Match Report Premier League

ဆိုးလ်ရှားရဲ့ ဆီမီးဖိုင်နယ်ကျိန်စာ၊ မန်စီးတီးရဲ့ အောင်မြေ၊ အိုဝင်ရဲ့ ခန့်မှန်းချက်အလွဲနဲ့ ကာရာဘောင်းဖလား

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အိမ်ကွင်းမှာ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ကို လက်ခံကစားခဲ့ရပေမယ့်လည်း တိုက်စစ်ပိုင်းက အချိတ်အဆက် လွဲမှားမှုတွေနဲ့အတူ ထိထိရောက်ရောက် မလုပ်ဆောင်နိုင်ခဲ့ပဲ ဧည့်သည် မန်ချက်စတာစီးတီးကို ရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရပြီဖြစ်ပါတယ်။

ဂိုးသမား ဟန်ဒါဆန်ကို ထည့်သွင်းလာတာကလွဲလို့ အဓိက ကစားသမားတွေကို ပွဲထုတ်ခဲ့တဲ့ ယူနိုက်တက်နဲ့ တိုက်စစ်မှူးတွေ မပါတာကလွဲလို့ လူစုံအသုံးပြုခဲ့တဲ့ စီးတီးတို့ရဲ့ အားပြိုင်မှုက ကစားကွက်ဖော်တဲ့ တိုက်စစ်ထက် တန်ပြန်တိုက်စစ်တွေကနေ မှားတာနဲ့ ထိုးနှက်ဖို့ ကြိုးစားခဲ့ကြလို့ ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့သလို အခွင့်အရေး ဖန်တီးမှုမှာတော့ ဧည့်သည်တွေက သာလွန်ခဲ့ပါတယ်။

စီးတီးတို့ ထိုးဖောက်နိုင်ပေမယ့် လူကျွံတာက များနေတာမို့ ယူနိုက်တက်တို့ သက်သာခဲ့ရသလို သူတို့တွေဘက်မှာတော့ မာစီယယ်လ်နဲ့ ရက်ရှ်ဖို့ဒ်တို့နှစ်ယောက် အချိတ်အဆက် လုံးဝမမိတာကြောင့် ပေါ့ဘာရော ဘရူနို ဖာနန်ဒက်စ်ပါ ဖန်တီးပေးခွင့်မရှိဘဲဖြစ်နေခဲ့ပြီး ပထမပိုင်းကို ဂိုးမရှိ သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းစပြီး ၅ မိနစ်အကြာမှာတော့ စီးတီးတို့ အဖွင့်ဂိုး စရခဲ့ပြီး ခက်ခက်ခဲခဲတွေ ထိုးဖောက်နေတုန်းက မရခဲ့တဲ့ ဒီအဖွင့်ဂိုးကိုတော့ ဖရီးကစ်ကို ယူနိုက်တက်နောက်တန်းတွေ ရှင်းထုတ်တာ မပီပြင်ခဲ့တာကို နောက်ခံလူ ဂျွန်စတုန်းစ်က ကန်တောင် မကန်လိုက်ဘဲ ကိုယ်လုံးနဲ့ ပိတ်သွင်းခဲ့တာလည်းဖြစ်ပါတယ်။

ဒီဂိုးအပြီးမှာတော့ ဆိုးလ်ရှားရဲ့ တွေဝေနှောင့်နှေးမှုတွေကို မြင်ခဲ့ရပြီး အရန်ခုံက ဂျိမ်းစ်၊ မာတာ၊ အဲလက်စ် တဲလက်စ်တို့လို ကစားကွက် တည်ဆောက်မှုကို ပံ့ပိုးပေးမယ့်သူတွေကို လူစားလဲရမယ့်အစား ၇၅ မိနစ်မှာမှ မက်တော်မီနေးအစား ဂရင်းဝုဒ်ကို ထည့်ခဲ့တာက မထိရောက်ဘဲလည်း ဖြစ်နေခဲ့ပါတယ်။

တစ်ဂိုးတည်းဖြစ်လို့ ယူနိုက်တက် ပရိသတ်တွေ ချေပနိုင်ဖို့ မျှော်လင့်နေတုန်းမှာပဲ ပွဲချိန် ၈၂ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ ဝန်ဘစ်ဆာကာ ခေါင်းတိုက်ရှင်းထုတ်ခဲ့တဲ့ ဘောလုံးက ဖာနန်ဒင်ညိုအတွက် ဖန်တီးပေးပို့သလိုဖြစ်ခဲ့ပြီး ဘရာဇီးလ်ဝါရင့်ကွင်းလယ်လူရဲ့ Volley ကန်ချက်က ဟန်ဒါဆန်ကို ငုတ်တုတ်မေ့သွားစေခဲ့လို့ နှစ်ဂိုး-ဂိုးမရှိနဲ့ စီးတီးတို့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဖရက်ဒ်အစား ဗန်ဒဘိခ်ကို ထည့်သွင်းခဲ့ပေမယ့် အပြောင်းအလဲလုပ်ဖို့ နောက်ကျလွန်းနေခဲ့ပြီဖြစ်လို့ စီးတီးတို့ ထိန်းကစားပြီး အိုးလ်ထရက်ဖို့ဒ်မှာ အနိုင်ရယူသွားခဲ့သလို နည်းပြ ဆိုးလ်ရှားရဲ့ နှောင့်နှေးမှုတွေက သူတို့ကို ပြီးခဲ့တဲ့နှစ်က ပုံစံအတိုင်း ဆီမီးဖိုင်နယ်မှာ ရပ်တန့်စေခဲ့ပြီပဲဖြစ်ပါတယ်။

မန်ချက်စတာစီးတီးတို့ကတော့ နောက်ဆုံးသုံးကြိမ်ဗိုလ်စွဲခဲ့တဲ့ ဒီဖလားရဲ့ ဗိုလ်လုပွဲကို လေးနှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့ပြီး သူတို့ရဲ့ လီဗာပူးလ်အသင်းကို အမီလိုက်မယ့် မှတ်တမ်းအတွက် တော့တင်ဟမ်ဟော့စပါးစ်အသင်းနဲ့ ဧပြီလ ၂၅ ရက်နေ့ ဝင်ဘလီကွင်းမှာ ယှဉ်ပြိုင်ကစားရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ အိမ္ကြင္းမွာ ကာရာေဘာင္းဖလား ဆီမီးဖိုင္နယ္ကို လက္ခံကစားခဲ့ရေပမယ့္လည္း တိုက္စစ္ပိုင္းက အခ်ိတ္အဆက္ လြဲမွားမႈေတြနဲ႔အတူ ထိထိေရာက္ေရာက္ မလုပ္ေဆာင္ႏိုင္ခဲ့ပဲ ဧည့္သည္ မန္ခ်က္စတာစီးတီးကို ရႈံးၿပီး ၿပိဳင္ပြဲက ထြက္ခဲ့ရၿပီျဖစ္ပါတယ္။

ဂိုးသမား ဟန္ဒါဆန္ကို ထည့္သြင္းလာတာကလြဲလို႔ အဓိက ကစားသမားေတြကို ပြဲထုတ္ခဲ့တဲ့ ယူႏိုက္တက္နဲ႔ တိုက္စစ္မႉးေတြ မပါတာကလြဲလို႔ လူစုံအသုံးျပဳခဲ့တဲ့ စီးတီးတို႔ရဲ႕ အားၿပိဳင္မႈက ကစားကြက္ေဖာ္တဲ့ တိုက္စစ္ထက္ တန္ျပန္တိုက္စစ္ေတြကေန မွားတာနဲ႔ ထိုးႏွက္ဖို႔ ႀကိဳးစားခဲ့ၾကလို႔ ၾကည့္ေကာင္းတဲ့ ပြဲတစ္ပြဲျဖစ္ခဲ့သလို အခြင့္အေရး ဖန္တီးမႈမွာေတာ့ ဧည့္သည္ေတြက သာလြန္ခဲ့ပါတယ္။

စီးတီးတို႔ ထိုးေဖာက္ႏိုင္ေပမယ့္ လူကြၽံတာက မ်ားေနတာမို႔ ယူႏိုက္တက္တို႔ သက္သာခဲ့ရသလို သူတို႔ေတြဘက္မွာေတာ့ မာစီယယ္လ္နဲ႔ ရက္ရွ္ဖို႔ဒ္တို႔ႏွစ္ေယာက္ အခ်ိတ္အဆက္ လုံးဝမမိတာေၾကာင့္ ေပါ့ဘာေရာ ဘ႐ူႏို ဖာနန္ဒက္စ္ပါ ဖန္တီးေပးခြင့္မရွိဘဲျဖစ္ေနခဲ့ၿပီး ပထမပိုင္းကို ဂိုးမရွိ သေရက်ေနခဲ့ပါတယ္။

ဒုတိယပိုင္းစၿပီး ၅ မိနစ္အၾကာမွာေတာ့ စီးတီးတို႔ အဖြင့္ဂိုး စရခဲ့ၿပီး ခက္ခက္ခဲခဲေတြ ထိုးေဖာက္ေနတုန္းက မရခဲ့တဲ့ ဒီအဖြင့္ဂိုးကိုေတာ့ ဖရီးကစ္ကို ယူႏိုက္တက္ေနာက္တန္းေတြ ရွင္းထုတ္တာ မပီျပင္ခဲ့တာကို ေနာက္ခံလူ ဂြၽန္စတုန္းစ္က ကန္ေတာင္ မကန္လိုက္ဘဲ ကိုယ္လုံးနဲ႔ ပိတ္သြင္းခဲ့တာလည္းျဖစ္ပါတယ္။

ဒီဂိုးအၿပီးမွာေတာ့ ဆိုးလ္ရွားရဲ႕ ေတြေဝေႏွာင့္ေႏွးမႈေတြကို ျမင္ခဲ့ရၿပီး အရန္ခုံက ဂ်ိမ္းစ္၊ မာတာ၊ အဲလက္စ္ တဲလက္စ္တို႔လို ကစားကြက္ တည္ေဆာက္မႈကို ပံ့ပိုးေပးမယ့္သူေတြကို လူစားလဲရမယ့္အစား ၇၅ မိနစ္မွာမွ မက္ေတာ္မီေနးအစား ဂရင္းဝုဒ္ကို ထည့္ခဲ့တာက မထိေရာက္ဘဲလည္း ျဖစ္ေနခဲ့ပါတယ္။

တစ္ဂိုးတည္းျဖစ္လို႔ ယူႏိုက္တက္ ပရိသတ္ေတြ ေခ်ပႏိုင္ဖို႔ ေမွ်ာ္လင့္ေနတုန္းမွာပဲ ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေန ဝန္ဘစ္ဆာကာ ေခါင္းတိုက္ရွင္းထုတ္ခဲ့တဲ့ ေဘာလုံးက ဖာနန္ဒင္ညိဳအတြက္ ဖန္တီးေပးပို႔သလိုျဖစ္ခဲ့ၿပီး ဘရာဇီးလ္ဝါရင့္ကြင္းလယ္လူရဲ႕ Volley ကန္ခ်က္က ဟန္ဒါဆန္ကို ငုတ္တုတ္ေမ့သြားေစခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ စီးတီးတို႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဖရက္ဒ္အစား ဗန္ဒဘိခ္ကို ထည့္သြင္းခဲ့ေပမယ့္ အေျပာင္းအလဲလုပ္ဖို႔ ေနာက္က်လြန္းေနခဲ့ၿပီျဖစ္လို႔ စီးတီးတို႔ ထိန္းကစားၿပီး အိုးလ္ထရက္ဖို႔ဒ္မွာ အႏိုင္ရယူသြားခဲ့သလို နည္းျပ ဆိုးလ္ရွားရဲ႕ ေႏွာင့္ေႏွးမႈေတြက သူတို႔ကို ၿပီးခဲ့တဲ့ႏွစ္က ပုံစံအတိုင္း ဆီမီးဖိုင္နယ္မွာ ရပ္တန႔္ေစခဲ့ၿပီပဲျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးတို႔ကေတာ့ ေနာက္ဆုံးသုံးႀကိမ္ဗိုလ္စြဲခဲ့တဲ့ ဒီဖလားရဲ႕ ဗိုလ္လုပြဲကို ေလးႏွစ္ဆက္တိုက္ တက္ေရာက္ႏိုင္ခဲ့ၿပီး သူတို႔ရဲ႕ လီဗာပူးလ္အသင္းကို အမီလိုက္မယ့္ မွတ္တမ္းအတြက္ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းနဲ႔ ဧၿပီလ ၂၅ ရက္ေန႔ ဝင္ဘလီကြင္းမွာ ယွဥ္ၿပိဳင္ကစားရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.