Premier League

အိုဇေးလ်နေရာမှာ အစားထိုးခေါ်ယူဖွယ်ရှိနေတဲ့ ကစားသမား ၅ ဦး


အာဆင်နယ်ကွင်းလယ်ကြယ်ပွင့်အိုဇေးလ်ဟာ တူရကီကလပ်အသင်းဖြစ်တဲ့ ဖီနာဘာချီအသင်းနဲ့ ၃ နှစ်ခွဲစာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့ပြီးနောက် အမ်းမရိတ်စ်ကို စွန့်ခွာဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။

အိုဇေးလ်ဟာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဘဏ္ဍာရေးအကြပ်အတည်းနဲ့ရုန်းကန်နေရတဲ့အသင်းမှာ တစ်ပတ်လုပ်ခလစာပေါင် ၃၅၀၀၀၀ ကို လျှော့ယူဖို့ ငြင်းဆန်ခဲ့တဲ့အတွက် အဝတ်လဲခန်းထဲမှာ အေးစက်တဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်ပေါ်စေခဲ့ပြီး မကောင်းတဲ့ကောင်လို့ ဝေဖန်ခံခဲ့ရသူဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ အာဆင်နယ်ဘုတ်အဖွဲ့ဟာ အိုဇေးလ်အတွက် သက်ပြင်းချလိုက်နိုင်ပြီဖြစ်ပေမယ့် ဖီနာဘာချီအသင်းနဲ့ ပထမဆုံးရှိနေမယ့် အိုဇေးလ်ရဲ့ ၆ လစာကိုတော့ ပေးချေသွားဖို့ သဘောမတူချင်၊ တူချင်နဲ့ ခေါင်းငြိမ့်ခဲ့ရတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ အိုဇေးလ်ရဲ့ ဖန်တီးမှုတွေပျောက်ဆုံးနေတာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယား ဒုတိယပိုင်းလောက်မှာ ရပ်တည်နေရတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အိုဇေးလ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ကွင်းလယ်ဖန်တီးရှင်ကို ရှာဖွေတော့မှာဖြစ်တဲ့အတွက် ၎င်းရဲ့နေရာမှာ အစားထိုးနိုင်ဖွယ်ရှိတဲ့ ကစားသမားတွေကို ဖော်ပြပေးလိုက်ပါတယ်။

အီမီ ဘူအန်ဒီယာ


နောဝစ်ချ်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရတဲ့အတွေ့အကြုံကို အသုံးချပြီး အသင်းကို ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်အောင် ကူညီပေးနေတာဖြစ်ပါတယ်။ နောဝစ်ချ်အတွက် ၁၉ ပွဲမှာ သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်ထားတဲ့ ဘူအန်ဒီယာကို အာဆင်နယ်အသင်းက ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသထားပြီးဖြစ်ပါတယ်။ နောဝစ်ချ်အသင်းဟာ ၎င်းတို့ရဲ့ အသက် ၂၄ နှစ်အရွယ် ကြယ်ပွင့်ကစားသမားအတွက် ပေါင်သန်း ၄၀ လိုချင်နေပေမယ့် ဂျိုး ဝီလော့ခ် သို့မဟုတ် ရီးစ် နယ်လ်ဆန်နဲ့ ငွေသားအလိုက်ပေးကမ်းလှမ်းမှုက အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ ပိုပြီး နီးစပ်လာစေပုံပေါ်ပါတယ်။ ဘန်စလေအသင်းကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဘူအန်ဒီယာသွင်းယူခဲ့တဲ့ မြေမကျသွင်းဂိုးဟာ အိုဇေးလ်မရှိတော့တဲ့အာဆင်နယ်ရဲ့ ဂိုးရှေ့မှာ လိုအပ်နေတဲ့ ဖန်တီးနိုင်စွမ်းကို ပေးနိုင်တယ်ဆိုတာ ပြသခဲ့တာဖြစ်ပါတယ်။

ဟူဆန်အူဝါ


လိုင်ယွန်ကွင်းလယ်ကြယ်ပွင့်ဟာ အာဆင်နယ်အသင်းနဲ့ သိပ်စိမ်းတဲ့သူမဟုတ်ဘဲ ပြီးခဲ့တဲ့နွေရာသီတလျှောက်လုံး အပြောင်းအရွှေ့အဓိကဦးစားပေးပစ်မှတ်ဖြစ်ခဲ့သူဖြစ်ပါတယ်။ လီဂူးဝမ်းအသင်းကို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်အောင် ကူညီပေးခဲ့တဲ့ အသက် ၂၂ နှစ်အရွယ်ကစားသမားဟာ လိုင်ယွန်အသင်းကို လီဂူးဝမ်းအမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်အောင် ကူညီပေးနေတာဖြစ်ပါတယ်။ ဟူဆန်အူဝါရဲ့ ဂိုးပါဝင်ပတ်သက်မှုစံချိန်ဟာ သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်အထိ ကျဆင်းနေတာက ပြီးခဲ့တဲ့နွေရာသီမှာ ပေါင် ၃၂ သန်းနဲ့ ခေါ်ယူချင်ခဲ့တဲ့ အာဆင်နယ်အတွက် အကျိုးအမြတ်ဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။ လိုင်ယွန်ကွင်းလယ်ကြယ်ပွင့်ရဲ့ ပွဲကြီးအတွေ့အကြုံတွေက ခေါ်ယူဖို့အတွက် ငွေကြေးအပိုသုံးစွဲခဲ့ရရင်တောင်မှ အာတီတာအတွက် ပစ်ရက်စရာမရှိဖြစ်နေတာဖြစ်ပါတယ်။

ဂျူလီယန် ဘရန့်ဒ်


၂၀၁၉ ခုနှစ်မှာ လေဗာကူဆင်အသင်းကနေ ဒေါ့မွန်ကို ပြောင်းရွှေ့ခဲ့တဲ့ ဂျူလီယန် ဘရန့်ဒ်ကို ဒေါ့မွန်အသင်းက အရန်ခုံမှာ စတင်ထိုင်ခိုင်းထားနေခဲ့ပြီဖြစ်ပြီး ၎င်းကို ထွက်ခွာခွင့်ပြုသွားဖို့ အဆင်သင့်ရှိနေပုံရပါတယ်။ ဘရန့်ဒ်ဟာ ဂိုးဖန်တီးမှု ဘုရင်မဟုတ်ပေမယ့်လည်း မြောက်လန်ဒန်အသင်းဟာ ပေါင် ၂၂.၅ သန်းနဲ့ ခေါ်ယူဖို့အတွက် စုံစမ်းမေးမြန်းမှုတွေတောင် ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ ဂျာမနီလက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲစဉ် ၃၅ ပွဲပါဝင်ကစားပေးထားပြီး နည်းပြဂျိုအာချင်လိုးဆီကနေ သင်ယူစရာရှိတာ သင်ယူထားနိုင်ခဲ့တာကလည်း အာဆင်နယ်အသင်းကို ပိုမိုခေါ်ယူချင်စိတ် မြှင့်တင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဘစ်ဆူးမား


ဘရိုက်တန်ကွင်းလယ်ကြယ်ပွင့် ဘစ်ဆူးမားဟာ အာဆင်နယ်အသင်း ခေါ်ယူဖို့ စိတ်ထဲမှာရှိနေတဲ့ ကစားသမားဖြစ်တယ်လို့ Football.london က ဖော်ပြခဲ့ပြီး အခွင့်အရေးရှိလာခဲ့ရင် မြောက်လန်ဒန်အသင်းကို ပြောင်းရွှေ့ချင်တဲ့စိတ်ကူးရှိသူဖြစ်တယ်လို့ ယုံကြည်ရပါတယ်။ ဘစ်ဆူးမားဟာ အာဆင်နယ်အသင်းပရိသတ်တစ်ဦးဖြစ်ပြီး ပြင်သစ်လီဂူးဝမ်းကလပ်ဖြစ်တဲ့ လိုင်လီအသင်းမှာ ဂါဘရီယယ်လ်နဲ့ အတူတူ ကစားခဲ့ဖူးတာကြောင့် တစ်ယောက်အကြောင်း တစ်ယောက်ကောင်းကောင်းသိထားပြီးသားဖြစ်နေတာကလည်း ခေါ်ယူသင့်တယ်လို့ အာဆင်နယ်အသင်းကို အချက်ပေးနေသလို ဖြစ်နေတာဖြစ်ပါတယ်။

ကားလို့စ် ဆိုလာ


ကားလို့စ်ဆိုလာဟာ လာလီဂါထိပ်တန်းဂိုးသွင်းရှင်စာရင်းထဲမှာ လီယွန်နယ်မက်ဆီ၊ ကာရင် ဘန်ဇီးမားစတဲ့ နာမည်ကြီးကစားသမားတွေနဲ့အတူ ရပ်တည်နေတဲ့ ဗလင်စီယာအသင်းရဲ့ လူငယ်ပါရမီရှင်ကစားသမားဖြစ်ပါတယ်။ ဆိုလာဟာ ယခုရာသီမှာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ရုတ်တရက် ပုံစံကောင်း ရရှိနေသူဖြစ်ပြီး ယခုရာသီ ၉ ပွဲမှာ ၆ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ရာသီက ၎င်းရဲ့ဂိုးသွင်းစံချိန်ထက်ပိုမိုကောင်းမွန်တဲ့ အရေအတွက်ကို ရရှိထားတာဖြစ်ပါတယ်။ ဒါ့အပြင် ကားလို့စ် ဆိုလာဟာ ၎င်းရဲ့အသင်းဖော်တွေ ဂိုးသွင်းယူနိုင်အောင်လည်း ဂိုးဖန်တီးမှု ၅ ကြိမ်ပြုလုပ်ပေးထားပြီး ပြီးခဲ့တဲ့နှစ်ကတည်းက အာတီတာရဲ့ နှစ်သက်ခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။ ဗလင်စီယာအသင်းရဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဘဏ္ဍာရေးပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အခြေအနေက အာဆင်နယ်အသင်းအတွက် ဖန်တီးမှုအားကောင်းတဲ့လူငယ်ပါရမီရှင် ကားလို့စ်ဆိုလာကို လျှော့စျေးနဲ့ ခေါ်ယူနိုင်ဖို့ အခွင့်အရေးဖြစ်လာဖွယ်ရှိနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


အာဆင္နယ္ကြင္းလယ္ၾကယ္ပြင့္အိုေဇးလ္ဟာ တူရကီကလပ္အသင္းျဖစ္တဲ့ ဖီနာဘာခ်ီအသင္းနဲ႔ ၃ ႏွစ္ခြဲစာခ်ဳပ္ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈရရွိခဲ့ၿပီးေနာက္ အမ္းမရိတ္စ္ကို စြန႔္ခြာဖို႔ ျပင္ဆင္ေနၿပီျဖစ္ပါတယ္။

အိုေဇးလ္ဟာ ကိုဗစ္-၁၉ ကပ္ေရာဂါကာလအတြင္း ဘ႑ာေရးအၾကပ္အတည္းနဲ႔႐ုန္းကန္ေနရတဲ့အသင္းမွာ တစ္ပတ္လုပ္ခလစာေပါင္ ၃၅၀၀၀၀ ကို ေလၽွာ့ယူဖို႔ ျငင္းဆန္ခဲ့တဲ့အတြက္ အဝတ္လဲခန္းထဲမွာ ေအးစက္တဲ့ပတ္ဝန္းက်င္တစ္ခုျဖစ္ေပၚေစခဲ့ၿပီး မေကာင္းတဲ့ေကာင္လို႔ ေဝဖန္ခံခဲ့ရသူျဖစ္ပါတယ္။ ေနာက္ဆုံးမွာေတာ့ အာဆင္နယ္ဘုတ္အဖြဲ႕ဟာ အိုေဇးလ္အတြက္ သက္ျပင္းခ်လိုက္နိုင္ၿပီျဖစ္ေပမယ့္ ဖီနာဘာခ်ီအသင္းနဲ႔ ပထမဆုံးရွိေနမယ့္ အိုေဇးလ္ရဲ့ ၆ လစာကိုေတာ့ ေပးေခ်သြားဖို႔ သေဘာမတူခ်င္၊ တူခ်င္နဲ႔ ေခါင္းၿငိမ့္ခဲ့ရတယ္လို႔ သိရပါတယ္။

အာဆင္နယ္အသင္းဟာ အိုေဇးလ္ရဲ့ ဖန္တီးမႈေတြေပ်ာက္ဆုံးေနတာေၾကာင့္ ပရီးမီးယားလိဂ္အမွတ္ေပးဇယား ဒုတိယပိုင္းေလာက္မွာ ရပ္တည္ေနရတာျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ အိုေဇးလ္ရဲ့ေနရာမွာ အစားထိုးဖို႔အတြက္ ကြင္းလယ္ဖန္တီးရွင္ကို ရွာေဖြေတာ့မွာျဖစ္တဲ့အတြက္ ၎ရဲ့ေနရာမွာ အစားထိုးနိုင္ဖြယ္ရွိတဲ့ ကစားသမားေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

အီမီ ဘူအန္ဒီယာ


ေနာဝစ္ခ်္ၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္ကေန တန္းဆင္းခဲ့ရတဲ့အေတြ႕အၾကဳံကို အသုံးခ်ၿပီး အသင္းကို ခ်န္ပီယံရွစ္ၿပိဳင္ပြဲရဲ့ အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္နိုင္ေအာင္ ကူညီေပးေနတာျဖစ္ပါတယ္။ ေနာဝစ္ခ်္အတြက္ ၁၉ ပြဲမွာ သြင္းဂိုး ၇ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၇ ႀကိမ္ ျပဳလုပ္ထားတဲ့ ဘူအန္ဒီယာကို အာဆင္နယ္အသင္းက ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ ေခၚယူဖို႔ စိတ္ဝင္စားေၾကာင္း ျပသထားၿပီးျဖစ္ပါတယ္။ ေနာဝစ္ခ်္အသင္းဟာ ၎တို႔ရဲ့ အသက္ ၂၄ ႏွစ္အရြယ္ ၾကယ္ပြင့္ကစားသမားအတြက္ ေပါင္သန္း ၄၀ လိုခ်င္ေနေပမယ့္ ဂ်ိဳး ဝီေလာ့ခ္ သို႔မဟုတ္ ရီးစ္ နယ္လ္ဆန္နဲ႔ ေငြသားအလိုက္ေပးကမ္းလွမ္းမႈက အေျပာင္းအေရႊ႕ျဖစ္ေျမာက္ဖို႔ ပိုၿပီး နီးစပ္လာေစပုံေပၚပါတယ္။ ဘန္စေလအသင္းကို ၁-၀ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ဘူအန္ဒီယာသြင္းယူခဲ့တဲ့ ေျမမက်သြင္းဂိုးဟာ အိုေဇးလ္မရွိေတာ့တဲ့အာဆင္နယ္ရဲ့ ဂိုးေရွ႕မွာ လိုအပ္ေနတဲ့ ဖန္တီးနိုင္စြမ္းကို ေပးနိုင္တယ္ဆိုတာ ျပသခဲ့တာျဖစ္ပါတယ္။

ဟူဆန္အူဝါ


လိုင္ယြန္ကြင္းလယ္ၾကယ္ပြင့္ဟာ အာဆင္နယ္အသင္းနဲ႔ သိပ္စိမ္းတဲ့သူမဟုတ္ဘဲ ၿပီးခဲ့တဲ့ေႏြရာသီတေလၽွာက္လုံး အေျပာင္းအေရႊ႕အဓိကဦးစားေပးပစ္မွတ္ျဖစ္ခဲ့သူျဖစ္ပါတယ္။ လီဂူးဝမ္းအသင္းကို ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္နိုင္ေအာင္ ကူညီေပးခဲ့တဲ့ အသက္ ၂၂ ႏွစ္အရြယ္ကစားသမားဟာ လိုင္ယြန္အသင္းကို လီဂူးဝမ္းအမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္နိုင္ေအာင္ ကူညီေပးေနတာျဖစ္ပါတယ္။ ဟူဆန္အူဝါရဲ့ ဂိုးပါဝင္ပတ္သက္မႈစံခ်ိန္ဟာ သြင္းဂိုး ၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ ႀကိမ္အထိ က်ဆင္းေနတာက ၿပီးခဲ့တဲ့ေႏြရာသီမွာ ေပါင္ ၃၂ သန္းနဲ႔ ေခၚယူခ်င္ခဲ့တဲ့ အာဆင္နယ္အတြက္ အက်ိဳးအျမတ္ျဖစ္လာနိုင္ဖြယ္ရွိေနပါတယ္။ လိုင္ယြန္ကြင္းလယ္ၾကယ္ပြင့္ရဲ့ ပြဲႀကီးအေတြ႕အၾကဳံေတြက ေခၚယူဖို႔အတြက္ ေငြေၾကးအပိုသုံးစြဲခဲ့ရရင္ေတာင္မွ အာတီတာအတြက္ ပစ္ရက္စရာမရွိျဖစ္ေနတာျဖစ္ပါတယ္။

ဂ်ဴလီယန္ ဘရန႔္ဒ္


၂၀၁၉ ခုႏွစ္မွာ ေလဗာကူဆင္အသင္းကေန ေဒါ့မြန္ကို ေျပာင္းေရႊ႕ခဲ့တဲ့ ဂ်ဴလီယန္ ဘရန႔္ဒ္ကို ေဒါ့မြန္အသင္းက အရန္ခုံမွာ စတင္ထိုင္ခိုင္းထားေနခဲ့ၿပီျဖစ္ၿပီး ၎ကို ထြက္ခြာခြင့္ျပဳသြားဖို႔ အဆင္သင့္ရွိေနပုံရပါတယ္။ ဘရန႔္ဒ္ဟာ ဂိုးဖန္တီးမႈ ဘုရင္မဟုတ္ေပမယ့္လည္း ေျမာက္လန္ဒန္အသင္းဟာ ေပါင္ ၂၂.၅ သန္းနဲ႔ ေခၚယူဖို႔အတြက္ စုံစမ္းေမးျမန္းမႈေတြေတာင္ ျပဳလုပ္ခဲ့ၿပီးျဖစ္ပါတယ္။ ဂ်ာမနီလက္ေရြးစင္အသင္းအတြက္ နိုင္ငံတကာပြဲစဥ္ ၃၅ ပြဲပါဝင္ကစားေပးထားၿပီး နည္းျပဂ်ိဳအာခ်င္လိုးဆီကေန သင္ယူစရာရွိတာ သင္ယူထားနိုင္ခဲ့တာကလည္း အာဆင္နယ္အသင္းကို ပိုမိုေခၚယူခ်င္စိတ္ ျမႇင့္တင္ေပးနိုင္ခဲ့တာျဖစ္ပါတယ္။

ဘစ္ဆူးမား


ဘရိုက္တန္ကြင္းလယ္ၾကယ္ပြင့္ ဘစ္ဆူးမားဟာ အာဆင္နယ္အသင္း ေခၚယူဖို႔ စိတ္ထဲမွာရွိေနတဲ့ ကစားသမားျဖစ္တယ္လို႔ Football.london က ေဖာ္ျပခဲ့ၿပီး အခြင့္အေရးရွိလာခဲ့ရင္ ေျမာက္လန္ဒန္အသင္းကို ေျပာင္းေရႊ႕ခ်င္တဲ့စိတ္ကူးရွိသူျဖစ္တယ္လို႔ ယုံၾကည္ရပါတယ္။ ဘစ္ဆူးမားဟာ အာဆင္နယ္အသင္းပရိသတ္တစ္ဦးျဖစ္ၿပီး ျပင္သစ္လီဂူးဝမ္းကလပ္ျဖစ္တဲ့ လိုင္လီအသင္းမွာ ဂါဘရီယယ္လ္နဲ႔ အတူတူ ကစားခဲ့ဖူးတာေၾကာင့္ တစ္ေယာက္အေၾကာင္း တစ္ေယာက္ေကာင္းေကာင္းသိထားၿပီးသားျဖစ္ေနတာကလည္း ေခၚယူသင့္တယ္လို႔ အာဆင္နယ္အသင္းကို အခ်က္ေပးေနသလို ျဖစ္ေနတာျဖစ္ပါတယ္။

ကားလို႔စ္ ဆိုလာ


ကားလို႔စ္ဆိုလာဟာ လာလီဂါထိပ္တန္းဂိုးသြင္းရွင္စာရင္းထဲမွာ လီယြန္နယ္မက္ဆီ၊ ကာရင္ ဘန္ဇီးမားစတဲ့ နာမည္ႀကီးကစားသမားေတြနဲ႔အတူ ရပ္တည္ေနတဲ့ ဗလင္စီယာအသင္းရဲ့ လူငယ္ပါရမီရွင္ကစားသမားျဖစ္ပါတယ္။ ဆိုလာဟာ ယခုရာသီမွာ အံ့အားသင့္ဖြယ္ေကာင္းေလာက္ေအာင္ ႐ုတ္တရက္ ပုံစံေကာင္း ရရွိေနသူျဖစ္ၿပီး ယခုရာသီ ၉ ပြဲမွာ ၆ ဂိုးအထိ သြင္းယူထားနိုင္ခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ရာသီက ၎ရဲ့ဂိုးသြင္းစံခ်ိန္ထက္ပိုမိုေကာင္းမြန္တဲ့ အေရအတြက္ကို ရရွိထားတာျဖစ္ပါတယ္။ ဒါ့အျပင္ ကားလို႔စ္ ဆိုလာဟာ ၎ရဲ့အသင္းေဖာ္ေတြ ဂိုးသြင္းယူနိုင္ေအာင္လည္း ဂိုးဖန္တီးမႈ ၅ ႀကိမ္ျပဳလုပ္ေပးထားၿပီး ၿပီးခဲ့တဲ့ႏွစ္ကတည္းက အာတီတာရဲ့ ႏွစ္သက္ျခင္းကို ခံခဲ့ရသူျဖစ္ပါတယ္။ ဗလင္စီယာအသင္းရဲ့ ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ဘ႑ာေရးျပႆနာနဲ႔ ရင္ဆိုင္ေနရတဲ့အေျခအေနက အာဆင္နယ္အသင္းအတြက္ ဖန္တီးမႈအားေကာင္းတဲ့လူငယ္ပါရမီရွင္ ကားလို႔စ္ဆိုလာကို ေလၽွာ့ေစ်းနဲ႔ ေခၚယူနိုင္ဖို႔ အခြင့္အေရးျဖစ္လာဖြယ္ရွိေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.