ဦးခ်င္းစီအတြက္ ကီဗင္ဒြိဳင္းက စိုးရိမ္ခဲ့ေပမယ့္ အမွန္တကယ္ စိုးရိမ္ခဲ့ရတဲ့သူက လုခ္ေရွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး ယူနိုက္တက္ဘယ္ေနာက္ခံကစားသမားဟာ ကိုယ္ကပ္ရမယ့္လူကို မကပ္ဘဲ သူမ်ားအလုပ္ကို အာ႐ုံစိုက္ေနတာေၾကာင့္ ၾကည့္မိတိုင္း ကိုယ့္ဆံပင္ကိုယ္ဆြဲမိတယ္လို႔ ေျပာၾကားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.