Premier League

ကူးစက်မြန်သန္ဓေပြောင်းကိုဗစ်ပိုးကြောင့် ရာသီရပ်နားလိုက်ရင် ချန်ပီယံဖြစ်နိုင်တဲ့ ယူနိုက်တက်


အင်္ဂလန်ပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲဟာ ယခုအပတ် ဗြိတိန်အစိုးရက လော့ဒေါင်းစည်းမျဉ်းစည်းကမ်းအသစ် ချမှတ်လိုက်ပြီဖြစ်ပေမယ့်လည်း ဆက်လက်ယှဉ်ပြိုင်သွားဦးမှာဖြစ်ပါတယ်။


နောက်ထပ် ၆ ပတ်လောက် အိမ်ထဲက အိမ်ပြင်မထွက်ရဘဲ နေရဦးမယ့် ဗြိတိန်နိုင်ငံသားတွေအတွက်တော့ ခက်ခဲတဲ့နေ့ရက်တွေ ဖြစ်လာတော့မှာဖြစ်ပေမယ့် အနည်းဆုံးတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲက ယင်းကာလတလျှောက်လုံးမှာ ဗြိတိန်နိုင်ငံသားတွေကို စိတ်သက်သာရာရစေမှာဖြစ်ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ဘိုးရစ်ဂျွန်ဆင်က ပြီးခဲ့တဲ့ နိုဝင်ဘာလတလျှောက် နောက်ဆုံးလော့ဒေါင်းချထားခဲ့တဲ့ကာလအတွင်း ကိုဗစ်-၁၉ ကူးစက်မှုနှုန်း မြင့်တက်လာခဲ့ပေမယ့် အင်္ဂလန်ထိပ်တန်းပြိုင်ပွဲကို ဆက်လက်ကစားစေမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။


ဒါပေမယ့်လည်း ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ အစိုးရရဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့်မဟုတ်ဘဲ ပြိုင်ပွဲအတွင်းက ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုတွေကြောင့် ရပ်တန့်သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က ကစားသမားအများအပြား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် အဲဗာတန်နဲ့ မန်စီးတီး၊ စပါးနဲ့ ဖူလ်ဟမ် စတဲ့ ပွဲစဉ်တွေဟာ ရွှေ့ဆိုင်းခဲ့ရပြီး အင်္ဂါနေ့ညနေမှာ ပရီးမီးယားလိဂ်က နောက်ဆုံးထုတ်ပြန်ခဲ့တဲ့သတင်းအရ မကြာသေးမီက သွေးနမူနာယူစစ်ဆေးခဲ့တဲ့ ကစားသမားတွေဆီမှာ ဗိုင်းရပ်စ်တွေ့ခဲ့ပြီး အယောက် ၄၀ အထိ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။


ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၈ ကနေ ၃၁ ရက်အတွင်း စစ်ဆေးခဲ့တဲ့ ၁၃၁၁ ဦးမှာ ၂၈ ဦး Positive ဖြစ်နေခဲ့ပြီး ဇန်နဝါရီလ ၁ ရက်နေ့ကနေ ၃ ရက်နေ့အတွင်း နောက်ထပ်စစ်ဆေးခဲ့တဲ့ ၉၈၄ ဦးမှာလည်း ၁၂ ဦးအထိ ထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ယခုပမာဏအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် တစ်ချိန်မဟုတ် တစ်ချိန်မှာ လက်ရှိရာသီကို ဖျက်သိမ်းခဲ့ရရင် ဘာတွေဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းလာတော့မှာဖြစ်ပါတယ်။

တကယ်လို့ လက်ရှိရမှတ်အတိုင်း လက်ကျန်ရာသီကုန်အထိ တစ်ပွဲကို တစ်မှတ်နှုန်းနဲ့ တွက်ချက်ကြည့်မယ်ဆိုရင် ရာသီကုန်မှာ ဘယ်အသင်းက အမှတ်ပေးဇယားထိပ်ဆုံးကို ရောက်နေမလဲဆိုတာ အားလုံးသိချင်နေကြမယ်လို့ ထင်ပါတယ်။ The Sun က လော့ဒေါင်းကြောင့် ဘောလုံးပြိုင်ပွဲတွေ ရပ်နားသွားခဲ့မယ်ဆိုရင် တစ်ပွဲ ၁ မှတ်နှုန်း တွက်ချက်ကြည့်တဲ့အခါမှာ မန်ချက်စတာယူနိုက်တက်အသင်းက ပရီးမီးယားလိဂ်ဖလားကို အနိုင်ရရှိလိမ့်မယ်လို့ ဖော်ပြခဲ့ပါတယ်။


တနင်္လာနေ့ညက ဆောက်သမ်တန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ လီဗာပူးအသင်းနဲ့ ရမှတ်တူ ၁ ပွဲလျော့နေတဲ့ မန်ချက်စတာယူနိုက်တက်ဟာ ယခုရာသီ တစ်ပွဲကို ၂.၀၆ မှတ်နှုန်း ရရှိထားတာကြောင့် တစ်ပွဲချင်းပျမ်းမျှရမှတ်မှာ အမြင့်မားဆုံးဖြစ်နေတာဖြစ်ပါတယ်။ အထက်မှာ ဖော်ပြထားတဲ့ အမှတ်ပေးဇယားအတိုင်းသာဆိုရင်တော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ အိုးထရက်ဖို့ဒ်ကို ၂၁ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားကို ၂၀၁၃ ခုနှစ်မှာ ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်အနားယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကိုင်မြှောက်နိုင်တော့မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


အဂၤလန္ပရီးမီးယားလိဂ္ေဘာလုံးၿပိဳင္ပြဲဟာ ယခုအပတ္ ၿဗိတိန္အစိုးရက ေလာ့ေဒါင္းစည္းမ်ဥ္းစည္းကမ္းအသစ္ ခ်မွတ္လိုက္ၿပီျဖစ္ေပမယ့္လည္း ဆက္လက္ယွဥ္ၿပိဳင္သြားဦးမွာျဖစ္ပါတယ္။


ေနာက္ထပ္ ၆ ပတ္ေလာက္ အိမ္ထဲက အိမ္ျပင္မထြက္ရဘဲ ေနရဦးမယ့္ ၿဗိတိန္နိုင္ငံသားေတြအတြက္ေတာ့ ခက္ခဲတဲ့ေန႔ရက္ေတြ ျဖစ္လာေတာ့မွာျဖစ္ေပမယ့္ အနည္းဆုံးေတာ့ ပရီးမီးယားလိဂ္ၿပိဳင္ပြဲက ယင္းကာလတေလၽွာက္လုံးမွာ ၿဗိတိန္နိုင္ငံသားေတြကို စိတ္သက္သာရာရေစမွာျဖစ္ပါတယ္။ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ဘိုးရစ္ဂၽြန္ဆင္က ၿပီးခဲ့တဲ့ နိုဝင္ဘာလတေလၽွာက္ ေနာက္ဆုံးေလာ့ေဒါင္းခ်ထားခဲ့တဲ့ကာလအတြင္း ကိုဗစ္-၁၉ ကူးစက္မႈႏႈန္း ျမင့္တက္လာခဲ့ေပမယ့္ အဂၤလန္ထိပ္တန္းၿပိဳင္ပြဲကို ဆက္လက္ကစားေစမယ္လို႔ အတည္ျပဳေျပာၾကားခဲ့ပါတယ္။


ဒါေပမယ့္လည္း ပရီးမီးယားလိဂ္ၿပိဳင္ပြဲဟာ အစိုးရရဲ့ စည္းမ်ဥ္းစည္းကမ္းေတြေၾကာင့္မဟုတ္ဘဲ ၿပိဳင္ပြဲအတြင္းက ကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္ခံရမႈေတြေၾကာင့္ ရပ္တန႔္သြားနိုင္တယ္ဆိုတဲ့ စိုးရိမ္မႈေတြကေတာ့ ရွိေနဆဲျဖစ္ပါတယ္။ ၿပီးခဲ့တဲ့အပတ္က ကစားသမားအမ်ားအျပား ကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့တဲ့အတြက္ အဲဗာတန္နဲ႔ မန္စီးတီး၊ စပါးနဲ႔ ဖူလ္ဟမ္ စတဲ့ ပြဲစဥ္ေတြဟာ ေရႊ႕ဆိုင္းခဲ့ရၿပီး အဂၤါေန႔ညေနမွာ ပရီးမီးယားလိဂ္က ေနာက္ဆုံးထုတ္ျပန္ခဲ့တဲ့သတင္းအရ မၾကာေသးမီက ေသြးနမူနာယူစစ္ေဆးခဲ့တဲ့ ကစားသမားေတြဆီမွာ ဗိုင္းရပ္စ္ေတြ႕ခဲ့ၿပီး အေယာက္ ၄၀ အထိ ျမင့္တက္လာခဲ့တာျဖစ္ပါတယ္။


ၿပီးခဲ့တဲ့ဒီဇင္ဘာ ၂၈ ကေန ၃၁ ရက္အတြင္း စစ္ေဆးခဲ့တဲ့ ၁၃၁၁ ဦးမွာ ၂၈ ဦး Positive ျဖစ္ေနခဲ့ၿပီး ဇန္နဝါရီလ ၁ ရက္ေန႔ကေန ၃ ရက္ေန႔အတြင္း ေနာက္ထပ္စစ္ေဆးခဲ့တဲ့ ၉၈၄ ဦးမွာလည္း ၁၂ ဦးအထိ ထပ္မံေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ ယခုပမာဏအတိုင္းသာ ဆက္သြားေနမယ္ဆိုရင္ တစ္ခ်ိန္မဟုတ္ တစ္ခ်ိန္မွာ လက္ရွိရာသီကို ဖ်က္သိမ္းခဲ့ရရင္ ဘာေတြျဖစ္လာမလဲဆိုတာ စိတ္ဝင္စားစရာ ေကာင္းလာေတာ့မွာျဖစ္ပါတယ္။

တကယ္လို႔ လက္ရွိရမွတ္အတိုင္း လက္က်န္ရာသီကုန္အထိ တစ္ပြဲကို တစ္မွတ္ႏႈန္းနဲ႔ တြက္ခ်က္ၾကည့္မယ္ဆိုရင္ ရာသီကုန္မွာ ဘယ္အသင္းက အမွတ္ေပးဇယားထိပ္ဆုံးကို ေရာက္ေနမလဲဆိုတာ အားလုံးသိခ်င္ေနၾကမယ္လို႔ ထင္ပါတယ္။ The Sun က ေလာ့ေဒါင္းေၾကာင့္ ေဘာလုံးၿပိဳင္ပြဲေတြ ရပ္နားသြားခဲ့မယ္ဆိုရင္ တစ္ပြဲ ၁ မွတ္ႏႈန္း တြက္ခ်က္ၾကည့္တဲ့အခါမွာ မန္ခ်က္စတာယူနိုက္တက္အသင္းက ပရီးမီးယားလိဂ္ဖလားကို အနိုင္ရရွိလိမ့္မယ္လို႔ ေဖာ္ျပခဲ့ပါတယ္။


တနလၤာေန႔ညက ေဆာက္သမ္တန္အသင္းကို ရႈံးနိမ့္ခဲ့တဲ့ လီဗာပူးအသင္းနဲ႔ ရမွတ္တူ ၁ ပြဲေလ်ာ့ေနတဲ့ မန္ခ်က္စတာယူနိုက္တက္ဟာ ယခုရာသီ တစ္ပြဲကို ၂.၀၆ မွတ္ႏႈန္း ရရွိထားတာေၾကာင့္ တစ္ပြဲခ်င္းပ်မ္းမၽွရမွတ္မွာ အျမင့္မားဆုံးျဖစ္ေနတာျဖစ္ပါတယ္။ အထက္မွာ ေဖာ္ျပထားတဲ့ အမွတ္ေပးဇယားအတိုင္းသာဆိုရင္ေတာ့ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ အိုးထရက္ဖို႔ဒ္ကို ၂၁ ႀကိမ္ေျမာက္ ပရီးမီးယားလိဂ္ဖလားကို ၂၀၁၃ ခုႏွစ္မွာ ဂႏၲဝင္နည္းျပႀကီး ဆာအဲလက္စ္ဖာဂူဆန္အနားယူၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္ ကိုင္ေျမႇာက္နိုင္ေတာ့မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.