Premier League Transfer News

7 Jan နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းရဲ့ လစာအမြင့်မားဆုံးကွင်းလယ်လူ မီဆွတ် အိုဇေးလ်အနေနဲ့ တူရကီကလပ် ဖီနာဘာချီအသင်းနဲ့ သုံးနှစ်ခွဲစာချုပ် ချုပ်ဆိုပြီး ဇန်နဝါရီမှာပဲ ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့ပြီလို့ Goal.com ဖော်ပြခဲ့ပြီး MLS ကိုဆိုတဲ့ သတင်းတွေကို မှေးမှိန်စေခဲ့သလို အစားထိုးမှုတွေအတွက်တော့ လှုပ်ရှားဖို့ ပိုမိုအဆင်ပြေနိုင်ဖွယ်ရှိ။

– သူ့အနေနဲ့ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းဘုရင်တွေဖြစ်ကြတဲ့ မိုဟာမက် ဆာလား၊ ဆာဒီယို မာနေးနဲ့ ပျယ်-အမ်မရိခ် အူဘာမီယန်းတို့ရဲ့ အဆင့်တန်းကို ရောက်အောင် ကြိုးစားသွားမယ်လို့ ဆိုခဲ့တဲ့ ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်တိုက်စစ်မှူး ပတ်ဆန် ဒါကာရဲ့ စကားကြောင့် သူနဲ့ အာဆင်နယ်တို့ကြား ခန့်မှန်းမှုတွေ ရှိနေ။

– အိုဇေးလ်နဲ့ တူရကီကို ချိတ်ဆက်ထားခဲ့တဲ့ နောက်ခံလူ ဆိုကရာတစ် ပါပါစတာသိုပူးလော့စ်အနေနဲ့ကတော့ သူ့ကို စိတ်ဝင်စားနေတဲ့ ဂျီနိုအာကသာ ကမ်းလှမ်းမှုရှိရင် ပြောင်းလဲဖို့ ရှိနေပြီး အီတလီကလပ်အနေနဲ့ တခြားနောက်ခံလူတစ်ဦးဖြစ်တဲ့ ရှကိုဒရန် မူစတာဖီကိုလည်း စိတ်ဝင်စားနေ။

– အာဆင်နယ်အသင်းကနေ ခေါ်ယူဖို့ စိတ်ဝင်စားဖူးတဲ့ လူငယ်တိုက်စစ်မှူး အော့ဒ်ဆွန်း အေဒူယာအနေနဲ့ ဆဲလ်တစ်မှာ စာချုပ်သက်တမ်း နောက်ဆုံး ၁၈ လအတွင်းကို ဝင်ရောက်လာခဲ့ပြီဖြစ်တာကြောင့် ဈေးကိုင်ခွင့် သိပ်မရှိနိုင်တော့ဘဲ မြောက်လန်ဒန်ကို သက်သက်သာသာ ပြောင်းရွှေ့နိုင်ဖွယ်ရှိနေ။

– ယူ-၂၃ အသင်းအတွက် ရည်ရွယ်ပြီး အနာဂတ်မှာ အသင်းကြီးဆီ နေရာပေးဖို့ ခေါ်ယူခဲ့တဲ့ ဟာသာဘာလင်နောက်ခံလူ အိုမာ ရီကစ်ကို ဆေးစစ်မှုက အောင်မြင်ခဲ့ပြီဖြစ်ပြီး ၁၉ နှစ်သားအတွက် အာဆင်နယ်အသင်းအနေနဲ့ ပေါင် ၅၄၀၀၀၀ ကျသင့်မှဖြစ်ကြောင်းသိရ။

– ပီအက်စ်ဂျီအသင်းကနေ ဆောင်းရာသီမှာ အငှားနဲ့ ထွက်ခွာဖွယ်ရှိနေသလို အာဆင်နယ်အသင်းကလည်း စိတ်ဝင်စားနေတယ်လို့ဆိုတဲ့ ဂျာမန်ကွင်းလယ်လူ ဂျူလီယန် ဒရက်ဆလာဟာ အမ်းမရိတ်မြေမှာ အောင်မြင်နိုင်မယ့် ကစားသမားမျိုးဖြစ်ပြီး ကွင်းလယ်နဲ့ ဘယ်ခြမ်းမှာ ခြေစွမ်းပြနိုင်မယ်လို့ ရောဘတ် ပီရက်စ် သုံးသပ်။

– မိုဟာမက် အယ်လ်နန်နီနဲ့ ဘက်ရှီးတပ်စ်တို့ သတင်းထွက်ပေါ်ခဲ့ပြီးမှာ သူ့ကို ဝက်စ်ဟမ်းယူနိုက်တက်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်ကပါ အလိုရှိနေပြီး ကွင်းလယ်အားဖြည့်မှုနဲ့ ဒက်ကလန် ရိုက်စ်ကို ရောင်းချဖို့အတွက် အထောက်အပံ့ကောင်းအဖြစ် ခေါ်ယူသွားလိုနေ။

– အာဆင်နယ်အသင်းအနေနဲ့ ဒီဆောင်းရာသီ အပြောင်းအရွှေ့ကာလမှာ လုပ်ငန်းစဉ် သုံးရပ်ကို အကောင်အထည်ဖော်ရမှာဖြစ်ပြီး ဂျူလီယန် ဘရန့်ဒ်ကို ဒေါ့မွန်က ခေါ်ဖို့၊ အသင်းက သုံးလို့မဖြစ်တော့တဲ့သူတွေကို ရှင်းထုတ်ဖို့နဲ့ လူငယ်တွေကို နေရာပိုမိုပေးဖို့တွေပဲ ဖြစ်တယ်လို့ အသင်းတောင်ပံကစားသမားဟောင်း ပယ်ရီ ဂရို့ဗစ် အကြံပေး။

– ဂရိကလပ် ဂီယန်နီနာကနေ ပေါင် ၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး နေရာရဘဲ အငှားထွက်ကစားနေခဲ့တဲ့ ဂရိ နောက်ခံလူ ကွန်စတန်တီနို့စ် မာဗရိုပါနို့စ်ကို လက်ရှိကစားနေတဲ့ စတုဂတ်အသင်းဆီ အပြီးသတ် ရောင်းချနိုင်ဖို့ အာဆင်နယ်တို့ အလိုရှိနေပြီး သူ့ကို သဘောကျပြီး ဂျာမန်ကလပ်ဆီ ခေါ်ယူထားခဲ့တဲ့ အားကစားဒါရိုက်တာ မစ်စ်လင်တတ်နဲ့ ဆွေးနွေးဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းရဲ႕ လစာအျမင့္မားဆုံးကြင္းလယ္လူ မီဆြတ္ အိုေဇးလ္အေနနဲ႔ တူရကီကလပ္ ဖီနာဘာခ်ီအသင္းနဲ႔ သုံးႏွစ္ခြဲစာခ်ဳပ္ ခ်ဳပ္ဆိုၿပီး ဇန္နဝါရီမွာပဲ ေျပာင္းေ႐ႊ႕ဖို႔ သေဘာတူညီခဲ့ၿပီလို႔ Goal.com ေဖာ္ျပခဲ့ၿပီး MLS ကိုဆိုတဲ့ သတင္းေတြကို ေမွးမွိန္ေစခဲ့သလို အစားထိုးမႈေတြအတြက္ေတာ့ လႈပ္ရွားဖို႔ ပိုမိုအဆင္ေျပႏိုင္ဖြယ္ရွိ။

– သူ႔အေနနဲ႔ ပရီးမီးယားလိဂ္ရဲ႕ ဂိုးသြင္းဘုရင္ေတြျဖစ္ၾကတဲ့ မိုဟာမက္ ဆာလား၊ ဆာဒီယို မာေနးနဲ႔ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းတို႔ရဲ႕ အဆင့္တန္းကို ေရာက္ေအာင္ ႀကိဳးစားသြားမယ္လို႔ ဆိုခဲ့တဲ့ ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္တိုက္စစ္မႉး ပတ္ဆန္ ဒါကာရဲ႕ စကားေၾကာင့္ သူနဲ႔ အာဆင္နယ္တို႔ၾကား ခန႔္မွန္းမႈေတြ ရွိေန။

– အိုေဇးလ္နဲ႔ တူရကီကို ခ်ိတ္ဆက္ထားခဲ့တဲ့ ေနာက္ခံလူ ဆိုကရာတစ္ ပါပါစတာသိုပူးေလာ့စ္အေနနဲ႔ကေတာ့ သူ႔ကို စိတ္ဝင္စားေနတဲ့ ဂ်ီႏိုအာကသာ ကမ္းလွမ္းမႈရွိရင္ ေျပာင္းလဲဖို႔ ရွိေနၿပီး အီတလီကလပ္အေနနဲ႔ တျခားေနာက္ခံလူတစ္ဦးျဖစ္တဲ့ ရွကိုဒရန္ မူစတာဖီကိုလည္း စိတ္ဝင္စားေန။

– အာဆင္နယ္အသင္းကေန ေခၚယူဖို႔ စိတ္ဝင္စားဖူးတဲ့ လူငယ္တိုက္စစ္မႉး ေအာ့ဒ္ဆြန္း ေအဒူယာအေနနဲ႔ ဆဲလ္တစ္မွာ စာခ်ဳပ္သက္တမ္း ေနာက္ဆုံး ၁၈ လအတြင္းကို ဝင္ေရာက္လာခဲ့ၿပီျဖစ္တာေၾကာင့္ ေဈးကိုင္ခြင့္ သိပ္မရွိႏိုင္ေတာ့ဘဲ ေျမာက္လန္ဒန္ကို သက္သက္သာသာ ေျပာင္းေ႐ႊ႕ႏိုင္ဖြယ္ရွိေန။

– ယူ-၂၃ အသင္းအတြက္ ရည္႐ြယ္ၿပီး အနာဂတ္မွာ အသင္းႀကီးဆီ ေနရာေပးဖို႔ ေခၚယူခဲ့တဲ့ ဟာသာဘာလင္ေနာက္ခံလူ အိုမာ ရီကစ္ကို ေဆးစစ္မႈက ေအာင္ျမင္ခဲ့ၿပီျဖစ္ၿပီး ၁၉ ႏွစ္သားအတြက္ အာဆင္နယ္အသင္းအေနနဲ႔ ေပါင္ ၅၄၀၀၀၀ က်သင့္မွျဖစ္ေၾကာင္းသိရ။

– ပီအက္စ္ဂ်ီအသင္းကေန ေဆာင္းရာသီမွာ အငွားနဲ႔ ထြက္ခြာဖြယ္ရွိေနသလို အာဆင္နယ္အသင္းကလည္း စိတ္ဝင္စားေနတယ္လို႔ဆိုတဲ့ ဂ်ာမန္ကြင္းလယ္လူ ဂ်ဴလီယန္ ဒရက္ဆလာဟာ အမ္းမရိတ္ေျမမွာ ေအာင္ျမင္ႏိုင္မယ့္ ကစားသမားမ်ိဳးျဖစ္ၿပီး ကြင္းလယ္နဲ႔ ဘယ္ျခမ္းမွာ ေျခစြမ္းျပႏိုင္မယ္လို႔ ေရာဘတ္ ပီရက္စ္ သုံးသပ္။

– မိုဟာမက္ အယ္လ္နန္နီနဲ႔ ဘက္ရွီးတပ္စ္တို႔ သတင္းထြက္ေပၚခဲ့ၿပီးမွာ သူ႔ကို ဝက္စ္ဟမ္းယူႏိုက္တက္အသင္းနည္းျပ ေဒးဗစ္မြိဳက္စ္ကပါ အလိုရွိေနၿပီး ကြင္းလယ္အားျဖည့္မႈနဲ႔ ဒက္ကလန္ ႐ိုက္စ္ကို ေရာင္းခ်ဖို႔အတြက္ အေထာက္အပံ့ေကာင္းအျဖစ္ ေခၚယူသြားလိုေန။

– အာဆင္နယ္အသင္းအေနနဲ႔ ဒီေဆာင္းရာသီ အေျပာင္းအေ႐ႊ႕ကာလမွာ လုပ္ငန္းစဥ္ သုံးရပ္ကို အေကာင္အထည္ေဖာ္ရမွာျဖစ္ၿပီး ဂ်ဴလီယန္ ဘရန႔္ဒ္ကို ေဒါ့မြန္က ေခၚဖို႔၊ အသင္းက သုံးလို႔မျဖစ္ေတာ့တဲ့သူေတြကို ရွင္းထုတ္ဖို႔နဲ႔ လူငယ္ေတြကို ေနရာပိုမိုေပးဖို႔ေတြပဲ ျဖစ္တယ္လို႔ အသင္းေတာင္ပံကစားသမားေဟာင္း ပယ္ရီ ဂ႐ို႕ဗစ္ အႀကံေပး။

– ဂရိကလပ္ ဂီယန္နီနာကေန ေပါင္ ၂ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့ၿပီး ေနရာရဘဲ အငွားထြက္ကစားေနခဲ့တဲ့ ဂရိ ေနာက္ခံလူ ကြန္စတန္တီႏို႔စ္ မာဗ႐ိုပါႏို႔စ္ကို လက္ရွိကစားေနတဲ့ စတုဂတ္အသင္းဆီ အၿပီးသတ္ ေရာင္းခ်ႏိုင္ဖို႔ အာဆင္နယ္တို႔ အလိုရွိေနၿပီး သူ႔ကို သေဘာက်ၿပီး ဂ်ာမန္ကလပ္ဆီ ေခၚယူထားခဲ့တဲ့ အားကစားဒါ႐ိုက္တာ မစ္စ္လင္တတ္နဲ႔ ေဆြးေႏြးဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.