Premier League Transfer News

6 Jan ညပိုင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– ယာဂန် ကလော့ပ်အနေနဲ့ လက်ရှိရလဒ်တွေအတွက် အကြောင်းကြောင်းကြောင့် အင်အားချိနဲ့နေပြီး ဂိုးပေါက်ရှာမတွေ့တဲ့ အသင်းကိုသာ အဖြေရှာသင့်ကြောင်းနဲ့ ပင်နယ်တီမရတာဟာ အဖြေမဟုတ်ကြောင်း၊ မန်ချက်စတာယူနိုက်တက်အသင်းကို သူ့အနေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ၅ နှစ်တာ ကာလအတွင်းမှာ ပင်နယ်တီအရများတာ မှန်ပေမယ့် ဒါတွေကြောင့် ဆုဖလားတွေ ရခဲ့တာ မဟုတ်ဘူးလို့ ချဲလ်ဆီးနောက်ခံလူဟောင်း ဖရန့် လူးဘတ်ဖ် ပြောကြား။

– လီဗာပူးလ်က ခေါ်ယူလိုနေတဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး ကိုင်လျန် အမ်ဘာပေရဲ့ တန်ဖိုးက ယူရို သန်း ၁၅၀ ဝန်းကျင်ကို ကျဆင်းသွားခဲ့ပြီး ခေါ်ယူဖို့အတွက် နွေရာသီမှာ ပိုမိုလွယ်ကူနိုင်ခြေရှိသလို အသင်းရဲ့ ညာနောက်ခံလူ အလက်ဇန်းဒါး-အာနိုးလ်ဒ်ကတော့ CIES ရဲ့ ကမ္ဘာ့တတိယ ဈေးအမြင့်ဆုံး ကစားသမားအဖြစ် ယူရို ၁၅၁.၆ သန်းနဲ့ ရပ်တည်ခဲ့။

– ဘာစီလိုနာအသင်းက စိတ်ဝင်စားနေပြီး လက်ရွေးစင်နည်းပြဟောင်း ရော်နယ်လ် ကိုးမန်းနဲ့ ပြန်လည်ပူးပေါင်းဖို့ ရွေးချယ်သွားနိုင်တဲ့ ကွင်းလယ်လူ ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်နဲ့ လီဗာပူးလ်အသင်းတို့ စာချုပ်သစ်အတွက် သဘောတူညီမှု မရနိုင်သေးဘဲ ကစားသမား အနေနဲ့ ဆာလား၊ မာနေးတို့ ရရှိနေတဲ့ လစာနှုန်းထားကို တောင်းဆိုခဲ့တယ်လို့ သိရ။

– တိုက်စစ်က ၂၅၈ မိနစ်ကြာ ဂိုးပေါက်ပျောက်ဆုံးနေခဲ့အပြီးမှာ ဘာစီလိုနာအသင်းကနေ ကွင်းလယ်ကစားသမားဟောင်း ဖလိပီ ကော်တင်ညိုကို ပြန်လည်ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေခဲ့တဲ့အပေါ် လီဗာပူးလ်ဂန္ထဝင်ကစားသမား ဂျွန်ဘန်းစ်က မခေါ်ယူဖို့နဲ့ အသင်းအနေနဲ့ လိုအပ်နေတာဟာ ကစားပုံ နည်းစနစ်အသစ်သာ ဖြစ်ကြောင်း ဝေဖန်ထောက်ပြသွား။

– ဝက်စ်ဘရွန်းနဲ့ပွဲမှာ မာနေးရဲ့ ဂိုးကို ဖန်တီးပေးခဲ့တဲ့ နောက်ခံလူ ဂျိုယယ်လ် မာတစ်ပ် ကွင်းထဲက ထွက်သွားခဲ့ပြီးကတည်းက ဂိုးမသွင်းနိုင်တော့သလို နိုင်ပွဲပျောက်ဆုံးသွားခဲ့တဲ့ လီဗာပူးလ်အသင်းအတွက် သတင်းကောင်းအဖြစ် ကင်းမရွန်းသားအနေနဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အမီ ပါဝင်နိုင်မယ်လို့ဆို။

– ဒိုင်လူကြီး အန်ဒရီ မာရီနာနဲ့ VAR ရဲ့ ဆုံးဖြတ်ချက်တွေကို ဝေဖန်မှုတွေ ပြုလုပ်ထားခဲ့တဲ့ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ အစောပိုင်းက အရေးယူခံရမယ်လို့ သတင်းထွက်နေမှုကို အက်ဖ်အေက အရေးမယူကြောင်း ရှင်းလင်းလိုက်ပြီး စောင့်ကြည့်သူတွေကတော့ ဘာဖြစ်ဖြစ် ဂျာမန်သားရဲ့ အရှုံးပဲလို့ ဝေဖန်နေကြ။

– ဆောင်းရာသီမှာ နောက်ခံလူ ထပ်မခေါ်ဘဲ စွန့်စားသွားဖို့ များနေတယ်လို့ အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယို ရိုမာနိုက ခန့်မှန်းလိုက်ပြီး လီဗာပူးလ်တို့အနေနဲ့ နွေရာသီကိုသာ အဓိက ထားနေသလို အသင်းရဲ့ စပွန်ဆာ နီကေနဲ့အတူ ပီအက်စ်ဂျီရဲ့ အမ်ဘာပေကို စည်းရုံးသွားဖို့ ရှိတယ်လို့ ဆိုနေ။

– နောက်ခံလူသစ် ရှာဖွေနေတဲ့ ရီးရဲလ်မက်ဒရစ်ကြောင့် ဒေးဗစ် အလာဘာကို ခေါ်ယူဖို့အတွက် လီဗာပူးလ်တို့ ခက်ခဲဖွယ်ရှိနေပြီး အဲဒီအစား ခက်ခဲခဲ့ရတဲ့ အကြောင်းရင်းခံဖြစ်တဲ့ ဘာနေဗျူးကနေ ထွက်ခွာလာမယ့် နောက်ခံလူ ဆာဂျီယို ရာမို့စ်ကို ပြန်လည် ခေါ်ယူဖို့ စောင့်ကြည့်နေ။

– သူ့အနေနဲ့ အာဖရိကတိုက်သား စီနီယာတွေဖြစ်ကြတဲ့ မိုဟာမက် ဆာလား၊ ဆာဒီယို မာနေးနဲ့ ပျယ်-အမ်မရိခ် အူဘာမီယန်းတို့လို အဆင့်ကို ရောက်ရှိဖို့ ကြိုးစားသွားမယ်လို့ ဆိုလိုက်တဲ့ စကားကြောင့် ဆာ့လ်ဇ်ဘတ်ရဲ့ ဇမ်ဘီယာတိုက်စစ်မှူး ပတ်ဆန် ဒါကာနဲ့ လီဗာပူးလ်၊ အာဆင်နယ်တို့ရဲ့ ကောလဟာလတွေ ထွက်ပေါ်လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ယာဂန္ ကေလာ့ပ္အေနနဲ႔ လက္ရွိရလဒ္ေတြအတြက္ အေၾကာင္းေၾကာင္းေၾကာင့္ အင္အားခ်ိနဲ႔ေနၿပီး ဂိုးေပါက္ရွာမေတြ႕တဲ့ အသင္းကိုသာ အေျဖရွာသင့္ေၾကာင္းနဲ႔ ပင္နယ္တီမရတာဟာ အေျဖမဟုတ္ေၾကာင္း၊ မန္ခ်က္စတာယူႏိုက္တက္အသင္းကို သူ႔အေနနဲ႔ ရင္ဆိုင္ခဲ့ရတဲ့ ၅ ႏွစ္တာ ကာလအတြင္းမွာ ပင္နယ္တီအရမ်ားတာ မွန္ေပမယ့္ ဒါေတြေၾကာင့္ ဆုဖလားေတြ ရခဲ့တာ မဟုတ္ဘူးလို႔ ခ်ဲလ္ဆီးေနာက္ခံလူေဟာင္း ဖရန႔္ လူးဘတ္ဖ္ ေျပာၾကား။

– လီဗာပူးလ္က ေခၚယူလိုေနတဲ့ ပီအက္စ္ဂ်ီတိုက္စစ္မႉး ကိုင္လ်န္ အမ္ဘာေပရဲ႕ တန္ဖိုးက ယူ႐ို သန္း ၁၅၀ ဝန္းက်င္ကို က်ဆင္းသြားခဲ့ၿပီး ေခၚယူဖို႔အတြက္ ေႏြရာသီမွာ ပိုမိုလြယ္ကူႏိုင္ေျခရွိသလို အသင္းရဲ႕ ညာေနာက္ခံလူ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ကေတာ့ CIES ရဲ႕ ကမာၻ႔တတိယ ေဈးအျမင့္ဆုံး ကစားသမားအျဖစ္ ယူ႐ို ၁၅၁.၆ သန္းနဲ႔ ရပ္တည္ခဲ့။

– ဘာစီလိုနာအသင္းက စိတ္ဝင္စားေနၿပီး လက္ေ႐ြးစင္နည္းျပေဟာင္း ေရာ္နယ္လ္ ကိုးမန္းနဲ႔ ျပန္လည္ပူးေပါင္းဖို႔ ေ႐ြးခ်ယ္သြားႏိုင္တဲ့ ကြင္းလယ္လူ ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္နဲ႔ လီဗာပူးလ္အသင္းတို႔ စာခ်ဳပ္သစ္အတြက္ သေဘာတူညီမႈ မရႏိုင္ေသးဘဲ ကစားသမား အေနနဲ႔ ဆာလား၊ မာေနးတို႔ ရရွိေနတဲ့ လစာႏႈန္းထားကို ေတာင္းဆိုခဲ့တယ္လို႔ သိရ။

– တိုက္စစ္က ၂၅၈ မိနစ္ၾကာ ဂိုးေပါက္ေပ်ာက္ဆုံးေနခဲ့အၿပီးမွာ ဘာစီလိုနာအသင္းကေန ကြင္းလယ္ကစားသမားေဟာင္း ဖလိပီ ေကာ္တင္ညိဳကို ျပန္လည္ေခၚယူသြားဖို႔ စိတ္ဝင္စားေနတယ္လို႔ သတင္းထြက္ေနခဲ့တဲ့အေပၚ လီဗာပူးလ္ဂႏၴဝင္ကစားသမား ဂြၽန္ဘန္းစ္က မေခၚယူဖို႔နဲ႔ အသင္းအေနနဲ႔ လိုအပ္ေနတာဟာ ကစားပုံ နည္းစနစ္အသစ္သာ ျဖစ္ေၾကာင္း ေဝဖန္ေထာက္ျပသြား။

– ဝက္စ္ဘ႐ြန္းနဲ႔ပြဲမွာ မာေနးရဲ႕ ဂိုးကို ဖန္တီးေပးခဲ့တဲ့ ေနာက္ခံလူ ဂ်ိဳယယ္လ္ မာတစ္ပ္ ကြင္းထဲက ထြက္သြားခဲ့ၿပီးကတည္းက ဂိုးမသြင္းႏိုင္ေတာ့သလို ႏိုင္ပြဲေပ်ာက္ဆုံးသြားခဲ့တဲ့ လီဗာပူးလ္အသင္းအတြက္ သတင္းေကာင္းအျဖစ္ ကင္းမ႐ြန္းသားအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္အမီ ပါဝင္ႏိုင္မယ္လို႔ဆို။

– ဒိုင္လူႀကီး အန္ဒရီ မာရီနာနဲ႔ VAR ရဲ႕ ဆုံးျဖတ္ခ်က္ေတြကို ေဝဖန္မႈေတြ ျပဳလုပ္ထားခဲ့တဲ့ လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ အေစာပိုင္းက အေရးယူခံရမယ္လို႔ သတင္းထြက္ေနမႈကို အက္ဖ္ေအက အေရးမယူေၾကာင္း ရွင္းလင္းလိုက္ၿပီး ေစာင့္ၾကည့္သူေတြကေတာ့ ဘာျဖစ္ျဖစ္ ဂ်ာမန္သားရဲ႕ အရႈံးပဲလို႔ ေဝဖန္ေနၾက။

– ေဆာင္းရာသီမွာ ေနာက္ခံလူ ထပ္မေခၚဘဲ စြန႔္စားသြားဖို႔ မ်ားေနတယ္လို႔ အေျပာင္းအေ႐ႊ႕ကြၽမ္းက်င္သူ ဖာဘရီဇီယို ႐ိုမာႏိုက ခန႔္မွန္းလိုက္ၿပီး လီဗာပူးလ္တို႔အေနနဲ႔ ေႏြရာသီကိုသာ အဓိက ထားေနသလို အသင္းရဲ႕ စပြန္ဆာ နီေကနဲ႔အတူ ပီအက္စ္ဂ်ီရဲ႕ အမ္ဘာေပကို စည္း႐ုံးသြားဖို႔ ရွိတယ္လို႔ ဆိုေန။

– ေနာက္ခံလူသစ္ ရွာေဖြေနတဲ့ ရီးရဲလ္မက္ဒရစ္ေၾကာင့္ ေဒးဗစ္ အလာဘာကို ေခၚယူဖို႔အတြက္ လီဗာပူးလ္တို႔ ခက္ခဲဖြယ္ရွိေနၿပီး အဲဒီအစား ခက္ခဲခဲ့ရတဲ့ အေၾကာင္းရင္းခံျဖစ္တဲ့ ဘာေနဗ်ဴးကေန ထြက္ခြာလာမယ့္ ေနာက္ခံလူ ဆာဂ်ီယို ရာမို႔စ္ကို ျပန္လည္ ေခၚယူဖို႔ ေစာင့္ၾကည့္ေန။

– သူ႔အေနနဲ႔ အာဖရိကတိုက္သား စီနီယာေတြျဖစ္ၾကတဲ့ မိုဟာမက္ ဆာလား၊ ဆာဒီယို မာေနးနဲ႔ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းတို႔လို အဆင့္ကို ေရာက္ရွိဖို႔ ႀကိဳးစားသြားမယ္လို႔ ဆိုလိုက္တဲ့ စကားေၾကာင့္ ဆာ့လ္ဇ္ဘတ္ရဲ႕ ဇမ္ဘီယာတိုက္စစ္မႉး ပတ္ဆန္ ဒါကာနဲ႔ လီဗာပူးလ္၊ အာဆင္နယ္တို႔ရဲ႕ ေကာလဟာလေတြ ထြက္ေပၚလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.