Premier League Transfer News

7 Jan နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းရဲ့ လစာအမြင့်မားဆုံးကွင်းလယ်လူ မီဆွတ် အိုဇေးလ်အနေနဲ့ တူရကီကလပ် ဖီနာဘာချီအသင်းနဲ့ သုံးနှစ်ခွဲစာချုပ် ချုပ်ဆိုပြီး ဇန်နဝါရီမှာပဲ ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့ပြီလို့ Goal.com ဖော်ပြခဲ့ပြီး MLS ကိုဆိုတဲ့ သတင်းတွေကို မှေးမှိန်စေခဲ့သလို အစားထိုးမှုတွေအတွက်တော့ လှုပ်ရှားဖို့ ပိုမိုအဆင်ပြေနိုင်ဖွယ်ရှိ။

– သူ့အနေနဲ့ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းဘုရင်တွေဖြစ်ကြတဲ့ မိုဟာမက် ဆာလား၊ ဆာဒီယို မာနေးနဲ့ ပျယ်-အမ်မရိခ် အူဘာမီယန်းတို့ရဲ့ အဆင့်တန်းကို ရောက်အောင် ကြိုးစားသွားမယ်လို့ ဆိုခဲ့တဲ့ ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်တိုက်စစ်မှူး ပတ်ဆန် ဒါကာရဲ့ စကားကြောင့် သူနဲ့ အာဆင်နယ်တို့ကြား ခန့်မှန်းမှုတွေ ရှိနေ။

– အိုဇေးလ်နဲ့ တူရကီကို ချိတ်ဆက်ထားခဲ့တဲ့ နောက်ခံလူ ဆိုကရာတစ် ပါပါစတာသိုပူးလော့စ်အနေနဲ့ကတော့ သူ့ကို စိတ်ဝင်စားနေတဲ့ ဂျီနိုအာကသာ ကမ်းလှမ်းမှုရှိရင် ပြောင်းလဲဖို့ ရှိနေပြီး အီတလီကလပ်အနေနဲ့ တခြားနောက်ခံလူတစ်ဦးဖြစ်တဲ့ ရှကိုဒရန် မူစတာဖီကိုလည်း စိတ်ဝင်စားနေ။

– အာဆင်နယ်အသင်းကနေ ခေါ်ယူဖို့ စိတ်ဝင်စားဖူးတဲ့ လူငယ်တိုက်စစ်မှူး အော့ဒ်ဆွန်း အေဒူယာအနေနဲ့ ဆဲလ်တစ်မှာ စာချုပ်သက်တမ်း နောက်ဆုံး ၁၈ လအတွင်းကို ဝင်ရောက်လာခဲ့ပြီဖြစ်တာကြောင့် ဈေးကိုင်ခွင့် သိပ်မရှိနိုင်တော့ဘဲ မြောက်လန်ဒန်ကို သက်သက်သာသာ ပြောင်းရွှေ့နိုင်ဖွယ်ရှိနေ။

– ယူ-၂၃ အသင်းအတွက် ရည်ရွယ်ပြီး အနာဂတ်မှာ အသင်းကြီးဆီ နေရာပေးဖို့ ခေါ်ယူခဲ့တဲ့ ဟာသာဘာလင်နောက်ခံလူ အိုမာ ရီကစ်ကို ဆေးစစ်မှုက အောင်မြင်ခဲ့ပြီဖြစ်ပြီး ၁၉ နှစ်သားအတွက် အာဆင်နယ်အသင်းအနေနဲ့ ပေါင် ၅၄၀၀၀၀ ကျသင့်မှဖြစ်ကြောင်းသိရ။

– ပီအက်စ်ဂျီအသင်းကနေ ဆောင်းရာသီမှာ အငှားနဲ့ ထွက်ခွာဖွယ်ရှိနေသလို အာဆင်နယ်အသင်းကလည်း စိတ်ဝင်စားနေတယ်လို့ဆိုတဲ့ ဂျာမန်ကွင်းလယ်လူ ဂျူလီယန် ဒရက်ဆလာဟာ အမ်းမရိတ်မြေမှာ အောင်မြင်နိုင်မယ့် ကစားသမားမျိုးဖြစ်ပြီး ကွင်းလယ်နဲ့ ဘယ်ခြမ်းမှာ ခြေစွမ်းပြနိုင်မယ်လို့ ရောဘတ် ပီရက်စ် သုံးသပ်။

– မိုဟာမက် အယ်လ်နန်နီနဲ့ ဘက်ရှီးတပ်စ်တို့ သတင်းထွက်ပေါ်ခဲ့ပြီးမှာ သူ့ကို ဝက်စ်ဟမ်းယူနိုက်တက်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်ကပါ အလိုရှိနေပြီး ကွင်းလယ်အားဖြည့်မှုနဲ့ ဒက်ကလန် ရိုက်စ်ကို ရောင်းချဖို့အတွက် အထောက်အပံ့ကောင်းအဖြစ် ခေါ်ယူသွားလိုနေ။

– အာဆင်နယ်အသင်းအနေနဲ့ ဒီဆောင်းရာသီ အပြောင်းအရွှေ့ကာလမှာ လုပ်ငန်းစဉ် သုံးရပ်ကို အကောင်အထည်ဖော်ရမှာဖြစ်ပြီး ဂျူလီယန် ဘရန့်ဒ်ကို ဒေါ့မွန်က ခေါ်ဖို့၊ အသင်းက သုံးလို့မဖြစ်တော့တဲ့သူတွေကို ရှင်းထုတ်ဖို့နဲ့ လူငယ်တွေကို နေရာပိုမိုပေးဖို့တွေပဲ ဖြစ်တယ်လို့ အသင်းတောင်ပံကစားသမားဟောင်း ပယ်ရီ ဂရို့ဗစ် အကြံပေး။

– ဂရိကလပ် ဂီယန်နီနာကနေ ပေါင် ၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး နေရာရဘဲ အငှားထွက်ကစားနေခဲ့တဲ့ ဂရိ နောက်ခံလူ ကွန်စတန်တီနို့စ် မာဗရိုပါနို့စ်ကို လက်ရှိကစားနေတဲ့ စတုဂတ်အသင်းဆီ အပြီးသတ် ရောင်းချနိုင်ဖို့ အာဆင်နယ်တို့ အလိုရှိနေပြီး သူ့ကို သဘောကျပြီး ဂျာမန်ကလပ်ဆီ ခေါ်ယူထားခဲ့တဲ့ အားကစားဒါရိုက်တာ မစ်စ်လင်တတ်နဲ့ ဆွေးနွေးဖွယ်ရှိနေ။